မြန်မာနိုင်ငံအပါအဝင် ယူကရိန်း၊ ဆူဒန်၊ ဂါဇာ စတဲ့ လက်နက်ကိုင် ပဋိပက္ခဖြစ်ပွားရာနေရာတွေမှာ နိုင်ငံတကာ ဥပဒေကို မျက်ကွယ်ပြုနေတဲ့ လုပ်ရပ်တွေကြောင့် ကမ္ဘာကြီးရဲ့ ဘေးကင်းလုံခြုံမှုကို ခြိမ်းခြောက်လာနေတဲအကြောင်း ကုလသမဂ္ဂအတွင်းရေးမှုးချုပ်က သတိပေးပြောဆိုသွားပါတယ်။
အစ္စရေးစစ်တပ်ကနေ ဂါဇာကမ်းမြှောင်မှာ တိုက်ပွဲဖြစ်ပွားနေတဲ့နေရာတွေက အရပ်သားတွေကို ရွှေ့ပြောင်းပေးမည့် အစီအစဉ်နဲ့ နောက်ထပ်လုပ်မည့် စစ်ဆင်ရေးအစီအစဉ်တွေနဲ့ ပတ်သက်လို့ ဒီကနေ့ပဲ တင်ပြထားကြောင်း အစ္စရေးဝန်ကြီးချုပ် Benjamin Netanyahu ရဲ့ရုံးက သတင်း ထုတ်ပြန်ထားပါတယ်။
အရှေ့တောင်အာရှမှာ အကြီးဆုံးနဲ့ ကာလအကြာဆုံး စစ်ရေးလေ့ကျင့်မှုဖြစ်တဲ့ ထိုင်းနဲ့ အမေရိကန်တို့ရဲ့ "ရွှေမြွေဟောက် စစ်ရေးလေ့ကျင့်မှု" Cobra Gold 2024 ကို ဒီလ ၂၆ ရက်နေ့ကနေ မတ်လ ၈ ရက်နေ့အထိ ပြုလုပ်သွားမယ်လို့ ထိုင်းနိုင်ငံ ကာကွယ်ရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Jirayu Houngsub က ပြောပါတယ်။
လူထုတွေ နေရပ်ပြန် နေထိုင်ဖို့ မသင့်တော်သေးပေမဲ့ အုပ်ချုပ်ရေးယန္တရားနဲ့ ပြန်လည်ထူထောင်ရေး လုပ်ငန်းတွေ အကောင်အထည်ဖော်နိုင်ဖို့ ကရင်နီပြည် ကြားကာလ အုပ်ချုပ်ရေး ကောင်စီ (IEC)နဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တို့ ပူးပေါင်းပြီး ကြိုးစားလုပ်ဆောင်နေပြီလို့လည်း IEC က ဆိုပါတယ်။
ရခိုင်ပြည်နယ်က မြို့နယ် တော်တော်များများမှာ စစ်ကောင်စီနဲ့ ရက္ခိုင့်တပ်တော် (AA) ကြား တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေဆဲဖြစ်ပါတယ်။ ရမ်းဗြဲမြို့မှာဆိုရင်လည်း ဒီကနေ့အထိ တိုက်ပွဲတွေအပြင်းအထန်ဖြစ်နေပြီး စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှုကြောင့် တမြို့လုံး နီးပါးပျက်စီးနေတာပါ။
ရှမ်းပြည်နယ်တောင်ပိုင်း ဟိုပုံးမြို့နယ်အတွင်းမှာ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေသလို လေကြောင်းကတိုက်ခိုက်တာကြောင့် နေအိမ် ၈လုံးမီးလောင်ခဲ့ပြီး ထမ်းဆမ်းဂူအနီး ကျေးရွာက ပြည်သူတွေ ထွက်ပြေးတိမ်းရှောင် နေကြရပါတယ်။
Gaza City ထဲက Zaytoun အရပ်မှာ တနင်္ဂနွေနေ့မနက်ထိ ရက်တွေနဲ့ချီ တိုက်ပွဲမပြတ်ဖြစ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဂါဇာနဲ့အီဂျစ်နိုင်ငံနယ်စပ်၊ Rafah မြို့ကို ထိုးစစ်ဆင်ဖို့ အစ္စရေးလ်က ပြင်ဆင်နေချိန်မှာ ခုလို တိုက်ခိုက်မှုတွေမပြတ် ပေါ်ပေါက်နေတာပါ။
ထိုင်း၊ မြန်မာနယ်စပ် တာချီလိတ်မြို့က အွန်လိုင်းလောင်းကစားတွေလုပ်ကိုင်နေတဲ့နေရာကို မြန်မာစစ်တပ်က ဝင်ရောက်ဖမ်းဆီးရာမှာ ထိုင်းနိုင်ငံသား ၁၄၈ ဦး အဖမ်းခံခဲ့ရတယ်လို့ မြန်မာစစ်ကောင်စီက ထုတ်ပြန်ပါတယ်။
အာဖဂန်နစ္စတန်နိုင်ငံ၊ ကာဘူးလ်မြို့က အကျဥ်းထောင်မှာ ဖမ်းဆီးထားခံထားရကနေ ပြန်လွတ်လာတဲ့ သြစတြီးယားနိုင်ငံသား ၈၄ နှစ်အရွယ် Herbert Fritz ဟာ ကာတာနိုင်ငံ၊ ဒိုဟာမြို့ကို တနင်္ဂနွေနေ့ နေ့လယ်ပိုင်းမှာရောက်ရှိလာတယ်လို့ သြစတြီးယား နိုင်ငံခြားရေးရုံးက ထုတ်ပြန်ပါတယ်။
ယူကရိန်းတောင်ပိုင်း Odesa ဆိပ်ကမ်းမြို့က လူနေအဆောက်အဦး တခုကို ရုရှားဘက်က ပစ်ခတ်တဲ့ ဒရုန်းထိမှန်ခဲ့တဲ့အတွက် တယောက်ထက်မနည်း သေဆုံးရသလို အများအပြား ဒဏ်ရာရခဲ့တယ်လို့ ယူကရိန်းအရာရှိတွေက ပြောပါတယ်။
အမေရိကန်အစိုးရအနေနဲ့ မက္ကဆီကိုနိုင်ငံကတဆင့် တင်သွင်းတဲ့ တန်ဖိုးနည်း တရုတ် မော်တော်ယာဥ်တွေနဲ့ အစိတ်အပိုင်းတွေကို ပိတ်ပင်သင့်တယ်လို့ အမေရိကန် ကားထုတ်လုပ်သူများအရေး ဆောင်ရွက်နေတဲ့အဖွဲ့က သောကြာနေ့က တောင်းဆိုလိုက်ပြီး ဒီတန်ဖိုးနည်း တရုတ်ကားတွေက အမေရိကန်ဈေးကွက်ကို ခြိမ်းခြောက်နိုင်ကြောင်း သတိပေးပါတယ်။
ဟားမတ်စ်တွေလက်ထဲ ဆက်ရှိနေသေးတဲ့ လက်ကျန် အစ္စရေးဓားစာခံတွေ ပြန်လွတ်မြောက်ရေး ဆွေးနွေးပွဲကိုတက်ရောက်ဖို့ အစ္စရေးထောက်လှမ်းရေး Mossad အကြီးအကဲ ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ဟာ ပါရီမြို့ကို ရောက်ရှိနေပါတယ်။ ဂါဇာမှာ အပစ်ရပ်ရေး အတွက် ငြိမ်းချမ်းရေး ညှိနှိုင်းသူတွေ စနေနေ့မှာ ကြိုးပမ်းနေကြတာဖြစ်ပါတယ်။
အနောက်အာဖရိကနိုင်ငံများ စီးပွားရေးပူးပေါင်းဆောင်ရွက်မှုအဖွဲ့ထဲက နိုင်ငံ့ခေါင်းဆောင်တွေဟာ စနေနေ့မှာ တွေ့ဆုံကြပြီး ဒေသတွင်းအရေးကို ဆွေးနွေးခဲ့ပါတယ်။ Niger အပေါ် ဒဏ်ခတ်အရေးယူထားတာကို ပြန်လည်သုံးသပ်ဖို့နဲ့ စစ်အာဏာသိမ်း ၃ နိုင်ငံက ECOWAS ထဲကနှုတ်ထွက်မယ့် ဆုံးဖြတ်ချက်ကို ပြန်ရုပ်သိမ်းဖို့တောင်းဆိုပါတယ်။
မြန်မာနိုင်ငံဟာ သတင်းသမားတွေအတွက် အန္တရာယ်ကြီးတာကြောင့် တချို့ဟာ ကျောင်းဆရာ၊ ကျောင်းသား ဈေးသည်အဖြစ်နဲ့ အလုပ်တခုခုပြပြီး သတင်းထောက်အလုပ်ကို ဆက်လုပ်နေကြရပါတယ်။ စစ်အာဏာသိမ်းခဲ့ချိန်ကစလို့ သတင်းသမားတွေ ရပ်တည်ဖို့ အန္တရာယ်ကြီးလာတာကြောင့် ပြည်ပထွက်ခွါသူတွေရှိသလို ပြည်တွင်းမှာပဲ ပုံးကွယ် လုပ်နေကြတာပါ။
အစ္စရေးရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ဂါဇာမှာ ၂၄ နာရီအတွင်း လူပေါင်း ၁၀၀ ကျော် သေဆုံးခဲ့ရတယ်လို့ ဟားမတ်စ်တွေ ထိန်းချုပ်ထားတဲ့ ဂါဇာကျန်းမာရေးဝန်ကြီးဌာနက သောကြာနေ့မှာ ပြောပါတယ်။ ဂါဇာတောင်ပိုင်းက Khan Younis နဲ့ ရာဖာမြို့ လေကြောင်း တိုက်ခိုက်မှုအတွင်း သေဆုံးသူအနည်းဆုံး ၁၀၄ ယောက် ရှိတယ်လို့ဆိုပါတယ်။
မြောက်ကိုရီယားဆိုင်ရာ အမေရိကန်အကြီးတန်းအရာရှိ Jung Pak ဂျွန်းပတ်ခ်နဲ့ ကိုရီးယား ကျွန်းဆွယ်ရေးရာ တရုတ်အရာရှိ လျူရှောင်မိန်းတို့ ၂ ဦးက မြောက်ကိုရီးယားရဲ့ အနေအထားဟာ မတည်မငြိမ် ပိုဖြစ်လာတာတွေ့ရတယ်လို့ ပြောကြောင်း အမေရိကန်နိုင်ငံခြားရေးဌာနက ထုတ်ပြန်တဲ့ ကြေညာချက်မှာ ဖေါ်ပြထားပါတယ်။
မြန်မာနိုင်ငံမှာ စစ်မှုထမ်းဥပဒေ ပြဌာန်းချက် ထွက်ပေါ်အပြီးမှာ ထိုင်းနိုင်ငံထဲကို တရားမဝင် ဝင်ရောက်လာသူတွေများလာတဲ့အတွက် တာ့ခ်ခရိုင်အတွင်း နိုင်ငံခြားသားဧည့်သည်တွေလာရင် ဧည့်စာရင်း တိုင်ကြားရမယ်လို့ ထိုင်း-မြန်မာနယ်စပ် တာ့ခ်ခရိုင်လူဝင်မှုကြီးကြပ်ရေး အာဏာပိုင်တွေက အမိန့်ထုတ်ပြန်ထားပါတယ်။
ရိုဟင်ဂျာတွေအတွက် စားနပ်ရိက္ခာ အရေးပေါ်လိုအပ်ချက်မှာ သုံးစွဲဖို့ ဂျပန်နိုင်ငံအနေနဲ့ မနှစ် ဇွန်လကပေးခဲ့တဲ့ ဒေါ်လာ ၄.၄ သန်းအပြင် ဒီနှစ်မှာ ထပ်တိုးပြီး WFP ကတဆင့် ၅.၄ သန်း ကူညီပေးဖို့ ဆုံးဖြတ်လိုက်တဲ့အကြောင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံဆိုင်ရာ ဂျပန်သံအမတ်ကြီး Kiminori Iwama က ပြောပါတယ်။
သူတင်ပြတဲ့ အစီအစဉ်တွေကို Times of Israel သတင်းစာထဲမှာ ဖော်ပြထားတာမှာတော့ စစ်ပွဲတွေပြီးသွားရင် ဂါဇာကို Hamas အဖွဲ့နဲ့ ဆက်စပ်နေတဲ့ ပါလက်စတိုင်းတာဝန်ရှိသူ၊ Hamas အဖွဲ့ကို ထောက်ပံ့ထားတဲ့နိုင်ငံခြားသားတွေ မပါတဲ့ အစိုးရအဖွဲ့က အုပ်ချုပ်ရမယ်လို့ ပြောထားပါတယ်။
အိန္ဒိယ ၃ ယောက်ထက်မနည်းကို ရုရှားစစ်တပ်နဲ့အတူ အတင်းဝင်တိုက်ခိုင်းတယ်လို့ သတင်းထဲမှာ ပြောထားပါတယ်။ တိုက်ခိုက်ရေးပိုင်းမှာ အိန္ဒိယလူမျိုးတွေ ပါဝင်တယ်ဆိုတာကိုတော့ အိန္ဒိယနိုင်ငံခြားရေးဌာနက အတည်မပြုပါဘူး။
နောက်ထပ်ကြည့်ရှုရန်