မြန်မာစစ်တပ်ဟာ ရိုဟင်ဂျာမွတ်ဆလင် အမျိုးသားနဲ့ လူငယ် ၁,၀၀၀ လောက်ကို ဖေဖော်ဝါရီလကတည်းက အဓမ္မ ဖမ်းဆီးပြီး စစ်သားအဖြစ် စုဆောင်းနေတယ်လို့ လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ HRW က မနေ့ ဧပြီလ ၉ ရက်နေ့ ရက်စွဲနဲ့ ထုတ်ပြန်တဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။
ဟောင်ကောင်က အထပ်မြင့် အဆောက်အဦတခုမှာ ဒီကနေ့ မီးလောင်မှု ဖြစ်ပွားရာက လူ ၅ ဦးထက် မနည်း သေဆုံးခဲ့ပါတယ်။ မီးလောင်မှုကြောင့် လူပေါင်း ၃၆ ယောက် ဒဏ်ရာရခဲ့ပြီး၊ ၂၅၀ လောက်ကိုလည်း အရေးပေါ် ကယ်တင်ခဲ့ရတာပါ။
မြဝတီမြို့မှာ တိုက်ပွဲတွေ ပြင်းထန်နေတာကြောင့် ထိုင်းဘက်ကလည်း နယ်စပ်ကို လုံခြုံရေးတင်းတင်းကြပ်ကြပ်ချထားပါတယ်။ မြဝတီမြိုခံတချို့ကတော့ နယ်ခြားကို ဖြတ်ပြီး ထိုင်းဘက်ကို နည်းလမ်းမျိုးစုံနဲ့ ကူးလာနေကြဆဲ ဖြစ်ပါတယ်။
ဟာမတ်စ် စစ်သွေးကြွအဖွဲ့ကို ထိုးစစ်ဆင်တိုက်ခိုက်နေတဲ့ အစ္စရေးဝန်ကြီးချုပ် Benjamin Netanyahu ရဲ့ စစ်ပွဲအပေါ် ချဉ်းကပ်ပုံကို လက်မခံကြောင်း အမေရိကန်သမ္မတ Joe Biden က ပြောကြားလိုက်ပြီး စာနာမှုဆိုင်ရာ အကူအညီတွေ ပို့ပေးနိုင်ရေးအတွက် စစ်ပွဲတွေကို ရပ်ဆိုင်းပေးဖို့ တောင်းဆိုလိုက်ပါတယ်။
ဖမ်းဆီထောင်ချခံထားရတဲ့ အမျိုးသားဒီမိုကရေစီအဖွဲချုပ် (NLD) ပါတီ နာယက ဦးဝင်းထိန် အပူကြီးတဲ့အတွက် ဆေးရုံတက်ဆေးကုသနေရတယ်လို့ ရှေ့နေကပြောပါတယ်။ ဒါပေမဲ့လည်း စိုးရိမ်ရတဲ့ အဆင့်တော့ မရှိဘူးလို့လည်း ပြောပါတယ်။
အစ္စလာမ်ဘာသာဝင်တို့ရဲ့ ရာမန်ဒန် ဥပုသ်လရာသီကုန်ဆုံးတဲ့ အထိမ်းအမှတ် Eid al-Fitr ပွဲတော်တွေကို ကမ္ဘာတဝှမ်း ကျင်းပနေပြီး အစ္စလာမ်ဘာသာဝင် အများဆုံးနေထိုင်တဲ့ အင်ဒိုနီးရှားနိုင်ငံက အာချေးပြည်နယ်မှာလည်း ဝတ်ပြုဆုတောင်းပွဲတွေ ကျင်းပပါတယ်။
မွန်ပြည်နယ် မော်လမြိုင်မြို့က စစ်ရုံးချုပ်ကို အေဝေးထိန်းဒရုန်းနဲ့ တိုက်ခိုက်ခဲ့ပြီး စစ်အရာရှိကြီးတချို့ အပါအဝင် ထိခိုက်မှုတွေ ရှိခဲ့ကြောင်းဒေသခံကာကွယ်ရေး တပ်ဖွဲ့တွေက ပြောပါတယ်။ တိုက်ခိုက်မှုနောက်ပိုင်းမှာတော့ မော်လမြိုင်မြို့မှာ လုံခြုံရေးတင်းကြပ် ထားတယ်လို့လည်း မြို့ခံတွေက ပြောပါတယ်။
ထိုင်း မြန်မာနယ်စပ် မြဝတီဘက်မှာ တိုက်ပွဲတွေ ပြင်းထန်နေပေမဲ့လည်း နယ်ခြားဂိတ်တွေကို ဖွင့်ထားဆဲ ဖြစ်ပြီး ကုန်သွယ်ရေး ရပ်တန့်သွားတာမျိုး ဖြစ်လာခဲ့ရင်၊ ရနောင်းလို တခြား လမ်းတွေကနေ ကုန်တွေ ပေးပို့သွားမယ့်အကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီး Parnpree Bahiddha-Nukara က ပြောပါတယ်။
ဥတုရာသီဖောက်ပြန်တာရဲ့ အကျိုးဆက်တွေကနေ ကိုယ့်နိုင်ငံသားတွေကို ဥရောပသမဂ္ဂနိုင်ငံတွေက ပိုပြီးကာကွယ်ရမယ်လို့ ဥရောပရဲ့ အမြင့်ဆုံး လူ့အခွင့်အရေး တရားရုံးက အင်္ဂါနေ့မှာ ဆုံးဖြတ်လိုက်ပါတယ်။ ဆွစ်ဇာလန်အစိုးရကို နိုင်ငံသား အမျိုးသမီးတွေက တရားစွဲဆိုခဲ့ရာမှာ တရားရုံးက အမျိုးသမီးတွေကို အနိုင်ပေးလိုက်တာပါ။
အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကိုလက်ခံဖို့ ဟာမတ်စ်အဖွဲ့ကို အမေရိကန်က အင်္ဂါနေ့မှာ တိုက်တွန်းလိုက်ပါတယ်။ ဟာမတ်စ်ဖမ်းဆီးထားတဲ့ ဓားစာခံ ၁၀၀ ကျော်နဲ့ အစ္စရေးဖမ်းထားတဲ့ ပါလက်စတိုင်းအကျဥ်းသား လဲလှယ်ရေး မူကြမ်းကို အီဂျစ်နိုင်ငံ ကိုင်ရိုမြို့မှာ ဟာမတ်စ်အဖွဲ့ကိုပေးခဲ့တယ်လို့ ဝန်ကြီး Blinken က ပြောပါတယ်။
ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီက ထုတ်ပြန်တဲ့ မြန်မာစစ်ကောင်စီရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေဟာ အခြေအမြစ်မရှိ တဖက်သပ်စွပ်စွဲချက်တွေဆိုပြီး မြန်မာစစ်ကောင်စီဘက်က ပယ်ချပါတယ်။
မြန်မာနယ်စပ်အခြေအနေနဲ့ပတ်သက်လို့ ထိုင်းဝန်ကြီးချုပ်ဦးဆောင်တဲ့ ထိုင်းအစိုးရ အရေးပေါ်အစည်းအဝေးကို အင်္ဂါနေ့ကခေါ်ယူခဲ့ပြီးနောက်၊ မြန်မာနိုင်ငံတွင်း အစုအဖွဲ့အားလုံးနဲ့ဆွေးနွေးသွားရမယ်လို့ ထိုင်းဝန်ကြီးချုပ်က ပြောဆိုပါတယ်။ မြန်မာပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်တာမျိုး မလုပ်ပဲ၊ ကြားနေသွားမယ်လို့ပြောပါတယ်။
ရခိုင်ပြည်နယ်က ဘူးသီးတောင် မောင်တောနဲ့ အမ်းမြို့နယ်တွေမှာ စစ်ကောင်စီနဲ့ ရက္ခိုင့်တပ်တော် AA တို့ကြား ဧပြီ ၉ ရက် တိုက်ပွဲတွေ ပြင်းထန်နေဆဲ ဖြစ်ပါတယ်။ အမ်းမြို့နယ်မှာဆိုရင်လည်း လမ်းခရီးတွေကို နှစ်ဘက်အပြန်အလှန် ပိတ်ထားတာကြောင့် စားနပ်ရိက္ခာတွေ ပြတ်လပ်နေတယ်လို့ ဒေသခံတွေက ပြောဆိုကြပါတယ်။
အာရှရဲ့ အကြီးဆုံး ကျုးလစ် ပန်းခြံလို့ မှတ်တမ်းတင်ခံရတဲ့ အိန္ဒိယနိုင်ငံ မြောက်ပိုင်း ဂျမူး ကက်ရှ်မီးယား ဒေသက ပန်းခြံပါ။ အင်ဒီယာ ဂန္ဓီ အထိမ်းအမှတ် ပန်းခြံကနေ ဟက်တာ သုံးဆယ်လောက်အထိ ကျုးလစ်ပန်းတွေ ပွင့်နေတာကို ရိုက်ကူးထားတာပါ။ မတ်လလယ်ကနေ ဧပြီလကုန်လောက်အထိ ခရီးသည်တွေကို အဓိက ဆွဲဆောင်တဲ့ ကျူးလစ်ပန်းခြံပါ။
နှစ်ကူး ကာလ ကမ္ဘောဒီးယား နိုင်ငံမှာ ရိုးရာ နွားလှည်းပြိုင်ပွဲ ကျင်းပလေ့ရှိပါတယ်။ နှစ်ပေါင်းများစွာ ရှိခဲ့တဲ့ ရိုးရာအစဉ်အလာအဖြစ် နွားတရှဉ်းဆွဲတဲ့ လှည်းတွေနဲ့ အပြိုင်မောင်းကြတာပါ။ မြန်မာနိုင်ငံနဲ့ အင်ဒိုနီးရှားနိုင်ငံတွေမှာလည်း အလားတူ နွားလှည်း ဒုံးမောင်းပြိုင်ပွဲတွေ ကျင်းပတဲ့ အစဉ်အလာရှိပါတယ်။
တရားဝင် နယ်စပ်ကုန်သွယ်ရေး မရှိသလောက် ဖြစ်နေတဲ့အခြေအနေမှာ မှောင်ခိုစျေးကွက်ကိုပဲ အားထားနေရတယ်လို့ ပြည်တွင်းက နယ်စပ်ကုန်သည်တွေက ပြောပါတယ်။ ငွေတန်ဖိုး ပိုပြီး ကွာဟလာတာကြောင့်လည်း ပြည်တွင်းမှာ ကုန်စျေးနှုန်းတွေ ဆက်ပြီး တက်လာနိုင်တာကို လုပ်ငန်းရှင်တွေက ခန့်မှန်းထားတာပါ။
ကုလသမဂ္ဂဆိုင်ရာ အမေရိကန် သံအမတ်ကြီး Linda Thomas-Greenfield ဟာကိုရီးယားနှစ်နိုင်ငံနယ်စပ်ကိုသွားရောက်ပြီး မြောက်ကိုရီးယားကနေ တောင်ကိုရီးယားကို ဘက်ပြောင်း ခိုလှုံလာတဲ့သူတွေနဲ့ တွေ့ဆုံမယ်လို့ပြောပါတယ်။
ထိုင်း-မြန်မာနယ်စပ် ကုန်သွယ်ရေးမှာ အဓိကကျတဲ့ နေရာတခုဖြစ်တဲ့ မြဝတီမြို့မှာ တိုက်ပွဲတွေဖြစ်ပွားနေတဲ့အတွက် ဒေသခံတွေဟာ ထိုင်းနိုင်ငံဘက်ကို ထွက်ပြေးတိမ်းရှောင်နေရပါတယ်။
ဂါဇာဒေသမှာ အစ္စရေးက အပစ်အခတ်ရပ်စဲရေး မကြေညာမချင်း၊ တူရကီနိုင်ငံက အစ္စရေးနိုင်ငံအပေါ် ကုန်သွယ်ရေး ပိတ်ဆို့ဒဏ်ခတ်မှုတွေ ချမှတ်မယ်လို့ ဒီနေ့ပဲ ပြောလိုက်ပါတယ်။ ကုန်သွယ်ရေးကန့်သတ်ချက်မှာ သံ၊ သံမဏိ၊ ဘိလပ်မြေ၊ လေယာဉ် လောင်စာဆီ၊ ဓာတ်မြေသြဇာအပါအဝင် ကုန်ပစ္စည်း အမျိုးအစား ၅၄ မျိုးပါဝင်ပါတယ်။
နောက်ထပ်ကြည့်ရှုရန်