အမေရိကန်နဲ့ အစ္စရေးကာကွယ်ရေးဝန်ကြီးတွေဟာ အမေရိကန်နိုင်ငံ ကာကွယ်ရေးဝန်ကြီးဌာနမှာ အင်္ဂါနေ့က တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။ ရာဖာမြို့က ဟာမတ်စ်တွေကို တိုက်ခိုက်နိုင်မယ့်နည်းလမ်းတွေ ဆွေးနွေးကြမယ်လို့ အစည်းအဝေးအစမှာ အမေရိကန် ကာကွယ်ရေးဝန်ကြီး လွိုက် အော်စတင်က ပြောပါတယ်။
၂၀၁၄ ခုနှစ်နောက်ပိုင်း ဆယ်နှစ်အတွင်း ကမ္ဘာတဝှမ်းမှာ နေရပ်စွန့်ခွာ ရွှေ့ပြောင်းအခြေချသူ ၆၃,၀၀၀ ကျော် ပျောက်ဆုံးခဲ့ပြီး ပျောက်သွားသူအများဆုံး အာဖဂန်နစ္စတန်ပြီးရင် မြန်မာနိုင်ငံက ဒုတိယ-လို့ ကုလသမဂ္ဂ ရွှေ့ပြောင်းအခြေချဖို့ ကြိုးစားသူများဆိုင်ရာ နိုင်ငံတကာအဖွဲ့ IOM အဖွဲ့ကြီးရဲ့ အစီရင်ခံစာက ဆိုပါတယ်။
၂၀၁၄ ခုနှစ်နောက်ပိုင်း ဆယ်နှစ်အတွင်း ကမ္ဘာတဝှမ်းမှာ နေရပ်စွန့်ခွာ ရွှေ့ပြောင်းအခြေချသူ ၆၃၀၀၀ ကျော် ပျောက်ဆုံးခဲ့ပြီး၊ သေဆုံးသွားကြတယ်လို့ ယူဆရတဲ့အကြောင်း ကုလသမဂ္ဂရဲ့ နိုင်ငံရွှေ့ပြောင်းသူများ ဆိုင်ရာ နိုင်ငံတကာအဖွဲ့အစည်းဖြစ်တဲ့ IOM အဖွဲ့ကြီးက က အစီရင်ခံစာ ထုတ်ပြန်ပါတယ်။
Hamas စစ်သွေးကြွအဖွဲ့ကို ချေမှုန်းဖို့အတွက် စစ်ဆင်ရေးတွေကို အရှိန်မြှင့်ဆက်လုပ်သွားမယ်လို့ အစ္စရေးဝန်ကြီးချုပ် Benjamin Netanyahu က ဒီနေ့ထပ်မံကတိပြုလိုက်ပြီး၊ ဂါဇာကမ်းမြောင်ဒေသမှာ ချက်ချင်း အပစ်ရပ်ဖို့ တောင်းဆိုထားတဲ့ကုလသမဂ္ဂ လုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ်ချက်ကိုလည်း ဝေဖန်ပြစ်တင်ခဲ့ပါတယ်။
မနက်ဖြန်ကျရောက်မယ့် တပ်မတော်နေ့/ တော်လှန်ရေးနေ့ စစ်ရေးပြပွဲမှာ လေယာဥ်၊ ရဟတ်ယာဥ်တွေနဲ့ စွမ်းရည်ပြ အလေးပြု ပျံသန်းပြီး ထူးထူးခြားခြား ကျင်းပသွားမယ်လို့ စစ်ကောင်စီက ကြေညာပါတယ်။ စစ်ရေးပြအခမ်းအနားကို နေပြည်တော်မှာ ရာသီဥတုအခြေအနေကြောင့် ညနေပိုင်းမှာ ကျင်းပမယ်လို့လည်းဆိုပါတယ်။
Chen Xuyuan ဟာ ၂၀၂၀ ခုနှစ်ကနေ ၂၀၂၃ ခုနှစ်အထိ တာဝန်ယူခဲ့တဲ့အလုပ်တွေမှာ ပရောဂျက် ကန်ထရိုက်ပေးတာ၊ လုပ်ငန်းရင်းနှီးမြှပ်နှံတာ၊ အားကစားပွဲအစီအစဉ်တွေလုပ်တဲ့နေရာတွေမှာ လုပ်ပိုင်ခွင့်သုံးပြီး အလွဲသုံးစားလုပ်ခဲ့တယ်လို့ Hubei နယ်တရားရုံးတခုက ဆုံးဖြတ်ခဲ့ကြောင်း ဆင်ဟွာသတင်းက ဖော်ပြပါတယ်။
ကုန်းလော စခန်းကို တိုက်ခိုက်ချိန်မှာ စစ်ကောင်စီဘက်က လေကြောင်းက ဗုံးကြဲတိုက်ခိုက်တာတွေရှိခဲ့တာကြောင့် ကုန်းလောနဲ့ မြို့သစ်အနီးအနားက ကျေးရွာတွေဟာ နေရပ်စွန့်ခွာ ထွက်ပြေးနေရသလို ထိခိုက်ဒဏ်ရာရတာတွေလည်းရှိကြောင်း ဒေသခံတွေက ပြောပါတယ်။
မွန်ပြည်နယ်၊ မော်လမြိုင်မြို့ အဝင်အထွက် မြို့ပြင်နေရာတွေမှာ စစ်ကောင်စီအဖွဲ့တွေ စစ်ဆေးရေး တင်းကြပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ကော့ဘိန်းကျေးရွာ ရဲစခန်းကို တော်လှန်ရေးပူးပေါင်း အဖွဲ့တွေ သိမ်းပိုက်ပြီးနောက် မြို့အဝင်အထွက်တွေ အခုလို တင်းကြပ်ထားတာလို့ ဒေသခံတွေက ယူဆနေကြပါတယ်။
စစ်ကိုင်းတိုင်း ယင်းမာပင်နဲ့ ဆားလင်းကြီးမြို့နယ်ကြားက ကျေးရွာတွေကို စစ်တပ်ဘက်က နယ်မြေရှင်းလင်းနေတာကြောင့် ဒေသခံအများအပြား ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ရေဦးနဲ့ခင်ဦးမြို့မှာလည်း စစ်တပ်နယ်မြေရှင်းလင်းရေးအတွင်း အရပ်သား သေဆုံးတာတွေ ရှိခဲ့ပါတယ်။
ရိုဟင်ဂျာ ၁၅၀ လောက် လိုက်ပါလာတဲ့သစ်သားလှေတစီးဟာ ပြီးခဲ့တဲ့ အပတ်က အင်ဒိုနီးရှားနိုင်ငံ အာချေးပြည်နယ်အနီး မှောက်သွားတာမှာ ရုပ်အလောင်း ၁၁ လောင်းကို ဆယ်ယူရရှိတယ်လို့ ဒေသဆိုင်ရာ တာဝန်ရှိသူတွေက မတ်လ ၂၅ ရက်နှောင်းပိုင်းက ပြောပါတယ်။
အမေရိကန်နိုင်ငံ မေရီလန်းပြည်နယ်၊ Baltimore မြို့က Patapsco မြစ်ကိုဖြတ်ဆောက်ထားတဲ့ Francis Scott Key တံတားကြီး ပြိုကျသွားခဲ့ပြီးနောက် ရေထဲကျသွားတဲ့ လူပေါင်း ၂၀ ထက်မနည်းကို ကယ်ဆယ်ရေးအဖွဲ့တွေ ရှာဖွေနေကြပါတယ်။
ယူကရိန်းနိုင်ငံမြို့တော် Kyiv ထဲကို သီတင်းတပတ်အတွင်း တတိယအကြိမ်အဖြစ် ရုရှားတို့က တနင်္လာနေ့မှာ လေကြောင်းကနေ တိုက်ခိုက်ခဲ့ပါတယ်။ ယူကရိန်းမြို့ကြီးတွေကို ရုရှားက လေကြောင်းကနေ ဗုံးတွေနဲ့အကြီးအကျယ် တိုက်ခိုက်နေတာပါ။
ရုရှားနိုင်ငံ မော်စကိုမြို့က ဂီတဖျော်ဖြေရေးပွဲတခုကို ဝင်ရောက်တိုက်ခိုက်ခဲ့တာ သူတို့လက်ချက်ဖြစ်ကြောင်း IS တို့ကြေညာလိုက်ပြီးတဲ့နောက် ပြင်သစ်နိုင်ငံလိုပဲ အီတလီမှာလည်း လုံခြုံရေးအဆင့်ကို အလားတူတိုးမြှင့်လိုက်ပါတယ်။
တရုတ်အစိုးရနဲ့ဆက်စပ်နေတဲ့ ကုမ္ပဏီတခုနဲ့လူပုဂ္ဂိုလ်နှစ်ဦးကို အရေးယူဒဏ်ခတ်လိုက်ကြောင်း အမေရိကန်နဲ့ ဗြိတိန်နိုင်ငံတို့ တနင်္လာနေ့မှာ ကြေညာပါတယ်။ ဗြိတိန် ရွေးကောက်ပွဲကော်မရှင်နဲ့ အမေရိကန်နဲ့ ဗြိတိန်လွှတ်တော်အမတ်တွေကိုပစ်မှတ်ထားတဲ့ ဆိုက်ဘာတိုက်ခိုက်မှုနဲ့ ဆက်နွယ်ပြီး ခုလိုအရေးယူလိုက်တာပါ။
ဂါဇာဒေသမှာ အပစ်အခတ်ရပ်စဲဖို့ ကုလသမဂ္ဂလုံခြုံရေးကောင်စီက တနင်္လာနေ့မှာ ပထမဆုံး မဲခွဲအတည်ပြု တောင်းဆိုလိုက်ပါတယ်။ အမေရိကန်ပြည်ထောင်စုဘက်က ဒီဆုံးဖြတ်ချက်ကို ဗီတိုအာဏာမသုံးခဲ့သလို မဲလည်း မပေးခဲ့ပါဘူး။
လိင်ဖျော်ဖြေရေး အပြာကားတွေ ရိုက်ကူးတဲ့ မင်းသမီး တဦးကို ၂၀၁၆ ခုနှစ်က နှုတ်ပိတ်ခ ငွေပေးခဲ့တယ်ဆိုပြီး သမ္မတဟောင်း Donald Trump အပေါ် နယူးယောက် တရားရုံးမှာ စွဲဆိုထားတဲ့ အမှုအတွက် အရေးကြီးတဲ့ ကြားနားစစ်ဆေးမှုတွေ ဒီ သတင်းပတ်အတွင်း စတင်ဖို့ ရှိနေပါတယ်။
ရုရှားနိုင်ငံမှာ ဓာတ်အားပေးစက်ရုံတခု မီးလောင်မှုကြောင့် လျှပ်စစ်မီးပြတ်တောက်နေချိန်မှာပဲ အနောက်တောင်ပိုင်း Rostov ဧရိယာကို တိုက်ခိုက်လာတဲ့ ယူကရိန်းရဲ့ ဒရုန်းတိုက်ခိုက်မှုတွေကို တားဆီးနိုင်ခဲ့တယ်လို့ ရုရှားက ဒီနေ့ပဲပြောပါတယ်။
ကချင်ပြည်နယ်မှာ ဆုတ်ခွာလာတဲ့စစ်ကောင်စီတပ်တွေ ကို KIA ပူးပေါင်းတပ်တွေက လိုက်လံတိုက်နေရာမှာ မိုးမောက်မှာ ဒီကနေ့ တိုက်ပွဲတွေ အတော်လေးပြင်းထန်ကြောင်း ဒေသခံတွေက ဗွီအိုအေကိုပြောပါတယ်။
ထိုင်းအစိုးရက စစ်ကောင်စီ တာ၀န်ရှိသူတွေလက်ထဲ စတင်လွှဲပြောင်းပေးခဲ့တဲ့ လူသားချင်းစာနာမှုအကူအညီတွေ ဒုက္ခသည်တွေလက်ထဲရောက်ရှိဖို့မလွယ်ကြောင်း ကရင်ပြည်နယ်တွင်း လူသားချင်းစာနာမှုအကူအညီပေးရေးအဖွဲ့တွေက ဗွီအိုအေကိုပြောပါတယ်။
ပါကစ္စတန် ရဲ့ စီးပွားရေးမြို့တော် ကရာချီ က ရပ်ကွက်တခုဟာ လူဆိုးဂိုဏ်းတွေ အကြမ်းဖက်တဲ့ နေရာ အဖြစ်ထင်ရှားခဲ့ပြီး မျိုးဆက်အလိုက် ခံစားခဲ့ရတဲ့ စိတ်ဒဏ်ရာတွေကို ကုစားနိုင်ဖို့ အဲ့ဒီက ကျောင်းတကျောင်းဟာ အာရုံစိုက်လုပ်ဆောင်နေပါတယ်။
နောက်ထပ်ကြည့်ရှုရန်