ယူကရိန်းဘက်က ဒရုန်းယာဥ် ၃၅ စင်းနဲ့ တိုက်ခိုက်ခဲ့တဲ့အတွက် ရုရှားရေနံချက်စက်ရုံ ခေတ္တ မီးလောင်ခဲ့ရပြီး နယ်စပ်ဒေသလျှပ်စစ်ဓာတ်အားပေးဝေမှု ထိခိုက်ခဲ့ရတယ်လို့ ရုရှားသမ္မတ ဗလာဒီမီယာပူတင်ကတနင်္ဂနွေနေ့မှာ ပြောပါတယ်။
နိုင်ငံတကာဖိအားပေးမှုကိုဆန့်ကျင်ပြီး ဂါဇာ-အီဂျစ်နယ်စပ်အနီးက Rafah မြို့ကနေ ဟာမာ့စ်တို့ကို တိုက်ထုတ်သွားမယ်လို့ အစ္စရေးလ်ဝန်ကြီးချုပ် Benjamin Netanyahuက တနင်္ဂနွေနေ့မှာပြောပါတယ်။ လာမယ့်ရက်ပိုင်းအတွင်း ကာတာမှာ အပစ်ရပ်ဆွေးနွေးပွဲ ပြန်စဖို့ ရှိနေချိန်မှာပဲ အစ္စရေးလ်ဝန်ကြီးချုပ်ကခုလိုပြောလိုက်တာပါ။
အိန္ဒိယနိုင်ငံရဲ့ ၂၀၁၉ နိုင်ငံသားဖြစ်ခွင့်ဥပဒေသစ်ကို အကောင်အထည်ဖော်မယ်လို့ အစိုးရက လတ်တလောကြေညာလိုက်ပြီးတဲ့နောက် အိန္ဒိယနိုင်ငံမှာ ဆန့်ကျင်ဆန္ဒပြမှုတွေပေါ်ပေါက်လာပါတယ်။
ဆူဒန်နိုင်ငံမှာ ပြိုင်ဖက်ဗိုလ်မှူးကြီးနှစ်ဦးကြား အာဏာလွန်ဆွဲမှုတွေကြောင့် ပြည်တွင်း ပဋိပက္ခတွေပေါ်ပေါက်လာတာ ဧပြီလဆိုရင် တနှစ်ပြည့်ပါပြီ။ စစ်ပွဲတွေကြောင့်လူဦးရေ ၄၉ သန်းနီးပါးတို့မှာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်းတွေဆိုက်နေပြီလို့ လူမှုကူညီရေးအဖွဲ့တွေက ပြောပါတယ်။
အာဏာသိမ်း စစ်ကောင်စီက အသက်သွင်းလိုက်တဲ့ ပြည်သူ့စစ်မှုထမ်း ဥပဒေကို ဆန့်ကျင်ကြောင်း နယ်သာလန်ရောက် မြန်မာပြည်ဖွား တိုင်းရင်းသားတွေက ပေါင်းစုပြီး အမ်စတာဒမ်မြို့တော်မှာ စနေနေ့က ကန့်ကွက်ခဲ့ကြပါတယ်။ စစ်ခေါင်းဆောင်တွေကို ကာကွယ်ပေးဖို့ လုပ်ဆောင်တဲ့ ဥပဒေဖြစ်လို့ ကန့်ကွက်ရကြောင်း ဆန္ဒပြသူတဦးက ပြောပါတယ်။
အစ္စရေးနဲ့ ဟားမတ်စ်ကြား အပစ်အခတ်ရပ်စဲရေး ဆွေးနွေးပွဲတွေကို ကာတာနိုင်ငံမှာ ဒီနေ့ တနင်္ဂနွေနေ့မှာ အစောဆုံးထားပြီး ပြန်လည်စတင်ဖို့ ရှိနေပါတယ်။ ဆွေးနွေးပွဲကို တနင်္လာနေ့အထိ ရွှေ့ဆိုင်းထားနိုင်ပေမယ့် တနင်္ဂနွေ နေ့လယ်ပိုင်း ပြန်လည်စတင်ဖို့ မျှော်လင့်ထားကြောင်း အီဂျစ်တာဝန်ရှိသူတွေက ပြောတာပါ။
ဒါဇင်နဲ့ချီတဲ့ အမေရိကန် ကုမ္ပဏီတွေဆီကနေ အီရန်ဗဟိုဘဏ် CBI အပါအဝင် အီရန်လုပ်ငန်းတွေအတွက် နည်းပညာတွေ တရားမဝင် လွှဲပြောင်းပေးနေတဲ့ ကုမ္ပဏီတွေနဲ့ လူပုဂ္ဂိုလ်တွေပါဝင်တဲ့ ကွန်ရက်အဖွဲ့ကို အမေရိကန် ဘဏ္ဍာရေးဌာနက ဒဏ်ခတ် အရေးယူလိုက်ပါတယ်။
ရခိုင်ပြည်နယ်မှာ တိုက်ပွဲတွေ ပြင်းထန်နေပြီး အခြေနေဟာ အတိမ်းအစောင်းမခံ ဖြစ်နေတဲ့အတွက် စိုးရိမ်ရဆဲ ဖြစ်ကြောင်း အိန္ဒိယနိုင်ငံခြားရေးဌာန ပြောခွင့်ရ ရန်ဒါဂျာအစ္စဝါလ်က သောကြာနေ့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
ပအိုဝ်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဆီဆိုင်၊ ဟိုပုံး ဒေသတွေမှာ စစ်ရေးပဋိပက္ခတွေက ဒီနေ့အထိ လျော့ကျမသွားပဲ ပိုမိုပြင်းထန်လာနေပါတယ်။ ဒီကနေ့မှာတော့ တိုက်ပွဲဖြစ်ပွားတာမရှိဘဲ ဆီဆိုင်မြို့နယ် ကျေးရွာတရွာက ဘုန်းကြီးကျောင်းကို စစ်ကောင်စီက လေကြောင်းက ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတဦးက VOA ကို ပြောပါတယ်။
သူ့အနေနဲ့ ဂါဇာအရေးကို ဆွေးနွေးလိုတဲ့ ဆန္ဒရှိကြောင်း၊ ဒေသတွင်း စားနပ်ရိက္ခာဆေးဝါးတွေ ရောက်ရှိဖို့နဲ့ အဖမ်းခံနေရတဲ့ဓါးစာခံတွေ ပြန်လွတ်ရေးအတွက် ဂါဇာမှာ အပစ်ခတ်ရပ်စဲရေး အမြန်ရဖို့လိုအပ်တယ်လို့ အိုင်ယာလန်ဝန်ကြီးချုပ်ကပြောပါတယ်။ အတူယှဉ်တွဲနေထိုင်ရေးကသာ ရေရှည် ငြိမ်းချမ်းရေးအတွက် အဖြေဖြစ်မယ်လို့ ပြောပါတယ်။
စစ်ကောင်စီက အတင်းအကျပ် စစ်သားစုဆောင်းမှု အဆုံးသတ်ရေးအတွက် နိုင်ငံတကာက အရေးယူ ဆောင်ရွက်ပေးဖို့ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက ဗုဒ္ဓဟူးနေ့ ကုလသမဂ္ဂလုံခြုံရေးကောင်စီ တံခါးဖွင့်ဆွေးနွေးပွဲမှာ တောင်းဆိုလိုက်ပါတယ်။
ဒုက္ခသည်တွေ နေရပ်ကို သူ့သဘောနဲ့သူ ပြန်နိုင်ရေးအတွက် ကုလသမဂ္ဂဒုက္ခသည်များအေဂျင်စီ UNHCR၊ ရွှေ့ပြောင်းအခြေချသူများဆိုင်ရာ နိုင်ငံတကာအဖွဲ့အစည်း IOM လို လူသားချင်းစာနာမှုဆိုင်ရာ အကူအညီပေးနေကြတဲ့အဖွဲ့အားလုံးအနေနဲ့ ကူညီပေးကြဖို့ကိုလည်း နိုင်ငံခြားရေးဝန်ကြီး Momen ကပန်ကြားခဲ့ပါတယ်။
စစ်ရေးအကူအညီတွေ လိုအပ်နေတဲ့ ယူကရိန်းနဲ့အတူ သွေးစည်းညီညွတ်မှု ပြနိုင်ဖို့နဲ့ အကူအညီတွေပေးနိုင်ရေး ဆွေးနွေးဖို့ ဒေသတွင်း ဂျာမနီ၊ ပြင်သစ် နဲ့ ပိုလန်နိုင်ငံတွေက ခေါင်းဆောင်တွေ ဒီကနေ့ ဂျာမနီနိုင်ငံ ဘာလင်မြို့မှာ တွေ့ဆုံ ဆွေးနွေးကြဖို့ ရှိနေပါတယ်။
ဒီညီလာခံကို အစိုးရတွေ၊ လူထုအခြေပြုအဖွဲ့အစည်းတွေ၊ ဒီမိုကရေစီအုပ်ချုပ်မှု ခိုင်မာအောင် ကြိုးပမ်းနေတဲ့ အဖွဲ့တွေ၊ လူအခွင့်အရေးအတွက်ဆောင်ရွက်နေတဲ့ အဖွဲ့တွေနဲ့ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကြိုးပမ်းဆောင်ရွက်နေကြတဲ့ အဖွဲ့အစည်းတွေက ခေါင်းဆောင် ရာနဲ့ချီတက်ရောက်ကြမှာဖြစ်ပါတယ်။
မတ်လ ၁၁ ရက်နေ့ကနေ ဒီကနေ့ ၁၅ ရက်နေ့အထိ ကျင်းပတဲ့ ၅ ရက်ကြာ ပူးတွဲ လေ့ကျင့်မှုတွေမှာ တောင်ကိုရီးယား F-35A တိုက်လေယာဉ်တွေ၊ အမေရိကန် U.S A-10 နဲ့ U.S F-16 တိုက်လေယာဉ်တွေ အပါအဝင် ဂျက်တိုက်လေယာဉ် အစင်း ၄၀ ပါဝင်ပါတယ်။
မန္တလေးတိုင်း၊ မြင်းခြံမြို့အတွင်းက ကျေးရွာတွေမှာ စစ်တပ်ရဲ့ နယ်မြေရှင်းလင်းရေးအတွင်း မီးရှို့ခံရပြီး အရပ်သား ၉ ဦးလည်း သတ်ဖြတ်ခံခဲ့ရပါတယ်။ အဲဒီလို အရပ်သားတွေ သတ်ဖြတ်ခံရပြီး နေအိမ်တွေ မီးရှို့ခံရတဲ့အတွက် ဒေသခံတွေအကြား စိုးရိမ်မှုတွေ ထွက်ပေါ်နေပြီး နေရပ်မပြန်နိုင် ဖြစ်နေပါတယ်။
ရုရှားနိုင်ငံမှာ ၃ ရက်ကျင်းပမယ့် သမ္မတရွေးကောက်ပွဲတွေ ဒီနေ့ စတင်ပါတယ်။ နောက်ထပ်သမ္မတသက်တမ်း ၆ နှစ်ကို သမ္မတ Vladimir Putin ပဲထပ်ပြီး အနိုင်ရမှာ သေချာနေတဲ့ရွေးကောက်ပွဲအတွက် ရုရှားပြည်သူတွေ မဲပေးနေကြပါတယ်။
ရွာထဲက ဒေသခံနေအိမ် ၅၀၀ ဝန်းကျင် မီးထဲပါသွားပြီး၊ မီးရှို့ခံထားရတဲ့ လူသေအလောင်း တချို့ကိုလည်း တွေ့ရတယ်လို့ ပြောပါတယ်။ စစ်ကောင်စီအဖွဲ့ကတော့ မီးရှို့ပြီး အိမ်စီးကားတွေနဲ့ ပြန်ထွက်သွားတယ်လို့ ပြောပါတယ်။
ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်က KIA ဌာနချုပ် လိုင်ဇာအနီးရှိ ဘွမ်ရဲဘွမ် တပ်စခန်းကို ဒီနေ့ နေ့ခင်းပိုင်းမှာ သိမ်းယူလိုက်ပြီး ဘွမ်ရဲဘွမ် စခန်းနဲ့ လိုင်ဇာပတ်ဝန်းကျင်ကို စစ်ကောင်စီဘက်က လေကြောင်းကနေ အဆက်မပြတ် တိုက်ခိုက်နေကြောင်း KIA က သတင်းထုတ်ပြန်ပါတယ်။
စစ်မှုထမ်းဖို့ အသက်ပြည့်သူတွေကို စတင် စာရင်းကောက်ယူတာ၊ ရပ်ကွက်က စာရင်းကောက်ယူထားတဲ့သူတွေကို သွားနိုင်ခြင်း ရှိမရှိ ခေါ်ယူမေးမြန်းတာတွေကို မြို့နယ်ရပ်ကျေးတွေ ကနေတဆင့် စတင် လုပ်ဆောင်နေပြီလို့ ကိုယ်တိုင်ကြုံတွေ့သူတွေက ပြောပါတယ်။
နောက်ထပ်ကြည့်ရှုရန်