မဲစာရင်းမှန်ကန်ရေးကို ဦးစားပေးလုပ်ဆောင်နေပြီး ဒီနှစ်အတွင်းမှာ ပြီးနိုင်ဖို့ မျှော်လင့်ထားတယ်လို့လည်း ပြောပါတယ်။ ဒါပေမဲ့လည်း စစ်ကောင်စီ ဥက္ကဋ္ဌရဲ့ အခုလို ပြောဆိုမှုဟာ လက်တွေ့အနေအထားမှာ တကယ် အကောင်အထည်ပေါ်လာနိုင်ပါမလား။
ပြီးခဲ့တဲ့ အပတ်က အင်ဒိုနီးရှားနိုင်ငံ အာချေးပြည်နယ် အနီးမှာ ရိုဟင်ဂျာ ၁၅၀ လောက် လိုက်ပါလာတဲ့ သစ်သားလှေမှောက်သွားတာမှာ အနည်းဆုံးလူ ၅ ဦးရဲ့ ရုပ်အလောင်းတွေကို ဆယ်ယူရရှိခဲ့တယ်လို့ ကုလသမဂ္ဂ အရာရှိတွေက ဒီနေ့ပဲ ပြောပါတယ်။
မတ်လ ၂၄ ရက် မနက်ပိုင်းလောက်မှာ ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ် ကော့ဘိန်းကျေးရွာ နယ်မြေရဲစခန်းကို NMSP-AD၊ KNLAတော်လှန်ရေး မဟာမိတ်ပူးပေါင်းအဖွဲ့တို့ ဝင်ရောက် တိုက်ခိုက်ရာက နှစ်ဖက်တိုက်ပွဲ ပြင်းထန်ခဲ့ပြီး မတ်လ ၂၅ ရက်နေ့ ဒီကနေ့အထိပြင်းပြင်းထန်ထန်ဖြစ်ပွားနေတယ်လို့ ကော့ဘိန်းရွာခံတွေက ဗွီအိုအေကို ပြောပါတယ်။
မတည်ငြိမ်မှုတွေနဲ့ အကြမ်းဖက်တိုက်ခိုက်မှုတွေ တိုးလာနေတဲ့ မြန်မာနိုင်ငံအတွက် ထိုင်းနိုင်ငံက လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ရှေ့ပြေးအကူအညီတွေကို ဒီနေ့ပဲ စတင်ပေးခဲ့ပါတယ်။ ထိုင်း-မြန်မာနယ်စပ်ဖြစ်တဲ့ မဲဆောက်မြို့နဲ့ မြဝတီမြို့ကနေတဆင့် ဘားအံမြို့နယ်နဲ့ ကော့ကရိတ်မြို့နယ်တို့က နေရာ ၃ ခုကိုပေးပို့ခဲ့တာပါ။
ဒီနှစ်အတွင်းမဲစာရင်းမှန်ကန်ရေးလုပ်ပြီးပါက အထွေထွေရွေးကောက်ပွဲကို လုပ်လို့ရနိုင်တဲ့နေရာတွေမှာ အပိုင်းလိုက်ကျင်းပ သွားမယ်လို့ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ရုရှားသတင်းဌာန ITAR-TASS နဲ့ တွေ့ဆုံချိန်မှာ ပြောဆိုလိုက်ပါတယ်။
ရုရှားတို့ပစ်လိုက်တဲ့မစ်ဇိုင်းဒုံးဟာ ယူကရိန်းမြေအောက်ဓာတ်ငွေ့သိုလှောင်ရုံ (UGS) ကိုတနင်္ဂနွေနေ့က လာရောက်ထိမှန်ခဲ့ပါတယ်။ ဒါဟာ ယူကရိန်းရဲ့ စွမ်းအင်ကဏ္ဍကို ရုရှားရဲ့ မစ်ဇိုင်းဒုံး နောက်ဆုံးလာရောက်ထိမှန်တာလည်းဖြစ်ပါတယ်။
ဟေတီပြည်တွင်းပဋိပက္ခတွေကြား အကာအကွယ်အမဲ့ဆုံးဖြစ်နေကြတဲ့ ပြင်သစ်နိုင်ငံသားတွေကိုခေါ်ထုတ်ဖို့ အထူးလေယာဥ်စေလွှတ်မယ်လို့ နိုင်ငံရေးပဋိပက္ခတွေကြောင့် မြို့တော် Port-au-Prince ကို ပျံသန်းနေတဲ့ လေယာဥ်ခရီးစဥ်တွေ ရပ်နားသွားပြီးတဲ့နောက် ပြင်သစ်အစိုးရက ကြေညာလိုက်ပါတယ်။
ဂါဇာဒေသကပြည်သူတွေဟာ ကြောက်ရွံထိတ်လန့်နေရသလို ငတ်မွတ်ခေါင်းပါးမှုနဲ့ပါ ရင်ဆိုင်နေရပြီး အဲဒီလူတွေအတွက် လူသားချင်းစာနာမှုအကူအညီတွေကို ထပ်မပို့နိုင်အောင် ပိတ်ပင်ဟန့်တားထားတာတွေကို အစ္စရေးနိုင်ငံကသာ ဖယ်ရှားနိုင်တယ်လို့လည်း ကုလသမဂ္ဂအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတားရက်စ်က တနင်္ဂနွေနေ့မှာ ပြောပါတယ်။
မြန်မာအတွက် အမေရိကန်ဒေါ်လာ ၁၂၁ သန်းပါတဲ့ ၂၀၂၄ခုနှစ် အမေရိကန် အစိုးရအသုံးစရိတ်ကို လွှတ်တော်နှစ်ရပ်လုံးက စနေနေ့က အတည်ပြုပြီးပြီချင်း သမ္မတဘိုင်ဒန်ကလည်း ချက်ချင်း လက်မှတ်ရေးထိုး ပြဌာန်းလိုက်ပါပြီ။
ကရင်အမျိုးသားအစည်းအရုံး ဌာနချုပ်ရှိရာ တပ်မဟာ (၇) နယ်မြေ၊ ဘားအံခရိုင်၊ နဘူးမြို့နယ်အတွင်းက စစ်ကောင်စီရဲ့ရင်ကွဲတောင်စခန်းကို မတ်လ ၂၃ရက်နေ့မနက်အစောပိုင်းမှာ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA နဲ့ပူးပေါင်းတပ်တွက ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်ခဲ့တယ်လို့ဆိုပါတယ်။
ဆီးရီးယားနိုင်ငံဟာ အရပ်သားတွေအတွက် ပိုအန္တရာယ်များတဲ့ နေရာ ဖြစ်လာနေပြီး ဆီးရီးယားနိုင်ငံသား ၁၆.၇ သန်းထဲက လူ ၁၀.၈ သန်းအတွက် အသက်ကယ် လူသားချင်းစာနာမှု အကူအညီများ ပေးအပ်ဖို့ ဒေါ်လာ ၄.၀၇ ဘီလီယံ တောင်းခံထားပေမယ့် ရန်ပုံငွေမရှိသလောက်ဖြစ်နေတယ်လို့ ကုလသမဂ္ဂက ပြောပါတယ်။
ဂါဇာကမ်းမြောင်ဒေသကို ရောက်နေတဲ့ ကုလအတွင်းရေးမှုးချုပ် အန်တိုနီယို ဂူတာရက်စ်က လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အပစ်အခတ်ရပ်စဲရေးကို ချက်ခြင်းတောင်းဆိုခဲ့ပြီး ဂါဇာတလျှောက် အကူအညီတွေကို “ခြွင်းချက်မရှိ ဝင်ရောက်ခွင့်ပြု” ဖို့ အစ္စရေးကို တိုက်တွန်းခဲ့ပါတယ်။
မော်စကိုမြို့ ဆင်ခြေဖုံးက ကပွဲရုံတခုမှာ လူပေါင်း ၁၃၃ ဦးထက်မနည်း သေဆုံးခဲ့ရတဲ့ တိုက်ခိုက်မှု ကျူးလွန်တဲ့ သံသယရှိသူ လေးဦးဟာ ယူကရိန်းနိုင်ငံကို ဦးတည်ထွက်ပြေးဖို့ ယုံကြည်ရပြီး သူတို့ကို ဖမ်းဆီးနိုင်ခဲ့ကြောင်း သမ္မတ ဗလာဒီမီယာပူတင်က စနေနေ့မှာ နိုင်ငံကို ပြောကြားတဲ့ မိန့်ခွန်းမှာ ပြောပါတယ်။
အီရန်ကျောထောက်နောက်ခံပြု ယီမင်နိုင်ငံက ဟူသီအဖွဲ့ဟာ ပင်လယ်နီထဲမှာ နိုင်ငံတကာက သင်္ဘောတွေကို ဆက်လက်တိုက်ခိုက်နေတာကြောင့် သူတို့ အသုံးပြုနေတဲ့ မြေအောက်သိုလှောင်ရုံ ၃ ခုကို တိုက်ခိုက်ခဲ့ကြောင်း အမေရိကန်စစ်တပ်က သောကြာနေ့မှာ ပြောပါတယ်။
မော်စကိုမြို့ပြင်က Krasnogorsk ကရာနိုဂေါ့စ်မြို့မှာ ခရစ်ယာန် အများအပြား စုဝေးနေချိန်မှာ သူတို့အဖွဲ့က ဝင်ရောက် တိုက်ခိုက်တဲ့အတွက် သေဆုံး ဒဏ်ရာရသူ ရာနဲ့ချီ ရှိနေတယ်လို့ IS အဖွဲ့က သူတို့ရဲ့ Aamaq အာမက်သတင်းမှာ ဖေါ်ပြထားပါတယ်။ ဒီကြေညာချက်ဟာ အိုင်အက်စ်အဖွဲ့က ဟုတ်မဟုတ် အတည်မပြုနိုင်သေးပါဘူး။
မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးသံတမန် ကစ်တီဟွန်းနဲ့ Jaishankar တို့ဟာ မြန်မာနိုင်ငံရဲ့ လက်ရှိအခြေနေတွေနဲ့ သူ့အိမ်နီးချင်း နိုင်ငံတွေအပေါ် ရိုက်ခတ်မှုတွေကို ဆွေးနွေးခဲ့တာ ဖြစ်ပြီး ဒီဆွေးနွေးမှုဟာ ပွင့်လင်းပြီး အသုံးဝင်ကြောင်းအိန္ဒိယနိုင်ငံခြားရေးဝန်ကြီးက လူမှုမီဒီယာ X မှာ ရေးပါတယ်။
အမေရိကန်မှာရောက်နေတဲ့ မြန်မာနိုင်ငံသားတွေနဲ့ မြန်မာနိုင်ငံမှာ အနေနဲ့ အမေရိကန်မှာ ယာယီ အကာအကွယ်ပေး နေထိုင်ခွင့်အဆင့် (TPS) အတွက် လျှောက်ထားဖို့ ၂၀၂၁ ခုနှစ်ကစတင် ခွင့်ပြုခဲ့တာ ဖြစ်ပြီး ခုချိန်အထိ အန္တရာယ်ကြီးနေသေးတာကြောင့် ၂၀၂၅ နိုဝင်ဘာ ၂၅ ရက်အထိ သက်တမ်းတိုးပေးမှာ ဖြစ်ကြောင်း ကြေညာလိုက်ပါတယ်။
ဂါဇာမှာ အပစ်အခတ်ရပ်စဲရေးအတွက် အမေရိကန် တင်သွင်းတဲ့ အဆိုပြုချက်မှုကြမ်းကို သောကြာနေ့က ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာ ရုရှားနဲ့ တရုတ်က ဗီတိုအာဏာသုံး ပယ်ချခဲ့တာကြောင့် ခုထိ အတည်မပြုနိုင်သေးပါဘူး။ အမေရိကန်အဆိုပြုချက်ကို ရုရှားနဲ့ တရုတ်တို့က မဲ မပေးချင်တာဟာ အမေရိကန်ကို အရေးနိမ့်စေချင်တာလို့ ပြောပါတယ်။
မရေရာတဲ့ လူမှုစီးပွားရေးအခြေအနေတွေကြောင့် ပိရမစ်ပုံစံ စီးပွားရေးလို့ခေါ်တဲ့ Multi-level Marketing (MLM) ဆင့်ပွားဈေးကွက်စီးပွားရေးဟာ မြန်မာပြည်တွင်းမှာ တကြော့ပြန် ကြီးထွားလာတယ်လို့ ဒီလုပ်ငန်းနဲ့ နီးစပ်သူတွေကပြောပါတယ်။ အခုဆိုရင် ပြည်ပရောက် မြန်မာအလုပ်သမားတွေအထိ ဒီလုပ်ငန်းက ကျယ်ပြန့်လာကြောင်းပြောပါတယ်။
ဗြိတိန်တော်ဝင် အိမ်ရှေ့စံ ဝေလမင်းသား ဝီလျံရဲ့ ကြင်ယာတော် ဝေလမင်းသမီး ကက်သရင်း (အရင်အမည် ကက်သရင်း မစ်ဒယ်လတန်)က သူ ကင်ဆာရောဂါ ခံစားနေရပြီး ကနဦးကုသမှု စတင်လုပ်ဆောင်နေကြောင်း သူတို့ မိသားစုနေထိုင်တဲ့ ကန်ဆင်တန်နန်းတော်က သောကြာနေ့မှာ ထုတ်ပြန်တဲ့ ဗီဒီယိုထဲမှာ ပြောပါတယ်။
နောက်ထပ်ကြည့်ရှုရန်