အင်ဒိုနီးရှားနိုင်ငံ အနောက်အာချေး ကမ်းလွန်မှာ စက်လှေမှောက်ပြီး ပျောက်နေတဲ့ ရိုဟင်ဂျာ ဒုက္ခသည်တချို့ကို ရှာဖွေတာတွေ ရပ်လိုက်ပြီလို့ အင်ဒိုနီးရှားအာဏာပိုင်တွေက ပြောပါတယ်။ ဒုက္ခသည် ဒါဇင်နဲ့ချီ ပင်လယ်ရေလှိုင်းနဲ့ မျောပါ သွားခဲ့တယ်လို့ အသက်ရှင် ကျန်ရစ်သူတွေက ပြောဆိုထားပါတယ်။
ဂါဇာမှာ ရေရှည်ခံတဲ့ အပစ်အခတ်ရပ်စဲမှု ချက်ချင်း စတင်ဖို့ အရေးကြီးတဲ့အကြောင်း အမေရိကန်ပြည်ထောင်စုက ကမကထပြုတဲ့ ဆုံးဖြတ်ချက်မူကြမ်းကို ကုလလုံခြုံရေးကောင်စီမှာ ဒီကနေ့ မဲခွဲ ဆုံးဖြတ်ကြဖို့ ရှိပါတယ်။
တင်းမာမှုတွေ ဆက်ပြင်းထန်နေတဲ့ ရုရှား−ယူကရိန်း ပဋိပက္ခကို ငြိမ်းချမ်းရေး ဆွေးနွေးမှုတွေနဲ့သာ အဆုံးသတ် ပြေလည်အောင် ဖြေရှင်းနိုင်မယ်ဆိုတာကို ယူကရိန်းရော ရုရှားရော နှစ်ဘက်စလုံး လက်ခံ ယုံကြည်ထားကြပါတယ်လို့ ဥရောပရေးရာ တရုတ်ထူးကိုယ်စားလှယ် က ဒီကနေ့ ပြောဆိုလိုက်ပါတယ်။
ဂါဇာကမ်းမြောင်ဒေသမှာ ချက်ချင်းအပစ်အခတ်ရပ်ရေး သဘောတူညီမှုရနိုင်ဖို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ကြိုးပမ်းနေတာဖြစ်ပြီး အစ္စရေးမတိုင်ခင် Saudi Arabia နဲ့ အီဂျစ်နိုင်ငံတွေကို သွားရောက် ဆွေးနွေးခဲ့ပါတယ်။
မြန်မာနိုင်ငံမှာ နိုင်ငံရေး၊ လုံခြုံရေးနဲ့ လူသားချင်းစာနာစရာ အခြေအနေတွေ ယိုယွင်းလာနေတာ၊ မြန်မာပြည်သူတွေနဲ့ အိမ်နီးချင်းနိုင်ငံတွေအပေါ် ကြီးမားတဲ့ အကျိုးဆက်တွေ ခံစားနေရတဲ့အပေါ် အင်မတန် စိုးရိမ်စရာဖြစ်တယ်လို့ ဗြိတိန်နဲ့ ဩစတြေးလျ ၂ နိုင်ငံက ပြောကြားလိုက်ပါတယ်။
ချင်းပြည်နယ်၊ မင်းတပ်မြို့မှာ အချိန်အခါမဟုတ် မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ်တာကြောင့် နေအိမ်အများအပြား ပျက်စီးခဲ့သလို လူထိခိုက်တာတွေလည်း ရှိခဲ့ပါတယ်။ လာမယ့်ရက်တွေအတွင်း မိုးရွာသွန်းနိုင်ခြေ ဆက်ရှိနေသေးတယ်လို့လည်း မိုးဇလက ပြောပါတယ်။
မိုးမောက်မြို့နယ်၊ မြစ်ကြီးနား-ဗန်းမော်လမ်းတလျှောက်မှာရှိတဲ့ စစ်ကောင်စီတပ်စခန်း ၄ နေရာကို KIA က ကြာသပတေးနေ့ မနက်ပိုင်းက တပြိုင်တည်း တိုက်ခိုက်ခဲ့ပြီးနောက် နွယ်လန်း အခြေစိုက် ခမရ ၄၃၈ တပ်စခန်းနဲ့ အမှတ် ၆၁၆ ဒုံးတပ်ရင်းတို့ကို ညနေပိုင်းမှာ သိမ်းယူခဲ့ပါတယ်။
အောက်တိန်း (95)ရဲ့ ဆိုင်စျေးနှုန်းဟာ တလီတာကို ၂,၉၀၀ ဖြစ်လာကြောင်း ရန်ကုန်နဲ့ မန္တလေးက ခရီးသည်ပို့ဆောင်ရေး လုပ်ငန်းတချို့က ပြောပါတယ်။ စျေးတက်ပေမဲ့ ရန်ကုန်မှာ အောက်တိန်းဆီကို လိုသလောက် ဝယ်လို့မရဘဲ အချိန်ကြာကြာ တန်းစီနေရပြီး၊ နယ်တွေမှာတော့ ပြင်ပဆိုင်တွေမှာ တလီတာကို ၄,၀၀၀ လောက်အထိရောင်းချနေတာပါ။
ရှမ်းပြည်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ် လအိ ကျေးရွာမှာ တိုက်ပွဲဖြစ်ပွားတာမရှိဘဲ အရပ်သားပြည်သူတွေ ဆေးကုသမှုခံယူနေတဲ့ ဆေးရုံကို ဒီမနက် ၁၀ နာရီလောက် စစ်ကောင်စီ လေယာဉ် ၂စင်း လာရောက် ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ဆေးရုံဝန်ထမ်းတချို့ သေဆုံးပြီး အရပ်သားတချို့ ပြင်းပြင်း ထန်ထန်ထိခိုက် ဒဏ်ရာရရှိခဲ့ပါတယ်။
မြန်မာနိုင်ငံစစ်အာဏာသိမ်းမှုအလွန်ကာလမှာ ရိုဟင်ဂျာဒုက္ခသည်တွေ ကိုယ့်ဆန္ဒနဲ့အညီ နေရပ်ပြန်နိုင်ဖို့ အခွင့်အလမ်းတွေရှိလာရေး အမေရိကန်ပြည်ထောင်စုအနေနဲ့ နိုင်ငံတကာအသိုက်အဝန်းနဲ့ လက်တွဲပြီး ကူညီဆောင်ရွက်သွားဖို့ USCIRF နိုင်ငံတကာ ဘာသာရေးလွတ်လပ်ခွင့်ဆိုင်ရာ အမေရိကန်ပြည်ထောင်စုကော်မရှင်က တိုက်တွန်းပါတယ်။
ဖမ်းထားတဲ့ဓါးစားခံတွေ လွတ်မြောက်ရေး၊ ဂါဇာမှာရှိတဲ့ ပါလက်စတိုင်းအရပ်သားတွေအတွက် လူသားချင်းစာနာမှုအကူအညီပိုပေးနိုင်ရေးတို့အတွက် ဂါဇာမှာ အစ္စရေးနဲ့ဟာမတ်ကြား အပစ်အခတ်ရပ်စဲရေးယူနိုင်ဖို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Antony Blinken အီဂျစ်နိုင်ငံရောက်ရှိပြီး ကြိုးပမ်းဆောင်ရွက်နေပါတယ်။
မြန်မာလူငယ်တွေကို စစ်တပ်ထဲ အတင်းအကြပ်သွပ်သွင်းမယ့် ပြည်သူ့စစ်မှုထမ်းဥပဒေ အကောင်အထည်ဖော်ဆောင်ရွက်မှုကို အမေရိကန်ပြည်ထောင်စုအနေနဲ့ ဝေဖန်ရှုတ်ချတယ်လို့ အမေရိကန်နိုင်ငံခြားရေးဌာန ပြောခွင့်ရသူ Matthew Miller က သူ့ကိုယ်ပိုင် X လူမှုမီဒီယာပေါ်မှာ ရေးပါတယ်။
စစ်ဘေးရှောင်နဲ့ ဒေသခံတွေ ခိုလှုံခိုနေတဲ့ ကယားပြည်နယ် ဒေသအခေါ် ကရင်နီပြည်နယ် ဖရူဆို၊ ဒီးမော့ဆို၊ ဘောလခဲမြို့နယ်မှာ စားနပ်ရိက္ခာ ကျပ်တည်းခက်ခဲတဲ့အပြင် အကြီးအကျယ်ရေရှားပါးတဲ့ဒဏ်ကိုလည်းရင်ဆိုင်နေကြရတယ်လို့ ကိုယ်တိုင်ကြုံတွေ့နေရတဲ့ စစ်ဘေးရှောင်နဲ့ အကူအညီပေးသူတွေက ဗွီအိုအေကို ပြောပါတယ်။
မြန်မာနိုင်ငံအတွင်း မြို့နယ်တချို့မှာ စစ်မှုမထမ်းမနေရ အမိန့်နဲ့ အကျုံးဝင်တဲ့ လူငယ်တွေကို စာရင်းကောက်တာ မဲနိုက်ခိုင်းတာတွေ လုပ်နေတဲ့ တချိန်တည်းမှာ ဒီ လူငယ်တွေရဲ့ မိသားစုတွေကို လစဉ် ထောက်ပံ့ဖို့ ငွေကြေး ကောက်ခံတာတွေ ရှိနေတဲ့အကြောင်း ဒေသခံတွေက ပြောပါတယ်။
ကရင် အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA နဲ့ ပြည်သူ့ကာကွယ်ရေးတပ် PDF ပူးပေါင်းတပ်တွေဟာ စစ်ကောင်စီစခန်းတွေကို တိုက်ခိုက်သိမ်းပိုက်လိုက်ပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဝင် ၇၀ ကျော် ထိုင်းနိုင်ငံထဲကို ထွက်ပြေးခိုလှုံလာတယ်လို့ ထိုင်းစစ်တပ်က ပြောပါတယ်။
အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Antony Blinken ဟာ ဂါဇာစစ်ပွဲအရေးနဲ့ပတ်သက်လို့ အာရပ်နိုင်ငံတာဝန်ရှိသူတွေနဲ့ အီဂျစ်နိုင်ငံ ကိုင်ရိုမြို့တော်မှာ ဒီနေ့ ကြာသပတေးနေ့မှာ တွေ့ဆုံဆွေးနွေးနေပါတယ်။
၂၀၂၁ ခုနှစ်မှာ စစ်တပ်က အာဏာသိမ်းယူခဲ့ပြီး လက်ရှိအချိန်အထိ ပြည်တွင်းမှာ စစ်ရေး၊ နိုင်ငံရေးမတည်ငြိမ်မှုတွေနဲ့ ရင်ဆိုင်နေရတဲ့ မြန်မာနိုင်ငံဟာ စာရင်းကောက်ယူခဲ့တဲ့ နိုင်ငံပေါင်း ၁၄၃ နိုင်ငံအနက် ပျော်ရွှင်မှုအဆင့်က ၁၁၈ မှာ ရှိနေပါတယ်။
ကချင်ပြည်နယ် မိုးမောက်မြို့နယ်ရှိ မြစ်ကြီးနား - ဗန်းမော် လမ်းပေါ်က မြို့သစ်၊ ကုန်းလော၊ နွမ်းလန်းနဲ့နောင်ကွန်ကျေးရွာ အခြေစိုက် အမြောက်တပ်နဲ့ ဒုံးတပ်ဖွဲ့ အပါအဝင် အနည်းဆုံး ၄ နေရာလောက်ကို ဒီမနက်ပိုင်းမှာ KIA က တပြိုင်တည်း တိုက်ခိုက်ခဲ့ပါတယ်။
အင်ဒိုနီးရှားနိုင်ငံ အနောက်အာချေး (West Aceh) ကမ်းလွန် ရေမိုင် ၁၆ မိုင်အကွာလောက်မှာ မှောက်နေတဲ့ စက်လှေဝမ်းဗိုက်ပေါ် တွယ်ကပ်ဒုက္ခရောက်နေကြတဲ့ ရိုဟင်ဂျာ ၇၀ နီးပါးကို အင်ဒိုနီးရှားက ဒီနေ့ ကယ်ဆယ်ခဲ့ပါတယ်။
ဗီယက်နမ် လက်ရှိသမ္မတ Vo Van Thuong ရာထူးက နုတ်ထွက်ကြောင်း အာဏာရကွန်မြူနစ်ပါတီက ဗုဒ္ဓဟူးနေ့က ထုတ်ပြန်ခဲ့ပါတယ်။ Vo Van Thuong ဟာ သူကိုယ်တိုင်နဲ့ ပါတီရဲ့ဂုဏ်သိက္ခာကိုထိခိုက်စေတဲ့ စည်းမျဉ်းတွေကိုချိုးဖောက်ရာရောက်တဲ့ “ချို့ယွင်းချက်” တွေကိုကျူးလွန်ခဲ့တယ်လို့ ကွန်မြူနစ်ပါတီရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။
နောက်ထပ်ကြည့်ရှုရန်