နိုင်ဂျီးရီးယား အခြေစိုက် ကမ္ပဏီတခုရဲ့ ဉာဏ်ရည်တု နည်းပညာနဲ့ တီထွင်ဖန်တီးထားတဲ့ ဖက်ရှင်ပွဲအကြောင်း VOA သတင်းထောက် Karina Choudhury မေးမြန်းရိုက်ကူးထားတာကို ကိုစံကျော် ပြောပြပါမယ်။
အမေရိကန်သမ္မတရွေးကောက်ပွဲမှာ ဝင်ပြိုင်မယ့် သမ္မတဟောင်း Donald Trump ဟာ ဒီသီတင်းပတ်ထဲမှာ အနောက်အလယ်ပိုင်းပြည်နယ် မစ်ရှီဂန်မှာ မဲဆွယ်စည်းရုံးဖို့ ပြင်ဆင်နေပါတယ်။ နိုဝင်ဘာသမ္မတရွေးကောက်ပွဲ ရလဒ်ကို အလှည့်အပြောင်း ဖြစ်စေနိုင်တဲ့ အရေးပါတဲ့ ပြည်နယ် အနည်းအကျဉ်း ရှိတဲ့အထဲမှာ မစ်ရှီဂန်ပြည်နယ်လည်း ပါဝင်တာပါ။
အမေရိကန်သမ္မတ ရွေးကောက်ပွဲမှာ လက်ရှိသမ္မတ Joe Biden နဲ့ သမ္မတဟောင်း Donald Trump တို့ထက် တခြားကိုယ်စားလှယ်လောင်းတွေ ရှိစေချင်ကြောင်း လူငယ်တော်တော်များများက ပြောပါတယ်။ သမ္မတကိုယ်စားလှယ်လောင်းတွေရဲ့ အသက်အရွယ်ကြောင့်ပါ။
သမ္မတဟောင်းဒေါ်နယ်ထရမ့်ရဲ့ အမေရိကန်ကို ပြန်လည် ကြီးကျယ်ခမ်းနားစေဖို့ Make America Great Again (MAGA) ဆိုပြီးလုပ်ခဲ့တဲ့လှုပ်ရှားမှုကို အောက်လွှတ်တော်ဥက္ကဋ္ဌ မိုက်ဂျွန်ဆင်ကသစ္စာဖောက်ခဲ့ကြောင်း ဂရင်းက ပြောပြီး ရာထူးမှနုတ်ထွက်ပေးဖို့ ဂျွန်ဆင်ကိုတောင်းဆိုခဲ့ပါတယ်။
မြန်မာနိုင်ငံမှာ အထူးသဖြင့် ရခိုင်ပြည်နယ်မြောက်ပိုင်းနဲ့ပတ်သက်ပြီး သတင်းမှားတွေ၊ မဟုတ်မမှန်လုပ်ကြံသတင်းတွေနဲ့ အမုန်းစကားတွေ ပြန့်နှံ့နေကြောင်း မြန်မာနိုင်ငံထဲက ကုလသမဂ္ဂရုံးက မြေပြင်ကသတင်းအချက်အလက်တွေ တင်ပြထားကြောင်း ကုလသမဂ္ဂပြောရေးဆိုခွင့်ရှိသူ Stephane Dujarric က ဗုဒ္ဓဟူးနေ့က ပြောပါတယ်။
အမေရိကန်အနောက်ခြမ်း ကယ်လီဖိုးနီးယားတက္ကသိုလ်၊ (UCLA) က ပါလက်စတိုင်းထောက်ခံတဲ့သပိတ်စခန်းတခုမှာ ဗုဒ္ဓဟူးနေ့အစောပိုင်းက ရုန်းရင်းဆန်ခတ်ဖြစ်ခဲ့သလို အရှေ့ခြမ်း နယူးယောက်မြို့တော်မှာတော့ ကိုလံဘီယာတက္ကသိုလ်ထဲမှာ ပါလက်စတိုင်းလိုလားသူတွေ သိမ်းထားတဲ့အဆောက်အအုံတခုကို ရဲတပ်ဖွဲ့ကရှင်းလင်းခဲ့ပါတယ်။
ဂါဇာတောင်ပိုင်းက ရာဖာမြို့ကို အရပ်သားတွေ ထိခိုက်မှုမရှိစေတဲ့ အစီအမံတွေ မပါဘဲ အစ္စရေးကဝင်တိုက်တာမျိုး အမေရိကန်ပြည်ထောင်စုအနေနဲ့ လက်ခံမှာ မဟုတ်ဘူးလို့ အစ္စရေးကိုရောက်နေတဲ့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်ထိုနီဘလင်ကန်က ဗုဒ္ဓဟူးနေ့က ပြောပါတယ်။
သူက Donald Trump သမ္မတလောင်း ဝင်ပြိုင်ခဲ့တဲ့အချိန်၊ Trump ရဲ့ သိက္ခာထိခိုက်စေနိုင်တဲ့ အကြောင်းအရာတွေကို ပုံနှိပ်မဖေါ်ပြနိုင်အောင် လိုက်ပြီး ပိတ်ပင်တဲ့ အလုပ် လုပ်ခဲ့တယ်လို့ ဆိုပါတယ်။ သတင်းစာပညာမှာ Checkbook Journalism လို့ခေါ်တဲ့ ငွေနဲ့ဖုံးတဲ့သတင်းတွေနဲ့ပတ်သက်လို့ မဆုမွန် တင်ပြထားပါတယ်။
မြန်မာအပါအဝင် အရှေ့တောင်အာရှ၊ တောင်အာရှ နိုင်ငံတချို့မှာ အပူလှိုင်းဒဏ်ကို ခံစားခဲ့ကြရာမှာ ဘင်္ဂလားဒေရှ့်နိုင်ငံကတော့ ဧပြီလဟာ စံချိန်တင် အပူဆုံးလဖြစ်ခဲ့တယ်လို့ ဘင်္ဂလားဒေ့ရှ် မိုးလေဝသဌာနက ဒီနေ့ပဲ ပြောလိုက်ပါတယ်။
စံချိန်တင် အပူဒဏ်ခံနေရတဲ့ မြန်မာနိုင်ငံမှာ လက်နက်ကိုင် ပဋိပက္ခတွေက တိမ်းရှောင်နေရတဲ့ ဒုက္ခသည်တွေ ရေရှားပါးတဲ့ ပြဿနာနဲ့ပါ ရင်ဆိုင်နေကြရပါတယ်။ စစ်ရေးပဋိပက္ခတွေ ပြင်းထန်ခဲ့တဲ့ ကရင်နီဒေသမှာ ဆိုရင်လည်း သောက်သုံးရေ ရှားပါးမှုနဲ့ ကြုံနေရတယ်လို့ ဒုက္ခသည်တွေနဲ့ အကူအညီပေးသူတွေက ပြောပါတယ်။
တပတ်အတွင်း ဒုတိယမြောက် မီးတောင် အကြိမ်ကြိမ် ထပ်မံ ပေါက်ကွဲတာဖြစ်ပြီး လွှင့်စင် ထွက်ကျလာတဲ့ ချော်ရည်နဲ့ အစအနတွေ အနီးနား ကျေးရွာတွေပေါ် ကျနေတဲ့အတွက် အင်ဒိုနီးရှား အာဏာပိုင်တွေက အမြင့်သုံး သတိပေးချက် ထုတ်ပြန်ထားပါတယ်။
ဂါဇာမှာ ဟာမတ်စ်တို့ ဖမ်းဆီးထားတဲ့ ဓားစာခံတွေ ပြန်လွှတ်ပေးတာအပါအဝင် အစ္စရေးနဲ့ ဟာမတ်စ်အကြား အပစ်အခတ်ရပ်စဲရေး သဘောတူညီမှု ရရှိဖို့ စိတ်ပိုင်းဖြတ်ထားတယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Antony Blinken က ဒီကနေ့ ဗုဒ္ဓဟူးနေ့မှာ ပြောကြားလိုက်ပါတယ်။
အဓိကရုဏ်း နှိမ်နင်းရေး ဝတ်စုံတွေ ဝတ်ဆင်ထားတဲ့ နယူးယောက်မြို့ ရဲတပ်ဖွဲ့ဝင်တွေဟာ အင်္ဂါနေ့နှောင်းပိုင်းက ကိုလံဘီယာတက္ကသိုလ်ဝန်းအတွင်း ဝင်ရောက်ပြီး ကျောင်းအဆောက်အဦတခုကို စီးနင်းထားကြတဲ့ ပါလက်စတိုင်းလိုလားတဲ့ ဒါဇင်နဲ့ချီတဲ့ ဆန္ဒပြသူတွေကို ဖမ်းဆီးခဲ့ပါတယ်။
မြန်မာနိုင်ငံအပါအဝင် ကမ္ဘာတဝန်း စစ်အတွင်း အတိဒုက္ခရောက်နေသူတွေကို မမေ့ဖို့နဲ့ ငြိမ်းချမ်းရေးအတွက် ဆုတောင်းပေးဖို့ ပုပ်ရဟန်းမင်းကြီး Francis က မနေ့က ဗာတီကန်မှာ ကျင်းပတဲ့ ကင်ညာနိုင်ငံ ရေလွှမ်းမိုးမှုတွေမှာ မြေပြိုပြီး သေဆုံးခဲ့သူတွေအတွက် ဝတ်ပြုဆုတောင်းပွဲမှာ မြွက်ကြားသွားပါတယ်။
ကချင်ပြည်နယ် မိုးမောက်မြို့မှာ စစ်ရေးတင်းမာနေတာကြောင့် ထောင်နဲ့ချီတဲ့ ဒေသခံပြည်သူတွေဟာ KIA သိမ်းပိုက်ထားတဲ့ နယ်မြေတွေမှာ တိမ်းရှောင်နေကြရပြီး မိုင်းနဲ့ မပေါက်ကွဲသေးတဲ့ စစ်ကျန်လက်နက်တွေ ရှိနေတာကြောင့် ကလေးငယ်တွေအတွက် စိုးရိမ်ရတဲ့အခြေအနေရှိနေသလို ပညာပေးလုပ်ငန်းတွေကို ဆောင်ရွက်နေကြရပါတယ်။
မကြာသေးခင်ရက်ပိုင်းအတွင်းက မိုးသည်းထန်စွာရွာသွန်းခဲ့တဲ့အတွက် အဝေးပြေးလမ်းမကြီးရဲ့ အရှည် ၅၈.၇ ပေရှိတဲ့ လမ်းပိုင်း ပြိုကျခဲ့ပြီး အဲ့ဒီလမ်းပေါ်မှာ သွားနေတဲ့ ကား ၁၈ စီးက ပြိုကျခဲ့တဲ့အထဲကို ပါသွားခဲ့တယ်လို့ ကွမ်တုန်းပြည်နယ် Meizhou မြို့ အာဏာပိုင်တွေက သတင်းထုတ်ပြန်ထားပါတယ်။
အမေရိကန်ပြည်ထောင်စုမှာ အဓိကပါတီကြီး ၂ ရပ်ရှိပြီး သူတို့ကို အရောင်တွေနဲ့ ပြောဆိုသတ်မှတ်ပါတယ်။ ဒီမိုကရက်တစ်ပြည်နယ်ကို အပြာရောင်၊ ရီပါဘလစ်ကန်ပါတီကို အနီရောင်ဆိုပြီး ရည်ညွှန်း သုံးစွဲပါတယ်။ ဒီလိုအရောင်တွေကို ဘယ်လိုခွဲခြားသတ်မှတ်တာပါလဲ။ ဗွီအိုအေရဲ့ ပုံပြရုပ်သံကို မအေးသန္တာကျော် တင်ဆက်ထားပါတယ်။
သမ္မတဟောင်းထရမ့်ကို တရားရုံးအမိန့်ဖီဆန်မှုနဲ့ နယူးယောက်တရားသူကြီးက အင်္ဂါနေ့မှာ ဒဏ်ငွေ ၉,၀၀၀ ဒဏ်ချလိုက်ပါတယ်။ ထရမ့်ကိုစွဲဆိုထားတဲ့ ရာဇဝတ်မှုမှာ 'တရားရုံးကခေါ်ယူနိုင်တဲ့သက်သေတွေအပေါ် မဝေဖန်ရ' လို့ တရားရုံးက အမိန့်ထုတ်ပြန်ထားတာကို မစ္စတာထရမ့်က ချိုးဖောက်တာကြောင့် ခုလို ဒဏ်ချမှတ်လိုက်တာ ဖြစ်ပါတယ်။
အစ္စရေးကိုပေးနေတဲ့ စစ်ရေးအကူတွေရပ်ဖို့ ဂျာမနီနိုင်ငံအပေါ် နီကာရာဂွါက တရားစွဲဆိုချက်ကို အပြည်ပြည်ဆိုင်ရာတရားရုံး အိုင်စီဂျေက ပယ်ချလိုက်ပါတယ်။ တရားရုံးက အဲဒီလို အမိန့်ချမှတ်ပေးဖို့ ဥပဒေကြောင်းအရ မခိုင်လုံဘူးလို့ အိုင်စီဂျေတရားသူကြီးတွေက အင်္ဂါနေ့က ဆုံးဖြတ်လိုက်ကြတာပါ။
ပေးဖို့အတွက် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဘလင်ကန်ဟာ အစ္စရေးကို အင်္ဂါနေ့က ရောက်ရှိသွားခဲ့ပါပြီ။ အပစ်ရပ်ရေး အဆိုပြုချက်ကိုလက်ခံပြီး ဖမ်းဆီးထားတဲ့ဓားစာခံတွေကို လွှတ်ပေးဖို့ ဟာမတ်စ်အဖွဲ့ကို မစ္စတာဘလင်ကန်က ဂျော်ဒန်နိုင်ငံမှာရှိနေစဥ် တောင်းဆိုခဲ့ပါသေးတယ်။
နောက်ထပ်ကြည့်ရှုရန်