မြန်မာနိုင်ငံအပါအဝင် အရှေ့အလယ်ပိုင်းဒေသ နဲ့ ယူကရိန်းနိုင်ငံ နဲ့ ကမ္ဘာတဝန်းမှာ ငြိမ်းချမ်းရေးရဖို့ အတွက် ဆုတောင်းပေးကြဖို့ ပုပ်ရဟန်းမင်းကြီး Francis က မနေ့ မေလ ၁၅ ရက်နေ့က တိုက်တွန်းလိုက်ပါတယ်။
မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ် မန္တလေး-မိုးကုတ်လမ်း ယက္ကန်းစက်တောင်အနီး တောင်ယာကြီး ကျေးရွာက အသက် ၃၀ ဝန်းကျင် အမျိုးသားတစ်ဦးကို မေလ ၁၄ ရက်နေ့က စစ်ကောင်စီတပ်တွေက ဖမ်းဆီးပြီး ခေါင်းဖြတ်သတ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ရုရှားသမ္မတ Vladimir Putin ဟာ တရုတ်နိုင်ငံ ဘေဂျင်းမြို့တော်မှာ တရုတ်သမ္မတ Xi Jinping နဲ့ဒီနေ့တွေ့ဆုံခဲ့ပြီး တရုတ်နဲ့ ရုရှားနိုင်ငံကြား မဟာဗျူဟာမြောက် ပူးပေါင်းဆက်ဆံရေး ပိုပြီးခိုင်မာကြောင်း ကြေညာချက်မှာ ခေါင်းဆောင် ၂ ယောက် လက်မှတ်ရေးထိုးခဲ့ကြပါတယ်။
စစ်ဦးစီးချုပ် ဒုဗိုလ်ချုပ်ကြီး ခေါင်လွန်းကွယ်လွန်သွားတာဟာ KIA အတွက် ဆုံးရှုံးမှု ကြီးပေမဲ့ KIA ရဲ့ စစ်ရေးစီမံချက်တွေကိုတော့ ဆက်လက် ဆောင်ရွက်သွားမှာဖြစ်ကြောင်းနဲ့ စစ်ဦးစီးချုပ်အသစ်ကို ဗဟိုကော်မတီက ရွေးချယ်ခန့်အပ်ဖို့ ရှိနေကြောင်း KIA ပြန်ကြားရေး တာဝန်ခံက ပြောပါတယ်။
ပဋိပက္ခတွေကြောင့် အိုးအိမ်စွန့်ခွာ ထွက်ပြေးရတဲ့ ပြည်တွင်းဒုက္ခသည် အရေအတွက်ဟာ ကမ္ဘာတလွှားမှာ စံချိန်တင်လောက်အောင် တိုးလာနေပါတယ်။ သူတို့ဟာ သူတို့အိုးအိမ်တွေကနေ ထွက်ပြေးကြရပေမယ့်၊ သူတို့တိုင်းပြည်ထဲမှာပဲ ဆက်ပြီး နေထိုင်ကြဆဲပါ။ တချို့လည်း ဒုက္ခသည်စခန်းတွေမှာ ခိုလှုံနေကြတာပါ။
နိုဝင်ဘာလမှာ ကျင်းပမယ့် အမေရိကန်သမ္မတ ရွေးကာက်ပွဲမှာ ယှဉ်ပြိုင်ကြမယ့် လက်ရှိသမ္မတ Joe Biden နဲ့ ပြိုင်ဘက် သမ္မတဟောင်း Donald Trump တို့ ၂ ဦး လာမယ့် ဇွန်လ ၂၇ ရက်နဲ့ စက်တင်ဘာ ၁၀ ရက်နေ့တွေမှာ နှစ်ကြိမ် စကားစစ်ထိုးပွဲ ကျင်းပဖို့ သဘောတူလိုက်ပါတယ်။
၂၀၂၄ အမေရိကန်သမ္မတရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်မယ့် သမ္မတဟောင်း Donald Trump နဲ့ လက်ရှိသမ္မတ Joe Biden တို့ ၂ ယောက်လုံးက AI ဉာဏ်ရည်တုနည်းပညာသုံးပြီး မဲဆွယ်ဖို့ ကြိုးစားနေပါတယ်။ AI နည်းပညာရဲ့ ရွေးကောက်ပွဲအပေါ် သက်ရောက်မှုအကြောင်း မအိသန့်စင် တင်ဆက်ထားပါတယ်။
ဂါဇာတောင်ပိုင်း ရာဖာမြို့စစ်ဆင်ရေးကို ချက်ချင်းရပ်ဖို့ ဥရောပသမဂ္ဂ အီးယူက အစ္စရေးကို ဗုဒ္ဓဟူးနေ့က တောင်းဆိုလိုက်ပါတယ်။ ဒီစစ်ဆင်ရေးကြောင့် လူသားချင်းစာနာထောက်ထားမှု ဆောင်ရွက်ချက်တွေ ပျက်ပြားရပြီး လူတွေ ပိုလို့ ရွှေ့ပြောင်းနေထိုင်ရ၊ ငတ်မွတ်ခေါင်းပါး၊ ဒုက္ခတွေ ကြုုံတွေ့ကြရတယ်လို့လည်း အီးယူကပြောပါတယ်။
ယူကရိန်းရဲ့အရေးပေါ်လိုအပ်တဲ့ အခြေအနကို အမေရိကန်ပြည်ထောင်စုကနားလည်ပြီး ယူကရိန်းတပ်တွေ လိုအပ်နေတဲ့ပံ့ပိုးမှုကိုရမှာဖြစ်ပါတယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးက ဗုဒ္ဓဟူးနေ့ က ပြောလိုက်ပါတယ်။
ဆလိုဗက်ကီးယား ဝန်ကြီးချုပ် Robert Fico ဟာ ဒီကနေ့ မေလ ၁၅ ရက်နေ့မှာ သူ့ကို လုပ်ကြံသတ်ဖြတ်ဖို့ ကြိုးစားခံရပြီးတဲ့နောက် အသက်အန္တရာယ် စိုးရိမ်ရတဲ့ အခြေအနေမှာ ရှိတယ်လို့ အစိုးရတာဝန်ရှိသူတွေက ပြောပါတယ်။
ဒီစစ်ဆင်ရေးကြောင့် ဂါဇာမှာလုပ်နေတဲ့ စာနာမှုဆိုင်ရာ အကူအညီပေးရေးလုပ်ငန်းတွေကို အနှောက်အယှက် ဖြစ်စေတဲ့အပြင် နေရပ်စွန့်ခွာ ထွက်ပြေးရသူ အရေအတွက် တိုးလာတာ၊ ငတ်မွတ်ခေါင်းပါးမှုနဲ့ လူသားတွေ ဘေးဒုက္ခရောက်ရတဲ့ အခြေအနေတွေ ပိုပြီး ဆိုးရွားလာစေတယ်လို့ ဆိုပါတယ်။
ထိုင်းနိုင်ငံမှာ တက်ကြွလှုပ်ရှားသူ လူငယ်အမျိုးသမီးတဦး အကျဉ်းထောင်အတွင်း အစာငတ်ခံ ဆန္ဒပြပြီး သေဆုံးခဲ့တာနဲ့ ပတ်သတ်လို့ စုံစမ်း စစ်ဆေးသွားမယ့်အကြောင်း ထိုင်း ဝန်ကြီးချုပ် Srettha Thavisin ဒီကနေ့ဗုဒ္ဓဟူးနေ့မှာ ပြောလိုက်ပါတယ်။
ကရင်ပြည်နယ် နယ်စပ်မြို့ဖြစ်တဲ့ ဘုရားသုံးဆူမှာ မကြာသေးခင်ရက်က တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေကြား စစ်ရေးတင်းမာခဲ့ရာက လုံခြုံရေးစိုးရိမ်မှုကြောင့် ထိုင်းနိုင်ငံဘက် တိမ်းရှောင်သွားသူတွေ အခုအခါ နေရပ်ပြန်နေကြပြီလို့ ဒေသခံတွေက ပြောပါတယ်။
မကွေးတိုင်း ဆောမြို့နယ်မှာ စစ်ကောင်စီရဲ့ လေကြောင်း တိုက်ခိုက်မှုကြောင့် ကလေးငယ်တွေ အပါအဝင် ကျေးရွာသားတချို့ သေဆုံးကြောင်း ဒေသခံတွေက ပြောပါတယ်။ ထိခိုက်သေဆုံးမှုတွေ ကြုံခဲ့ရတဲ့အထိ လေကြောင်းတိုက်ခိုက်ခံခဲ့ရတာကြောင့် လုံခြုံရေးအတွက်လည်း ဒေသခံတွေ စိုးရိမ်နေကြတာပါ။
တရုတ်အစိုးရရဲ့ ကြားဝင်စေ့စပ်မှုအရ မြန်မာစစ်ကောင်စီနဲ့ တိုင်းရင်းသားလက်နက်ကိုင် ညီနောင်မဟာမိတ် ၃ ဖွဲ့ တို့ ကူမင်းမြို့မှာ မနေ့ကစတင် ဆွေးနွေးနေတယ်လို့ နီးစပ်သူ အသိုင်းအဝိုင်းက ပြောပါတယ်။ ဆွေးနွေးပွဲအတွင်း စစ်ရေးပဋိပက္ခတွေ ကြီးထွားနေတဲ့ ရခိုင်ပြည်နယ်က အခြေအနေလည်း ပါဝင်လိမ့်မယ်လို့ ခန့်မှန်းထားကြတာပါ။
ဖိလစ်ပိုင် ငါးဖမ်းစက်လှေ ဒါဇင်နဲ့ချီပြီး တောင်တရုတ်ပင်လယ်အတွင်း တရုတ်ဘက်က ထိန်းချုပ်ထားတဲ့ ရေပြင်ပိုင်နက်ဘက်ကို ဒီကနေ့ ဦးတည် သွားရောက်ခဲ့ကြပါတယ်။ သူပိုင်ကိုယ်ပိုင် အငြင်းပွားနေတဲ့ ဒေသတွင်းမှာ လွတ်လပ်စွာသွားလာနိုင်တဲ့ အခွင့်အရေးကိုလည်း ကျင့်သုံးတဲ့အနေနဲ့ ငါးဖမ်းစက်လှေတွေ အခုလို သွားရောက်တာပါ။
အမေရိကန်ပြည်ထောင်စုမှာ အဓိကပါတီကြီး ၂ ခုရှိပါတယ်။ ဒီမိုကရက်နဲ့ ရီပါဘလစ်ကန်တို့ ဖြစ်ပါတယ်။ တတိယပါတီ ကိုယ်စားလှယ်လောင်း ဆိုတာကတော့ ဒီအဓိက ပါတီကြီး ၂ ခုက မဟုတ်ပဲ ပါဝင်ယှဉ်ပြိုင်မဲ့သူကို ရည်ညွှန်းတာပါ။ တတိယပါတီဆိုတာ သမ္မတရွေးကောက်ပွဲမှာ မကြာခဏ ဆွေးနွေးမှု အများဆုံး ကိစ္စရပ်ဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာ စစ်ကောင်စီက ဖေဖော်ဝါလအတွင်း ပြဋ္ဌာန်းလိုက်တဲ့ စစ်မှုထမ်းဥပဒေကြောင့် ပြည်ပကို ထွက်ပြေး တိမ်းရှောင်လာကြတဲ့ မြန်မာလူငယ်တွေကို ဂျပန်ဗဟိုအစိုးရက လက်ခံပေးရေး ဖိအားပေး လုပ်ဆောင်ပေးဖို့ ဒေသန္တရ အစိုးရတွေကို ဂျပန်မှာရောက်နေကြတဲ့ မြန်မာလူမျိုးတွေက စည်းရုံး တောင်းဆိုနေကြပါတယ်။
အမေရိကန်အနေနဲ့ ဂါဇာမှာ ဖြစ်နေတဲ့ ပဋိပက္ခထဲက ပြဿနာတွေကို ဖြေရှင်းနေသလို တွေ့ဆုံဆွေးနွေးရေးကိုလည်း ဆက်လုပ်နေပါတယ်။ တချိန်တည်းမှာပဲ အမေရိကန် ကန့်ကွက်နေတဲ့ကြားကပဲ အစ္စရေးဟာ ဂါဇာတောင်ပိုင်းက ရာဖာမြို့ကို မြေပြင်ထိုးစစ်ဆင်ဖို့ ရှိနေပါတယ်။
သားရဲတိရစ္ဆာန်မွေးမြူတာဟာ အန္တရာယ်များတဲ့ ဝါသနာ ဖြစ်ပေမဲ့ လစ်ဗျားနိုင်ငံက လူငယ်တဦးကတော့ ခြင်္သေ့တကောင်ကို အိမ်မွေးတိရစ္ဆာန်အနေနဲ့ မွေးထားပြီး သူတို့ ၂ ဦးကြား သံယောဇဉ်ကို တည်ဆောက်နေတာပါ။
နောက်ထပ်ကြည့်ရှုရန်