တရုတ် ကားထုတ်လုပ်ရေး Geely စီးပွားရေးလုပ်ငန်းစုပိုင် Zeekr လျှပ်စစ်ကား ကုမ္ပဏီက မြန်မာ့အိမ်နီးချင်း ထိုင်းနိုင်ငံမှာ လုပ်ငန်းခွဲတခု တည်ထောင်ပြီး မြန်မာ အပါအဝင် ဒေသတွင်း နိုင်ငံတွေကို လျှပ်စစ်ကားတွေ ဖြန့်ဖြူး ရောင်းချဖို့ ပြင်နေပါတယ်။
ကချင်ပြည်နယ်၊ ဖားကန့်မြို့က ကျောက်စိမ်းကုမ္ပဏီတခုရဲ့ လုပ်ကွက်ကျင်းထဲကို အနီးနားက နွံကန်ပြိုကျခဲ့ရာက မွန်းလွဲပိုင်းအထိ သေဆုံးသူ အနည်းဆုံး အလောင်း ၂ လောင်းကို ရှာဖွေတွေ့ရှိထားကြောင်း ကယ်ဆယ်ရေးအဖွဲ့တွေက ပြောပါတယ်။ ဒီနေ့အစောပိုင်း မြေပြိုမှုမှာ ၃၀ လောက် ပျောက်ဆုံးနေတယ်လို့လည်း ပြောပါတယ်။
ပါလက်စတိုင်းသားတို့ရဲ့ရာမာဒန် မွတ်ဆလင်ဥပုသ်လ စတင်တဲ့ တနင်္လာနေ့မှာပဲ အစ္စရေးလ်ဘက်က ဂါဇာဒေသထဲ ပစ်ခတ်တိုက်ခိုက်နေပြီး ပုသ်လမတိုင်မီကတည်းက အစ္စရေးလ်နဲ့ ဟာမတ်စ်တို့ကြား အပစ်ရပ်စဲရေးအတွက် အီဂျစ်၊ အမေရိကန်နဲ့ ကာတာနိုင်ငံတွေက သီတင်းပတ်နဲ့ချီ ညှိနှိုင်းဆောင်ရွက်ပေးနေရင်းက တိုက်တိုက်ခိုက်မှုတွေ ဆက်ရှိနေတာပါ။
အိန္ဒိယဝန်ကြီးချုပ် Narendra Modi အစိုးရက ၂၀၁၉ နိုင်ငံသားဖြစ်ခွင့်ဥပဒေသစ်ကို အကောင်အထည်ဖော်တဲ့နေရာမှာ လိုက်နာရမယ့် စည်းကမ်းတွေကို ကြေညာလိုက်ပါတယ်။ ဟိန္ဒူအမျိုးသားရေးဝါဒီဖြစ်တဲ့ ဝန်ကြီးချုပ်မိုဒီက တတိယအကြိမ်ပြန်လည်အရွေးခံဖို့ သီတင်းပတ်အလိုမှာ ခုလိုကြေညာလိုက်တာဖြစ်ပါတယ်။
ဘယ်လ်ဂျီယံနိုင်ငံ၊ ဘရပ်ဆဲလ်မြို့က မြောက်အတ္တလန္တိတ်စစ်စာချုပ်အဖွဲ့ NATO ရုံးချုပ်မှာ ၃၂ နိုင်ငံမြောက် နေတိုးအဖွဲ့ဝင်ဖြစ်လာတဲ့ ဆွီဒင်ကို ကြိုဆိုတဲ့အနေနဲ့ ဆွီဒင်နိုင်ငံအလံကို တနင်္လာနေ့က ပထမဆုံးလွှင့်ထူလိုက်ပါတယ်။
လွှတ်တော် စည်းဝေးပွဲကနေ သမ္မတ ရှီကျင့်ဖျင်ရဲ့အာဏာကို ပိုမို ခိုင်မြဲစေမယ့် ဥပဒေသစ်တွေ ပြင်ဆင် ပြဌာန်းခဲ့သလို၊ တရုတ်နိုင်ငံရဲ့ အချုပ်အခြာနဲ့ အမျိုးသားလုံခြုံရေးကို ကာကွယ်မယ့် ပြဌာန်းချက်တွေ အပါအဝင် ဥပဒေသစ်တချို့ကိုလည်း ထုတ်ပြန်သွားဖို့ ကတိပြုခဲ့ကြပါတယ်။
ရခိုင်ပြည်နယ်အတွင်း လတ်တလော ဖြစ်ပေါ်နေတဲ့ တိုက်ပွဲတွေကြောင့် မြန်မာ နယ်ခြားစောင့်တပ်ဖွဲ့ဝင် ၂၉ ဦး ဘင်္ဂလားဒေ့ရှ်ဘက်ကို ဒီကနေ့ မတ်လ ၁၁ ရက်နေ့မှာ ထွက်ပြေးလာတယ်လို့ ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်ဖွဲ့က ပြောပါတယ်။
အမေရိကန်ပြည်ထောင်စု၊ Los Angeles မြို့မှာ မတ်လ ၁၀ ရက်၊ မနေ့ညက ကျင်းပခဲ့တဲ့ ဟောလိဝုဒ် ရုပ်ရှင် အော်စကာ အကယ်ဒမီဆုပေးပွဲမှာ အကောင်းဆုံးမှတ်တမ်းရုပ်ရှင်ဆု ရရှိသွားတဲ့ ဒါရိုက်တာ Mstyslav Chernov က စစ်ပွဲတွေမရှိတော့ဖို့အတွက် အော်စကာဆုနဲ့ လဲလိုက်ချင်တယ်လို့ ပြောကြားလိုက်ပါတယ်။
စစ်ကောင်စီနဲ့ ရက္ခိုင့်တပ်တော် AA ကြား တိုက်ပွဲတွေ ဆက်လက် ဖြစ်ပွားနေတဲ့ ရခိုင်ပြည်နယ်မှာ ဒေသခံတွေ သေကျေဒဏ်ရာရတာတွေ ရှိနေပါတယ်။ ပြည်နယ်မြို့တော် စစ်တွေမှာ ဆိုရင်လည်း အရပ်သား ၅ ဦးထက်မနည်း လက်နက်ကြီးထိမှန် သေဆုံးခဲ့ကြောင်း မြို့ခံတွေက ပြောပါတယ်။
ဂါဇာကမ်းမြောင်ဒေသ ဆိုးဝါးတဲ့ ပဋိပက္ခကြား ဘေးဒုက္ခ အန္တရာယ် ခံစားနေရသူတွေနဲ့အတူ သွေးစည်းညီညွတ်မှုကို ပြပြီး ထောက်ပံ့ကူညီဖို့ အစ္စလာမ်ဘာသာဝင်တွေရဲ့ ရာမာဒန် ဥပုသ်လရာသီအစမှာ ကုလသဂ္ဂ အတွင်းရေးမှုးချုပ် Antonio Guterres က မေတ္တာရပ်ခံသွားပါတယ်။
ထိုင်းမြန်မာနယ်စပ် သင်္ဃန်းညီနောင်မှာ တိုက်ပွဲပြင်းထန်လာပြီးလေကြောင်းတိုက်ခိုက်မူတွေလက်နက်ကြီးတွေနဲ့ပစ်ခတ်မူတွေ ရက်ကြာလာတဲ့အချိန်မှာ ထိုင်းနိုင်ငံ တာခ့်ရိုင် အတွင်းကမဲဆောက်မြို့အပါအဝင် နယ်စပ်တလျှောက်ကို မတ် ၉ ရက်နေ့ကစလို့ ထိုင်းစစ်တပ်က လုံခြုံရေးတွေ တိုးမြှင့် တင်းကျပ်ထားပါတယ်။
မြန်မာနိုင်ငံက စစ်ဘေးရှောင်ရင်း အိန္ဒိယနိုင်ငံ မဏိပူရပြည်နယ်မှာ ဖမ်းဆီးခံထားရသူတွေကို နေရပ်ပြန်ပို့မယ့် အစီအစဉ်ဟာ ကန့်ကွက်မှုတွေကြား ရပ်ဆိုင်းထားလိုက်ရတယ်လို့ နယ်စပ်ဒေသအခြေစိုက် မြန်မာ့အရေး လှုပ်ရှားသူတွေနဲ့ မိသားစုတွေက ပြောပါတယ်။
၉၆ ကြိမ်မြောက် အော်စကာဆုပေးပွဲကို အမေရိကန်နိုင်ငံ လော့အိန်ဂျလိစ်မြို့မှာ မတ်လ ၁၀ ရက် တနင်္ဂနွေနေ့ကကျင်းပခဲ့တာမှာ Oppenheimer ရုပ်ရှင်ကားက အကောင်းဆုံးဇာတ်ကားဆု အပါအဝင် ဆု ၇ ခု သိမ်းပိုက်ခဲ့ပါတယ်။
ဝိုင်းမော်နဲ့ မိုးမောက်မြို့နယ်အတွင်း မြစ်ကြီးနား - ဗန်းမော်လမ်း တလျှောက်က စစ်ကောင်စီတပ်စခန်းတွေကို ဒီလ ၇ရက်နေ့က တပြိုင်တည်း တိုက်ခိုက်ခဲ့ပြီး၊ ဒီနေ့အထိ တပ်စခန်းအကြီး၊ အငယ် ၂၀ကျော်ကို သိမ်းယူနိုင်ခဲ့တယ်လို့ ကချင်လွတ်မြောက်ရေးတပ် KIA က ကြေညာလိုက်တာ ဖြစ်ပါတယ်။
အစ္စလာမ်ဘာသာဝင်တို့ရဲ့ အမြင့်မြတ်ဆုံးနေရာတွေတည်ရှိရာ ဆော်ဒီအာရေဗျနိုင်ငံရဲ့ကောင်းကင်ယံမှာ တနင်္ဂနွေနေ့ညက လခြမ်းကိုတွေ့မြင်ခဲ့ရတာကြောင့် ကမ္ဘာတဝန်းက မွတ်ဆလင် ၁.၈ ဘီလီယံထဲက အများအပြားတို့အတွက် ရာမာဒန် ဥပုသ်လစတင်ပါပြီ။
"ယူကရိန်းအလံတော်ဟာ အဝါရောင်နဲ့အပြာရောင်ဖြစ်ပြီး ဒီအလံနဲ့ပဲ ရှင်သန်မယ်၊ သေဆုံးမယ်၊ အောင်ပွဲရယူမယ်၊ ယူကရိန်းမှာ တခြားအလံ လွှင့်စရာမရှိဘူး"လို့ ယူကရိန်းနိုင်ငံခြားရေးဝန်ကြီး Dmytro Kuleba က ပုပ်ရဟန်းမင်းကြီးရဲ့စကားကို လူမှုကွန်ရက်ကတုံ့ပြန်ခဲ့ပြီး "ဘယ်တော့မှ လက်နက်ချမှာမဟုတ်ဘူး" လို့ ကြုံးဝါးလိုက်ပါတယ်။
ဒုက္ခတွေ့နေကြတဲ့ ပါလက်စတိုင်းပြည်သူတွေကို လူသားချင်းစာနာမှုအကူအညီတွေ တိုးပေးနိုင်ဖို့ ဂါဇာကမ်းမြောင်ဒေသမှာ ယာယီဆိပ်ကမ်းတခု တည်ဆောက်ရေးအတွက် အမေရိကန်စစ်သင်္ဘောတစင်းဟာ မြေထဲပင်လယ်ဒေသကို ထွက်ခွာသွားပါပြီ။
"ကျောင်းတွေက ကလေးတွေကို လက်ကိုလက်ခံရမယ်ဆိုတဲ့ ၂၀၀၅ တုန်းကထုတ်ပြန်ခဲ့တဲ့ဥပဒေကို ထပ်သတိပေးတဲ့အနေနဲ့ထုတ်လိုက်တဲ့စာ ဖြစ်တယ်။ အခုလိုထပ်သတိပေးရတဲ့အကြောင်းအရင်းက တချို့ကျောင်းတွေက ကလေးတွေကိုသိပ်လက်မခံဘူးဆိုတဲ့တွေ့ရှိချက်ကြောင့်ဖြစ်ပါတယ်" လို့ပြောသွားတာ ဖြစ်ပါတယ်။"( Mr. Surapong Kongchantuk )
NATO မဟာမိတ်အဖွဲ့ရဲ့ အဖွဲ့ဝင်ဖြစ်လာပြီး နာရီပိုင်းအတွင်းမှာပဲ ဆွီဒင်ဟာ ဒုတိယကမ္ဘာစစ်နောက်ပိုင်း NATO ရဲ အကြီးဆုံး ပူးတွဲ စစ်ရေးလေ့ကျင့်မှု မှာ သူ့လို နောက်ဆုံးမှ အဖွဲ့ဝင်ဖြစ်လာတဲ့ ဖင်လန်နဲ့ အတူ နော်ဒစ်ဒေသမှာ ပါဝင်လေ့ကျင့်ခဲ့ပါတယ်
အစ္စရေးတွေရဲ့ စနေနေ့ တိုက်ခိုက်မှုကြောင့် ဂါဇာတောင်ပိုင်း ရာဖာမြို့က အကြီးဆုံး လူနေအဆောက်အအုံ တခု ပျက်စီးခဲ့ရပြီး ဒါဇင်နဲ့ချီတဲ့ မိသားစုတွေ အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရသလို မကြာခင် အလုံးအရင်းနဲ့ ထိုးစစ်ဆင်မယ်လို့ အစ္စရေးက ကြေညာထားတာအတွက်လည်း ပိုစိုးရိမ် လာကြပါတယ်။
နောက်ထပ်ကြည့်ရှုရန်