အီတလီနိုင်ငံ Capri ကျွန်းမှာ ကမ္ဘာ့စီးပွားရေးအင်အားကြီး ၇ နိုင်ငံရဲ့ G7 စည်းဝေးပွဲကို ဒီနေ့ စတင်ရာမှာ ရုရှားရဲ့ ကျူးကျော်တိုက်ခိုက်မှုခံနေရတဲ့ ယူကရိန်းနိုင်ငံ ခုခံနိုင်အောင် အကူအညီပေးဖို့နဲ့ အီရန်အပေါ် ဒဏ်ခတ်မှု အသစ်တွေ ချမှတ်ဖို့ အီတလီနိုင်ငံခြားရေးဝန်ကြီး Antonio Tajani က တောင်းဆိုခဲ့ပါတယ်။
ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA နဲ့ PDF ပူးပေါင်းတပ်တွေ တိုက်ခိုက်သိမ်းယူထားတဲ့ မြဝတီမြို့ ပြန်လည်ရရှိရေး စစ်ကောင်စီတပ်တွေက အင်အားအလုံးအရင်းစေလွှတ်နေတဲ့အပြင် ကော့ကရိတ်မြို့မှာလည်း လေကြောင်းက တိုက်ခိုက်မှုတွေ ပြုလုပ်နေပါတယ်။
တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ရီ နဲ့ အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး Retno Marsudi တို့ဟာ အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့တော်မှာ ဒီနေ့ တွေ့ဆုံခဲ့ကြပြီးတော့၊ ဂါဇာဒေသမှာ ရေရှည်ခံတဲ့အပစ်အခတ်ရပ်စဲရေး ချက်ချင်းလုပ်ဆောင်ကြဖို့ တောင်းဆိုလိုက်ပါတယ်။
မြန်မာနိုင်ငံနဲ့ နယ်စပ်ဖြစ်တဲ့ အိန္ဒိယနိုင်ငံ မဏိပူရပြည်နယ်ထဲကို ဝင်ရောက်လာတဲ့ အထောက်အထားမဲ့ ဒုက္ခသည်တွေကို မြန်မာနိုင်ငံဘက် ပြန့်ပို့ရေးမှာ မြန်မာနိုင်ငံထဲက တိုက်ပွဲတွေကြောင့် နှောင့်နှေးနေတယ်လို့ အိန္ဒိယလုံခြုံရေးတာဝန်ရှိသူတွေက ပြောပါတယ်။
မြန်မာ့နှစ်ဆန်းတရက်ညပိုင်းက ပြင်ဦးလွင်မြို့အထွက်မှာ တိုက်ပွဲဖြစ်ပြီး ပစ်ခတ်သံတွေ ကြားရတယ်လို့ ဒေသခံတွေကပြောပါတယ်။ ပစ်ခတ်မှုဖြစ်ပြီးနောက် မြို့အဝင်အထွက်တွေမှာ စစ်တပ်က စစ်ဆေးတာတွေ လုပ်တယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။
နယူးဇီလန် နိုင်ငံ Wellington မြို့တော်မှာ ဒီနေ့ စတင် ကျင်းပတဲ့ အာဆီယံ-နယူးဇီလန် အစည်းအဝေးမှာ မြန်မာစစ်ကောင်စီ ကိုယ်စားလှယ်ကို တက်ရောက်ခွင့် မပေးဖို့ မြန်မာ့အရေးလှုပ်ရှားသူတွေ တောင်းဆိုပေမဲ့ နယူးဇီလန် တရားရုံးက လက်မခံဘဲ ပယ်ချလိုက်ပါတယ်။
မြန်မာနှစ်ဆန်း ၁ ရက်၊ မနေ့က လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပြန်လွတ်မြောက်လာတဲ့ ကချင်နှစ်ခြင်း ခရစ်ယာန်အဖွဲ့ချုပ် (KBC) ဥက္ကဋ္ဌဟောင်း ဒေါက်တာ ခလမ်ဆမ်ဆွမ်ကို စစ်ကောင်စီက မနေ့ညနေပိုင်းမှာ သူ့နေအိမ်ကနေ ပြန်လည်ဖမ်းဆီးသွားတယ်လို့ ပြောပါတယ်။
ဗြိတိန်နိုင်ငံ၊ အင်္ဂလန်နယ် တောင်အလယ်ပိုင်းဒေသက Bicester မြို့ လမ်းရဲတပ်ဖွဲ့ အခြေစိုက်စခန်းမှာ ရဲတွေ ငှက်ကလေးတကောင်ကြောင့် ထင်ယောင်ထင်မှားတွေ ဖြစ်ခဲ့ရပါတယ်။ အသံတု လုပ်တတ်၊ စကားသင်ပေးလို့ရတဲ့ ကြက်တူရွေးမျိုးမဟုတ်တဲ့ ငှက်ကလေးတကောင် ရဲစခန်းနားက သစ်ပင်ပေါ်ကနေ ရဲကားဥဩသံလိုက်တု အော်နေလို့ ဖြစ်ပါတယ်။
အမေရိကန်သမ္မတ ရွေးကောက်ပွဲအပေါ် ဩဇာညောင်းဖို့ ရုရှားက အွန်လိုင်း လှုပ်ရှားမှုတွေကို လွန်ခဲ့တဲ့ ၄၅ ရက်အတွင်းမှာ စအရှိန်ယူ လုပ်လာခဲ့ပြီလို့ မိုက္ကရိုဆော့ဖ် ကုမ္ပဏီက ဗုဒ္ဓဟူးနေ့မှာ ပြောပါတယ်။ ဒါပေမဲ့ အတိတ် ရွေးကောက်ပွဲတွေလို မဟုတ်ဘဲ၊ ခပ်နှေးနှေးစတယ်လို့ ဆိုပါတယ်။
G7 ခေါ် စက်မှုထိပ်သီး ၇ နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးတွေဟာ အီတလီနိုင်ငံ Capri ကျွန်းမှာ သုံးရက်ကြာ အစည်းအဝေး ကို ဗုဒ္ဓဟူးနေ့မှာ စလိုက်ကြပါတယ်။ အစ္စရေးနဲ့ အီရန်ကြား တင်းမာမှု၊ ဂါဇာစစ်ပွဲနဲ့ ယူကရိန်းစစ်ပွဲတွေက အစည်းအဝေးရဲ့ အဓိက အကြောင်းရပ်တွေ ဖြစ်ကြမှာပါ။
အီရန်ရဲ့ အရင်အပတ်တိုက်ခိုက်မှုအပေါ် ဘယ်လို..ဘယ်အချိန် တုံ့ပြန်မလဲဆိုတာ အစ္စရေးကသာ ဆုံးဖြတ်မှာဖြစ်တယ်လို့ အစ္စရေးဝန်ကြီးချုပ် ဘင်န်ဂျမင်န် နေသန်ယာဟုက ပြောလိုက်ပါတယ်။
ရာသီဥတုပူလာတဲ့အတွက် နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတကြီးဦးဝင်းမြင့်ကို အကျဉ်းထောင်တွေကနေ ပြောင်းရွှေ့လိုက်တဲ့သတင်းအပေါ် ဒေါ်အောင်ဆန်းစုကြည်ကို လူသားဒိုင်းအဖြစ် အသုံးပြုမှာ စိုးရိမ်ပါတယ်လို့ သား ကင်မ်အဲရစ်စ် က ဗြိတိန်အခြေစိုက် Independence သတင်းစာကြီး ကို ပြောပါတယ်။
နိုင်ငံခြားသားတွေ အပါအဝင် မြန်မာနိုင်ငံမှာ ထောင်ချခံထားရတဲ့ အကျဉ်းသား ၃၃၀၃ ဦးကို မြန်မာနှစ်ဆန်းတရက်နေ့မှာ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်နဲ့ စစ်ကောင်စီ လွှတ်ပေးသူတွေထဲမှာ NLD အစိုးရလက်ထက် ထိပ်ပိုင်းခေါင်းဆောင်တွေကိုစွဲဆိုတဲ့ နိုင်ငံရေးနဲ့ ဆက်နွယ်တဲ့ ဥပဒေနဲ့ တရားစွဲဆို ထောင်ချခံ ထားရသူတွေတော့ မပါဝင်ပါဘူး။
မြန်မာနှစ်ဆန်း ၁ ရက်နေ့ ဒီကနေ့မှာ အကျဉ်းသား ၃,၃၀၀ ကျော် လွှတ်ပေးမယ်လို့ စစ်ကောင်စီက ကြေညာခဲ့ပြီးနောက် ရန်ကုန် အင်းစိန်အကျဉ်းထောင် အပါအဝင် နိုင်ငံအနှံ့က အကျဉ်းထောင်တွေက အကျဉ်းသားတွေ လွတ်မြောက်လာကြပါတယ်။
ဂါဇာမှာရှိတဲ့ အရပ်ဘက်အဆောက်အဦတွေကိုလည်း အစ္စရေးက ကျယ်ကျယ်ပြန့်ပြန့် ဖျက်ဆီးပစ်နေတယ်လို့ ကုလသမဂ္ဂ လူ့အခွင့်အရေး မဟာမင်းကြီး Volker Türk ရဲ့ ပြောရေးဆိုခွင့်ရှိသူ Ravina Shamdasani က ပြောပါတယ်။
မြန်မာနိုင်ငံ၊ ရခိုင်ပြည်နယ်အတွင်း စစ်ကောင်စီတပ်တွေနဲ့ အာရက္ခတပ်တော် AA တို့အကြား တိုက်ပွဲတွေ ပြင်းထန်နေချိန်မှာဘဲ မြန်မာနယ်ခြားစောင့်တပ် BGF တပ်ဖွဲ့ဝင် ၄၆ ဦး ဒီကနေ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက် ထွက်ပြေး ခိုလှုံလာတယ်လို့ ဘင်္ဂလားဒေ့ရှ် တာဝန်ရှိသူတွေက ပြောပါတယ်။
ရခိုင်ပြည်နယ်တောင်ပိုင်းက သံတွဲမြို့နယ်မှာ စစ်ကောင်စီနဲ့ ရက္ခိုင့်တပ်တော် AA အဖွဲ့ကြား တိုက်ပွဲတွေ ဖြစ်ပွားနေပြီး၊ စစ်ကောင်စီက လုံခြုံရေးတင်းကြပ်ထားသလို လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတာရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။
လက်နက်ကိုင် ပဋိပက္ခတွေ ဖြစ်ပွားနေတဲ့ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်မှာ ပြင်သစ်နိုင်ငံအခြေစိုက် နယ်စည်းမခြားဆရာဝန်များ အသင်း (MSF) ရဲ့ ရုံးခန်းနဲ့ ဆေးခန်း မီးလောင်ပျက်စီးခဲ့ကြောင်း သတင်းထုတ်ပြန်ထားပါတယ်။
လက်နက်ကိုင် ပဋိပက္ခတွေ ပေါ်ပေါက်နေတဲ့ မြန်မာနိုင်ငံနဲ့ နယ်စပ်အနီး တရုတ်စစ်တပ်က ဒီလထဲမှာ ဒုတိယအကြိမ် စစ်ရေးလေ့ကျင့်မှုတွေ စတင်လိုက်ပါတယ်။ မြန်မာနိုင်ငံမှာ လက်နက်ကိုင် ပဋိပက္ခတွေ ရပ်ဆိုင်းပြီး၊ အပစ်အခတ် ရပ်စဲဖို့ တရုတ်နိုင်ငံခြားရေးဌာနက ပြောဆိုလိုက်ပြီး နောက်တနေ့မှာ စတင်လိုက်တာပါ။
ကချင်ပြည်နယ်အနောက်ပိုင်း တနိုင်းမြို့နယ်အတွင်းရှိ ပယင်းမှော်မှာ အခြေစိုက်တဲ့ စစ်ကောင်စီရဲ့ တပ်စခန်းတခုကို ဒီကနေ့ မနက်ပိုင်းမှာ KIA က ထပ်မံ သိမ်းပိုက်လိုက်ပါတယ်။ ဖားကန့်မြို့နယ်က ကာမိုင်းမြို့ကိုလည်း KIA က တိုက်ခိုက်မယ်ဆိုတဲ့ သတင်းတွေကြောင့် ဒေသခံတွေဟာ မြို့ကို စွန့်ပြီး တိမ်းရှောင်နေကြပါတယ်။
နောက်ထပ်ကြည့်ရှုရန်