မြန်မာနိုင်ငံမှာ အတိုက်အခံ NLD ပါတီဝင်အများစုပါတဲ့ အရွေးကောက်ခံ လွှတ်တော်အမတ် ၇၄ ဦး ဖမ်းဆီးထောင်ချခံနေရတာ၊ တရားရင်ဆိုင်နေရနေရသလို အများအပြားလည်း ပြည်ပထွက်ပြေးနေရတယ်လို့ လူ့အခွင့်ရေးဆိုင်ရာ အာဆီယံ ပါလီမန်အမတ်များအဖွဲ့ APHR ရဲ့ ကြာသပတေးနေ့ထုတ်ပြန်တဲ့အစီရင်ခံစာမှာ ဖေါ်ပြထားပါတယ်။
စစ်ကောင်စီရဲ့ပြည်ထဲရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရာပြည့် ဦးဆောင်တဲ့အဖွဲ့ဟာ ကြာသပတေးနေ့မှာ တရုတ်ပြည်သူ့လုံခြုံရေးဝန်ကြီးဖြစ်တဲ့ နိုင်ငံတော်ကောင်စီဝင် ဝမ် ရှားဟုန် (Wang Xiaohong) နဲ့ ဘေဂျင်းမှာတွေ့ဆုံခဲ့တယ်လို့ ဆင်ဟွာတရုတ်အစိုးရသတင်းဌာနက ဖေါ်ပြပါတယ်။
ဟာမတ်စ်တွေဖမ်းထားတဲ့ ဓါးစာခံတွေ ချက်ချင်းလွှတ်ပေးဖို့နဲ့ အစ္စရေးနဲ့ အပစ်အခတ်ရပ်စဲဖို့ အဆိုပြုချက်ကိုလက်ခံဖို့ အမေရိကန်သမ္မတဂျိုးဘိုင်ဒန်နဲ့ နိုင်ငံပေါင်း ၁၇ နိုင်ငံ ခေါင်းဆောင်တွေက တောင်းဆိုလိုက်ပါတယ်။
ဂါဇာကမ်းမြောင်ဒေသက ပစ်မှတ် ၃၀ ကျော်ကို လေကြောင်းကနေ တိုက်ခိုက်ခဲ့တယ်လို့ ကြာသပတေးနေ့မှာ အစ္စရေးစစ်တပ်ကပြောသလို ဂါဇာဆေးရုံတာဝန်ခံတွေကလည်း ဂါဇာတောင်ပိုင်း ရာဖါမြို့မှာ အစ္စရေးတိုက်ခိုက်မှုကြောင့် အနည်းဆုံး ၅ ဦးသေဆုံးခဲ့တယ်လို့ ပြောပါတယ်။
"အမေရိကန်နဲ့ တရုတ်ပြည်သူတွေအတွက်ရော ကမ္ဘာကြီးအတွက်ပါ အမေရိကန်နဲ့ တရုတ်နိုင်ငံကြား တာဝန်သိသိဆက်ဆံရေးထားရှိဖို့ ဝတ္တရားရှိကြောင်းနဲ့ ဒီတာဝန် ဝတ္တရားကို အမေရိကန်ပြည်ထောင်စုအနေနဲ့ သိပ်ကို အလေးအနက်ထားပါတယ်" လို့ နိုင်ငံခြားရေးဝန်ကြီး Blinken ပြောကြားခဲ့တာဖြစ်ပါတယ်။
ဧပြီ ၂၇၊ ၂၈ ရက်နေ့တွေမှာ နေ့အပူချိန် ပိုပြင်းလာနိုင်တယ်လို့ ကြိုတင်ခန့်မှန်းထားတာကြောင့် သတိထား နေထိုင် သွားလာသင့်တယ်လို့ မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှုး ဦးကျော်မိုးဦးက VOA မြန်မာပိုင်းကို ပြောပါတယ်။
MNDAA စစ်သား ၁၀ ယောက်ကို အာဏာအလွဲသုံးစားလုပ်မှု၊ ပြန်ပေးဆွဲမှု၊ လူကုန်ကူးမှု၊ လူသတ်ဖို့ရည်ရွယ်ကြံစည်မှု စတာတွေအပါအဝင် ရာဇဝတ်မှုတွေ ကျူးလွန်ခဲ့တယ်လို့ဆိုပြီး အများပြည်သူရှေ့မှာ တရားစီရင် သေဒဏ်ချမှတ်ခဲ့ကြောင်း MNDAA က သတင်းထုတ်ပြန်ခဲ့ပါတယ်။
ဒီနှစ်ဇန်နဝါရီလက ၁၀၂၇ စစ်ဆင်ရေး ရပ်ဆိုင်းခဲ့တဲ့နောက် ရှမ်းပြည်နယ်မြောက်ပိုင်းမှာ တိုက်ပွဲဖြစ်ပွားတာတွေ မရှိတော့ပေမဲ့ ဒေသခံ ပြည်သူတွေဟာ မြေမြုပ်မိုင်းနဲ့ စစ်ကျန်လက်နက်တွေကြောင့် မကြာခဏဆိုသလို ထိခိုက်သေဆုံးတာတွေ ရှိနေတာပါ။
စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ ချီပါကျေးရွာကို စစ်ကောင်စီတပ်တွေ ဧပြီလ ၁၉ ရက်နေ့က ဝင်ရောက်လာချိန်မှာ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ ထိတွေ့ တိုက်ပွဲဖြစ်ခဲ့ပြီး စစ်ကောင်စီရဲ့ လက်နက်ကြီးပစ်ခတ်မှုကြောင့် ဒေသခံ အဘွားအိုတစ်ဦး သေဆုံးခဲ့ပါတယ်။
အခု ပြန်ပို့လိုက်သူတွေထဲမှာ မြန်မာနယ်ခြားစောင့် ရဲတပ်ဖွဲ့က ၂၆၁ ယောက်ပါဝင်ပြီး ကျန်တဲ့သူတွေကတော့ မြန်မာစစ်ကောင်စီတပ်ဖွဲ့ဝင်တွေ နဲ့ လူဝင်မှုကြီးကြပ်ရေးဌာနက ဝန်ထမ်းတွေ ဖြစ်တယ်လို့ Dhaka Tribune သတင်းက ဖော်ပြပါတယ်။
ဂါဇာဒေသက ပါလက်စတိုင်းပြည်သူတွေအရေး တောင်းဆိုဆန္ဒပြမှုတွေ အမေရိကန်ပြည်ထောင်စုတဝန်း တက္ကသိုလ်ကြီးတွေမှာ ပိုပြီး ကျယ်ပြန့်လာတာနဲ့အတူ ဗုဒ္ဓဟူးနေ့က တချို့တက္ကသိုလ်တွေမှာ ကျောင်းသားတွေ ဖမ်းဆီးခံခဲ့ရပါတယ်။
ဟားခါးမြို့၊ မြို့သစ်ရပ်ကွက်က လူနေဆိုင်ခန်းတွေ ပိတ်ခိုင်းပြီး ဘုရားကျောင်းတွေမှာ ၅ ဦးထက် ပိုမစုဖို့ စစ်ကောင်စီကထုတ်ပြန်ထားတာကို ပြန်လည်ခွင့်ပြုပေးဖို့ ဆွေးနွေးခဲ့ပေမယ့် အဆင်မပြေခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။
ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ်မှာ နေရပ်ပြန်ချင်သူတွေ စာရင်းပေးသွင်းပြီး အိမ်ပြန်နိုင်ပြီလို့ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေက အကြောင်းကြားလာပေမယ့် ပြန်ရောက်ပြီးမှ နေအိမ်မီးလောင်ပြီး နေစရာမရှိတော့တဲ့ အဖြစ်နဲ့ ကြုံရသူတွေလည်း ရှိနေပါတယ်။
ထိုင်ဝမ်အနေနဲ့ အဆင်မြင့် နည်းပညာတတ်ကျွမ်းတဲ့သူ လိုအပ်ချက် ဖြည့်ဆည်းဖို့အတွက် အရှေ့တောင်အာရှနိုင်ငံတွေကိုစိတ်ဝင်စားနေပါတယ်။ အထူးသဖြင့် ဗီယက်နမ်နဲ့ အင်ဒိုနီရှားလိုနိုင်ငံတွေက ဒီကျွန်းမှာ ပညာလာသင်ယူနေတဲ့ နိုင်ငံခြားကျောင်းသားဦးရေကလည်း တိုးလာနေတာပါ။
Minesalt လို့နာမည်ပေးထားတဲ့ ယူကရိန်းဗားရှင်း Minecraft ကွန်ပြူတာဂိမ်းက ယူကရိန်းနိုင်ငံရဲ့ထင်ရှားတဲ့ Soledar (ဆိုလီဒါ) ဆားတွင်းတွေကို အခြေခံထားတာပါ။ နာမည်ကျော် ဂိမ်း Minecraft ကို ယူကရိန်းအတွက် သီးသန့်ဗားရှင်း တမျိုးနဲ့ ထုတ်ထားပြီး ကမ္ဘာတဝှမ်းအနုပညာရှင်တွေနဲ့ ထင်ရှားကျော်ကြားသူတွေပါ အားဖြည့်ထားပါတယ်။
ရခိုင်ပြည်နယ်မြို့တော် စစ်တွေမြို့မှာ တနှစ်ကနေ သုံးနှစ်ကြာ အကျဉ်းချခံထားရတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား စုစုပေါင်း ၁၇၃ ဦးဟာ ဧပြီလ ၂၄ ရက်၊ ဗုဒ္ဓဟူးနေ့က ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ပြန်လည်ရောက်ရှိသွားပြီလို့ ခရိုင်အုပ်ချုပ်ရေးမှူးရုံး တာဝန်ရှိသူတွေက ပြောပါတယ်။
အာဏာသိမ်းစစ်ကောင်စီဟာ ပြီးခဲ့တဲ့ဖေဖော်ဝါရီလက မဖြစ်မနေ စစ်မှုထမ်းရမယ့်ဥပဒေကို အသက်သွင်းပြီးနောက် သွားလာခွင့်ပိတ်ပင်ခံထားရတဲ့ ရိုဟင်ဂျာတထောင်ကျော်ကို စစ်သားအဖြစ် အဓမ္မစုဆောင်းခဲ့တယ်လို့ ကုလသမဂ္ဂရဲ့ မြန်မာ လူ့အခွင့်အရေးဆိုင်ရာ အထူး ကိုယ်စားလှယ် တွမ်အင်ဒရူးစ်က ဗုဒ္ဓဟူးနေ့က ပြောလိုက်ပါတယ်။
ယူကရိန်း၊ အစ္စရေး၊ ထိုင်ဝမ်နဲ့ တခြား မဟာမိတ်တွေအတွက် စစ်ဘက်ရေးရာ အကူအညီတွေပါဝင်တဲ့ ဒေါ်လာ ၉၅ ဘီလီယံ အကူအညီပေးရေးအစီအစဉ်ကို သမ္မတဂျိုးဘိုင်ဒန်က ဗုဒ္ဓဟူးနေ့က လက်မှတ်ရေးထိုးပြီး ဥပဒေအဖြစ်အတည်ပြုလိုက်ပါတယ်။
နာမည်ကျော် အားကစားဝတ်စုံ ကုန်အမှတ်တံဆိပ်ဖြစ်တဲ့ Adidas ဟာ အိုလံပစ်အားကစား ပွဲတော်မှာ သူအဝတ်အထည်တာဝန်ယူပေးထားတဲ့ နိုင်ငံအသင်းတွေအတွက် ဝတ်စုံတွေကို မိတ်ဆက်ပြသပွဲကို အိုလံပစ်အားကစားပွဲတော် ကျင်းပမဲ့ ပြင်သစ်နိုင်ငံ ပါရီမြို့တော်မှာ ဧပြီ ၁၈ ရက်နေ့က ကျင်းပခဲ့ပါတယ်။
ယူကရိန်း၊ အစ္စရေးနဲ့ ထိုင်ဝမ်တို့ကို လုံခြုံရေးဆိုင်ရာ အကူအညီပေးမယ့် ဒေါ်လာ ၉၅ ဘီလီယံပါ အဆိုပြုချက်မူကြမ်းကို အမေရိကန် အထက်လွှတ်တော်က မနေ့ အင်္ဂါနေ့ နှောင်းပိုင်းမှာ မဲခွဲ အတည်ပြုလိုက်ပြီးတဲ့နောက် သမ္မတ Joe Biden က ဒီကနေ့ ဧပြီလ ၂၄ ရက်နေ့မှာ လက်မှတ်ထိုး အတည်ပြုပေးတော့မှာ ဖြစ်ပါတယ်။
နောက်ထပ်ကြည့်ရှုရန်