ထိုင်း-မြန်မာနယ်စပ် မြဝတီမြို့မှာ တိုက်ပွဲတွေဖြစ်ပေါ်ပြီး ထိုင်းဘက်ကို မြန်မာနိုင်ငံသားတွေ ထွက်ပြေးခိုလှုံလာနေစဉ်မှာဘဲ မြန်မာထဲက အခြေအနေတွေကို အနီးကပ် စောင့်ကြည့်နေကြောင်း နယူးဇီလန်ဝန်ကြီးချုပ် Christopher Luxon နဲ့ ဒီကနေ့ တွေ့ဆုံစဉ် ထိုင်းဝန်ကြီးချုပ် Srettha Thavisin က ပြောကြားလိုက်ပါတယ်။
မြန်မာတနိုင်ငံလုံးမှာရှိတဲ့ အကျဉ်းထောင်တွေကနေ အကျဉ်းသား ၃,၃၀၀ ကျော် လွှတ်ပေးမယ်လို့ စစ်ကောင်စီက ကြေညာခဲ့ပြီးနောက် နိုင်ငံတဝန်း ထောင်တွေက အကျဉ်းသားတွေ လွတ်မြောက်လာကြပါတယ်။ ပြန်လွတ်လာသူတွေထဲမှာ နိုင်ငံရေးနဲ့ ဆက်နွယ်ပြီး ဖမ်းဆီးခံထားရသူတချို့လည်း ပါဝင်တယ်လို့ နီးစပ်သူတွေက ပြောပါတယ်။
ဥတုရာသီ ပြောင်းလဲမှု ပြဿနာ တိုက်ဖျက်ရေးအတွက် သိပ္ပံပညာရှင်တွေ စဉ်းစားတဲ့ နည်းလမ်းတွေထဲမှာ သဘာဝဝန်းကျင်ထဲက ကာဗွန်တွေကို ဖမ်းယူ ဖယ်ရှားတဲ့ နည်းလမ်းလည်း ပါဝင်ပါတယ်။ လော့စ်အိန်ဂျယ်လိစ် မြို့က နည်းပညာ ကုမ္ပဏီ တခုကတော့ သမုဒ္ဒရာ ထဲက ကာဗွန်ဒိုင် အောက်ဆိုဒ်တွေကို ဖယ်ရှားဖို့ ကြိုးစား နေတာပါ။
စွန့်စားအားကစား ဝါသနာပါသူတွေ အကြိုက်တွေ့မယ့်နေရာကတော့ အမြင့် ၅၇၅ ပေမှာရှိတဲ့ ကြိုးတံတားဖြစ်ပါတယ်။ အီတလီနိုင်ငံအလယ်ပိုင်း စိမ်းလန်းတဲ့ Umbria အမ်ဘရီယာဒေသမှာ ဆောက်လုပ်ထားတာဖြစ်ပြီး မြေပြင်ကို ကောင်းကင်အမြင့် ငှက်တကောင်ရဲ့ မြင်ကွင်းလို တွေ့နိုင်မှာပါ။
ဒီနေ့ မြန်မာနှစ်ဆန်းတရက်နေ့ ဧပြီ ၁၇ မှာ တနိုင်ငံလုံးက အကျဉ်းထောင်၊ အချုပ်ထောင်နဲ့ အကျဉ်းစခန်းအသီးသီးမှာရှိတဲ့ ပြစ်ဒဏ်ကျအကျဉ်းသား ၃,၃၀၃ ဦးကို ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပေးပြီး နိုင်ငံခြားသားအကျဉ်းသား ၃၆ ဦးကိုလည်း ပြည်နှင်ဒဏ်ပေးမယ်လို့ စစ်ကောင်စီကထုတ်ပြန်ပါတယ်။
အဝေးထိန်း ဒရုန်းယာဉ်နဲ့ တိုက်ခိုက်ခံရမှုမှာ ဒဏ်ရာရတယ်လို့ သတင်းထွက်နေတဲ့ စစ်ကောင်စီ ဒုတိယအကြီးအကဲ ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းဟာ ဧပြီလ အစောပိုင်းက စပြီး အခုချိန်အထိ လူမြင်ကွင်းကနေ ပျောက်ကွယ်နေဆဲ ဖြစ်ပါတယ်။
အစ္စရေးလ်အပေါ် ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က မကြုံစဖူး တိုက်ခိုက်မှုတွေကို လက်တုံ့ပြန်ရေးမှာ အီရန်ရဲ့ ခြိမ်းခြောက်မှုတွေက အဟန့်အတား မဖြစ်စေဘူးလို့ အစ္စရေးကာကွယ်ရေးဝန်ကြီးက ပြောပါတယ်။ အစ္စရေးလ်နိုင်ငံ မြောက်ပိုင်းကို သွားရောက်ခဲ့တဲ့ ကာကွယ်ရေးဝန်ကြီး Yoav Gallant ရဲ့ ပြောဆိုချက်ကို ရည်ညွှန်းကြတာဖြစ်ပါတယ်။
အမေရိကန် ကာကွယ်ရေးဝန်ကြီး Lloyd Austin နဲ့ တရုတ် ကာကွယ်ရေးဝန်ကြီးတို့ အင်္ဂါနေ့မှာ တယ်လီဖုန်းနဲ့ ဆက်သွယ် ဆွေးနွေးခဲ့ကြပြီး ဒါဟာ နှစ်နိုင်ငံ ကာကွယ်ရေးဝန်ကြီးနှစ်ဦးကြား ၁၇ လ နီးပါးအတွင်း ပထမဆုံး ဆွေးနွေးမှု ဖြစ်ပါတယ်။
နေပြည်တော် အကျဉ်းထောင်မှာ ဖမ်းဆီးခံထားရတဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ တောင်ငူထောင်မှာ ဖမ်းဆီးထားတဲ့ သမ္မတဦးဝင်းမြင့်တို့ကို ပြောင်းရွှေ့လိုက်ကြောင်း သတင်းနဲ့ ပတ်သက်လို့ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကလည်း ဗွီအိုအေကို အတည်ပြုပြောပါတယ်။
ကမ္ဘာ့အသက်အရှည်ဆုံး မျောက်ဝံမကြီး နောက်ထပ်အသက်တနှစ်ပိုကြီးသွားပြီး သူနေတဲ့ ဘာလင်တိရိစ္ဆာန်ရုံမှာ မွေးနေ့ပွဲ ကျင်းပခဲ့ပါတယ်။ သဘာဝတောတောင်ထဲမှာဆိုရင်တော့ မျောက်ဝံတကောင်ဟာ အသက် သုံးလေးဆယ်လောက်နေရတတ်ပြီး အသက် ၅၀ ထက် ပိုနေရရင်တော့ အတော်ထူးဆန်းနေပါပြီ။
ကရင်အမျိုးသားအစည်းအရုံး၊ မြိတ်-ထားဝယ်ခရိုင် တပ်မဟာ (၄) ထိန်းချုပ်နယ်မြေထဲကိုစစ်ကောင်စီရဲ့ ခလရ−၁၀၃ တပ်ရင်းကတပ်ရင်းမှူး ဒုဗိုလ်မှူးကြီး အောင်ဟိန်းအပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် (၄၈)ဦး လက်နက်ချအညံ့ခံခဲ့ပြီး လက်နက်ခဲယမ်းတွေလည်းသိမ်းဆည်းရမိတယ်လို့ ကေအန်ယူက ထုတ်ပြန်ခဲ့ပါတယ်။
ဖိလစ်ပိုင်နိုင်ငံ မြို့တော်မနီလာတောင်ဘက် Batangas ပြည်နယ်မှာ ဒေါ်လာ သန်း ၂၃၀ ကျော်တန်ဖိုးရှိတဲ့ မက်သာဖက်တမင်း စိတ်ကြွဆေးပြား ၁.၈ တန် ကို တနင်္လာနေ့က ရဲတပ်ဖွဲ့က သိမ်းဆည်းရမိခဲ့ပါတယ်။
နယူးဇီလန်နိုင်ငံမှာ အခုသီတင်းပတ်နှောင်းပိုင်းကျင်းပမယ့် နယူးဇီလန်-အာဆီယံ ဆွေးနွေးပွဲကို တက်ဖို့ ပြည်ဝင်ခွင့်ဗီဇာ လျှောက်ထားကြတဲ့ စစ်ကောင်စီအဖွဲ့ဝင်တွေကို နယူးဇီလန်အစိုးရက ဗီဇာထုတ်ပေးဖို့ ဆိုင်းငံ့လိုက်ကြောင်း တက်ကြွလှုပ်ရှားသူတွေက ပြောပါတယ်။
ထိုင်း-မြန်မာနယ်စပ်အနီး စစ်ကောင်စီတပ်တွေနဲ့ တော်လှန်ရေးအင်အားစုတွေအကြား တိုက်ပွဲတွေ ပြင်းထန်နေချိန်မှာဘဲ အပစ်ရပ်ကြဖို့နဲ့ လက်ရှိ ပဋိပက္ခကို တွေ့ဆုံ ဆွေးနွေးပြီး ငြိမ်းချမ်းတဲ့နည်းနဲ့ အဖြေရှာကြဖို့ တရုတ်နိုင်ငံက ဒီကနေ့ တိုက်တွန်းလိုက်ပါတယ်။
ထိုင်းမြန်မာ နယ်စပ် မြဝတီမြို့ကို ဧပြီလကုန်လောက်မှာ အပြီးသတ် သိမ်းနိုင်မယ်လို့ ယုံကြည်တဲ့အကြောင်း ကရင်အမျိုးသား အစည်းအရုံး KNU ရဲ့ လက်နက်ကိုင် တပ်ဖွဲ့ ကရင် လွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ ၆ က ဗိုလ်မှုးကြီး နာဒါထူး ရဲ့ ပြောဆိုချက်ကို ဘန်ကောက်ပို့စ် သတင်းစာမှာ ရေးသားထားပါတယ်။
အမေရိကန် ပြည်ထောင်စု Illinois, California နဲ့ New York ပြည်နယ်တွေမှာ အဝေးပြေးလမ်းတွေ၊ တံတားတွေကို ပိတ်ဆို့ဆန္ဒပြခဲ့ကြတာပါ။ Chicago မြို့က O’Hare အပြည်ပြည်ဆိုင်ရာ လေဆိပ်၊ San Francisco က Golden Gate နဲ့ နယူးယောက် Brooklyn တံတားတွေလည်း ဆန္ဒပြပွဲတွေကြောင့် ယာယီပိတ်ခဲ့ရပါတယ်။
၂၀၂၁ နောက်ပိုင်း စီးပွါးရေးပူးပေါင်းဆောင်ရွက်ရေးနဲ့ ဖွံ့ဖြိုးရေး OECD အဖွဲ့ဝင် စွမ်းအင်ကုမ္ပဏီတွေ ထွက်သွားကြပေမဲ့ တောင်ကိုးရီးယား Posco ကုမ္ပဏီကတော့ ရွှေသဘာဝဓာတ်ငွေ့စီမံကိန်းမှာ ဒေါ်လာသန်းနဲ့ချီ ပိုမိုရင်းနှီးမြှုပ်နှံလာသလို စစ်ကောင်စီအတွက် ဝင်ငွေတွေဆက်ပြီးရှာပေးနေတယ်လို့ Hunterbrook က ဖော်ပြပါတယ်။
ယူကရိန်းစစ်တပ်မှာ လက်ရှိအသုံးချနေတဲ့ ဒရုန်းယာဥ်တွေဟာ ၂၀၂၃ ခုနှစ်ကထက် ၃ ဆတိုးလာတယ်လို့ ယူကရိန်းထိပ်တန်း တပ်မှူးတဦးကပြောပါတယ်။ ရုရှားရဲ့ကျူးကျော်တိုက်ခိုက်မှုနဲ့ရင်ဆိုင်နေရတဲ့ ယူကရိန်းတပ်ဖွဲ့တွေမှာ မောင်းသူမဲ့ယာဥ်တွေကိုလည်း ပိုမိုတိုးမြှင့် အသုံးပြုလာတာဖြစ်ပါတယ်။
အရှေ့အလယ်ပိုင်းပဋိပက္ခတွေ အရှိန်မြင့်မလာအောင် ရှောင်ရှားဖို့ အမေရိကန်နိုင်ငံက အစ္စရေးလ်ကို တနင်္လာနေ့မှာ တိုက်တွန်းလိုက်ပါတယ်။ အီရန်နိုင်ငံက ဒရုန်းနဲ့ မစ်ဇိုင်းဒုံးကျည်အလုံး ၃၀၀ ကျော်နဲ့တိုက်ခိုက်ခဲ့တာကိုတုံ့ပြန်ဖို့ အစ္စရေးလ်က စဥ်းစားနေချိန်မှာပဲ အမေရိကန်က ခုလိုတိုက်တွန်းပြောဆိုလိုက်တာပါ။
နောက်ထပ်ကြည့်ရှုရန်