လက်ရှိ အဆိုပြုထားတဲ့ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကို အစ္စရေးနဲ့ ဟာမတ်စ်တို့ လက်တွေ့ အကောင်အထည်ဖော်လာရေးအတွက် အီဂျစ်၊ ကာတာနိုင်ငံတို့နဲ့ ပူးပေါင်း ဆောင်ရွက်သွားဖို့ သမ္မတ Joe Biden က သဘောတူထားတယ်လို့ အမေရိကန်သမ္မတ အိမ်ဖြူတော်က မနေ့ တနင်္လာနေ့မှာ ပြောပါတယ်။
အမေရိကန်ပြည်ထောင်စုက တက္ကသိုလ်ကြီးတွေမှာ ဂါဇာစစ်ပွဲနဲ့ပတ်သက်လို့ ကန့်ကွက် ဆန္ဒပြနေကြတာတွေ ရပ်ကြဖို့ တက္ကသိုလ်ကျောင်း တာဝန်ရှိသူတွေက သတိပေးချက်တွေ ထုတ်နေတဲ့တိုင်အောင် ဆန္ဒပြပွဲတွေကတော့ ဆက် အရှိန်ကောင်းနေပါတယ်။ ဆန္ဒပြတဲ့ တက္ကသိုလ်တွေလည်း ပိုများ လာနေပါတယ်။
နှစ်ပေါင်း ၅၀ ကျော်မှာ အပူဆုံးဒဏ် ခံနေရတဲ့ မြန်မာနိုင်ငံမှာ နေထိုင်မကောင်းသူတွေ၊ အသက်ဆုံးရှုံးသူတွေ ရှိနေတယ်လို့ မြို့ခံတွေနဲ့ လူမှုကယ်ဆယ်ရေးအသင်း တာဝန်ရှိသူတွေက ပြောပါတယ်။ မြန်မာနိုင်ငံက ချောက်မြို့ဟာ အပူချိန် ၄၈.၂ ဒီဂရီ ဆဲလ်စီယပ် ရှိခဲ့ပြီး အမြင့်ဆုံး ဖြစ်ခဲ့ပါတယ်။
မြန်မာအပါအဝင် အရှေ့တောင်အာရှနဲ့ တောင်အာရှနိုင်ငံတွေမှာ အခုသီတင်းပတ်တွေအတွင်း အပူလှိုင်းဝင်ရောက်နေတာကြောင့် အသက်ဆုံးရှုံးမှုတွေ ရှိနေပါတယ်။
အမေရိကန်ပြည်ထောင်စုက တက္ကသိုလ်ကြီးတွေမှာ ဂါဇာစစ်ပွဲနဲ့ပတ်သက်လို့ ကန့်ကွက် ဆန္ဒပြနေကြတာတွေ ရပ်ကြဖို့ တက္ကသိုလ်ကျောင်း တာဝန်ရှိသူတွေက သတိပေးချက်တွေ ထုတ်နေတဲ့တိုင်အောင် ဆန္ဒပြပွဲတွေကတော့ ဆက် အရှိန်ကောင်းနေပါတယ်။
အမေရိကန်ပြည်ထောင်စုမှာ Powerball ထီ ဒေါ်လာ သန်းတထောင်သုံးရာဆုကို လာအိုနိုင်ငံဖွား အမေရိကန်ပြည်ထောင်စုမှာ ရွေ့ပြောင်းနေထိုင်သူ တဦးဖြစ်တဲ့ Oregon ပြည်နယ် Portland မြို့က Charlie Saephan ဆိုသူ ပေါက်သွားတဲ့အကြောင်း Oregon ပြည်နယ် ထီအရောင်းဌာနက မနေ့က ကြေညာပါတယ်။
ကိုရီးယားအစိုးရက နှစ်တိုင်းခေါ်ယူနေတဲ့ အလုပ်သမားကျွမ်းကျင် အရည်အချင်းစစ် စာမေးပွဲကို ဒီနေ့ ဧပြီလ ၃၀ရက်မှာ စတင်ကျင်းပနေပြီး ဖြေဆိုဖို့ လျှောက်လွှာတင်ခဲ့တဲ့ မြန်မာနိုင်ငံသား အရေအတွက် အရင်ထက် သိသိသာသာ ပိုများလာပါတယ်။
ဗြိတိသျှနာမည်ကျော် ရော့ခ်ဂီတအဖွဲ့ ဖြစ်တဲ့ Rolling Stones ရိုးလင်းစတုံးစ်အဖွဲ့ အမေရိကန် ပြည်ထောင်စုတလွှား ဖျော်ဖြေပွဲခရီးစဉ်ကို ဧပြီလ ၂၈ ရက်နေ့ ၂၀၂၄ က စတင်တော့ ပထမဆုံးဖျော်ဖြေတဲ့ တက္ကဆက်ပြည်နယ် ဟူစတန်မြို့ကို အနယ်နယ်အရပ်ရပ်က ပရိသတ်တွေ ရောက်လာခဲ့ကြတာပါ။
အာဖရိကတိုက် စားနပ်ရိက္ခာ ဖူလုံရေးအတွက် စိုက်ပျိုးထုတ်လုပ်ရေးမှာ လယ်ထွန်စက်တွေက အရေးပါတဲ့ အခန်းကဏ္ဍမှာ ရှိပါတယ်။ Hello Tractor ကုမ္ပဏီကနေ ဆင်းရဲတဲ့ လယ်သမားတွေ၊ လုပ်ကွက်ငယ် လယ်သမားတွေကို လယ်ထွန်စက်ငှားနိုင်အောင်၊ ဝယ်ယူနိုင်အောင် အကူအညီပေးနေပါတယ်။
တရုတ်သမ္မတ ရှီကျင့်ဖျင်ရဲ့ အခုစတင်လိုက်တဲ့ ဥရောပခရီးစဉ်မှာတော့ တရုတ်နဲ့ အီးယူ ဥရောပနိုင်ငံတွေကြား ကုန်သွယ်ရေးတင်းမာမှုကို လျှော့ချဖို့ ကြိုးပမ်းဖွယ်ရှိတယ်လို့ သုံးသပ်သူတွေက ယူဆကြပါတယ်။ တရုတ်သမ္မတ Xi Jinping ဟာ ၂၀၁၉ ခုနှစ်ကတည်းကဆိုရင် ပထမဆုံးအဖြစ် အခု ဥရောပ ၆ ရက်တာခရီးကို တနင်္ဂနွေနေ့က စခဲ့တာပါ။
ရုရှားနဲ့စစ်ဖြစ်နေတဲ့ ယူကရိန်းကိုအားဖြည့်ဖို့ အကူအညီတွေပို့ဆောင်ထားပြီး ယူကရိန်းဘက်က အဆုံးအရှုံးတွေ ရှိနေပေမဲ့ လက်နက်အကူအညီတွေ မြန်မြန်ဆန်ဆန်ရောက်လာတနဲ့အမျှ ယူကရိန်းဟာ ရုရှားခုခံစစ်မှာအနိုင်ယူဖို့ နောက်မကျသေးဘူးလို့ ယူကရိန်းနိုင်ငံ Kyiv မြို့ကိုရောက်လာတဲ့ NATO အကြီးအကဲ Jens Stoltenberg က ပြောပါတယ်။
၇ လကြာ အစ္စရေး-ဟာမတ်စစ်ပွဲ အဆုံးသတ်နိုင်ရေး အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဟာ အရှေ့အလယ်ပိုင်းဒေသကို ထပ်မံသွားရောက်ဆွေးနွေးနေပြီး အခု ဒီအဆိုပြုမှုကို 'ဟာမတ်စ်ဘက်က အလျင်အမြန် ဆုံးဖြတ်ဖို့လိုတယ်၊ မှန်ကန်တဲ့ဆုံးဖြတ်ချက်ချဖို့ မျှော်လင့်တယ်' လို့ ဝန်ကြီးဘလင်ကန်က ဆော်ဒီနိုင်ငံ ရီယာဒ်မြို့မှာ ပြောပါတယ်။
ဂါဇာဒေသမှာ စာနာမှုအကူအညီတွေ ရရှိရေး တိုးတက်မှုတွေ ရှိနေပေမဲ့ အစ္စရေးက ဒီထက်ပို ဆောင်ရွက်ဖို့ လိုအပ်နေကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Antony Blinken က ဒီကနေ့ပဲ ပြောလိုက်ပါတယ်။
အာရှတလွှားမှာ အပူဒဏ်ကြောင့် စာသင်ကျောင်းတွေပိတ်၊ သတိပေးချက်တွေ ထုတ်ပြန်နေရပါတယ်။ ဖိလစ်ပိုင်နိုင်ငံမှာ ဆိုရင်လည်း အစိုးရက ကျောင်းတွေကို ၂ ရက်ပိတ်လိုက်ပြီး အားလုံးကို အိမ်တွေမှာပဲနေကြဖို့ အမိန့်ထုတ်ခဲ့တာပါ။
ရခိုင်တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ အာရက္ခတပ်တော် AA က မကြာသေးခင်ရက်တွေမှာ အပြင်းအထန် ထိုးစစ်ဆင်ခဲ့တဲ့ ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်က စစ်ဘက်ဆိုင်ရာ အချက်အချာ နေရာမှာ အခုနောက်ဆုံး တိုက်ပွဲသံ မကြားရတော့ဘူးလို့ ဒေသခံတွေက ပြောပါတယ်။
မြန်မာနိုင်ငံမှာ ဧပြီလအတွင်း အပူချိန် အမြင့်ဆုံးအဖြစ် ၄၈.၂ ဒီဂရီစင်တီဂရိတ် (ဖာရင်ဟိုက် အနေနဲ့ဆိုရင် ၁၁၈.၇၆ ဖာရင်ဟိုက်) အထိ ရောက်ရှိခဲ့ကြောင်း မိုးလေဝသဌာန တာဝန်ရှိသူတွေက ဒီနေ့ပဲပြောလိုက်ပါတယ်။
ကချင်ပြည်နယ် ဆင်ဘိုမြို့အနီးမှာ အခြေစိုက်ထားတဲ့ စစ်ကောင်စီရဲ့ ခလရ ၁၄၁ တပ်စခန်းကို ကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့ ပူးပေါင်းတပ်တွေက ဒီကနေ့မနက်မှာ အပြီးသတ်သိမ်းယူလိုက်ကြောင်း KIA ပြန်ကြားရေးတာဝန်ခံက အတည်ပြု ပြောပါတယ်။
မြန်မာနိုင်ငံအတွင်း လက်နက်ကိုင် ပဋိပက္ခတွေ ပိုပြီး ကြီးထွားလာမယ်ဆိုရင် ထိုင်းနိုင်ငံသားတွေကို ကယ်တင်နိုင်ဖို့ ထိုင်းရေတပ်က စစ်သင်္ဘော ၄ စင်း ကပ္ပလီပင်လယ်ပြင်ထဲမှာ အဆင့်သင့် စေလွှတ်ထားတဲ့အကြောင်း ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။
Solomon Islands ဆော်လမွန်ကျွန်းစုနိုင်ငံမှာ ဧပြီလ ၁၇ ရက်နေ့က အထွေထွေ ရွေးကောက်ပွဲကျင်းပခဲ့ပြီးနောက် တာဝန်ရှိသူတွေ မဲတွေကို ဆက်လက် ရေတွက်နေပါတယ်။ မဟာဗျူဟာကျ ပစိဖိတ်ကျွန်းနိုင်ငံအနေနဲ့ တရုတ်အစိုးရနဲ့ လုံခြုံရေးဆိုင်ရာ သဘောတူညီချက် လက်မှတ်ရေးထိုးပြီးနောက် ပထမဆုံး ကျင်းပတဲ့ ရွေးကောက်ပွဲလည်း ဖြစ်ပါတယ်။
ဂါဇာဒေသအတွက် လူသားချင်းစာနာမှုအကူအညီ၊ ပါလက်စတိုင်းနယ်မြေရဲ့ စစ်လွန်ကာလ လမ်းပြမြေပုံကိစ္စအပြင် အရှေ့အလယ်အပိုင်းတည်ငြိမ်ရေးနဲ့ လုံခြုံရေး. စတဲ့အကြောင်းအရာတွေကို ဆွေးနွေးဖို့အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Antony Blinken ဆော်ဒီအာရေဗျကို တနင်္လာနေ့မှာရောက်ရှိမှာဖြစ်ပါတယ်။
နောက်ထပ်ကြည့်ရှုရန်