အစ္စရေး-ဟာမတ်စ် စစ်ပွဲအတွင်း စစ်ရာဇဝတ်မှုတွေကို နှစ်ဘက်စလုံးက ကျူးလွန်နေကြကြောင်း လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂ မဟာမင်းကြီး Volker Turk က ဒီကနေ့ ပြောကြားလိုက်ပြီး အဲဒီလို ကျူးလွန်သူတွေကို အရေးယူနိုင်ရေးအတွက် စုံစမ်း စစ်ဆေးမှုတွေ ပြုလုပ်ဖို့ တိုက်တွန်းလိုက်ပါတယ်။
မတ်လ ၂ ရက်နဲ့ ၃ ရက်နေ့တွေကျရင် ထိုင်းလွှတ်တော်မှာဆွေးနွေးမယ့် မြန်မာ့အရေးဆွေးနွေးပွဲကနေ လူ့အခွင့်အရေးဆိုးဆိုးဝါးဝါးချိုးဖောက်နေတဲ့ မြန်မာစစ်တပ်ကို ထိထိရောက်ရောက် အရေးယူနိုင်မယ့်ကိစ္စတွေ ဆွေးနွေးမယ်လို့ မျှော်လင့်ကြောင်း Fortify Rights အဖွဲ့အမှုဆောင်အရာရှိချုပ် Matthew Smith ကပြောကြားလိုက်ပါတယ်။
ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာကျင်းပတဲ့ ပညာတော်သင်ဆု မိတ်ဆက် အခမ်းအနားမှာ Diversity and Inclusion Scholarship မတူကွဲပြားမှုနှင့် အားလုံးပါဝင်ခွင့်ရှိသော ပညာတော်သင်ဆု အစီအစဥ်အရ မြန်မာနိုင်ငံက ကျောင်းသား ၁၀၀၀ ကျော်အနေနဲ့ ပညာတော်သင်ဆု လက်ခံရရှိမှာပါ။
အာဆီယံခေါင်းဆောင်တွေနဲ့ ဩစတြေးလျအစိုးရတို့အနေနဲ့ မြန်မာနိုင်ငံအတွင်းဖြစ်ပေါ်နေတဲ့ ပဋိပက္ခနဲ့ တခြား ဒေသတွင်း ပြဿနာတွေကို ကိုင်တွယ် ဖြေရှင်းကြဖို့ လိုအပ်ကြောင်း HRW လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့က ပြောကြားလိုက်ပါတယ်။
မက္ကဆီကို နယ်စပ်ကနေ အမေရိကန်ထဲ တရားမဝင် ဝင်လာနေသူတွေကို တားဆီးရေးကိစ္စက နိုဝင်ဘာကျင်းပမယ့် သမ္မတရွေးကောက်ပွဲအတွက် အဓိကအရေးကြီးတဲ့ ကိစ္စတခုဖြစ်တာကြောင့် သမ္မတဝင်အရွေးခံကြမယ့် သူတို့ ၂ ယောက် နယ်စပ်ဒေသကို သွားကြမှာပါ။
ပဲခူးရိုးမထဲက ကျွန်းသစ်တွေဟာ တရက်ကို ကုန်ကားအစီးရေ ၁၀၀ ကျော်လောက် ခုတ်လှဲခံနေရကြောင်း ပဲခူးတိုင်းထဲက ဒေသခံတချို့က ဗွီအိုအေကို ပြောပါတယ်။ သစ်ခိုးထုတ်သူတွေဟာ ကားကြီး၊ ကားငယ်တွေနဲ့ နေ့တိုင်းသယ်ယူနေပြီး မြဝတီနယ်စပ်ကတဆင့် ပြည်ပကိုရောင်းချနေတယ်လို့ ပြောပါတယ်။
ဒီကနေ့မနက်ပိုင်းကလည်း စစ်တွေမြို့မှာ စစ်ကောင်စီရေတပ်က လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာကြောင့် အရပ်သား ၁ ဒါဇင်ထက်မနည်း သေဆုံးပြီး ၃ဝကျော်ဒဏ်ရာရရှိခဲ့တယ်လို့ AA အဖွဲ့ပြောခွင့်ရ ခိုင်သုခက ဗွီအိုအေကိုပြောပါတယ်။
မကွေးတိုင်း စလင်းမြို့နယ်မှာ စစ်လေယာဉ်တစင်း ပျက်ကျခဲ့ပြီး လေယာဉ်မှူးတွေကတော့ အသက်မသေ လွတ်မြောက်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ လေယာဉ်ပျက်ကျတဲ့ နေရာမှာလည်း လုံခြုံရေးတွေ နေရာယူထားတယ်လို့ ပြောပါတယ်။
အိန္ဒိယ-မြန်မာနယ်စပ်တလျှောက် နယ်စပ်စည်းရိုးခတ်မယ့် အိန္ဒိယဗဟိုအစိုးရရဲ့ အစီအစဥ်ကို ကန့်ကွက်ကြောင်း မြန်မာနဲ့ နယ်နိမိတ်ချင်းထိစပ်နေတဲ့ မီဇိုရမ်ပြည်နယ်ရဲ့ လွှတ်တော်မှာ ဗုဒ္ဓဟူးနေ့က မဲခွဲအတည်ပြုခဲ့ကြောင်း အိန္ဒိယသတင်းတွေမှာ ဖော်ပြကြပါတယ်။
မြန်မာ့အရေးတွေမှာ တက်တက်ကြွကြွနဲ့လုပ်ဆောင်ခဲ့သူတဦးဖြစ်တဲ့ အမေရိကန် အထက်လွှတ်တော် ရီပတ်ဘလီကန်ခေါင်းဆောင် Mitch McConnell က သူ ခေါင်းဆောင်နေရာကနေ နုတ်ထွက်တော့မယ့် လို့ ဗုဒ္ဓဟူးနေ့မှာ ကြေညာလိုက်ပါတယ်။
ဂါဇာမှာ ဟာမတ်စ်ကဖမ်းထားတဲ့ အစ္စရေးဓားစာခံတွေရဲ့မိသားစုတွေနဲ့ သူတို့ အပေါ် ထောက်ခံဝန်းရံသူတွေဟာ အဖမ်းခံရသူတွေလွတ်မြောက်ရေး အစ္စရေးတောင်ပိုင်းကနေ ဂျေရုဆလင်အထိ လေးရက်ကြာ လမ်းလျှောက် ချီတက်ဆန္ဒပြပွဲကို ဗုဒ္ဓဟူးနေ့က စတင်လိုက်ပါတယ်။
စင်္ကာပူနိုင်ငံမှာ ဖေဖော်ဝါရီ ၂၇ ရက်ကကျင်းပတဲ့ ၆ ကြိမ်မြောက် အမေရိကန်-စင်္ကာပူ မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေးဆွေးနွေးပွဲမှာ အာဆီယံ ဘုံ-သဘောတူညီမှုငါးရပ် အကောင်အထည်ဖော်ဖို့ ထပ်လောင်းတောင်းဆိုတာအပါအဝင် မြန်မာ့အရေး ထည့်သွင်းဆွေးနွေးခဲ့ကြောင်း နှစ်နိုင်ငံ ပူးတွဲထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။
အမေရိကန်ပြည်ထောင်စု Michigan ပြည်နယ်မှာ မနေ့ ဖေဖော်ဝါရီ ၂၇ ရက်နေ့က ကျင်းပတဲ့ ပါတီတွင်း သမ္မတလောင်း ရွေးပွဲတွေမှာ ဒီမိုကရက်ပါတီက သမ္မတ Joe Biden အနိုင်ရပြီး ရီပတ်ဘလစ်ကန် ပါတီက သမ္မတဟောင်း Donald Trump အနိုင်ရသွားပါတယ်။
လက်ဘနွန်တောင်ပိုင်းမှာရှိတဲ့ ဟစ်ဇ်ဘိုလာ လက်နက်ပစ္စည်း သိုလှောင်ထားတဲ့နေရာကို ပစ်မှတ်ထားပြီး လေကြောင်း တိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့သလို၊ လက်ဘနွန်ကနေ ပစ်လွှတ်လိုက်တဲ့ ဒုံးကျည်အများအပြားကိုလည်း ကြားဖြတ် ဟန့်တားနိုင်ခဲ့တယ်လို့ အစ္စရေးက ဒီနေ့ပဲပြောပါတယ်။
နယ်စပ်ဖြတ်ကျော် အွန်လိုင်းလိမ်လည်မှုမှာ ပါ၀င်နေတယ်လို့ သံသယရှိသူ စုစုပေါင်း ၂၆၈ ဦးကို လာအိုက တရုတ်နိုင်ငံကို ပြန်ပို့ခဲ့ကြောင်း တရုတ် လုံခြုံရေးဝန်ကြီးဌာနက ဒီကနေ့ ဖေဖော်ဝါရီ ၂၈ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။
အကူအညီ ပမာဏ အတိအကျကို ဖော်ပြမထားပေမယ့် ဩစတေးလျနိုင်ငံက ပေးတဲ့ အကူအညီတွေကို မြန်မာနိုင်ငံက လိုအပ်နေတဲ့သူတွေလက်ထဲ ပေးအပ်မှာ ဖြစ်တဲ့အကြောင်း X လူမှုကွန်ယက်မှာ ရေးသားထားတာပါ။
မကွေးတိုင်း မြစ်ခြေမြို့နဲ့ ကမ္မမြို့ ကားလမ်းဘေးမှာရှိတဲ့ ချိုင် ကျေးရွာနဲ့ ၂ မိုင်လောက်ဝေးတဲ့ ဖလံအို ရွာမှာ တပ်စွဲနေတဲ့ စစ်တပ်ဟာ ဖေဖော်ဝါရီ ၂၇ ရက် ညနေပိုင်းက ဝင်ရောက်လာပြီး အရပ်သားတွေရဲ့ နေအိမ်တွေကို မီးရှို့ခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။
မြန်မာနိုင်ငံမှာ စစ်ကောင်စီ မကြာခင်က ထုတ်ပြန်လိုက်တဲ့ အရွယ်ရောက်ပြီး လူငယ်တွေ စစ်မှုမထမ်းမနေရ အမိန့် အပေါ် မြန်မာပြည်သူတွေ စိုးရိမ်ပူပန်နေရတာကို စာနာ နားလည်မိတဲ့အကြောင်း ရန်ကုန်မှာရှိတဲ့ ဗြိတိသျှသံရုံး အကြီးအကဲ Mr. Ken O’Flaherty က သံရုံးရဲ့ Facebook လူမှုကွန်ယက်မှာ သတင်းစကားပါးထားပါတယ်။
ရက္ခိုင့်တပ်တော် AA က ရခိုင်ပြည်မြောက်ပိုင်း မင်းပြားမြို့နယ်က စစ်ကောင်စီရဲ့ အမှတ်(၉) တိုင်းဗဟိုလေ့ကျင့်ရေးသင်တန်းကျောင်းကို မနေ့က ညနေပိုင်းက သိမ်းပိုက်ခဲ့ပြီး လက်နက်ခဲယမ်း အမြောက်အများ သိမ်းစည်းရမိခဲ့တယ်လို့ ရက္ခိုင့်တပ်တော် AA က ထုတ်ပြန် ထားပါတယ်။
မွန်ပြည်နယ်အတွင်း စစ်ဘေးရှောင်တွေဟာ စားဝတ်နေရေးအတွက် တချို့က နယ်စပ်ဖြတ်ကျော် သွားရောက် အလုပ်လုပ်ကြသလို တချို့လည်း အကူအညီရတဲ့ ဒေသတွေဆီ ရွှေ့ပြောင်းနေထိုင်ကြတယ်လို့ စစ်ဘေးရှောင်တွေက ပြောပါတယ်။ တိုက်ပွဲကာလ ကြာမြင့်လာတာနဲ့အမျှ အဓိကအနေနဲ့ အစာရေစာ ရှားပါလာတဲ့ပြဿနာကို ရင်ဆိုင်လာရတယ်လို့လည်း ပြောပါတယ်။
နောက်ထပ်ကြည့်ရှုရန်