ကနဦးအစီရင်ခံစာတွေအရ တိုက်ခိုက်ခံရမှုကြောင့် ရေနံချက်စက်ရုံမှာ မီးလောင်မှု ဖြစ်ပွားခဲ့ပြီး ထိခိုက်ဒဏ်ရာရသူတွေ ရှိခဲ့ကြောင်း Ryazan ဒေသ အုပ်ချုပ်ရေးမှူး Pavel Malkov ကပြောပါတယ်။
Georgia, Mississippi နဲ့ Washington ပြည်နယ်တွေက အင်္ဂါနေ့ ပါတီတွင်း သမ္မတလောင်းရွေးပွဲတွေမှာ အသီးသီး အနိုင်ရလိုက်တာကြောင့် သက်ဆိုင်ရာ ပါတီတွေရဲ့ သမ္မတလောင်းအဖြစ် လိုအပ်တဲ့ ထောက်ခံမဲတွေ ရရှိခဲ့ကြတာပါ။
ငတ်မွတ်ခေါင်းပါးမှုဟာ စစ်လက်နက်တခုဖြစ်လာတယ်လို့ အီးယူ ထိပ်တန်းသံတမန်ကပြောပြီးတဲ့နောက် အလှူရှင်နိုင်ငံတွေ၊ အကူအညီပေးရေးအေဂျင်စီတွေနဲ့ စေတနာရှင်တွေက ဂါဇာကို ကုန်းကြောင်း၊ လေကြောင်းနဲ့ ရေကြောင်းတို့ကနေ အစားအစာတွေ ကူညီပေးနိုင်ဖို့ ဒီနေ့ကစပြီး ကြိုးပမ်းနေကြပါတယ်။
ကချင်လွတ်မြောက်ရေးတပ်မတော် KIA ဌာနချုပ် လိုင်ဇာမြို့အနီးက ဘွမ်ရဲဘွမ် စခန်းမှာ ဒီကနေ့ တနေကုန်နီးပါး တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီတပ်က လေကြောင်းကနေ အပြင်းအထန် ခုခံ တိုက်ခိုက်နေပါတယ်။
ရာမာဒါန်လဟာ အစ္စလာမ်သာသာဝင်တွေရဲ့ ဥပုသ်လဖြစ်ပြီး ရန်ကုန်မြို့အပါအဝင် မြန်မာနိုင်ငံ နေရာအနှံ့မှာရှိတဲ့ အစ္စလာမ်ဘာသာဝင်တွေရဲ့ စုပေါင်းဝတ်ပြုဆုတောင်းပွဲတွေကို သက်ဆိုင်ရာ ဗလီတွေမှာ ပြုလုပ်နေကြတာပါ။
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ တက္ကသိုလ်ရိပ်သာလမ်းနေအိမ် အမှတ် ၅၄ ကို လာမယ့် မတ်လ ၂၀ ရက်မှာလေလံတင်ရောင်းချသွားဖို့ တရားရုံးအမိန့်ချတာကို ဒေါ်အောင်ဆန်းစုကြည်ရှေ့နေတွေဘက်က ပြင်ဆင်ပေးဖို့ တင်သွင်းခဲ့တယ်လို့ တရားရုံးနဲ့ နီးစပ်သူတွေက ပြောပါတယ်။
မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်ထဲက ကျေးရွာတွေကို စစ်တပ်က နယ်မြေရှင်းလင်းရေးလုပ်ဆောင်နေတာကြောင့် နေအိမ်တွေ မီးရှို့ခံနေရသလို အရပ်သား သေဆုံးတာတွေလည်း ရှိနေပါတယ်။ ကျေးရွာတွေထဲမှာ စစ်တပ် စစ်ကြောင်း ရှိနေတဲ့အတွက် ဒေသခံတွေ နေရပ်မပြန်နိုင်ဘဲ တိမ်းရှောင်နေရပါတယ်။
မြန်မာနိုင်ငံကနေ အိန္ဒိယနိုင်ငံအတွင်းကို ထွက်ပြေး ဝင်ရောက်လာသူတွေကို အိန္ဒိယတာဝန်ရှိသူတွေ အတင်းအကျပ် နေရပ်ပြန်ပို့ဖို့ ကြိုးစားတာဟာ တာဝန်မဲ့တဲ့ လုပ်ရပ် ဖြစ်တဲ့အကြောင်းနဲ့ ပြန်ပို့တာတွေ ချက်ချင်းရပ်ဖို့ လူ့အခွင့်အရေး အဖွဲ့တခုဖြစ်တဲ့ Fortify Rights အဖွဲ့ကြီးက တောင်းဆိုလိုက်ပါတယ်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ဒီသီတင်းပတ်ထဲ နယ်စပ်ဖြတ်ကျော် ထွက်ပြေးသွားကြတဲ့ မြန်မာနယ်ခြားစောင့် တပ်ဖွဲ့ဝင် ၁၇၇ ယောက်ကို ပြန်လည်လွှဲပြောင်းပေးဖို့ မြန်မာအာဏာပိုင်တွေနဲ့ ဆက်သွယ် စီစဉ်နေကြောင်း နိုင်ငံခြားရေးဝန်ကြီး Hasan Mahmud ကို ကိုးကားပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံက သတင်းတွေက ဖော်ပြနေကြတာပါ။
အိန္ဒိယနိုင်ငံမှာ ပြဋ္ဌာန်းလိုက်တဲ့ ဘာသာရေးအခြေခံ နိုင်ငံသားဖြစ်ခွင့် ဥပဒေ ပြင်ဆင်ချက်ဟာ မြန်မာနိုင်ငံက ရိုဟင်ဂျာ ဒုက္ခသည်တွေအပါအဝင် အာရှနိုင်ငံတွေက မူဆလင်လူနည်းစုတွေကို ခွဲခြား ကန့်သတ်ဖို့ ရည်ရွယ်တာဆိုပြီး လူ့အခွင့်အရေးအဖွဲ့တွေက ကန့်ကွက်နေပါတယ်။
နှစ်နိုင်ငံ အငြင်းပွါးနေတဲ့နေရာကို အိန္ဒိယဝန်ကြီးချုပ်သွားရောက်ခဲ့တဲ့အတွက် တရုတ်က ကန့်ကွက်ခဲ့တာကို အိန္ဒိယကပယ်ချလိုက်ပါတယ်။ ဒီနေရာက အိန္ဒိယ အရှေ့မြောက်ပိုင်း အရူနာချယ် ပရာဒက်ပြည်နယ်ကို တရုတ်က သူပိုင်နယ်မြေ Zangnan လို့ ပြောနေတာပါ။
တရုတ်ပြည် ဇင်ကျန်းက ဝီဂါ၊ မြန်မာနဲ့ဘင်္ဂလားဒေ့ရှ်က ရိုဟင်ဂျာနဲ့ ဂါဇာက ပါလက်စတိုင်းတွေအပါအဝင် တကမ္ဘာလုံးက မွတ်ဆလင် အသိုက်အဝန်းများစွာ အတွက် ပဋိပက္ခနဲ့ ဒုက္ခကြုံနေရချိန်မှာ ငြိမ်းချမ်းရေးရရှိပါစေလို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးက ဆုတောင်းမေတ္တာ ပို့သလိုက်ပါတယ်။
လူသားချင်း စာနာထောက်ထားရေး စားစရာ တန်ချိန် ၂၀၀ တင်သွားတဲ့ စပိန်အလှူသင်္ဘောဟာ ဆိုက်ပရပ်စ်ကနေ ဂါဇာကို အင်္ဂါနေ့က ထွက်ခွါသွားခဲ့ပါပြီ။ အစ္စရေးနဲ့ ဟာမတ်စ် စစ်သွေးကြွတွေကြားတိုက်ပွဲတွေကြောင့် စားစရာပြတ်နေကြတဲ့ ပါလက်စတိုင်း စစ်ဘေးဒုက္ခသည် သောင်းပေါင်းများစွာအတွက် ဒါဟာ နောက်ဆုံး အားထုတ်ချက်ဖြစ်ပါတယ်။
အမေရိကန်သမ္မတဂျိုးဘိုင်ဒန်ဟာ ပိုလန်သမ္မတ အင်ဒရေဒူးဒနဲ့ ဝန်ကြီးချုပ် ဒေါ်လ်နယ် တပ်ခ်စ်တို့နဲ့ အင်္ဂါနေ့က အိမ်ဖြူတော်မှာ တွေ့ဆုံခဲ့ပါတယ်။ အမေရိကန်လွှတ်တော်မှာ ယူကရိန်းကူညီရေးနဲ့ပတ်သက်လို့ သောင်မတင်ရေမကျဖြစ်နေချိန်မှာ ခုလို တွေ့ဆုံတာ ဖြစ်ပါတယ်။
ကုလသမဂ္ဂ လုံခြုံရေးကောင်စီအနေနဲ့ ဟာမတ်စ်ကို အကြမ်းဖက်အဖွဲ့အဖြစ် သတ်မှတ်ပြီး ပြင်းထန်တဲ့ ဒဏ်ခတ်ပိတ်ဆို့မှုတွေ ချမှတ်ပေးဖို့ အစ္စရေးနိုင်ငံခြားရေးဝန်ကြီးက တောင်းဆိုလိုက်ပါတယ်။
ရခိုင်ပြည်နယ်တောင်ပိုင်း ရမ်းဗြဲမြို့ကို သိမ်းပိုက်လိုက်ကြောင်း ရက္ခိုင့်တပ်တော်က AA က ကြေညာလိုက်ပြီးနောက် စစ်ကောင်စီကလေကြောင်းကနေ တိုက်ခိုက်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ AA အဖွဲ့ကတော့ ရခိုင်ပြည်နယ် မြောက်ပိုင်းက မြို့နယ် တချို့မှာလည်း ထိုးစစ်ဆင် တိုက်ခိုက်နေတာပါ။
ပင်လယ်နီဒေသ ရေကြာင်းသွားလာမှုတွေကို ခြိမ်းခြောက် တိုက်ခိုက်နေတဲ့ ယီမင်နိုင်ငံအခြေစိုက် ဟူသီ သူပုန်အဖွဲ့ရဲ့ ရေအောက် ဒရုန်းနဲ့ သင်္ဘောဖျက် မစ်ဇိုင်းဒုံး ၁၈ ခုကို အမေရိကန်တပ်ဖွဲ့တွေက မနေ့ တနင်္လာနေ့က တိုက်ခိုက်ခဲ့ပါတယ်။
မြန်မာ့အိမ်နီးချင်း ထိုင်းနိုင်ငံမှာ ပြီးခဲ့တဲ့နှစ် ရွေးကောက်ပွဲအတွင်း လွှတ်တော်နေရာ အများစု အနိုင်ရထားတဲ့၊ ပြုပြင် ပြောင်းလဲရေး လိုလားတဲ့ Move Forward ပါတီ ကို ဖျက်သိမ်းဖို့ ဖွဲ့စည်းပုံ အခြေခံဥပဒေ တရားရုံးကို တောင်းဆိုမယ်လို့ ထိုင်း ရွေးကောက်ပွဲ ကော်မရှင်က ဒီကနေ့ ပြောဆိုလိုက်ပါတယ်။
ဒီကနေ့ ကချင်ပြည်နယ် မြစ်ကြီးနားမြို့အထွက်က အကြဲရွာမှာ စစ်ကောင်စီတပ်နဲ့ KIA အကြား ထိတွေ့တိုက်ပွဲ တကြိမ်ဖြစ်ခဲ့ပြီး တနင်္လာနေ့ မနက်က ဖားကန့်မြို့နယ်က ကသိုဏ်းတောင်စခန်းကိုလည်း ထပ်မံ သိမ်းယူလိုက်ကြောင်း KIA ဘက်က သတင်းထုတ်ပြန်ပါတယ်။
စစ်ကောင်စီတပ်ဖွဲ့ဝင် အယောက် ၁၈ဝ ထက်မနည်းနယ်စပ်ဖြတ်ကျော်ကာ ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲခိုလှုံခဲ့တယ်လို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကသတင်းတွေမှာဖော်ပြထားပါတယ်။ ဒီလူတွေနဲ့ပတ်သတ်လို့ အမြန်ဆုံးပြန်ပို့ဖို့ စီစဉ်နေတယ်လို့လည်းပြောပါတယ်။
နောက်ထပ်ကြည့်ရှုရန်