ယီမင်နိုင်ငံအခြေစိုက် ဟူသီသူပုန်တွေရဲ့ အဝေးထိန်းဒရုန်း ၅ ခုကို မနေ့နှောင်းပိုင်းမှာ အမေရိကန်နဲ့ မဟာမိတ်တပ်ဖွဲ့တွေက ပင်လယ်နီဒေသမှာ ကြားဖြတ်ပစ်ချခဲ့ကြောင်း အမေရိကန်စစ်တပ်က ပြောလိုက်ပါတယ်။ ဟူသီသူပုန်တွေ ထိန်းချုပ်ရာ ယီမင်နိုင်ငံကနေ ပစ်လွှတ်လိုက်တာလို့လည်း အမေရိကန်စစ်တပ်က ပြောပါတယ်။
အမေရိကန်နဲ့ ထိုင်းနိုင်ငံတို့ ဦးစီးပြီး အရှေ့တောင်အာရှရဲ့ နိုင်ငံစုံပါဝင်တဲ့ အရှည်ကြာဆုံး စစ်ရေးလေ့ကျင့်မှု "ရွှေမြွေဟောက် စစ်ရေးလေ့ကျင့်မှု" Cobra Gold 2024 ကို မနေ့က တရားဝင်စတင် ဖွင့်လှစ်ပါတယ်။
ဒေါ်လာဘီလီယံများစွာပါတဲ့ ယူကရိန်းကူညီထောက်ပံ့ရေးသေချာအောင်နဲ့ အသုံးစရိတ်မလုံလောက်တဲ့အတွက် အစိုးရလုပ်ငန်းတွေရပ်ဆိုင်းမယ့်အရေးတွေ ရှောင်နိုင်ဖို့ သမ္မတတဂျိုးဘိုင်ဒန်နဲ့ လွှတ်တော်ခေါင်းဆောင်တွေ အင်္ဂါနေ့မှာ အိမ်ဖြူတော်မှာ ဆွေးနွေးခဲ့တာ တိုးတက်မှုရှိကြောင်း လွှတ်တော်ခေါင်းဆောင်တွေကပြောပါတယ်။
ဂါဇာဒေသမှာ ဆက်လက်တိုက်ပွဲတွေဖြစ်နေပြီး ပြီးခဲ့တဲ့အင်္ဂါအနေ့ကအထိ ပေါက်ကွဲမှုတွေနဲ့ မီးခိုးလုံးတွေထွက်ပေါ်နေဆဲဖြစ်ပါတယ်။ ပြီးခဲ့တဲ့တနင်္လာနေ့နဲ့အင်္ဂါအနေ့တွေမှာ နောက်ထပ်အနည်းဆုံးလူ ၁၀၀ လောက်သေဆုံးခဲ့ပြီး ၁၅၀ လောက်ဒဏ်ရာရခဲ့ပါတယ်။
ရုရှားကဖမ်းထားတဲ့ ယူကရိန်းစစ်သုံ့ပန်းတွေပြန်လွှတ်ပေးရေးနဲ့ ငြိမ်းချမ်းရေးအစီအစဉ်အတွက် တွန်းအားပေးဖို့ ယူကရိန်းသမ္မတ ဗလိုဒီမာဇာလင်းစကီးဟာ အင်္ဂါနေ့က ဆော်ဒီအာရေးဗီးယားနိုင်ငံကိုသွားခဲ့ပါတယ်။
ရီပတ်ဗလစ်ကန် ပါတီတွင်း သမ္မလောင်း ရွေးပွဲတွေဟာ သမ္မတဟောင်း Donald Trump နဲ့ ကုလသမဂ္ဂဆိုင်ရာ အမေရိကန် သံအမတ်ကြီးဟောင်း Nikki Haley တို့ နှစ်ယောက်တည်း ဆက်ပြိုင်နေဆဲဖြစ်ပြီး ဘယ်လောက်ကြာကြာ ၂ ယောက် ဆက်ပြိုင်မလဲဆိုတာကိုတော့ မေးခွန်းထုတ်စရာ ဖြစ်နေပါတယ်။
Michigan ပြည်နယ်မှာ ဒီကနေ့ ဖေဖော်ဝါရီ ၂၇ ရက်နေ့မှာ ဒီမိုကရက်နဲ့ ရီပတ်ဘလီကန်ပါတီတို့ရဲ့ ပါတီတွင်း သမ္မတကိုယ်စားလှယ်လောင်း ရွေးချယ်မှုအတွက် မဲပေးကြဖို့ရှိတာမှာ ဒီမိုကရက်ပါတီက သမ္မတ Joe Biden နဲ့ ရီပတ်ဘလီကန်ပါတီက သမ္မတဟောင်း Donald Trump တို့ အနိုင်ရကြလိမ့်မယ်လို့ အများစုက မျှော်လင့်ထားကြပါတယ်။
စစ်ကောင်စီ ဂျက်တိုက်လေယာဥ်တွေက မင်းပြားမြို့နယ်က မင်းဖူးဆေးရုံနဲ့ သေကန်ကျေးရွာကို ဒီကနေ့ မနက်ပိုင်းက လာရောက်ဗုံးကြဲတာကြောင့် လူပေါင်း ဒါဇင်နဲ့ချီ ထိခိုက်ဒဏ်ရာရသွားပါတယ်။
နိုင်ငံအများအပြားက ကိုယ်စားလှယ်တွေ ညှိနှိုင်းဆောင်ရွက်နေတဲ့ ဂါဇာကမ်းမြောင်ဒေသ အပစ်အခတ်ရပ်စဲရေး အစီအစဉ်သစ်ကို ရှေ့သီတင်းပတ်အစောပိုင်းမှာ စနိုင်ဖို့မျှော်လင့်တယ်လို့ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က ပြောပါတယ်။
မြန်မာနိုင်ငံမှာဖြစ်နေတဲ့ နိုင်ငံရေး ပဋိပက္ခတွေနဲ့ အိမ်နီးချင်းနိုင်ငံတွေရဲ့ စီးပွားရေးပြဿနာတွေကြောင့် ယခုနှစ်အတွင်း ထိုင်းနိုင်ငံရဲ့ နယ်စပ်ကုန်သွယ်ရေး လုပ်ငန်းတွေ နှေးကွေးနိုင်တယ်လို့ ထိုင်းစက်မှုလုပ်ငန်း အဖွဲ့ချုပ် (FTI) က ပြောပါတယ်။
တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ အရှေ့တောဒေသမှာ စစ်ရေးတင်းမာနေပြီး စစ်ကောင်စီဘက်က လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်တာတွေ ဒီကနေ့အထိ ရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ လေကြောင်းရန်နဲ့ တိုက်ပွဲကြောင့် အနီးဝန်းကျင်က ရွာခံတွေလည်း ထွက်ပြေးတိမ်းရှောင်နေပါတယ်။
ကချင်ပြည်နယ် ဖားကန့်မြို့နယ် တာမခန်ကျေးရွာမှာ စစ်ကောင်စီတပ်နဲ့ KIA ပူးပေါင်းတပ်တွေ အကြားတိုက်ပွဲပြင်းထန်နေပြီး ရဲစခန်းကို သိမ်းယူလိုက်ကြောင်း KIA ရဲ့ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။ တိုက်ပွဲကြောင့် တာမခန်နဲ့ အနီးအနားရှိ ကျေးရွာ ၃ရွာလောက်က ပြည်သူတွေ စစ်ဘေးလွတ်ရာကို တိမ်းရှောင်နေရကြောင်း ပြောပါတယ်။
နယ်မြေပိုင်နက်အငြင်းပွါးနေကြတဲ့ တောင်တရုတ်ပင်လယ်ပြင်တွင်းက Scarborough Shoal ကျွန်းကို သူပိုင်နယ်မြေဖြစ်တယ်လို့ တရုတ်နိုင်ငံခြားရေးဌာနက တနင်္လာနေ့မှာ ထပ်လောင်းပြောဆိုပါတယ်။
လကမ္ဘာရဲ့တောင်ဝင်ရိုးစွန်းအနီးမှာ ဘေးတိုက်ဆင်းသက်ခဲ့တဲ့ အမေရိကန်ပုဂ္ဂလိက လဆင်းယာဥ်ဟာ အင်္ဂါနေ့လောက်ဆိုရင် Odysseus လဆင်းယာဥ်ရဲ့ ဆိုလာပြားတွေပေါ် နေရောင်ခြည်ကျရောက် နိုင်တော့မှာမဟုတ်ဘူးလို့ အာကာသယာဥ်တွေတည်ဆောက်ပျံသန်းနေတဲ့ Huston မြို့အခြေစိုက် Intuitive Machines ကုမ္ပဏီက တနင်္လာနေ့မှာ ပြောပါတယ်။
မြောက်အတ္တလန္တိတ်စစ် စာချုပ် NATO အဖွဲ့ဝင်ဖြစ်ရေး ဆွီဒင်နိုင်ငံရဲ့လျှောက်ထားချက်ကို ဟန်ဂေရီအစိုးရက လတွေနဲ့ချီ ကန့်ကွက်နေတာကို ဟန်ဂေရီလွှတ်တော်က တနင်္လာနေ့မှာလွှတ်တော်အမတ်တွေက ထောက်ခံမဲ ၁၈၈ မဲ၊ ကန့်ကွက်မဲ ၆ မဲနဲ့မဲခွဲထောက်ခံလိုက်ကြပါတယ်။
ရခိုင်ပြည်နယ် မင်းပြားမြို့နယ်တွင်းက စစ်ကောင်စီရဲ့ တိုင်းဗဟိုလေ့ကျင့်ရေးသင်တန်းကျောင်းကို ရခိုင်တပ်တော် AA က တိုက်ခိုက်နေပြီး နေရာအများစုကို သိမ်းယူထားပြီလို့ AA ပါဝင်တဲ့ ညီနောင်သုံးဖွဲ့က သတင်းထုတ်ပြန်ပါတယ်။
ဂါဇာတောင်ပိုင်း Rafah မြို့မှာခြေကုတ်ယူထားတဲ့ ဟာမတ်စ်တို့ကို မြေပြင်ထိုးစစ်မဆင်ခင် အဲဒီကထောင်ပေါင်းများစွာသောအရပ်သားတွေ ဘေးလွတ်ရာရှောင်တိမ်းနိုင်မယ့်အစီအစဥ်တရပ်ကို အစ္စရေးဝန်ကြီးချုပ် Benjamin Netanyahu ရုံးက တနင်္လာနေ့မှာ ထုတ်ပြန်ပါတယ်။
ကရင်ပြည်နယ် မြဝတီမြို့နယ်ထဲက ဆိုက်ဘာ အွန်လိုင်းလိမ်လည်တဲ့ ရာဇဝတ်လုပ်ငန်းတွေရှိရာ KK Park မြို့သစ်စီမံကိန်းမှာ ယူဂန်ဒါနိုင်ငံသား ၃၀ လောက်ပိတ်မိနေပြီး အတင်းအကျပ်စေခိုင်းခံနေရတယ်လို့ ယူဂန်ဒါအစိုးရက ဗွီအိုအေကို အတည်ပြုပြောကြားခဲ့ပါတယ်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံနယ်စပ်မှာ မတည်မငြိမ်ဖြစ်အောင် နည်းပရိယာယ်အမျိုးမျိုးနဲ့ ကာလကြာရှည်ကတည်းက မြန်မာဘက်က ကြိုးစားခဲ့ကြောင်း ဘင်္ဂလားဒေ့ရှ် ရဲတပ်ဖွဲ့ ရာဇ၀တ်မှုနဲ့ အကြမ်းဖက်မှု တိုက်ဖျက်ရေးအဖွဲ့ (RAB) ညွှန်ကြားရေးမှူးချုပ် M Khurshid Hossain က ပြောကြားခဲ့ပါတယ်။
နောက်ထပ်ကြည့်ရှုရန်