အိန္ဒိယနိုင်ငံရဲ့ နှစ်ဆနီးပါးအကျယ်ရှိတဲ့ အမေဇုံသစ်တောကြီးဟာ နိုင်ငံ ၈ နိုင်ငံနဲ့ နယ်မြေတခုမှာ လွှမ်းခြုံပေါက်ရောက်နေပြီး ကမ္ဘာ့ဇီဝဂေဟစနစ်အတွက် အလွန်အရေးပါပါတယ်။ ဒါ့အပြင် ကာဗွန်ဓာတ်တွေကို စုပ်ယူပေးနေတဲ့အတွက် ဥတုရာသီအရေးမှာလည်း အရေးပါတဲ့အခန်းကဏ္ဍမှာရှိနေတာပါ။
ယူကရိန်းကို ဝင်ရောက်ကျူးကျော်တိုက်ခိုက်တဲ့ရုရှားက အားကစားသမားတွေအပေါ် အပြည်ပြည်ဆိုင်ရာ အိုလံပစ်ကော်မတီ IOC က ကန့်သတ်မှုတွေ ချမှတ်နေတဲ့ကြားကပဲ ပါရီမှာ ဒီနှစ်ကျင်းပမယ့် အိုလံပစ်ပွဲကို ရုရှားအိုလံပစ်ကော်မတီ ROC က သပိတ်မှောက်မှာ မဟုတ်ကြောင်း ROC အကြီးအကဲက ကြာသပတေးနေ့မှာ ပြောပါတယ်။
နိုင်ငံတော်လုံခြုံရေးဆိုင်ရာသတင်းတွေကို ရေးသားပေးပို့တဲ့ VOA သတင်းထောက် Jeff Seldin ကို အရေးယူလိုက်ကြောင်း ကြာသပတေးနေ့က ထုတ်ပြန်တဲ့ အရေးယူတဲ့စာရင်းထဲမှာ ဝါရှင်တန်ပို့စ်နဲ့ နယူးရောက် တိုင်းမ်းစ် သတင်းစာတွေက သတင်းထောက်တွေအပါအဝင် သတင်းထောက်အများအပြား ပါဝင်နေပါတယ်။
အစ္စရေးဝန်ကြီးချုပ် Benjamin Netanyahu ဟာ ပြည်သူတွေရဲ့ဆန္ဒကိုပြန်မကြည့်ဘဲ ဂါဇာကို ဗုံးကြဲတိုက်ခိုက်နေတယ်လို့ သူယုံကြည်တဲ့အတွက် အစ္စရေးမှာ နောက်ထပ်ရွေးကောက်ပွဲကျင်းပဖို့ ကြာသပတေးနေ့မှာ ဂျူးလူမျိုးထဲက အမေရိကန်အစိုးရအဖွဲ့အတွင်းမှာ ရာထူးအကြီးဆုံးဖြစ်တဲ့ Chuck Schumer huck Schumer က တောင်းဆိုလိုက်ပါတယ်။
အမေရိကန်မှာ TikTok App သုံးစွဲမှုကိုတားမြစ်ဖို့ အောက်လွှတ်တော်မှာ မဲခွဲဆုံးဖြတ်လိုက်တဲ့ နောက်တနေ့ ကြာသပတေးနေ့မှာပဲ ဘဏ္ဍာရေးဝန်ကြီးဟောင်း Steven Mnuchin က တရုတ်အခြေစိုက် ဒီ app ပိုင်ရှင်ကသာရောင်းမယ်ဆိုရင် သူဟာ Tik Tok ကိုဝယ်ဖို့ ရင်းနှီးမြှုပ်နှံမှုအဖွဲ့ ဖွဲ့ဖို့လုပ်မှာ ဖြစ်ကြောင်း ပြောပါတယ်။
သမ္မတရွေးကောက်ပွဲတခု မကျင်းပမီမှာ နိုင်ငံရေးပါတီတွေဟာ သူတို့ပါတီရဲ့ သမ္မတလောင်းကို အရင်ရွေးချယ်ပေးရပါတယ်။ ဒီလိုရွေးချယ်ရာမှာ သမ္မတလောင်း ပဏာမ ရွေးကောက်ပွဲတွေနဲ့ Caucus ခေါ် ပါတီတွင်း မဲပေးပွဲတွေကျင်းပပြီး ရွေးချယ်ရတာပါ။ ဗွီအိုအေပုံပြရုပ်သံမှာ မအေးသန္တာကျော်က တင်ဆက်ထားပါတယ်။
"အစ္စရေးအနေနဲ့ ဟာမတ်စ် တို့ရဲ့ရန်ကို ကာကွယ်ဖို့နဲ့ နိုင်ငံကာကွယ်နိုင်ဖို့ လိုအပ်တာလုပ်တဲ့ တချိန်ထဲမှာ ပါလက်စတိုင်းအရပ်သားတွေကို အကာအကွယ်ပေးဖို့၊ သူတို့လိုအပ်တဲ့ အကူအညီတွေပေးဖို့ကို နံပတ် ၁ ဦးစားပေးရမယ်"
အိန္ဒိယနိုင်ငံက ထောင်ပေါင်းများစွာသော တောင်သူ လယ်သမားတွေဟာ သူတို့ စိုက်ပျိုးရောင်းချတဲ့ သီးနှံဈေးနှုန်းတွေ အမြတ်အစွန်းရစေရေး အာမခံတဲ့ ဥပဒေတရပ် ပြဋ္ဌာန်းပေးရေးတောင်းဆိုဖို့ မြို့တော် နယူးဒေလီမှာ ဒီကနေ့ မတ်လ ၁၄ ရက်နေ့မှာ စုဝေး ဆန္ဒပြနေကြပါတယ်။
ဂါဇာရှိနေတဲ့ ပါလက်စတိုင်းတွေအတွက် စားနပ်ရိက္ခာတွေ အလျင်အမြန် ရောက်မလာရင် အငတ်ဘေးကြီးနဲ့ ရင်ဆိုင်ရနိုင်တာကြောင့်အစ္စရေးအနေနဲ့ စားနပ်ရိက္ခာတွေ ပို့ခွင့်ပြုဖို့ ကုလသမဂ္ဂ၊ အမေရိကန်နဲ့ နိုင်ငံတကာအသိုင်းအဝိုင်းရဲ့ တောင်းဆိုမှုတွေ ကျယ်ကျယ်လောင်လောင် ထွက်ပေါ်လာချိန်မှာဘဲ အခုလို ထရပ်ကားတွေ ဝင်ခွင့်ရခဲ့တာပါ။
ကချင်ပြည်နယ် မြစ်ကြီးနား - ဗန်းမော်လမ်းက မိုးမောက်မြို့နယ်ရှိ စစ်ကောင်စီရဲ့ ဒါဆိုင်း တပ်စခန်းကို ဒီကနေ့မနက်ပိုင်းမှာ KIA က သိမ်းယူလိုက်ပြီးနောက် စစ်ကောင်စီဘက်က လေကြောင်းက အပြင်းအထန် တိုက်ခိုက်နေကြောင်း ဒေသခံတွေက ပြောပါတယ်။
ကမ္ဘာ့နိုင်ငံတော်တော်များများမှာ ကိုဗစ်ကပ်ရောဂါ မတိုင်ခင် အခြေအနေမျိုး ပြန်ရောက်စ ပြုလာပေမဲ့ မြန်မာနိုင်ငံ အပါအဝင် နိုင်ငံတချို့မှာတော့ ဖွံ့ဖြိုးမှုတွေ နောက်ကျကျန်ခဲ့ကြောင်း ကုလသမဂ္ဂ အစီရင်ခံစာသစ်က ဖော်ပြလိုက်ပါတယ်။
တရုတ်ကုမ္ပဏီပိုင် TikTok လူမှုကွန်ရက်ကို အမေရိကန်ပြည်ထောင်စုတခုလုံးမှာ တားမြစ်ရေး ဥပဒေကြမ်းကို အောက်လွှတ်တော်က ဗုဒ္ဓဟူးနေ့က အတည်ပြုခဲ့ပြီးနောက် စီးပွားရေးကို မျှမျှတတပြိုင်ဆိုင်ဖို့ တရုတ်နိုင်ငံက တောင်းဆိုလိုက်ပါတယ်။
ရှမ်းပြည်တောင်ပိုင်းမှာ ဒီရက်ပိုင်း စစ်ကောင်စီနဲ့တိုက်ပွဲတွေ ပြင်းထန်နေတယ်လို့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ တာဝန်ရှိသူတွေနဲ့ ဒေသခံတွေက ပြောပါတယ်။ စစ်ရေးပဋိပက္ခတွေကြား နေအိမ်အများအပြား မီးလောင်ပျက်စီးခဲ့သလို၊ ဒေသခံတွေလည်း ဘေးလွတ်ရာ တိမ်းရှောင်နေကြရတာပါ။
ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့မှာ မကြာသေးခင် ရက်တွေကစ လုံခြုံရေးတင်းကျပ်ထားပြီး အသွားအလာတွေ ကန့်သတ်မှုတွေကြောင့် ဒေသခံတွေ အခက်အခဲ ကြုံနေရတယ်လို့ မြို့ခံတွေက ပြောပါတယ်။
ကရင်ပြည်နယ် မြဝတီမြို့နယ်မှာ လောင်းကစားနဲ့ လိမ်လည်တဲ့ လုပ်ငန်းတွေမှာ ပတ်သက်ခဲ့တဲ့ တရုတ်နိုင်ငံသား ၈၀၀ ကျော်ကို ထိုင်း-မြန်မာ နှစ်နိုင်ငံအာဏာပိုင်တွေနဲ့ ဆွေးနွေးပြီး ထိုင်းနိုင်ငံကတဆင့် တရုတ်နိုင်ငံကို ပြန်လည် ခေါ်ယူနေကြောင်း တရုတ် ပြည်သူ့လုံခြုံရေး ဝန်ကြီးဌာနက ဗုဒ္ဓဟူးနေ့မှာ သတင်းထုတ်ပြန်ပါတယ်။
ရုရှားသမ္မတ ဗလာဒီမီယာပူတင်က နိုင်ငံရဲ့အချုပ်အခြာအာဏာ ဒါမှမဟုတ် လွတ်လပ်ရေးကို ခြိမ်းခြောက်ခံရရင် နျူကလီးယားလက်နက်သုံးဖို့ ပြင်ဆင်ထားကြောင်း ဗုဒ္ဓဟူးနေ့ ရုရှားနိုင်ငံပိုင် ရုပ်မြင်သံကြား မေးမြန်းခန်းမှာ ရုရှားသမ္မတပူတင်က ပြောပါတယ်။
အစ္စရေးစစ်တပ်ရဲ့တိုက်ခိုက်မှုအတွင်း ဂါဇာကမ်းမြောင်တောင်ပိုင်းက ကုလသမဂ္ဂရဲ့စားနပ်ရိက္ခာဖြန့်ဖြူးရေးစင်တာတခုက ဝန်ထမ်းတဦးသေဆုံးပြီး ၂၂ ဦး ဒဏ်ရာရခဲ့တယ်လို့ ပါလက်စတိုင်းဒုက္ခသည်တွေကို ကူညီပေးတဲ့ ကုလသမဂ္ဂအေဂျင်စီအကြီးအကဲက ဗုဒ္ဓဟူးနေ့မှာ ပြောပါတယ်။
အမေရိကန်ပြည်ထောင်စုက တက္ကဆက်ပြည်နယ်က "သံမဏိအဆုတ်နဲ့ လူသား" လို့ လူသိများတဲ့ တကိုယ်လုံးနီးပါးမလှုပ်ရှားနိုင်တဲ့ ပိုလီယိုရောဂါသည် ပေါလ် အလက်ဇန္ဒား (Paul Alexander) ဟာ အသက် ၇၈ နှစ်အရွယ်မှာ ကွယ်လွန်သွားကြောင်း သူ့ရဲ့မိသားစုနဲ့ ရန်ပုံငွေရှာဖွေရေးဝက်ဘ်ဆိုက်က သတင်းထုတ်ပြန်ပါတယ်။
အမေရိကန် နိုင်ငံခြားရေးဝန်ကြီး အန်ထိုနီ ဘလင်ကန်နဲ့ ဥရောပသမဂ္ဂ (EU) နိုင်ငံခြားရေးမူဝါဒ အကြီးအကဲ ဂျိုးဇက် ဘိုရဲလ် (Josep Borrell) တို့ဟာ ဗုဒ္ဓဟူးနေ့က ဝါရှင်တန်ဒီစီ မြို့တော်မှာ တွေ့ဆုံခဲ့ရာမှာ ယူကရိန်းနဲ့ ဂါဇာကအခြေအနေတွေကို အဓိကထား ဆွေးနွေးခဲ့ကြပါတယ်။
ကမ္ဘာတဝန်းမှာ ကလေးငယ် သေဆုံးမှုပေါင်း သမိုင်းတလျှောက် အနိမ့်ဆုံးအဆင့်ရောက်ခဲ့တယ်လို့ ကုလသမဂ္ဂ ကလေးများရံပုံငွေအဖွဲ့ ယူနီဆက်က ပြောပါတယ်။ လက်ရှိ သေဆုံးတဲ့ကလေးအများစုက ကာကွယ်နိုင်တဲ့ ရောဂါတွေကြောင့် သေဆုံးကြတာဖြစ်ပြီး ၅ နှစ်နဲ့ ၂၄ နှစ်ကြား ကလေး ၂ သန်းကျော်လည်း ရောဂါကြောင့် သက်တမ်းစေ့ မနေနိုင်ပါဘူး။
နောက်ထပ်ကြည့်ရှုရန်