မဟုတ်မမှန် သတင်းမှားတွေ လှုံ့ဆော်တာကြောင့်လို့ဆိုပြီး တရုတ် သံတမန်တွေကို နိုင်ငံထဲကနေ နှင်ထုတ်ဖို့ ဖိလစ်ပိုင် အမျိုးသား လုံခြုံရေးကောင်စီက ဒီကနေ့ တောင်းဆိုလိုက်သလို၊ တရုတ်ကလည်း ဖိလစ်ပိုင်ကို ရန်လိုတဲ့လုပ်ရပ်တွေ ရပ်ဖို့ တိုက်တွန်းပါတယ်။
ဂါဇာကမ်းမြောင်ဒေသတောင်ပိုင်း Rafah မြို့အပေါ် အစ္စရေးစစ်တပ်က အပြည့်အဝထိုးစစ်ဆင်မှာကို စိုးရိမ်တဲ့အတွက် ဘေးလွတ်ရာ ထွက်သွားနေကြသူ ၁ သိန်းကျော်သွားပြီလို့ ကုလသမဂ္ဂက ဒီနေ့ သောကြာနေ့မှာ ပြောကြားပါတယ်။
စစ်ကိုင်းတိုင်း၊ မုံရွာအကျဥ်းထောင်မှာ ထောင် ၅၄ နှစ် ချမှတ်ခံထားရတဲ့ မုံရွာသပိတ်ခေါင်းဆောင် ကိုဝေမိုးနိုင်ကို ဒီနေ့မှာ မုံရွာ ထောင်တွင်း တရားရုံးကနေ နောက်ထပ် ထောင်ဒဏ် အနှစ် ၂၀ ထပ်မံ ချမှတ်လိုက်တယ်လို့ မိသားစုနဲ့နီးစပ်သူတဦးက အတည်ပြုပါတယ်။
ဘယ်လောက် အတိုင်းအတာအထိ ဒီလုပ်ငန်းတွေ ကြီးထွားနေပြီလဲဆိုတာ ခန့်မှန်းရခက်ပေမဲ့ အခုနောက်ပိုင်း ဒီကိစ္စတွေကိုပဲ အဓိက ကူညီဖြေရှင်းပေးနေရတယ်လို့ တရုတ်နယ်စပ်က မြန်မာလူမှုကူညီရေးအသင်းတွေက ပြောပါတယ်။
ထိုင်းနိုင်ငံမှာ အခု ၂၀၂၄ ခုနှစ်အတွင်း အပူလှိုင်းကြောင့် သေဆုံးသူ ၆၁ ယောက်ထက် မနည်းရှိနေပြီလို့ ထိုင်းကျန်းမာရေးဌာနက ဒီနေ့ သောကြာနေ့မှာ ထုတ်ပြန်ပါတယ်။ ၂၀၂၄ ခုနှစ် နှစ်စချိန်ထဲကနေ မေလ ၁၀ ရက်အထိ အပူရှပ်လို့ သေဆုံးသူ ၆၁ ယောက်ရှိသွားပြီလို့ ကျန်းမာရေးဌာနက ပြောပါတယ်။
မကွေးတိုင်း၊ ကျောက်ထုတိုက်နယ်၊ အကြည်ပန်းပလွန်းကျေးရွာ ဘုန်းကြီးကျောင်းမှာ တော်လှန်ရေးတပ်ဖွဲ့တွေ အစည်းဝေးလုပ်နေချိန် စစ်တပ်က လေကြောင်းက တိုက်ခိုက်ခဲ့လို့ အနည်းဆုံး ၁၅ ဦး သေဆုံးပြီး ၃၀ ဦးထက်မနည်းလည်း ဒဏ်ရာရရှိခဲ့ပါတယ်။
ဒီမိုကရေစီအရေးလှုပ်ရှားမှုအတွင်း သေဆုံးခဲ့သူ ၅,၀၀၀ ကို အတည်ပြုနိုင်ပြီး သေဆုံးပြီး အတည်မပြုနိုင်သေးသူ ၁,၇၅၀ ရှိတယ်လို့ နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ ဒီကနေ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ရခိုင်ပြည်နယ်ထဲမှာ တိုက်ပွဲတွေ အရှိန်ပိုတိုးလာတာအတွက် အထူးစိုးရိမ်ကြောင်း ကုလသမဂ္ဂ လူသားစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး UNOCHA က မေလ ၉ ရက် ကြာသပတေးနေ့ ထုတ်ပြန်တဲ့ ကြေညာချက်မှာဖေါ်ပြထားပါတယ်။
ရုရှားကိုဒဏ်ခတ်အရေးယူပြီး ထိန်းသိမ်းထားတဲ့ငွေကရတဲ့ အမြတ်အစွန်းတွေကို ယူကရိန်းအတွက် လက်နက်ထောက်ပံ့ရာမှာသုံးမယ့် မူဝါဒကို အီးယူ ဥရောပသမဂ္ဂက သဘောတူလိုက်ပါပြီ။
ဂါဇာတောင်ပိုင်းက ရာဖါမြို့ကို အစ္စရေးတွေ အပြင်းအထန်ထိုးစစ်ဆင်တဲ့ တနင်္လာနေ့ကစပြီး ရာဖါကနေ ဒေသခံ ၈ သောင်းလောက် ထွက်ပြေးကြရတယ်လို့ UNRWA ပါလက်စတိုင်း ဒုက္ခသည်ဆိုင်ရာကုလသမဂ္ဂ အေဂျင်စီက ကြာသပတေးနေ့မှာ ပြောပါတယ်။
အမေရိကန်ပြည်ထောင်စု မစ်ရှီဂန်ပြည်နယ် ကလယ်မဇူးမြို့မှာ မေလ ၇ရက်နေ့က လေဆင်နှာမောင်းတိုက်ခတ်ချိန် အိမ်ရှေ့က သစ်ပင်တွေအားလုံး တပင်ပြီးတပင် အမြစ်လန် လဲကျကုန်တာကို အိမ်ရှေ့တံခါး လုံခြုံရေးကင်မရာက တွေ့ရတာပါ။ မုန်တိုင်းဆဲချိန်အထိ အိမ်သားတွေအားလုံး မြေအောင်ခန်းထဲဝင်ပုန်းနေခဲ့ကြရပါတယ်။
ကျန်းမာရေးစောင့်ရှောက်မှု၊ အဟာရ၊ သောက်သုံးရေနဲ့ နေထိုင်ရေးတို့အတွက်အပြင် လူသားချင်းစာနာတဲ့ အကူအညီတွေအပေါ် မှီခိုအားထားနေရတဲ့ အခြေအနေကနေ လွတ်ပြီး ကိုယ့်ကိုယ်ကို အားကိုးနိုင်ရေး အစပြု ဆောင်ရွက်မှုတွေအတွက် ဒီငွေတွေကို အသုံးပြုမှာဖြစ်တယ်လို့ အမေရိကန်အစိုးရက ကြေညာပါတယ်။
အစ္စရေးက ဂါဇာဒေသတောင်ပိုင်းမှာ ပြီးခဲ့တဲ့ တနင်္လာနေ့က စစ်ဆင်ရေးတွေ အရှိန်အဟုန်မြင့်လာချိန်ကစပြီး၊ Rafah မြို့ကနေ ထွက်ပြေးသူ ၈ သောင်း လောက်ရှိတယ်လို့ ပါလက်စတိုင်းဒုက္ခသည်တွေ အကူအညီပေးနေတဲ့ ကုလသမဂ္ဂ အေဂျင်စီ (UNRWA) က ဒီကနေ့ ပြောပါတယ်။
ပထမအသုတ် ဒေါ်လာ ၁ ဘီလျံကို နွေရာသီ မကုန်ခင် ရနိုင်လိမ့်မှာဖြစ်ပြီး စစ်ရေးအတွက် အဓိက သုံးစွဲဖို့ဖြစ်တယ်လို့ EU ကုန်သွယ်ရေး ကော်မရှင်နာမင်းကြီး Valdis Dombrovskis က အသိပေးထုတ်ပြန်ပါတယ်။
NUG ကြားကာလ အမျိုးသား ညီညွတ်ရေးအစိုးရအပြင် တိုင်းရင်းသားလက်နက်ကိုင်တချို့နဲ့ ထိုင်းဝန်ကြီးချုပ်ဟောင်း Thaksin Shinawatra တွေ့ဆုံပြီး မြန်မာ့အရေးမှာ ကြားဝင် ကူညီ ဖြေရှင်းပေးဖို့ ကမ်းလှမ်းချက်ကို တိုင်းရင်းသားအဖွဲ့တွေဘက်က လက်မခံပယ်ချလိုက်ပါတယ်။
ကချင်ပြည်နယ်၊ မိုးမောက်နဲ့ မံစီမှာ ၃ရက်မြောက်နေ့အဖြစ် တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေပြီး မံစီမြို့နယ်က စစ်ကောင်စီတပ်ရဲ့ စခန်းတခုကို KIA ပူးပေါင်းတပ်တွေက ထပ်မံသိမ်းယူလိုက်သလို စစ်ကောင်စီဘက်က လေကြောင်းကပါ တိုက်ခိုက်နေပါတယ်။
စစ်ကိုင်းတိုင်း၊ မုံရွာမြို့မှာ ဒုတိယအသုတ် စစ်မှုထမ်းဖို့အတွက် လူငယ်တွေရှိတဲ့ နေအိမ်တွေဆီ ညသန်းခေါင်အချိန် ရောက်လာပြီး ဖမ်းဆီး ခေါ်ဆောင်တာတွေ ရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ရေဦးမြို့မှာလည်း စစ်မှုထမ်းဖို့အတွက် အမျိုးသားတွေကို အတင်းအဓမ္မ ဖမ်းဆီးတာတွေ ရှိနေတယ်လို့ ပြောပါတယ်။
ဝေးလံပြီး ဆက်သွယ်ရေးလိုင်းတွေ ချိတ်ဆက်မထားတဲ့နေရာတွေမှာ ဂြိုလ်တုကနေ အင်တာနက်ချိတ်နိုင်တဲ့ Starlink လုပ်ငန်းတွေ အင်ဒိုနီးရှားနိုင်ငံမှာ လိုင်စင်ရသွားပါပြီ။
မကြာခင် ကျရောက်တော့မယ့် မိုးရာသီအတွင်း တိုက်ပွဲအရှိန်တွေ လျော့လာနိုင်ခြေရှိနေတာကြောင့် စစ်ကောင်စီအနေနဲ့ လက်လွတ်လိုက်ရတဲ့ စခန်းတွေကို ပြန်တိုက်ယူနိုင်မယ့် အလားအလာ မရှိဘူးလို့ တော်လှန်ရေးအင်အားစုတွေက သုံးသပ် ပြောဆိုပါတယ်။
သိုးမွေးထိုးတဲ့သူတယောက် ဆုံးပါးသွားတဲ့အခါ မပြီးပြတ်သေးတဲ့ ထိုးလက်စတွေ ကျန်ရစ်တတ်တာပါ။ ဒီလို ထိုးဖို့ ကျန်နေသေးတာတွေကို လက်စသတ်ပေးတဲ့ စေတနာ့ဝန်ထမ်းတွေ ရှိပြီး ကျန်ရစ်သူမိသားစုနဲ့ ချစ်ခင်သူတွေအတွက် ဆုံးသွားသူတွေကိုယ်စား လက်ဆောင်ပေးသလို ဖြစ်စေတာပါ။
နောက်ထပ်ကြည့်ရှုရန်