Freedom House လူ့အခွင့်ရေးအဖွဲ့ ဥက္ကဌ တာဝန်ကို ထမ်းဆောင်နေတဲ့ Washington Post သတင်းစာရဲ့ သတင်းထောက်ဟောင်းဖြစ်သူ Michael Abramowitz ဟာ အခုလပိုင်းအတွင်း VOA အကြီးအကဲ တာဝန်ကို စတင်ထမ်းဆောင်မှာဖြစ်ကြောင်း USAGM အမှုဆောင်ချုပ် Amanda Bennett က VOA ဝန်ထမ်းတွေကိုပေးပို့တဲ့ အကြောင်းကြားစာမှာ ဖေါ်ပြထားပါတယ်။
“ ဖယ်ခိုင်းတဲ့ကိစ္စတော့ ကျနော်တို့လည်း တိတိကျကျမသိဘူး ကမုန်တောင်တပ်က တပ်ရင်းမှူးအပါအဝင် စစ်သားတွေပါတယ်၊ သူတို့လာပြီးတော့ ရွာမှာရှိတဲ့ ဥက္ကဌကို ခေါ်ပြီးတော့ ငှက်ပျောတောရွာနဲ့ အနောက်ပါးရွာကို ဒီနေ့ကစပြီးတော့ နောက် ၇ ရက်အတွင်း ဖယ်ပေးရမယ်ဆိုပြီး လာပြောတယ်၊ ရွာက ဥက္ကဌက ရွာသားတွေခေါ်ပြီး ပြောတယ်။”
ရခိုင်ပြည်နယ်ထဲမှာ စစ်ကောင်စီတပ်တွေနဲ့ ရခိုင်တပ်တွေကြား တိုက်ပွဲတွေ ပြင်းထန်နေသလို ရခိုင်အသိုင်းအဝိုင်းနဲ့ ရိုဟင်ဂျာတွေကြား တင်းမာမှုတွေ ဖြစ်လာနေတာဟာ ဒေသခံအရပ်သားတွေအတွက် အန္တရာယ် သိပ်ကြီးတာ ပြန်ဖြစ်လာနိုင်တယ်လို့ ကုလသမဂ္ဂလူ့အခွင့်ရေး မဟာမင်းကြီး Volker Türk က ဧပြီ ၁၉ ရက်မှာ သတိပေးလိုက်ပါတယ်။
ဂါဇာကမ်းမြောင်ဒေသ တလျှောက်မှာရှိတဲ့ ဟာမတ်စ်အဖွဲ့နဲ့ သူတို့ရဲ့ အခြေခံ အဆောက်အအုံတွေကို အစ္စရေးစစ်တပ်က လေကြောင်းကနေ တိုက်ခိုက်ခဲ့သလို၊ တချိန်တည်းမှာလည်း လက်ဘနွန်တောင်ပိုင်းက ဟက်ဇ်ဘိုလာ စစ်သွေးကြွ နှစ်ဦးကို လေကြောင်းကနေ တိုက်ခိုက် ချေမှုန်းနိုင်ခဲ့တယ်လို့ အစ္စရေးစစ်တပ်က ကြာသပတေးနေ့က ပြောပါတယ်။
မြန်မာ့အရေးနဲ့ပတ်သက်လို့ အာဆီယံ ဘုံသဘောတူညီချက် ၅ ရပ်နဲ့အညီ ငြိမ်းငြိမ်းချမ်းချမ်း အဖြေရှာနိုင်အောင် ပဋိပက္ခမှာ ပါဝင်နေသူ အားလုံး တွေ့ဆုံ ဆွေးနွေးကြဖို့ နိုင်ငံတကာ အသိုင်းအဝိုင်း တခုလုံးက တိုက်တွန်း ပြောဆိုဖို့ အရေးကြီးတဲ့အချိန် ဖြစ်တယ်လို့လည်း ထိုင်းဝန်ကြီးချုပ်က ပြောဆိုခဲ့ပါတယ်။
အီတလီနိုင်ငံ Capri ကျွန်းမှာ ကျင်းပတဲ့ ကမ္ဘာ့စီးပွားရေးအင်အားကြီး ၇ နိုင်ငံရဲ့ G7 နိုင်ငံခြားရေးဝန်ကြီးများ စည်းဝေးပွဲမှာ ယူကရိန်းရဲ့ လေကြောင်းရန်ကာကွယ်ရေးကို အားဖြည့်ပေးဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်။
နှစ်ဖက်တိုက်ပွဲပြင်းထန်နေတဲ့ မွန်-ကရင်နယ်စပ်မှာ ဧပြီ ၁၉ ရက် ဒီကနေ့ မနက်အစောပိုင်းက တရနာနဲ့ သံကလောင်ကျေးရွာကြားမှာ စစ်ကောင်စီနဲ့ တော်လှန်ရေးတပ်ပေါင်းစုတွေအကြား တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီဘက်က လေယာဉ် ၂စင်းလာပြီး ဗုံးကြဲ တိုက်ခိုက် နေတယ်လို့ ရွာခံတွေက ဗွီအိုအေကို ပြောပါတယ်။
မြန်မာနှစ်ဆန်း ၁ရက်၊ ဧပြီလ ၁၇ ရက်နေ့မှာ စစ်ကောင်စီက လွတ်ငြိမ်းချမ်းသာခွင့်ဟာ မျှတမှုမရှိဘူးဆိုပြီး မြစ်ကြီးနား အကျဉ်းထောင်မှာရှိတဲ့ အကျဥ်းသားတွေက ဧပြီလ ၁၈ ရက်၊ မနေ့ နေ့လယ်ပိုင်းကစလို့ ထောင်တွင်း ဆန္ဒပြခဲ့တာပါ။ ညနေပိုင်းမှာတော့ အာဏာပိုင်တွေက နှိမ်နင်းခဲ့တာမှာ အကျဉ်းသား ၄ဦး သေဆုံးခဲ့ပါတယ်။
KIA က သိမ်းယူထားတဲ့ ကချင်ပြည်နယ် ဖားကန့်မြို့နယ်၊ နန့်ယားရွာအနီးကို ဒီကနေ့မနက်မှာ စစ်ကောင်စီက လေယာဉ်နဲ့ တကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်းနဲ့ တိမ်းရှောင်နေတဲ့ နန့်ယားရွာသားတွေကို နေရပ်မပြန်ဖို့ KIA က တားမြစ်ထားကြောင်း ဒေသခံတွေက ပြောပါတယ်။
အတင်းအကျပ် စစ်သားစုဆောင်းမှု၊ စစ်မြေပြင်ကို အလျင်စလို စေလွှတ်မှုတွေကြောင့် ရှေ့တန်းစစ်မျက်နှာမှာ သေဆုံးတာတွေနဲ့အတူ ဆက်ပြီးဆိုးရွားလာနိုင်ခြေရှိတဲ့ လူမှု၊ စီးပွား ပြဿနာတွေကို လူ့အခွင့်အရေးလှုပ်ရှားသူတွေက ထောက်ပြလိုက်တာ ဖြစ်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ် ပြောင်းလိုက်တာလား။ တခြားထောင်ကို ပြောင်းလိုက်တာလားဆိုတာ မသဲကွဲဘူးလို့ သားဖြစ်သူက ပြောကြားခဲ့တာပါ။ အပြောင်းအလဲလုပ်တာက ကျန်းမာရေးကြောင့်လို့ စစ်ကောင်စီက ပြောပေမဲ့ မဖြစ်နိုင်သလောက်ပဲလို့လည်းပြောပါတယ်။
ရခိုင်ပြည်နယ်အတွင်း စစ်ကောင်စီတပ်တွေနဲ့ အာရက္ခတပ်တော် AA တို့အကြား တိုက်ပွဲတွေ ပြင်းထန်နေချိန်မှာဘဲ မြန်မာနယ်ခြားစပ်စောင့်တပ် BGF တပ်ဖွဲ့ဝင် ၁၃ ယောက် Cox's Bazar မှာရှိတဲ့ Teknaf နယ်ခြားကနေ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထပ်မံ ဝင်ရောက်လာတဲ့အကြောင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံ အရာရှိတွေက ဒီနေ့ ပြောဆိုပါတယ်။
ဂျာမနီနိုင်ငံမှာ သဘာဝရှုခင်းအလှတို့ကြောင့် နာမည်ကျော်တဲ့ နိုင်ငံတောင်ပိုင်း ဘာဗာရီးယားပြည်နယ်မှာ အခုနောက်ထပ် သဘာဝရဲ့ အလှတခု တိုးလာပါတယ်။ ခရမ်းရင့်ရောင် ရေကန်ပါ။ လူတွေ ဆေးအရောင်ခြယ်ထားတာ မဟုတ်ပဲ သဘာဝအတိုင်းဖြစ်ပြီး ဒီရေကန်ထဲက ရေတွေက အမြဲတမ်းတော့ ဒီလိုအရောင် ဖြစ်နေမှာ မဟုတ်ပါဘူး။
ရခိုင်ပြည်နယ်မြောက်ပိုင်း၊ ဘူသီးတောင်မြို့နယ်မှာ ဟိန္ဒူဘာသာဝင် ၁,၆၀၀ နဲ့ ဗုဒ္ဓဘာသာဝင် ၁၂၀ ဦးတို့ကို အစ္စာလာမ်မစ်အကြမ်းဖက်အဖွဲ့က ဖမ်းဆီးထားကြောင်း အိန္ဒိယမီဒီယာတခုက ဖော်ပြခဲ့တာက မမှန်ကန်တဲ့လုပ်ကြံဖန်တီးရေးသားချက်လို့မြန်မာစစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ဧပြီလ ၁၈ ရက်က တုံ့ပြန်ပါတယ်။
အမေရိကန်သမ္မတဟောင်း ဒေါ်နယ်ထရမ့် ရင်ဆိုင်နေရတဲ့ နယူးယောက်က ရာဇဝတ်မှု စွပ်စွဲချက် တရားခွင်မှာကြားနာဖို့ အခုသီတင်းပတ်အစောပိုင်းမှာ ကျမ်းသစ္စာကျိန်ဆိုထားတဲ့ ဂျူရီလူကြီးခုနစ်ဦးအနက် နှစ်ဦးကို ကြာသပတေးနေ့က ဂျူရီလူကြီးအဖွဲ့က ထုတ်ပယ်လိုက်ပါတယ်။
မလေးရှားအနေနဲ့ ၂၀၂၅၊ အာဆီယံဥက္ကဋ္ဌတာဝန်ယူချိန်မှာ (NUG) အပါအဝင် သက်ဆိုင်ရာ အစုအဖွဲ့ တွေနဲ့ ပိုမိုထိတွေ့ဆက်ဆံဖို့လိုသလို မြန်မာအရေးဖြေရှင်းနိုင်ဖို့ ပိုကြီးမားတဲ့ အခန်းကဏ္ဍကပါဝင်ပြီး လက်တွေ့ကျတဲ့နည်းလမ်းတွေ ဖော်ဆောင်ဖို့ မလေးရှား နိုင်ငံခြားရေးဝန်ကြီးဟောင်း Saifuddin Abdullah က တောင်းဆိုလိုက်ပါတယ်။
ပြီးခဲ့တဲ့သီတင်းပတ်ကုန်က အစ္စရေးနိုင်ငံကို ဒုံးကျည်နဲ့ဒရုန်းတိုက်ခိုက်မှုတွေကြောင့် အမေရိကန်က အီရန်နိုင်ငံအပေါ် ကြာသပတေးနေ့က ဒဏ်ခတ်ပိတ်ဆို့ အရေးယူလိုက်ပါတယ်။ အီရန်နိုင်ငံကို စစ်လက်နက်ပစ္စည်းတွေထောက်ပံ့ပေးတဲ့ လူပုဂ္ဂိုလ်နဲ့ကုမ္ပဏီတွေကို ပစ်မှတ်ထား အရေးယူလိုက်တာပါ။
ဒရုန်းတွေ၊ ဒုံးကျည်တွေရာနဲ့ချီတိုက်ခိုက်ခံခဲ့ရလို့ အစ္စရေးဝန်ကြီးချုပ်က “မိမိကိုယ်ကိုယ် ခုခံကာကွယ်ပိုင်ခွင့်ရှိတယ်” လို့ ကြေညာအပြီး အီရန်ရဲ့နျူကလီးယားနေရာတွေကိုတိုက်ရင် အစ္စရေးရဲ့ "နျူကလီးယားပစ်မှတ်" တွေကိုလည်း ပြန်တိုက်မယ်လို့ အီရန်တော်လှန်ရေးအစောင့်တပ် ဗိုလ်ချုပ်ကြီးတဦးက ခြိမ်းခြောက်လိုက်ပါတယ်။
ရေဘေးသင့်ခဲ့တဲ့ အာရပ်စော်ဘွားများ ပြည်ထောင်စုမှာ ကြာသပတေးနေ့ ဧပြီ ၁၈ ရက်နေ့ကတော့ မုန်တိုင်းလွန် ရှင်းလင်းမှုတွေ လုပ်နေကြပါပြီ။ မိုးများများရွာသွန်းလေ့မရှိတဲ့ သဲကန္တာရဒေသထဲမှာမို့ အခုရွာခဲ့တဲ့မိုးက သူတို့နိုင်ငံမှာ မှတ်တမ်းပြုစုထားတဲ့ ၇၅ နှစ်တွင်း အဆိုးရွားဆုံးနဲ့ မိုးရည်ချိန်အများဆုံး ဖြစ်ပါတယ်။
မြန်မာနိုင်ငံ နယ်စပ်ဒေသတွေမှာ ဖြစ်ပေါ်နေတဲ့ အကြမ်းဖက် တိုက်ခိုက်မှုတွေ ချက်ချင်း ရပ်ဆိုင်းကြဖို့ အာဆီယံ နိုင်ငံခြားရေးဝန်ကြီးတွေက ဒီကနေ့ ကြေညာချက်ထုတ်ပြန် တောင်းဆိုလိုက်ပြီး အရပ်သားတွေ ဘေးကင်းလုံခြုံမှုရှိရေးနဲ့ တွေ့ဆုံ ဆွေးနွေးမှုတွေ လုပ်ဆောင်ကြဖို့ကိုလည်း ကြေညာချက်မှာ တိုက်တွန်းထားပါတယ်။
နောက်ထပ်ကြည့်ရှုရန်