ရုရှားနိုင်ငံရဲ့ မဟာဗျူဟာမြောက် နျူကလီးယား အင်အား ၉၅ ရာခိုင်နှုန်းကို ခေတ်မီတိုးတက်အောင် လုပ်ထားပြီလို့ ရုရှားသမ္မတ Vladimir Putin ကဒီနေ့ သောကြာနေ့မှာ ပြောကြားလိုက်ပါတယ်။ ရုရှားနိုင်ငံ တပ်မတော်နေ့အတွက် ထုတ်ပြန်ချက်မှာ သမ္မတ Putin ကခုလိုပြောလိုက်တာပါ။
တောင်ကိုးရီးယားနဲ့ အမေရိကန်စစ်တပ် ပူးပေါင်းပြီး ဒီကနေ့ ပူးတွဲ စစ်ရေးလေ့ကျင့်ကြတာမှာ ရန်သူ့ဒုံးကျည်တွေကို ပစ်ချနိုင်ဖို့အတွက် ရေဒါနဲ့ဖမ်းမမိနိုင်တဲ့ နောက်ဆုံးပေါ် အဆင့်မြင့် ဂျက်တိုက်လေယာဉ်တွေ အသုံးပြု လေ့ကျင့် ပျံသန်းခဲ့တယ်လို့ တောင်ကိုရီးယား လေတပ်က ပြောပါတယ်။
မြန်မာနိုင်ငံအပါအဝင် အီရန်၊ ဆီးရီးယား၊ တူနီးရှားနဲ့ ယီမင်စတဲ့ ပဋိပက္ခနဲ့ အခက်အခဲတွေ ကြုံတွေ့နေရတဲ့ နိုင်ငံတွေရဲ့ စီးပွားရေး ရှေ့အလားအလာနဲ့ ပတ်သက်လို့ နိုင်ငံတကာ ငွေကြေးရန်ပုံငွေ အဖွဲ့ IMF Board အဖွဲ့က မနေ့က အလွတ်သဘော ဆွေးနွေးပွဲ ကျင်းပပါတယ်။
စစ်တွေအခြေစိုက် Western News သတင်းဌာနရဲ့ သတင်းထောက် ဖိုးသီဟ ( ခေါ်) ကိုမြတ်သူထွန်း မကြာသေးခင်က အသတ်ခံခဲ့ရတဲ့ဖြစ်ရပ်ကို စုံစမ်းစစ်ဆေးဖို့နဲ့ ဒီလိုအလားတူ သတ်ဖြတ်မှုတွေမဖြစ်အောင် စစ်ကောင်စီကို ဖိအားပေး ဟန့်တားဖို့ နိုင်ငံတကာ အသိုင်းအဝိုင်းကို နယ်စည်းမခြား သတင်းထောက်များအဖွဲ့ RSF က တောင်းဆိုလိုက်ပါတယ်။
Texas ပြည်နယ် Houston မြို့အခြေစိုက် Intuitive Machines ကုမ္ပဏီရဲ့ စက်ရုပ်အာကာသယာဉ်ဟာ လပေါ်ကို ဒီနေ့ ကြာသပတေးနေ့မှာ အောင်မြင်စွာ ဆင်းသက်လိုက်ပါပြီ။ လကမ္ဘာရဲ့ တောင်ဘက်ဝန်ရိုးစွန်းအနီး အောင်အောင်မြင်မြင် ဆင်းသက်လိုက်တာဖြစ်ပြီး နှစ်ပေါင်း ၅၀ ကျော်အတွင်း အမေရိကန်အာကာသယာဉ် လကမ္ဘာကို ပထမဆုံး ဆင်းသက်တာပါ။
ယူကရိန်းကို ကျူးကျော်စစ်ဆင်နွှဲတဲ့ ရုရှားကို ကြာသပတေးနေ့မှာ ဗြိတိန်ကရော အမေရိကန်ကပါ ထပ်မံ ဒဏ်ခတ်အရေးယူလိုက်ပြီး ရုရှားဝင်ငွေရလမ်းရဲ့ အဓိကဖြစ်တဲ့ စိန်၊ သတ္တုနဲ့ စွမ်းအင်ဆိုင်ရာလုပ်ငန်းတွေကြောင့် ရုရှားနဲ့ဆက်နွယ်နေတဲ့လူပုဂ္ဂိုလ်နဲ့ ကုမ္ပဏီပေါင်း ၅၀ ကျော်ကို အရေးယူခဲ့ကြောင်း ဗြိတိန်အရာရှိတွေကပြောပါတယ်။
အမေရိကန်နဲ့ ဗြိတိန်တို့ရဲ့ထောက်ခံမှုကို ကြာသပတေးနေ့မှာရလိုက်တဲ့ နယ်သာလန်ဝန်ကြီးချုပ် Mark Rutte ရူတာဟာ NATO မဟာမိတ်အဖွဲ့ရဲ့အတွင်းရေးမှူးချုပ်အသစ်ဖြစ်ဖို့ ပိုနီးစပ်လာပြီိဆိုပေမယ့် လတ်တလော အဖွဲ့ဝင် ၂၀ ရဲ့ထောက်ခံမှုရထားပြီး အဖွဲ့ဝင် ၃၁ နိုင်ငံလုံးရဲ့ ထောက်ခံမှုရဖို့ လိုပါတယ်။
မြန်မာနိုင်ငံမှာ 'စစ်မှုမထမ်းမနေရ' ဥပဒေကျင့်သုံးမယ်ဆိုတဲ့ ကြေညာချက် ထွက်လာခဲ့တဲ့နောက်မှာ ရန်ကုန်ထိုင်းသံရုံးမှာ ဗီဇာလာလျှောက်သူက ၇,၀၀၀ ကျော်သွားပြီလို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနက ပြောကြောင်း Bangkok Posts မှာ ဖေါ်ပြပါတယ်။
ဂါဇာမှာ တိုက်ခိုက်မှုတွေယာယီရပ်ဆိုင်းထားပြီး စစ်သွေးကြွတွေဖမ်းထားတဲ့ ဓါးစာခံ ၁၀၀ လောက် အန္တရာယ်မရှိဘဲ ပြန်လွတ်လာနိုင်ဖို့ ဟာမတ်စ်တွေနဲ့ အပစ်ရပ်စာချုပ် အသစ်ချုပ်ဆိုနိုင်အောင်ကြိုးစားနေကြောင်း အစ္စရေးကာကွယ်ရေး ဝန်ကြီး Yoav Gallant က ပြောပါတယ်။
အခု ကွပ်မျက်ခံရသူ ၂ ဦးဟာ တခြားလူ ၂ ဦးကို သတ်ဖြတ်ခဲ့ကြောင်း ပြစ်မှုထင်ရှား တွေ့ရှိခဲ့တဲ့အတွက် သေဒဏ်ပေးခံခဲ့ရသူတွေဖြစ်တယ်လို့ တရားရုံးရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။
ဂျော်ဒန်မြစ်အနောက်ဘက်ကမ်းဒေသထဲက အစ္စရေးတို့ထိန်းချုပ်တဲ့ စစ်ဆေးရေးဂိတ်နားက လမ်းပေါ်မှာ သေနတ်သမား ၃ ယောက် ပစ်ခတ်ခဲ့လို့ အစ္စရေး ၁ ယောက်သေဆုံးပြီး ၈ ယောက်ထက်မနည်း ဒဏ်ရာရခဲ့တယ်လို့ အစ္စရေးရဲတပ်ဖွဲ့က ပြောပါတယ်။
ဒီကနေ့မှာလည်း တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေတာကြောင့် တောင်ကြီး -ဟိုပုံး- မိုင်းပွန်-လွယ်လင်တကြောမှာ ကားလမ်းတွေ ပိတ်ထားကြောင်းနဲ့ တချို့ကျေးရွာက ပြည်သူတွေကတော့ ဘေးလွတ်ရာကို တိမ်းရှောင်နေကြရပါတယ်။
မြန်မာနိုင်ငံတဝှမ်း ပဋိပက္ခတွေ ဆက်လက်ဖြစ်ပွားနေပြီး အထူးသဖြင့် ရခိုင်ပြည်နယ်အတွင်း လူသားချင်းစာနာမှု အကူအညီလိုအပ်တဲ့ အခြေအနေ ပိုမို ဆိုးဝါး ဆုတ်ယုတ်လာနေတဲ့အကြောင်း ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင် ညှိနှိုင်းရေးမှူးရုံး UNOCHA ရဲ့ အစီရင်ခံစာမှာ ဖေါ်ပြထားပါတယ်။
ယူရေနီယံနဲ့ လက်နက်ထုတ်လုပ်နိုင်တဲ့အဆင့်ရှိတဲ့ ပလူတိုနီယံတွေပါဝင်တဲ့ ပစ္စည်းတွေကို Takeshi Ebisawa ဟာ မြန်မာနိုင်ငံကနေ တခြားနိုင်ငံတွေကို ခိုးထုတ်ခဲ့တာဟာ ရဲတင်းတဲ့လုပ်ရပ်ဖြစ်တယ်လို့ New York တောင်ပိုင်းခရိုင်တရားရုံးက အစိုးရရှေ့နေ Damian Williams ကလည်း ပြောကြားခဲ့ပါတယ်။
ယူကရိန်းစစ်ပွဲမှာ ရုရှားကိုအကူအညီပေးနေတယ်လို့ သံသယဖြစ်ခံရတဲ့ တရုတ်ကုမ္ပဏီတချို့ အပါအဝင် စီးပွားရေးလုပ်ငန်းတွေကိုပစ်မှတ်ထားတဲ့ ရုရှားအပေါ် ပိတ်ဆို့အရေးယူမှုအစီအစဥ်အသစ်တရပ်ကို ဥရောပသမဂ္ဂနိုင်ငံများ (EU) က ဗုဒ္ဓဟူးနေ့မှာ သဘောတူညီခဲ့ကြပါတယ်။
စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဟာ ရုရှားနိုင်ငံ ဒုတိယ နိုင်ငံခြားရေးဝန်ကြီး Andrey Rudenko နဲ့တွေ့ဆုံပြီး နျူကလီးယားနည်းပညာအပါအဝင် စစ်ကောင်စီနဲ့ ရုရှားကြား ရင်းနှီးတဲ့ဆက်ဆံရေးနဲ့ ပူးပေါင်းဆောင်ရွက်မှု ခိုင်မာစေရေး ဆွေးနွေးခဲ့ကြောင်း နိုင်ငံပိုင်မီဒီယာက ဗုဒ္ဓဟူးနေ့မှာ ဖော်ပြပါတယ်။
ဂါဇာမှာ ယာယီအပစ်ရပ်ရေး ဒေသတွင်း တွေ့ဆုံဆွေးနွေးတာတွေရှိနေချိန်မှာပဲ ဟာမတ်စ်တွေဖမ်းထားတဲ့ အစ္စရေးဓားစာခံတွေ ပြန်လွတ်မြောက်ရေး သဘောတူညီချက်သစ်တရပ် ရနိုင်ဖို့ “တိုးတက်မှု လက္ခဏာတွေ” ရရှိနေပြီ ဖြစ်ကြောင်း အစ္စရေးကာကွယ်ရေး အစိုးရအဖွဲ့ဝင် Benny Gantz က ဖေဖော်ဝါရီ ၂၁ ရက် (ဖေဖော်ဝါရီ ၂၁) မှာ ပြောပါတယ်။
မြန်မာနဲ့ နယ်နိမိတ်ချင်းထိစပ်နေတဲ့ အိန္ဒိယနိုင်ငံအရှေ့မြောက်ပိုင်းက မီဇိုရမ် ပြည်နယ်မှာ လူရာနဲ့ချီဟာ နယ်စပ်တလျှောက် လွတ်လပ်စွာလှုပ်ရှားသွားလာခွင့်ကိုဖျက်သိမ်းမယ့် အိန္ဒိယဗဟိုအစိုးရရဲ့ဆုံးဖြတ်ချက်ကို ဗုဒ္ဓဟူးနေ့က ဆန့်ကျင် ကန့်ကွက် ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။
ရခိုင်ပြည်နယ် မြို့တော် စစ်တွေအနီးက မြို့အများစုကို AA ရက္ခိုင့်တပ်တော်က သိမ်းအပြီး စစ်တွေအနီးတဝိုက်အပြင် စစ်ကောင်စီရဲ့အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ရှိရာ အမ်းနဲ့ ကျောက်ဖြူတဝိုက် တိုက်ပွဲပိုပြင်းထန်လာနိုင်တယ်လို့ စောင့်ကြည့်နေသူတွေက ယူဆကြပါတယ်။
"လာတဲ့သူက ဈေးလာဝယ်တာလား၊ မှန်တယ်ဆိုပြီး ဒီဘက်ကအာမခံတဲ့သူရှိမှ လာခွင့် ဝင်ခွင့်ပေးတယ်။ ဒီဘက်က လက်မှတ်ကိုလည်း ဘယ်သူဌေးလဲ။ လိပ်စာဘာလဲဆိုတာ ကျနော်တို့က ပန်းရောင်ကဒ် (အလုပ်လုပ်ခွင့်)၊ ဖုန်းနံပါတ်အကုန်ပေးရမှာ။ သူက အကုန်လုံး မိတ္တူကူးပြီးယူထားလိုက်မှာလေ။" (ထိုင်းနယ်စပ်မြို့မှာနေထိုင်သူ မြန်မာတဦး)
နောက်ထပ်ကြည့်ရှုရန်