အင်ဒို ပိစိဖိတ်ဒေသမှာ တရုတ်ရဲ့ ရန်လိုတဲ့လုပ်ရပ်တွေအတွက် စိုးရိမ်မှုတွေ ပိုတိုးလာနေချိန်မှာ အမေရိကန်က ဒေသတွင်း စစ်ရေးအရ အရေးပါတဲ့ မဟာမိတ် ၂ နိုင်ငံနဲ့ ပထမဆုံးအကြိမ် ထိပ်သီးအစည်းအဝေး ကျင်းပပြီး အာမခံပြောကြားတာလည်း ဖြစ်ပါတယ်။
ထိုင်းရိုးရာနှစ်ကူး Songkran ပွဲတော်ကို ကမ္ဘာ့ယဉ်ကျေးမှု ရိုးရာအမွေအနှစ် တခုအဖြစ် UNESCO က သိပ်မကြာခင်ကပဲ အသိအမှတ်ပြု ကြေညာခဲ့သလို၊ ဒီနှစ် Songkran ပွဲတော်ကို အရင်နှစ်တွေနဲ့မတူ ပိုပြီး တခမ်းတနား စည်ကားအောင်ကျင်းပဖို့ ထိုင်းတာဝန်ရှိသူတွေ စီစဉ်ထားတာပါ။
မြန်မာနိုင်ငံအတွင်းက လက်နက်ကိုင် ပဋိပက္ခတွေကို မြန်မာ့ပြည်တွင်းရေး သက်သက်အဖြစ် မရှုမြင်ဘဲ ချဉ်းကပ်ဖို့ ထိုင်းနယ်စပ်ကို သွားရောက်တဲ့ Fair ခေါ် Pen Tham ပါတီက ထိုင်းလွှတ်တော်အမတ် Kannavee Suebsang က ထိုင်းအစိုးရကို တိုက်တွန်းလိုက်ပါတယ်။
အမေရိကန်ပြည်သူတွေကိုယ်စား မြန်မာပြည်သူတွေအတွက် အကောင်းဆုံး ဆုတောင်းတွေနဲ့အတူ မြန်မာပြည်သူတွေနဲ့ တသားထဲရပ်တည်နေပါတယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Antony Blinken ကထုတ်ပြန်ခဲ့သလို၊ မြန်မာနိုင်ငံဆိုင်ရာ သံရုံးယာယီတာဝန်ခံ Susan Stevenson က Video ဆုတောင်းပေးပို့ပါတယ်။
သင်္ကြန်ကာလမှာ စစ်ကောင်စီက အရပ်သားတွေကို ပစ်မှတ်ထား တိုက်ခိုက်လာနိင်တာကြောင့် ရခိုင်ဒေသခံတွေအနေနဲ့ လူစုလူဝေးမလုပ်ဖို့နဲ့ တရွာနဲ့တရွာ သွားလာ ပျော်ပါးတာတွေ၊ ဘုန်းကြီးကျောင်းတွေမှာ ဥပုသ်သီလ ဆောက်တည်တာတွေ မလုပ်ကြဖို့ အာရက္ခတပ်တော် AA က တိုက်တွန်းထားပါတယ်။
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်ထဲမှာ ကချင်လွတ်မြောက်ရေး တပ်မတော် KIA နဲ့ မြန်မာစစ်ကောင်စီတို့ ဘယ်အချိန် တိုက်ပွဲတွေ ပြန်ပြင်းထန်လာမလဲဆိုတဲ့ စိုးရိမ်မှုတွေနဲ့ နေရပ်စွန့်ခွာ ထွက်ပြေးသူတွေ အများအပြားရှိနေပါတယ်။ အများစုက မန္တလေးမြို့ပေါ်ကို ပြောင်းရွှေ့နေကြတာပါ။
ထိုင်း-မြန်မာနယ်စပ်မြို့ဖြစ်တဲ့ မြဝတီမြို့မှာ စစ်တပ်က လေကြောင်းတိုက်ခိုက်မှုတွေ ဆက်လုပ်နေချိန်မှာ ထိုင်းလေကြောင်းပိုင်နက်ထဲ မြန်မာစစ်လေယာဉ်တွေ ဝင်လာရင် တုံ့ပြန်ဖို့ ညွှန်ကြားထားတယ်လို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးက ပြောကြားလိုက်ပါတယ်။
ထိုင်း-မြန်မာ နယ်စပ်မြို့ဖြစ်တဲ့ မြ၀တီမြို့ကို ဆက်လက်ထိန်းထားနိုင်ဖို့ စစ်ကောင်စီဘက်ကလည်း တပ်မ ၅၅ လက်အောက်ခံ တပ်တွေဟာ လမ်းကြောင်း ၃ ကြောင်းကနေဖြန့်ပြီး ကျုံဒိုး-ကော့ကရိတ် လမ်းအတိုင်း မြ၀တီကို လာခဲ့ရာမှာ လမ်းတလျှောက် ပူးပေါင်းတပ်တွေက ကြားဖြတ် တိုက်တဲ့အတွက် တိုက်ပွဲတွေ ပြင်းထန်နေပါတယ်။
ပီရူးနိုင်ငံအလယ်ပိုင်း အင်ဒီးစ်တောင်တန်းဒေသက အဘိုးအိုရဲ့ မွေးနေ့ပွဲကို အခမ်းအနားနဲ့ ကျင်းပပေးခဲ့ပါတယ်။ ဘိုးဘွားရိပ်သာမှာနေနေတဲ့ ဘိုးဘိုးက ကမ္ဘာ့အသက်အကြီးဆုံးပုဂ္ဂိုလ်ဖြစ်တယ်ဆိုတဲ့ ဂင်းနစ်စံချိန်မှတ်တမ်းဝင်ဖို့ ပီရူးနိုင်ငံအာဏာပိုင်တွေ ဆက်သွယ်ကြိုးပမ်းနေပါတယ်။
ပီရူးနိုင်ငံက ကမ္ဘာ့အသက်အကြီးဆုံးအဘိုးအို ဒီလမှာပဲ အသက် တရာ့အစိတ်ပြည့်၊ ကင်ညာနိုင်ငံမှာ ရေစီးနဲ့ မြစ်ထဲကျသွားတဲ့ ဘတ်စကားပေါ်ကလူတွေ အသက်မသေ လွတ်မြောက်၊ ဒီလို ဆိုရှယ်မီဒီယာပေါ်မှာ လူကြည့်များတဲ့ တမိနစ် သတင်းတိုလေးတွေကို မအေးသန္တာကျော် စုစည်းတင်ဆက်ထားပါတယ်။
တရုတ် နဲ့ ထိုင်ဝမ်ကြား ၂ နိုင်ငံပြန်လည်ပေါင်းစည်းရေး ကြိုးပမ်းတဲ့အနေနဲ့ တရုတ်သမ္မတ ရှီကျင့်ဖျင် နဲ့ ထိုင်ဝမ်သမ္မတဟောင်း Ma Ying-jeou တို့ဟာ ဘေဂျင်းမြို့မှာ တွေ့ဆုံခဲ့ကြပါတယ်။ တရုတ် နဲ့ ထိုင်ဝမ်တို့ဟာ ၁၉၄၉ ခုနှစ်က ပြည်တွင်းစစ်အတွင်းမှာ ကွဲသွားခဲ့တာဖြစ်ပါတယ်။
မဲအများစု ရေတွက်ပြီးချိန် ကနဦးရလာဒ်တွေအရ အမတ်နေရာ ၃၀၀ ရှိတဲ့လွှတ်တော်မှာ အတိုက်အခံဘက်က ၁၈၄ နေရာ အနိုင်ရရှိထားတယ်လို့ ကိုရီးယားရွေးကောက်ပွဲကော်မရှင်က ဒီနေ့ကြာသပတေးနေ့အစောပိုင်း ထုတ်ပြန်ပါတယ်။
ထောက်ပံ့ရေးပစ္စည်းတွေတင်ဆောင်တဲ့ ကုန်ကားတွေသွားနိုင်ဖို့ ခက်ခဲတဲ့နေရာမှာ နယ်စပ်လမ်းသစ်ဖောက်လိုက်တဲ့အတွက် အရပ်သားတွေဆီကို တိုက်ရိုက်အကူအညီတွေရောက်အောင် ပို့နိုင်မှာဖြစ်တယ်လို့ အစ္စရေးစစ်တပ်ပြောခွင့်ရက ပြောပါတယ်။
Van Thing Phat အိမ် ခြံ မြေ ကုမ္ပဏီရဲ့ ဥက္ကဋ္ဌဖြစ်တဲ့ အသက် ၆၇ နှစ်အရွယ် သူဋ္ဌေးကြီး Lan ဟာ အမေရိကန်ဒေါ်လာ ၁၂.၅ ဘီလျံ လောက်အထိရှိတဲ့ ငွေတွေကို လိမ်လည်ခဲ့တယ်ဆိုပြီး ဟိုချီမင်းမြို့တရားရုံးက သေဒဏ်ချမှတ်လိုက်ကြောင်း အစိုးရပိုင်မီဒီယာ Thanh Nien က ပြောပါတယ်။
ကရင် KNLA တပ်နဲ့ ပြည်သူ့ကာကွယ်ရေး PDF ပူးပေါင်းတပ်တွေ စီးနင်းနိုင်ခဲ့တဲ့ မြဝတီမြို့က တိုက်ပွဲကြောင့် ထိုင်းနိုင်ငံဘက် သက်ရောက်မှုတွေကို လေ့လာဖို့ မြဝတီနဲ့ကပ်နေတဲ့ ထိုင်းနိုင်ငံ မဲဆောက်မြို့ကို မနက်ဖြန် သောကြာနေ့မှာ သွားမယ်လို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီး Parnpree Bahiddha-Nukara ကပြောပါတယ်။
မြန်မာနိုင်ငံဘက်က လက်နက်ကိုင်ပဋိပက္ခတွေကြောင့် နောက်ထပ် နှစ်နိုင်ငံ ကုန်သွယ်ရေး ထပ်ပြီး ကျဆင်းသွားမှာ စိုးရိမ်တဲ့အကြောင်း ထိုင်း စက်မှု လုပ်ငန်းရှင်ကြီးများအသင်း FTI က ပြောဆိုပါတယ်။
နေပြည်တော်မှာရှိတဲ့ အေလာ လေတပ်စခန်းကို ကာကွယ်ရေး တပ်ဖွဲ့တွေက ရှော့တိုက် ဒုံးတွေနဲ့ ဒီကနေ့ ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ထိခိုက် သေဆုံးတာတွေရှိတယ်လို့ ကာကွယ်ရေး တပ်ဖွဲ့တွေဘက်က သတင်းထုတ်ပြန်ထားပါတယ်။ ဒေသခံတွေလည်း ကျယ်လောင်တဲ့ ပေါက်ကွဲသံတွေ ကြားရတယ်လို့ ပြောပါတယ်။
ကချင်ပြည်နယ် ကျောက်စိမ်းထွက်ရှိရာ ဖားကန့်မြို့ရဲ့ အဓိက ဝင်ပေါက်လမ်းပေါ်က နန့်ယားတပ်စခန်းကို KIA က ဒီကနေ့ မနက်မှာ သိမ်းယူ လိုက်ပါတယ်။ တချိန်တည်းမှာတော့ ဖားကန့်မြို့နယ်ရဲ့ အင်းတော်ကြီးဒေသဘက်က အခြားအဝင်လမ်းဖြစ်တဲ့ ဆယ်ဇင်းဘက်မှာလည်း တိုက်ပွဲ ဆက်လက် ဖြစ်ပွားနေပါတယ်။
ဗြိတိန်နိုင်ငံ လန်ဒန်မြို့တော်မှာ ဖွင့်ထားတဲ့ “Yum Bug စားမြိန်ပိုးကောင်” ဆိုတဲ့ စားသောက်ဆိုင်ဟာ သာမန် စားသောက်ဆိုင်လို့ ထင်ရပေမဲ့ သူက ဟင်းလျာတွေကို ပိုးကောင်လေးတွေနဲ့ ချက်ပြုတ်ရောင်းချတာပါ။ ။ ပုရစ်လို အာရှနာမည်ကျော် ပိုးကောင်ဟင်းလျာတွေကို အနောက်တိုင်းသားတွေ စားရဲလာအောင် လုပ်ရတာကတော့ ခက်ခဲပါတယ်။
ကင်ညာနိုင်ငံ အရှေ့ခြမ်းဒေသမှာ ရေတက်ချိန် ရေထဲဖြတ်မောင်းတဲ့ ဘတ်စ်ကားတစီး ရေစီးနဲ့ မျောသွားတာမှာ ဘတ်စ်ကားပေါ်ကလူတွေ အသက်မသေ လွတ်မြောက်ခဲ့ပါတယ်။ အရှေ့ အာဖရိကဒေသမှာ လွန်ခဲ့တဲ့ ၆ လအတွင်း စံချိန်တင်အောင်ရေကြီးပြီး လူ ၁၀ ဦးကျော် သေဆုံးခဲ့ရပြီး ဖြစ်ပါတယ်။
နောက်ထပ်ကြည့်ရှုရန်