အမျိုးသားတွေ ပြည်ပထွက် အလုပ်လုပ်ခွင့်နဲ့ ပတ်သက်ပြီး အလုပ်သမားရေးဌာနဘက်က ပိတ်လိုက်တာဟာ ယာယီသာဖြစ်ပြီး လက်တလောမှာ ပြည်ပက အလုပ်ခေါ်စာတွေကို လက်မခံသေးဘဲ ခေတ္တရပ်နားလိုက်တာလို့ ပြည်ပအလုပ်အကိုင် ဝန်ဆောင်မှုလုပ်ငန်းတွေက ပြောပါတယ်။
မြန်မာနိုင်ငံရဲ့ သတင်းလွတ်လပ်ခွင့်အခြေအနေဟာ ကမ္ဘာပေါ်က အဆိုးဝါးဆုံး ၁၀ နိုင်ငံထဲမှာ ရှိနေဆဲ ဖြစ်ပြီး အဆင့် ၁၇၁ မှာ ရှိနေတဲ့အကြောင်း ပြင်သစ်အခြေစိုက် နယ်စည်းမခြားသတင်းသမားများအဖွဲ့ (RSF) က ဒီနေ့ ကျရောက်တဲ့ ကမ္ဘာ့သတင်းလွတ်လပ်ခွင့်နေ့မှာ အစီရင်ခံစာ ထုတ်ပြန်ပါတယ်။
ယူကရိန်းကို ရုရှားကျုးကျော်စစ်စကတည်းက တိုက်ပွဲတွေအတွင်း သေဆုံးခဲ့တဲ့ ရုရှားစစ်သားအရေအတွက်ကို ရုရှားဘက်က လျှို့ဝှက်ထားခဲ့ပါတယ်။ ဒါပေမဲ့ မကြာသေးခင်က ထုတ်ပြန်တဲ့ စစ်တမ်းတခုအရ ဒီစစ်ပွဲမှာ ရုရှားဘက်က အသေအပျောက် ဆုံးရှုံးမှုလည်းများနိုင်တာကို ဖော်ပြပါတယ်။
ကိုယ်ဝန် သီတင်းပတ် ၆ ပတ်နောက်ပိုင်း ဖျက်ချတာကို တားမြစ်တဲ့ ဥပဒေသစ်တခုကို အမေရိကန် ပြည်ထောင်စု ဖလော်ရီဒါပြည်နယ်က ပြဌာန်းလိုက်ပါတယ်။ ဒီအပေါ် ဒေါ်နယ်ထရမ့်က ခုခံကာကွယ်နေပြီး သမ္မတ Joe Biden ကတော့ အခုပြဌာန်းခွင့်ဟာ အမျိုးသမီးတွေရဲ့ အသက်ကို ခြိမ်းခြောက်နေတယ်လို့ ဆိုပါတယ်။
မြောက်ကိုရီးယားက တောင်ကိုရီးယားမှာရှိတဲ့ နိုင်ငံခြားသံရုံးတွေကို တိုက်ခိုက်ဖို့ရှိတယ်ဆိုတဲ့ သတိပေးချက်ကြောင့် နိုင်ငံ ၅ နိုင်ငံက သံရုံးတွေအတွက် အကြမ်းဖက်မှု သတိပေးချက်အဆင့်ကို တိုးမြှင့်လိုက်ကြောင်း တောင်ကိုရီးယား နိုင်ငံခြားရေးဌာနက ကြာသပတေးနေ့မှာ ကြေညာပါတယ်။
မြန်မာနိုင်ငံမှာ ၂၀၂၁ စစ်တပ် အာဏာသိမ်းခဲ့တဲ့နောက် ထွက်ပြေးခိုလှုံနေတဲ့ မြန်မာဒုက္ခသည် ၃၈ ဦးကို အိန္ဒိယ အာဏာပိုင်တွေက မေလ ၂ ရက်နေ့မှာ ပထမအသုတ်အဖြစ် ပြန်ပို့လိုက်တယ်လို့ အိန္ဒိယနယ်စပ်မှာ နေထိုင်နေတဲ့ ဦးသိန်း က VOA ကိုပြောပါတယ်။
အမေရိကန်နိုင်ငံတလွှားက တက္ကသိုလ်ကျောင်းဝင်းတွေမှာ ဂါဇာစစ်ဆန့်ကျင်ရေး ဆန္ဒပြမှုတွေ တိုးလာနေချိန်မှာပဲ သမ္မတဂျိုးဘိုင်ဒန်က လွတ်လပ်စွာ ပြောဆိုခွင့်နဲ့ အတူ တရားဥပဒေစိုးမိုးမှုရှိဖို့ လိုအပ်ကြောင်း ကြာသပတေးနေ့မှာ သမ္မတအိမ်ဖြူကနေ ပြည်သူကို မိန့်ခွန်းပြောကြားခဲ့ပါတယ်။
ဟာမတ်စ်အဖွဲ့က အပြုသဘောဆောင်တဲ့အနေနဲ့ အစ္စရေးနဲ့ ယာယီအပစ်အခတ် ရပ်စဲရေးအဆိုပြုဖို့ လေ့လာနေတယ်လို့ ဟာမတ်စ်အကြီးအကဲ Ismail Haniyeh က အီဂျစ်ထောက်လှမ်းရေးအကြီးအကဲ Abbas Kamel ကိုရော ကာတာဝန်ကြီးချုပ် Mohammed bin Abdulrahman Al Thani ကိုပါ ဖုံးဆက်ပြီး ဆွေးနွေးခဲ့တယ်လို့ဟာမတ်စ်ကြေညာချက်မှာ ဖေါ်ပြပါတယ်။
မြန်မာနိုင်ငံမှာ အမျိုးသားတွေကို မေလ ၁ ရက်နေ့က စပြီး နိုင်ငံခြားထွက် အလုပ်လုပ်ခွင့်ကို စစ်ကောင်စီက ယာယီရပ်ထားလိုက်ပါတယ်။ ထွက်ခွာခွင့် ကိစ္စတွေ ပိုမိုအချိန်ယူ စိစစ်နိုင်ဖို့နဲ့ တခြားအခြေအနေအရ ယာယီဆိုင်းငံ့ထားတယ်လို့ အလုပ်သမားဝန်ကြီးဌာနက သတင်းမီဒီယာတွေကို ပြောကြားခဲ့ပါတယ်။
ပြီးခဲ့တဲ့ လပိုင်းတွေကတည်းက ပြန်ပို့ဖို့ စီစဉ်ခဲ့ပေမယ့်အိန္ဒိယနိုင်ငံ၊ မဏိပူရပြည်နယ်နဲ့ နယ်နိမိတ်ချင်း ထိစပ်နေတဲ့ မြန်မာနိုင်ငံဘက်အခြမ်းမှာ စစ်ကောင်စီနဲ့ တော်လှန်ရေးတပ်ဖွဲ့တွေအကြား တိုက်ပွဲတွေ ပြင်းထန်နေခဲ့တာကြောင့် အကြိမ်ကြိမ် ပျက်ခဲ့ပြီးတဲ့နောက်မှာ ဒီကနေ့ ပို့နိုင်ခဲ့တာ ဖြစ်ပါတယ်။
မေလ ၃ ရက်နေ့ ဟာ ကမ္ဘာ့ စာနယ်ဇင်း လွတ်လပ်ခွင့်နေ့ပါ။ ကိုယ့်တိုင်းပြည်ထဲမှာတင်မဟုတ်ဘဲ နိုင်ငံနယ်နမိတ် ကျော် ဖိနှိပ်ခံနေရတဲ့ သတင်းစာဆရာတွေ ရှိနေပြီး အဲဒီအထဲမှာ တရုတ်သတင်းစာဆရမ ဆုယုတန်လည်း ပါဝင်ပါတယ်။ ၂၀၁၀ မှာ တရုတ်ပြည်ကထွက်ပြေးတော့ ပြည်ပရောက်တဲ့အခါ လုံခြုံစိတ်ချရလိမ့်မယ်လို့ တွေးခဲ့တာပါ။
စစ်ကောင်စီနဲ့ အာရက္ခတပ်တော် AA အကြား ၅လနီးပါး တိုက်ပွဲတွေပြင်းထန်နေတဲ့ ရခိုင်ပြည်နယ်မှာ ကုန်စည် စီးဆင်းမှုတွေလည်း ရပ်တန့်နေတာကြောင့် ဒေသတွင်း စားနပ်ရိက္ခာ ရှားပါးမှုနဲ့ ဒေသခံတွေ အတော် အခက်ကြုံနေကြရပါတယ်။
တရုတ်နဲ့ ဖိလစ်ပိုင် ရေပြင်နယ်နိမိတ် ပိုင်နက်အငြင်းပွားနေတဲ့ နေရာမှာ ဖိလစ်ပိုင်သင်္ဘော ၂ စီးကို တရုတ်သင်္ဘောက မီးသတ်ပိုက်နဲ့ ထိုးခဲ့တဲ့ ဖြစ်ရပ်ကို ကန့်ကွက်တဲ့အနေနဲ့ တရုတ်သံရုံးတာဝန်ရှိသူကို ဖိလစ်ပိုင်အစိုးရက ဆင့်ခေါ်ခဲ့ပါတယ်။
တကယ်လို့ ပါလက်စတိုင်းတွေ သေဆုံးခဲ့မယ်ဆိုရင်၊ လူသားမျိုးနွယ်တွေလည်း သေဆုံးတာဖြစ်ပြီး၊ ကျနော်တို့အနေနဲ့ ဒါမျိုးအဖြစ်မခံပါဘူးလို့ သမ္မတ Petro က ပြောပါတယ်။ အခုလို ကိုလံဘီယာသမ္မတရဲ့ဆုံးဖြတ်ချက်ဟာ Hamas တွေကို လက်ဆောင်ပေးလိုက်တာဖြစ်တယ်လို့ အစ္စရေး z က ချက်ချင်းပဲ ပြန်တုံ့ပြန်လိုက်ပါတယ်။
အာရှဒေသတဝန်း အပူချိန် ပြင်းထန်တဲ့ ရာသီဥတုဒဏ်ခံစားနေရချိန်မှာ ကမ္ဘောဒီးယားနိုင်ငံကတော့ ဒီနေ့ မေလ ၂ ရက်နေ့က စပြီး ကျောင်းချိန်တွေကို ၂ နာရီ လျှော့ချလိုက်ပါတယ်။
အမေရိကန်ပြည်ထောင်စုတဝန်း တက္ကသိုလ်ကျောင်းဝန်းတွေထဲမှာ အစ္စရေးစစ်ပွဲ အဆုံးသတ်ရေးဆန္ဒပြမှုတွေဆက်လက်ဖြစ်ပွားနေတာမှာ ကြာသပတေးနေ့ မနက်အစောပိုင်းကတော့ Los Angeles က California တက္ကသိုလ်မှာ ဆန္ဒပြသူတွေ တားဆီးထားတဲ့ အတားအဆီးတွေကို ရဲတွေ စတင်ဖယ်ရှားခဲ့ပါတယ်။
တရုတ်နိုင်ငံတောင်ပိုင်းမှာ အဝေးပြေးအမြန်လမ်း ပြိုကျပျက်စီးသွားတာကြောင့် သေဆုံးတဲ့သူဦးရေဟာ ၃၆ ယောက်ရှိသွားပြီလို့ တရုတ်အစိုးရပိုင် မီဒီယာက ဒီကနေ့ မေလ ၂ ရက်နေ့မှာ ပြောလိုက်ပါတယ်။
မြန်မာနိုင်ငံအပါအဝင် ၁၇ နိုင်ငံဟာ ဘာသာရေးလွတ်လပ်ခွင့် ဆိုးဆိုးဝါးဝါး ချိုးဖောက်တဲ့အတွက် အထူးစိုးရိမ်ရတဲ့နိုင်ငံတွေ ဖြစ်တယ်လို့ အမေရိကန်ပြည်ထောင်စု နိုင်ငံတကာ ဘာသာရေးလွတ်လပ်ခွင့်ဆိုင်ရာကော်မရှင် (USCIRF ) က မေ ၁ ရက်က ထုတ်ပြန်တဲ့ ၂၀၂၄ နှစ်ပတ်လည် အစီရင်ခံစာမှာ ဖော်ပြလိုက်ပါတယ်။
ချင်းအမျိုးသားတပ်ဦး CNF/CNA ဦးဆောင်တဲ့ Chinland Council နဲ့ ချင်းအမျိုုးသားအဖွဲ့ချုပ် CNO ပါဝင်တဲ့ ချင်းညီနောင်အဖွဲ့ကြားမှာ အုပ်ချုပ်ရေး၊ နိုင်ငံရေးဆိုင်ရာ သဘောထားကွဲလွဲမှုတွေရှိနေပါတယ်။ ဒီကွဲလွဲမှုတွေက ပြည်နယ်အတွင်း စစ်ပွဲတွေဆီ ဦးတည်သွားနိုင်တယ်လို့ ချင်းနိုင်ငံရေး သုံးသပ်သူတွေက ပြောပါတယ်။
စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်ထဲမှာ အချိန်အခါမဟုတ် မိုးသက်လေပြင်းကျပြီး မိုးသီးကြွေခဲ့လို့ ရာနဲ့ချီတဲ့နေအိမ်တွေ ပျက်စီးခဲ့သလို၊ ဆားလင်းကြီးမြို့နယ်ထဲမှာလည်း လျှပ်စစ်မီး ပြတ်တောက်တာတွေရှိတယ်လို့ ကူညီပေးနေသူတွေက ပြောပါတယ်။
နောက်ထပ်ကြည့်ရှုရန်