အစ္စရေးအပေါ် မကြုံစဖူး တိုက်ခိုက်မှုတွေလုပ်ခဲ့တဲ့ အီရန်နိုင်ငံကို ပြစ်ဒဏ်ခတ်ဖို့နဲ့ နောက်ထပ်မလုပ်အောင် တားဆီးဖို့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီကို အစ္စရေးက တောင်းဆိုလိုက်ပါတယ်။ အီရန်ကတော့ ဒီလဆန်းပိုင်း ဆီးရီးယားနိုင်ငံက သံရုံးကိုတိုက်ခိုက်မှုအတွက် သံသယရှိတဲ့ အစ္စရေးကို လက်တုံ့ပြန်ခဲ့တာလို့ပြောထားတာပါ။
ပြင်ဦးလွင်မြို့ စစ်တက္ကသိုလ်၊ ဆေးရုံကြီးနဲ့ ဘုန်းတော်ကြီး ကျောင်းတကျောင်းနဲ့ လူနေအိမ်အနီးနားနေရာတချို့ကို မနေ့ညပိုင်းက လက်နက်ကြီးကျည်တွေ ကျရောက်ပေါက်ကွဲရာက ထိခိုက်သေကျေမှုတွေ ကြုံခဲ့ရပြီးနောက် ဒီနေ့မှာတော့ လုံခြုံရေးတွေ တင်းကြပ်ထားတယ်လို့ မြို့ခံတွေက ပြောပါတယ်။
မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့မှာ မနေ့တုန်းက သံဃာတော် ၂ ပါး အပါအဝင် ၄ ဦး သေဆုံးတဲ့ တိုက်ခိုက်မှုဟာ အတိုက်အခံလက်နက်ကိုင် အင်အားစုတွေ လက်ချက်အဖြစ် စစ်ကောင်စီက စွပ်စွဲလိုက်ပါတယ်။
ထိုင်းမြန်မာနယ်စပ် မြဝတီမြို့ကို ပြန်လည် သိမ်းပိုက်ဖို့တက်လာတဲ့ စစ်ကောင်စီတပ်တွေကို KNU ကရင်အမျိုးသား အစည်းအရုံးနဲ့ ပူးပေါင်းတပ်တွေက တိုက်ထုတ်လိုက်တဲ့အကြောင်း KNU ကရင်အမျိုးသား အစည်းအရုံး ပြောခွင့်ရ စောတောနီး က Reuters သတင်းဌာနဲ့ ဆက်သွယ်မေးမြန်းရာမှာ မနေ့က ပြောဆိုပါတယ်။
အသက် ၇၂ နှစ်ရှိပြီဖြစ်တဲ့ စင်္ကာပူ ဝန်ကြီးချုပ် Lee Hsien Loong က မေလ ၁၅ ရက်နေ့မှာ ရာထူးကအနားယူမှာဖြစ်ပြီး ဒုတိယဝန်ကြီးချုပ် Lawrence Wong ကိုရာထူးလွှဲပြောင်းပေးသွားမယ်လို့ တနင်္လာနေ့မှာ ကြေညာပါတယ်။
တအန်းအမျိုးသားလွတ်မြောက်တပ် TNLA က သူတို့ သိမ်းပိုက်ထားရာ ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့မှာ ဖွင့်လှစ်ထားတဲ့ ကချင်လွတ်လပ်ရေးတပ် KIA ဆက်ဆံရေးရုံးကို ပိတ်သိမ်းဖို့ အတွက် သတိပေးပြောဆိုကြောင်း ဒေသခံတွေက ပြောပါတယ်။
အစ္စရေးအပေါ် အီရန်ရဲ့ တိုက်ခိုက်မှုနဲ့ ပတ်သက်ပြီး စိုးရိမ်မှုတွေ မြင့်တက်လာနေချိန်မှာပဲ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်ဟာ သူ့ရဲ့ အမျိုးသားလုံခြုံရေးအဖွဲ့နဲ့ တွေ့ဆုံဆွေးနွေးဖို့ စီစဥ်းပြီး အရှေ့အလယ်ပိုင်းက တင်းမာလာနေတဲ့ အခြေအနေကို စောင့်ကြည့်ဖို့ ရှိပါတယ်။
တရုတ် ကွန်မြူနစ်ပါတီရဲ့ တတိယ အဆင်မြင့်ဆုံး ခေါင်းဆောင် Zhao Leji ဟာ မြောက်ကိုရီးယား အကြီးအကဲ Kim Jong Un နဲ့ စနေနေ့က ပြုံယမ်းမြို့တော်မှာ တွေ့ဆုံခဲ့ပြီး နှစ်နိုင်ငံ ဆက်ဆံရေးကို ထပ်မံအတည်ပြုခဲ့ကြောင်း တရုတ်အစိုးရမီဒီယာက ဖော်ပြပါတယ်။
အမေရိကန် ပြည်ထောင်စုက ပြည်နယ် ရှစ်ခုကနို့စားနွားမွေးမြူရေး လုပ်ငန်း နှစ်ဒါဇင်ကျော်မှာ ကြက်ငှက်တုပ်ကွေး ရောဂါ ပျံ့နှံ့နေပါတယ်။ အိုင်ဒါဟို၊ ကန်းဆက်၊ မစ်ရှီဂန်၊ နယူးမက္ကဆီကို၊ မြောက်ကာရိုလိုင်းနား၊ အိုဟိုင်းယိုး၊ တက္ကဆက်နဲ့ တောင်ဒါကိုတာက နွားမွေးမြူရေခြံ ၂၆ ခုမှာ ကြက်ငှက်တုပ်ကွေး တွေ့ရှိထားပါတယ်။
မြန်မာ့ရိုးရာ သင်္ကြန်ပွဲတော်အချိန်မှာ နိုင်ငံတကာရောက် မြန်မာတွေကလည်း မြန်မာနိုင်ငံအတွက် ရန်ပုံငွေပွဲနဲ့ သင်္ကြန်ပွဲတော်တွေ ကျင်းပနေကြပါတယ်။ စနေနေ့က နယ်သာလန်နိုင်ငံ မြို့တော် အမ်စတာဒမ်က တော်လှန်သင်္ကြန်ပွဲမှာတော့ သင်္ကြန် အကတွေ ဖျော်ဖြေပြီး ရိုးရာ အစားသောက်တွေ ရောင်းချ ရန်ပုံငွေ ရှာခဲ့ပါတယ်။
အစ္စရေးနိုင်ငံကို ဦးတည်ပြီး အီရန်နိုင်ငံက ဒရုန်း ဒါဇင်နဲ့ချီ ပစ်လွှတ်ခဲ့ကြောင်း အစ္စရေးစစ်တပ် ပြောရေးဆိုခွင့်ရှိသူ ရေတပ်ဗိုလ်ချုပ် ဒန်နီရယ် ဟာဂရီကပြောပါတယ်။ အစ္စရေးအနေနဲ့ ခံစစ်နဲ့ ထိုးစစ် နှစ်ခုစလုံးအတွက် “ပြင်ဆင်ထားပြီး အသင့်အနေအထားဖြစ်နေပြီ” လို့ ဟာဂရီက ပြောပါတယ်။
စစ်တပ်ရဲ့ လေကြောင်း တိုက်ခိုက်တာကြောင့် လူပေါင်း ၁၀၀ ကျော် အစုလိုက်အပြုံလိုက်သေဆုံးခဲ့တဲ့ ပဇီကြီး ကျေးရွာက ဒေသခံတွေဟာ ၁ နှစ်ပြည့်သွားပေမယ့် စိုးရိမ်ကြောင့်ကြမှုတွေနဲ့ နေထိုင်နေရတယ်လို့ ဒေသခံ ကျေးရွာသားတွေက ပြောပါတယ်။
တောင်တရုတ်ပင်လယ်ပြင်မှာ တရုတ်ရဲ့ လုပ်ဆောင်ချက်တွေနဲ့ပတ်သက်ပြီး ဂျပန်ဝန်ကြီးချုပ် Fumio Kishida နဲ့ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်တို့ရဲ့ ပြောကြားချက်ကို တရုတ်အစိုးရက ပယ်ချကြောင်းနဲ့ အမေရိကန် ဂျပန်နဲ့ ဖိလစ်ပိုင်တို့ပူးတွဲပြီး ဒေသတွင်း နိုင်ငံရေးကစားမှုကို အပြင်းအထန် ကန့်ကွက်ကြောင်း တရုတ်ကပြောပါတယ်။
အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီရဲ့ ဒုတိယအကြိမ် ပြည်သူ့ညီလာခံကနေ ၁၉၈၂ မြန်မာနိုင်ငံသားဥပဒေကို ဖျက်သိမ်းဖို့ ဆုံးဖြတ်ခဲ့တာအတွက် မြန်မာနိုင်ငံဆိုင်ရာ မလေးရှားအကြံပေးအဖွဲ့က ကြိုဆိုကြောင်း ဧပြီ ၁၂ ရက်မှာ သတင်းထုတ်ပြန်ပါတယ်။
ရှမ်းပြည်နယ်တောင်ပိုင်း ဆီဆိုင်မြို့နယ်မှာ ဒေသခံတွေဟာ သူတို့ရဲ့နေအိမ်တွေဆီ ပြန်လာချိန်မှာ ပျောက်ဆုံးသူတချို့ ရှိလာတယ်လို့ မိသားစုဝင်တွေက ပြောပါတယ်။ ပျောက်ဆုံးသူ အများစုက လူငယ်၊ လူလတ်ပိုင်း အရွယ်တွေဖြစ်ပြီးတော့ လနဲ့ချီ ပျောက်ဆုံးနေတာပါ။ ဒေသခံတွေအတွက် စားနပ်ရိက္ခာ အကူအညီတွေလည်း လိုအပ်နေပါတယ်။
ဂါဇာဒေသအတွက် ထောက်ပံ့ရေးပစ္စည်းတင်ပို့ရာ လမ်းကြောင်းသစ်ကနေ စာနာမှုပစ္စည်းတင် ထရပ်ကားတွေ ပထမဆုံးဝင်လာတဲ့ ဗီဒီယိုကို အစ္စရေးအစိုးရက သောကြာနေ့ ထုတ်ပြန်လိုက်ပါတယ်။ အစ္စရေးအစိုးရရဲ့ ဒေသတွင်း ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ COGAT က ထုတ်ပြန်ခဲ့တဲ့ ဗီဒီယိုထဲမှာ ပစ္စည်းတင်ထရပ်ကားတွေ ဂါဇာဒေသထဲ ဝင်ရောက်သွားတာပါ။
ရခိုင်ပြည်နယ်အတွင်း စစ်ရေးအခြေအနေတွေ တင်းမာနေတဲ့အတွက် လုံခြုံရေး အခြေအနေအရ စစ်တွေမြို့မှာရှိတဲ့ အိန္ဒိယကောင်စစ်ဝန်ရုံးက ဝန်ထမ်းတွေကို ရန်ကုန်မြို့ကို ယာယီ ရွှေ့ပြောင်းထားတယ်လို့ အိန္ဒိယနိုင်ငံခြားရေးဌာနက ဒီကနေ့ ဧပြီလ ၁၂ ရက်နေ့မှာ ပြောပါတယ်။
ထိုင်း−မြန်မာနယ်စပ် မြဝတီမြို့မှာရှိတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေ အားလုံး မြို့ကနေ ဆုတ်ခွာခဲ့ရပြီးတဲ့နောက် နယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေးနဲ့ ပြည်သူတွေ ဘေးကင်းလုံခြုံရေး အတွက် ကရင်အမျိုးသား အစည်းအရုံး KNU က ဆက်လက် ကြိုးပမ်း ဆောင်ရွက်နေတဲ့အကြောင်း KNUက ဒီကနေ့ ကြေညာချက် ထုတ်ပြန်ပါတယ်။
အရှေ့အလယ်ပိုင်း ဒေသမှာ အကြမ်းဖက်မှုတွေ ထပ်တိုးမလာအောင် ကြိုးပမ်းတဲ့အနေနဲ့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Antony Blinken ဟာ တူရကီ၊ ဆော်ဒီအာရေဗျ နဲ့ တရုတ်နိုင်ငံတွေက နိုင်ငံခြားရေး ဝန်ကြီးတွေနဲ့ ဖုန်းဆက်သွယ် ပြောဆို ဆွေးနွေးခဲ့တယ်လို့ အမေရိကန် နိုင်ငံခြားရေးဌာနက ပြောပါတယ်။
နောက်ထပ်ကြည့်ရှုရန်