မြန်မာ၊ ဆူဒန်နဲ့ အီသီယိုးပီးယားနိုင်ငံတွေမှာ လူ့အခွင့်အရေးချိုးဖောက်မှုတွေ၊ လက်နက်ကိုင်ပဋိပက္ခတွေ တိုးပွားလာနေသလို၊ ဂါဇာနဲ့ ယူကရိန်းနိုင်ငံတွေမှာလည်း နိုင်ငံတကာဥပဒေတွေ ပျက်ပြားလုနီးပါးဖြစ်နေတယ်လို့ (Amnesty International) က ဒီနေ့ထုတ်ပြန်တဲ့ နှစ်ပတ်လည် အစီရင်ခံစာမှာ ဖော်ပြခဲ့တာပါ။
လူကြိုက်များတဲ့ ဆိုရှယ်မီဒီယာအက်ပ်တခုဖြစ်တဲ့ TikTok ကို မိခင်ကုမ္ပဏီဖြစ်တဲ့ တရုတ်ပိုင် ByteDance ကနေ ၉ လအတွင်း ခွဲထွက်ရင်ထွက် ဒါမှမဟုတ် အမေရိကန်ဈေးကွက်မှာ တားမြစ်မယ့် ဥပဒေကို အမေရိကန် အထက်လွှတ်တော်က အင်္ဂါနေ့နှောင်းပိုင်းမှာ မဲခွဲအတည်ပြုလိုက်ပါတယ်။
ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်ဖွဲ့တွေ ထိန်းချုပ်ရာ ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်မှာ စစ်ကောင်စီရဲ့ တိုက်ခိုက်မှုတွေကြောင့် ကျေးရွာသားတချို့ ထိခိုက်သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ စစ်ကောင်စီရဲ့ လေကြောင်းနဲ့ လက်နက်ကြီး ပစ်ခတ်မှုကြောင့် လုံခြုံရေးအတွက်လည်း စိုးရိမ်နေကြတာပါ။
မြန်မာနိုင်ငံအတွင်း ဖြစ်ပေါ်နေတဲ့ ပဋိပက္ခတွေပြေလည်ရေး အာဆီယံအဖွဲ့အတွင်းက အရေးပါတဲ့ နိုင်ငံတွေနဲ့ တွေ့ဆုံ ဆွေးနွေးကြဖို့ အလှည့်ကျဥက္ကဋ္ဌ လာအိုနိုင်ငံကို အဆိုပြုထားတယ်လို့ ထိုင်းနိုင်ငံခြားရေးဌာနက ဒီကနေ့ ဧပြီလ ၂၄ ရက်နေ့မှာ ပြောပါတယ်။
စစ်ရေးတင်းမာနေတဲ့ ကရင်နီဒေသ လွိုင်ကော်မြို့နယ်မှာ စစ်ကောင်စီတပ်ဖွဲ့ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးငယ် ၂ ဦး အပါအဝင် လူ ၆ ဦး သေဆုံးရတာဟာ စစ်ရာဇဝတ်မှုအဖြစ် လူ့အခွင့်အရေး လှုပ်ရှားသူတွေက စွပ်စွဲလိုက်ပါတယ်။ လေကြောင်း တိုက်ခိုက်မှုကြောင့် နေအိမ်အများအပြားလည်း ပျက်စီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
တရုတ်နိုင်ငံ ယူနန်ပြည်နယ်မှာ မြန်မာနိုင်ငံသားတွေ တရားဝင် အလုပ်လုပ်နိုင်ဖို့အတွက် နှစ်နိုင်ငံ နားလည်မှုစာချုပ် MoU လက်မှတ်ရေးထိုးလိုက်ကြောင်း မြန်မာ အလုပ်သမားရေးဌာနက ပြောပါတယ်။
မြန်မာနိုင်ငံအပါအဝင် ကမ္ဘာတဝန်း အမျိုးသမီးနဲ့ မိန်းကလေးတွေအပေါ် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေနဲ့ ပတ်သက်လို့ အကြမ်းဖက်ခံရတဲ့ အမျိုးသမီးတွေ ဖွင့်မပြောရဲအောင် နှုတ်ပိတ်ဖို့ အသက်ကိုရန်ရှာတဲ့ တိုက်ခိုက်မှုတွေ ပြီးခဲ့တဲ့နှစ်မှာ မကြုံစဖူး တိုးလာခဲ့ကြောင်း ကုလသမဂ္ဂ အစီရင်ခံစာက ဖေါ်ပြပါတယ်။
ကချင်ပြည်နယ် ဖားကန့်မြို့နယ် ဆယ်ဇင်းကျေးရွာအခြေစိုက်တဲ့ စစ်ကောင်စီတပ်စခန်းကို KIA နဲ့ PDF ပူးပေါင်းတပ်တွေက သိမ်းယူလိုက်တယ်လို့ နီးစပ်သူတွေက ပြောပါတယ်။ တချိန်တည်းမှာပဲ မိုးမောက်မြို့မှာ စစ်ရေးတင်းမာနေတာပါ။
ရထားလမ်းခင်းတဲ့ သစ်သား ဇလီဖားတုံးတွေတင်ဆောင်လာတဲ့ မီးရထားတွဲတွေ မီးစွဲလောင်ရင်း ညအမှောင်ထဲ ခုတ်မောင်းသွားတာ တွေ့လိုက်ရတော့ ငရဲရထား မြို့ထဲဝင်လာသလို မြင်ကွင်းဖြစ်ပါတယ်။ ရထားတွဲတွေ မီးစလောင်တဲ့ အကြောင်းအရင်းကို မီးသတ်ဌာနက စုံစမ်းနေဆဲပါ။
ယူကရိန်းစစ်ပွဲ ကို အနီးကပ် ၃၆၀ ပတ်လည် ကြည့်နိုင်တဲ့ ပုံရိပ်တု VR ပြပွဲတခုကို အမေရိကန် ပြည်ထောင်စု Los Angeles မြို့မှာ War up Close ခေါင်းစဉ် နဲ့ ပြသနေပြီး စစ်ပွဲရဲ့ အနိဋ္ဌာရုံတွေကို ကြည့်ရှုနိုင်ပါတယ်။ Angelian Bagdasaryan သတင်းပေးပို့ထားတာကို ကိုငြိမ်းချမ်းက တင်ပြမှာပါ။
အစ္စရေးနဲ့ ဟာမတ်စ် စစ်သွေးကြွတွေအကြား တိုက်ပွဲတွေ ဖြစ်ပွားခဲ့တဲ့ အချိန်ကတည်းက ပါလက်စတိုင်းနိုင်ငံသား အများစု ဝင်မလာနိုင်အောင် Rafah နယ်ခြားကို အီဂျစ်က ပိတ်ထားပေမဲ့ ဂါဇာ ကနေ အီဂျစ်ထဲ လူတွေသွားနိုင်အောင် လုပ်ပေးတဲ့ ခရီးသွားလုပ်ငန်းတခုက လူတယောက်ဆီကို ဒေါ်လာထောင်ချီယူပြီး သယ်ယူပေးခွင့်ရနေပါတယ်။
ရာဖာမြို့ကိုတိုက်မယ့်လက္ခဏာတွေ အစ္စရေးစစ်တပ်က ဆက်လက်ပြသနေချိန်မှာပဲ ခန်ယူနိစ်မြို့အနီးမှာ ဒုက္ခသည်တဲတွေဖြစ်ပုံရတဲ့ ဝင်းတဝင်း ပေါ်လာခဲ့တာကို ဂြိုဟ်တုဓာတ်ပုံတွေက ပြသလိုက်ပါတယ်။
ဗြိတိန်နိုင်ငံက ကာကွယ်ရေးအသုံးစရိတ်ကို ဒီဆယ်စုအကုန်မှာ တမျိုးသားလုံးထုတ်ကုန်တန်ဖိုး ရဲ့ ၂.၅ ရာနှုန်းအထိ တိုးမြှင့်မယ်လို့ ကြေညာလိုက်ပြီး ယူကရိန်းကို နောက်ထပ် အမေရိကန်ဒေါ်လာ သန်း ၆၂၀ ဖိုး စစ်ရေးအကူအညီပေးမယ်လို့ ပြောလိုက်ပါတယ်။
မြန်မာနိုင်ငံရေးအကျပ်အတည်းဟာ ဒေသတခုလုံးရဲ့တည်ငြိမ်မှုကိုပါ ထိခိုက်လာတာကြောင့် တရုတ်နိုင်ငံအနေနဲ့ မြန်မာ့အကျပ်အတည်းကိုဖြေရှင်းဖို့ နိုင်ငံတကာအတူ ပူးပေါင်းဆောင်ရွက်ဖို့ မျှော်လင့်ထားတယ်လို့ အမေရိကန်နိုင်ငံခြားရေးဌာန ပြောခွင့်ရသူက VOA ကို ပြောပါတယ်။
အာဆီယံသဘောတူမျှချက် ၅ ချက်နဲ့ လူသားချင်းစာနာမှုအကူအညီပေးရေး အားထုတ်မှုတွေကို ဗီယက်နမ်နိုင်ငံက ထောက်ခံကြောင်း ဗီယက်နမ်ဝန်ကြီးချုပ် Pham Minh Chinh က ပြောပါတယ်။
တရုတ်နိုင်ငံတောင်ပိုင်း လူနေထူထပ်တဲ့ ပုလဲမြစ်ဝကျွန်းပေါ်ဒေသမှာ အချိန်မတိုင်မီ မိုးများပြီး ရေဘေးသင့်တာကြောင့် မြို့တွေ ရွာတွေ ရေဖုံးလွှမ်းနေပါတယ်။ ၂၀၂၂ ခုနှစ်ရေဘေးကတော့ နှစ် ၆၀ အတွင်း အဆိုးရွားဆုံးဖြစ်ခဲ့ပြီး လူ သိန်းနဲ့ချီ ဘေးလွတ်ရာ ရွှေ့ပြောင်းခဲ့ရပါတယ်။
မြောက်ကိုရီးယားနိုင်ငံက တာတိုဒုံးကျည်တွေ ပစ်လွှတ်စမ်းသပ်ခဲ့တာမှာ ပစ်မှတ်ကို အောင်မြင်စွာ ထိမှန်ခဲ့ပြီး ရလဒ်အပေါ် ကျေနပ်မှုရှိတယ်လို့ မြောက်ကိုရီးယား သတင်းမှာ ဖော်ပြပါတယ်။ ပြည်ပတိုင်းပြည်တွေက တိုက်ခိုက်လာရင် တန်ပြန်တိုက်ခိုက်ဖို့ ပြင်ဆင်တာတွေရဲ့ တစိတ်တဒေသ ဖြစ်ပါတယ်။
ဘင်္ဂလားဒေ့ရှ်ရောက် မြန်မာလုံခြုံရေးတပ်ဖွဲ့ဝင်တွေကို ပြန်လည်ခေါ်ယူမယ့် မြန်မာရေတပ်ပိုင် ချင်းတွင်း သင်္ဘောနဲ့ မနက်ဖြန် ပြန်ပို့မှာလို့လည်း ရန်ကုန်အခြေစိုက် ဘင်္ဂလားဒေ့ရှ်သံရုံးက ပြောပါတယ်။
အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Antony Blinken ဟာ တရုတ်နိုင်ငံဘေဂျင်းနဲ့ရှန်ဟိုင်း မြို့ကြီးတွေကို သွားရောက်ပြီး တရုတ်အစိုးရအကြီးတန်း ခေါင်းဆောင်တွေနဲ့ တွေ့ဆုံဖို့ရှိပါတယ်။ ယူကရိန်းစစ်ပွဲ၊အရှေ့အလယ်ပိုင်းပဋိပက္ခ၊ တောင်တရုတ်ပင်လယ်အရေး၊ စတာတွေအပြင်မြန်မာ့အရေးနဲ့ပတ်သက်လို့လည်း ဆွေးနွေးသွားဖို့ ရှိနေပါတယ်။
ပြီးခဲ့တဲ့ စနေနေ့ က နိုင်ငံခြား အကူအညီ အမေရိကန်ဒေါ်လာ ၉၅ ဘီလျံဖို့ ပေးဖို့ ဥပဒေကြမ်းတွေကို အမေရိကန် အောက်လွှတ်တော် အမတ်အများစုက မဲခွဲအတည်ပြုပေးခဲ့ပါတယ်။ အခု ဒီဥပဒေကြမ်းတွေဟာ အထက်လွှတ်တော်ကို ရောက်သွားပြီဖြစ်ပြီးဒီအပတ်အတွင်း မဲခွဲဖို့ ရှိနေပါတယ်။
နောက်ထပ်ကြည့်ရှုရန်