အစ္စရေးကို ဟာမတ်စ်အဖွဲ့က တိုက်ခိုက်ခဲ့တာ ရက်ပေါင်း ၂၀၀ ပြည့်လာချိန်မှာပဲ ဂါဇာကမ်းမြှောင်ဒေသမှာ ဟာမတ်စ်တွေ ဆက်လက်ဖမ်းဆီးထားတဲ့ ဓားစာခံတွေကို လွှတ်ပေးဖို့ အနောက်နိုင်ငံတွေက သံတမန်တွေ ဒီနေ့ပဲ တောင်းဆိုလိုက်ပါတယ်။
ကရင်ပြည်နယ်၊ မြဝတီမြို့မှာ စစ်ကောင်စီတပ်နဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်တွေကြား တိုက်ပွဲတွေနဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ဒဏ်ရာရသူ ၁၀၀ ကျော် ထိုင်းနိုင်ငံမှာ ဆေးကုသမှု ခံယူနေကြောင်း ထိုင်းအာဏာပိုင်တွေက ပြောပါတယ်။
ရှေ့လထဲမှာကျရောက်မယ့် မလေးရှား ရေတပ်ရဲ့ နှစ် ၉၀ ပြည့် နှစ်ပတ်လည် အခမ်းအနားအတွက် မြောက်ပိုင်းရှိ ရေတပ်အခြေစိုက်စခန်းမှာ လေ့ကျင့်မှုတွေ ပြုလုပ်နေရင်း ပျက်ကျတာလို့ ရေတပ်ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
နော်ဝေနိုင်ငံ အလုပ်သမားသမဂ္ဂက နှစ်စဉ်ချီးမြှင့်လေ့ရှိတဲ့ ၂၀၂၄ ခုနှစ်အတွက် Arthur Svensson ခေါ် နိုင်ငံတကာ အလုပ်သမားသမဂ္ဂ အခွင့်အရေးဆုကို မြန်မာနိုင်ငံက အလုပ်သမား အခွင့်အရေးလှုပ်ရှားသူ တဦးဖြစ်တဲ့ ဒေါ်ခိုင်ဇာအောင်ကို ရွေးချယ်ချီးမြှင့်လိုက်ပါတယ်။
ကျိုက်မရောမြို့နယ် ဓမ္မသကျေးရွာဘက်ကို ထိုးစစ်ဆင်လာတဲ့ စစ်ကောင်စီတပ်နဲ့ မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင်တိုက်ဖျက်ရေး) NMSP-AD ပါဝင်တဲ့ မွန်ကရင်တော်လှန်ရေး ပူးပေါင်းတပ်တို့အကြား မနေ့ညပိုင်းမှာ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေနဲ့ လက်နက်ကိုင် အဖွဲ့တွေက ပြောပါတယ်။
ထိုင်းနယ်စပ်အနီး မြဝတီမြို့မှာဖြစ်ပွားနေတဲ့ မြန်မာစစ်ကောင်စီနဲ့ ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် KNLA၊ PDF ပူးပေါင်းတပ်ဖွဲ့တွေရဲ့ စစ်ပွဲတွေကြောင့် ထိုင်းကိုပုံမှန်စေလွှတ်နေတဲ့ MoU အလုပ်သမားတွေကို လေကြောင်းကနေ ပြောင်းလဲပို့ဆောင်ဖို့ ရှိနေပါတယ်။
တခါသုံး ပလတ်စတစ်သုံးစွဲမှုတွေဟာ သဘာ၀ပတ်၀န်းကျင်ထိန်းသိမ်းရေးကို အလွန်ထိခိုက်စေတာကြောင့် တတ်နိုင်သမျှ လျှော့ချဖို့ မြန်မာသဘာ၀ပတ်၀န်းကျင်အရေးလှုပ်ရှားသူတွေက ဒီကနေ့ကျရောက်တဲ့ မြေကမ္ဘာနေ့မှာ တိုက်တွန်းလိုက်ပါတယ်။
စစ်ကိုင်းတိုင်း အထက်ပိုင်းက PDF ကာကွယ်ရေးတပ်တွေသိမ်းပိုက်ထားတဲ့ ခမ်းပတ်ကို စစ်ကောင်စီက လေကြောင်းကနေ အပြင်းအထန် တိုက်ခိုက်နေတာကြောင့်အရပ်သားတွေ ထိခိုက်သေဆုံးခဲ့ပါတယ်။ မန္တလေးတိုင်း မြင်းခြံမြို့မှာလည်း ၂ ရက်အတွင်း ရာနဲ့ချီတဲ့နေအိမ်တွေ မီးရှို့ဖျက်ဆီးခံရပြီး အရပ်သား ၁ ဦးလည်း သတ်ဖြတ်ခံခဲ့ရပါတယ်။
ထိုင်း-မြန်မာ နယ်စပ် မြဝတီမြို့မှာ ဖြစ်နေတဲ့ တိုက်ပွဲတွေ လျော့ကျလာနေတဲ့အတွက် ထိုင်းဘက် ခိုလှုံနေတဲ့ မြန်မာစစ်ဘေးဒုက္ခသည်အများစု နေရပ်ပြန်နေကြပြီး ဒုက္ခသည် အရေအတွက် ကျဆင်းသွားကြောင်း ထိုင်းဒုတိယဗိုလ်ချုပ်ကြီး Prasan Saengsirirak က သတင်းထောက်တွေကို ဒီကနေ့ ပြောကြားလိုက်ပါတယ်။
ကချင်ပြည်နယ် ဗန်းမော် နားထိ KIA နဲ့ ပူးပေါင်းတပ်တွေ ရောက်လာနေပြီး စစ်ကောင်စီကလည်း လေကြောင်းကနေ တိုက်ခိုက်နေပါတယ်။ အနီးအနားက မိုးမောက်မြို့မှာ ဒီကနေ့ မနက်အစောပိုင်းက စတင်ပြီး စစ်ကောင်စီနဲ့ KIA ပူးပေါင်းတပ်တွေအကြား တိုက်ပွဲဖြစ်ပွားနေပြီး လက်နက်ကြီးနဲ့ အပြန်အလှန်ပစ်ခတ်နေပါတယ်။
ဧပြီလ ၂၂ ရက်၊ ဒီကနေ့ဟာ မြေကမ္ဘာနေ့ဖြစ်ပါတယ်။ ဒီနှစ်ရဲ့ဆောင်ပုဒ်ကတော့ Planet vs. Plastic မြေကမ္ဘာနဲ့ပလတ်စတစ်လို့ အဓိပ္ပါယ်ရပါတယ်။ လူသားတွေနဲ့ မြေကမ္ဘာရဲ့ကျန်းမာရေးအတွက် ပလတ်စတစ်သုံးစွဲမှုလျှော့ချကြဖို့ သဘာဝပတ်ဝန်းကျင်အရေး တက်ကြွလှုပ်ရှားသူတွေက တိုက်တွန်းတောင်းဆိုနေချိန်မှာမြေကမ္ဘာနေ့ကျင်းပကြတာပါ။
ယူကရိန်းသမ္မတ Volodymyr Zelenskyy က ရုရှားနဲ့ရင်ဆိုင်တွေ့နေတဲ့တိုက်ပွဲမှာ ယူကရိန်းဘက်ကအောင်ပွဲရဖို့ အခွင့်အလမ်းတခု ပေါ်လာပြီလို့ တနင်္ဂနွေနေ့က ပြောပါတယ်။
ဂါဇာဒေသအတွင်း ဟာမတ်စ်တို့ဆက်ပြီးဖမ်းထားတဲ့ ဓားစားခံတွေပြန်လွတ်လာအောင် နောက်ထပ်တိုက်ခိုက်သွားမယ်လို့ အစ္စရေးလ်ဝန်ကြီးချုပ် Benjamin Netanyahu က တနင်္ဂနွေနေ့မှာ ခြိမ်းခြောက်ပြောဆိုလိုက်ပါတယ်။
ထိုင်းနယ်စပ် မြဝတီမြို့တိုက်ပွဲတွေကြောင့် ထိုင်းနိုင်ငံဘက်ထွက်ပြေးလာရတဲ့ ဒုက္ခသည်တွေကို အကူအညီပေးနေတဲ့ ထိုင်းအစိုးရနဲ့ သက်ဆိုင်ရာအာဏာပိုင်တွေကို မြန်မာပြည်သူတွေကိုယ်စား ကျေးဇူးတင်တယ်လို့ NUG ကြားကာလ အမျိုးသားညီညွတ်ရေးအစိုးရ နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။
အစ္စရေးလ်ကို ဒရုန်းတွေ၊ မစ်ဇိုင်းဒုံးကျည်တွေနဲ့ ပြီးခဲ့တဲ့တပတ်က တိုက်ခိုက်ခဲ့တဲ့ အီရန်စစ်တပ်ကို အီရန်ဘာသာရေးဥသျှောင် Ayatollah Ali Khamenei က”လတ်တလောအောင်မြင်တဲ့လုပ်ရပ်" အတွက် တနင်္ဂနွေနေ့က အီရန်စစ်ဘက် အကြီးတန်းတပ်မှူးတွေနဲ တွေ့ဆုံချိန်မှာ ပထမဆုံး လူသိရှင်ကြားချီးကျူးပြောဆိုလိုက်ပါတယ်။
အမေရိကန် အောက်လွှတ်တော်မှာ ယူကရိန်း၊ အစ္စရေးနဲ့ တခြား အမေရိကန် မဟာမိတ်နိုင်ငံတွေအတွက် နိုင်ငံခြား အကူအညီ ဒေါ်လာ ၉၅ ဘီလီယံ ထောက်ပံ့ရေး အစီအစဉ်ကို စနေနေ့က ဆက်တိုက် မဲခွဲဆုံးဖြတ်ပြီး ရှားပါးဖြစ်စဉ်အဖြစ် အလျင်အမြန် အတည်ပြုနိုင်ခဲ့ပါတယ်။
ထိုင်း-မြန်မာ နယ်စပ် မြဝတီမြို့မှာ စနေ့နေ့က တိုက်ပွဲတွေ ပြင်းထန်နေလို့ ထိုင်းနိုင်ငံဘက်ခြမ်းမှာ နယ်စပ်လုံခြုံရေး တိုးမြှင့်ချထားပြီး ထိုင်းဝန်ကြီးချုပ်ကလည်း အခြေအနေ အမျိုးမျိုး အတွက် ပြင်ဆင်ထားဖို့ အမိန့်ပေးထားပါတယ်။
အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်ထိုနီဘလင်ကန်ဟာ လာမယ့်သီတင်းပတ်ထဲ တရုတ်နိုင်ငံ ခရီးစဥ် အတွင်းမှာ တခြား ကမ္ဘာ့အရေးကိစ္စရပ်တွေနဲ့အတူ မြန်မာနိုင်ငံ အရေးကိုလည်း ထည့်သွင်း ဆွေးနွေးဖို့ ရှိတယ်လို့ အမေရိကန်အစိုးရ တာဝန်ရှိသူတဦးက ရိုက်တာသတင်းဌာနကို ပြောပါတယ်။
မကြာခင် သီတင်းပတ်တွေအတွင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ဝင်ရောက် ခိုလှုံလာတဲ့ မြန်မာစစ်ကောင်စီ တပ်သား ၂၈၅ ယောက်ကို ဧပြီလ ၂၂ ရက်နေ့မှာ မြန်မာဘက်ကို ပြန်ပို့မှာဖြစ်ကြောင်း ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီး Hasan Mahmud က သောကြာနေ့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
သောကြာနေ့ အရုဏ်မတက်ခင် အီရန်နိုင်ငံထဲ အစ္စရေးက လေကြောင်းတိုက်ခိုက်မှာကို မတိုက်ခိုက်ခင်ကလေးမှာပဲ အမေရိကန်အစိုးရက သိရှိကြောင်း သတင်းတွေ ထွက်နေတာနဲ့ ပတ်သက်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Antony Blinken က အတည်ပြုဖို့ ငြင်းဆိုခဲ့သလို ဒီတိုက်ခိုက်မှု အမေရိကန် ပါဝင်ပတ်သက်မှု မရှိကြောင်းလည်းပြောပါတယ်။
နောက်ထပ်ကြည့်ရှုရန်