အထိအခိုက် အကျအဆုံးတွေများနေပြီး ကြံရာမရဖြစ်နေတဲ့ စစ်ကောင်စီဟာ အင်မတန်မှ အန္တရာယ်ကြီးလာနေပြီလို့လည်း အထူးကိုယ်စားလှယ် Tom Andrews က ဒီကနေ့ပဲ ကြေညာချက် ထုတ်ပြန်ပြောဆိုလိုက်တာပါ။
အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Antony Blinken ဟာ ဘရာဇီးနိုင်ငံမှာ ရောက်ရှိနေပြီး သမ္မတ Luiz Inácio Lula da Silva နဲ့ ဒီကနေ့ တွေ့ဆုံခဲ့ပါတယ်။ ဒါ့အပြင် စက်မှုအင်အားကြီးနိုင်ငံ ၂၀ (G-20) အဖွဲ့ဝင်နိုင်ငံခြားရေး ဝန်ကြီးတွေနဲ့လည်း တွေ့ဆုံဖို့ ရှိနေပါတယ်။
အစ္စရေးရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ဒမတ်စကတ်မြို့တော်က လူနေအဆောက်အဦးတခုကို ထိမှန်ခဲ့ပြီး အနည်းဆုံး လူ ၂ ဦး သေဆုံးခဲ့ကြောင်း ဆီးရီးယားနိုင်ငံက ဒီကနေ့ပဲ ပြောလိုက်ပါတယ်။
အရပ်သားတွေကို ခိုလှုံဖို့ ညွှန်ကြားထားတဲ့ နေရာတွေ အပါအဝင် ဂါဇာကမ်းမြောင်ဒေသကို အစ္စရေးက ဗုဒ္ဓဟူးနေ့မှာ ညပိုင်းတိုက်ခိုက်မှုတွေ လုပ်ခဲ့တဲ့အတွက် ပါလက်စတိုင်း ၆၇ ဦးထက်မနည်း တညတည်းမှာ သေဆုံးခဲ့ပါတယ်။
ရခိုင်ပြည်နယ်မှာ တိုက်ပွဲတွေ ပြင်းထန်လာနေတာကြောင့် နောက်ထပ် တိမ်းရှောင်လာကြမဲ့ ရိုဟင်ဂျာတွေကို လက်ခံဖို့ ဖိအားပေးမှုတွေ တိုးလာနေပေမဲ့ အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ် နိုင်ငံကတော့ လက်မခံဘဲ ငြင်းဆန်နေပါတယ်။
နှစ်နိုင်ငံသဘောတူညီချက်အရ ထိုင်းနိုင်ငံကို အလုပ်သမားတွေစေလွှတ်တာ မြန်မာစစ်ကောင်စီက ယာယီ ရပ်ဆိုင်းထားတဲ့ကြောင်းနဲ့ ဒီလို ရပ်ဆိုင်းတာဟာ မြန်မာနိုင်ငံရဲ့ အခြေအနေနဲ့ သက်ဆိုင်တယ်၊ မသက်ဆိုင်ဘူး မသိရပေမဲ့ နေရပ်ပြန်ပို့ခံရမယ့် မြန်မာအလုပ်သမားတွေအတွက် အကြီးအကျယ် စိုးရိမ်ရတဲ့အကြောင်း ရေးသားထားပါတယ်။
သူတို့သီးနှံတွေအတွက် အာမခံစျေးနှုန်းနဲ့ စာချုပ်ချုပ်ပေးမယ်လို့ အစိုးရက အဆိုပြုတာကို မြို့တော်နယူးဒေလီအပြင်မှာ စခန်းချသပိတ်မှောက်နေကြတဲ့ အိန္ဒိယလယ်သမားတွေက ပယ်ချလိုက်ပါတယ်။
စီးပွားရေးသမားဘဝကနေ သမ္မတ ဖြစ်ခဲ့ဖူးသူ ဒေါ်နယ်ထရမ့်က တစ်ရန်ကို ဒေါ်လာ(၄၀၀) နီးပါး တန်ဖိုးရှိ ၊ ရွှေရောင်ဝင်းနေတဲ့ ရှူးဖိနပ်တမျိုးကို Philadelphia မြို့မှာ စတင် မိတ်ဆက်လိုက်ပါတယ်။ နယူးယောက် တရားရုံ:ချုပ်က ဒေါ်လာ(၃၅၅)သန်း ဒဏ်ငွေချလိုက်ပြီးနောက်၊ စနိကာ ဖိနပ်တွေကို ဈေးကွက်ထဲ ချပြလာတာပါ။
အာကာသထဲကို နျူကလီးယားလက်နက်တွေပို့တာ ဆန့်ကျင်တယ်လို့ ရုရှား သမ္မတ ဗလာဒီမာ ပူတင်က အင်္ဂါနေ့မှာပြောလိုက်ပြီး အာကာသအခြေစိုက် ဂြိုဟ်တုဖျက်လက်နက် ရုရှားကလုပ်နေတယ်ဆိုတဲ့ အမေရိကန်ရဲ့စွပ်စွဲချက်ကို ပယ်ချလိုက်ပါတယ်။
အစ္စရေး ဟာမတ်စ်စစ်ပွဲမှာ လူသားချင်းစာနာထောက်ထားမှုအတွက် ချက်ချင်း အပစ်အခတ်ရပ်စဲဖို့တောင်းဆိုတဲ့ ကုလသမဂ္ဂဆုံးဖြတ်ချက်ကို အမေရိကန်က အင်္ဂါနေ့မှာ ဗီတိုအာဏာသုံး ပယ်ချလိုက်ပါတယ်။
စစ်မှုထမ်းဥပဒေကို လက်တွေ့ကျင့်သုံးမဲ့ အမိန့်ကြောင့် ကနေဒါပတ်စ်ပို့ ကိုင်ဆောင်ထားပေမဲ့ မြန်မာအာဏာပိုင်တွေက နိုင်ငံသားအဖြစ် သဘောထားပြီး စစ်မှုထမ်းခိုင်းနိုင်ကြောင်း ကနေဒါ ကောင်စစ်ဌာနက လူမှုကွန်ယက်မှာ သတင်းထုတ်ပြန်ခဲ့တာပါ။
အာဏာသိမ်းစစ်ကောင်စီဟာ ကျရှုံးမှုကို လက်မခံနိုင်တဲ့အတွက် နိုင်ငံရဲ့ မျိုးဆက်သစ်တခုလုံးကို ပျက်ဆီးအောင် ဖျက်ဆီးနေတယ်လို့ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးကောင်စီ (SAC-M) အဖွဲ့ဝင် တယောက်ဖြစ်တဲ့ Yanghee Lee က ဒီနေ့ထုတ်ပြန်တဲ့ ကြေညာချက်မှာ ပြောဆိုလိုက်တာပါ။
ဂါဇာဒေသမှာ အမြန်ဆုံးအပစ်အခတ် ရပ်စဲဖို့၊ အကူအညီတွေ တိုးမြှင့်ပေးဖို့နဲ့ ပါလက်စတိုင်းတွေ အတင်းအဓမ္မနေရပ်စွန့်ခွာနေရတာတွေကို ကန့်ကွက်ဖို့ အယ်လ်ဂျီးရီးယားနိုင်ငံက တင်သွင်းတဲ့ ဆုံးဖြတ်ချက်မှုကြမ်းကို ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာ ဒီကနေ့ မဲခွဲဆုံးဖြတ်ဖို့ ပြင်ဆင်နေပါတယ်။
မြန်မာစစ်တပ်ကို ငွေကြေး ထောက်ပံ့ပေးနေတဲ့ ကုမ္ပဏီတွေရဲ့ Apps တွေကို လက်ခံ အသုံးပြုခွင့်ပေးထားတဲ့ကိစ္စနဲ့ပတ်သက်လို့ မေးမြန်းရာမှာ အကြောင်းပြန်ကြားခြင်း မရှိခဲ့တဲ့အတွက် Google ကို လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ဘဏ္ဍာရေးအရ ထောက်ပံ့ပေးနေတဲ့ Dirty List အမည်မဲစာရင်းထဲ ထည့်သွင်းထားတယ်လို့ ဆိုပါတယ်။
ကချင်ပြည်နယ် မံစီမြို့နယ်က စီခမ်းကြီးရွာရှိ စစ်ကောင်စီတပ်စခန်းကို KIA နဲ့ ပူးပေါင်းတပ်တွေက ၄ ရက်ကြာတိုက်ခိုက်ပြီးနောက်မှာ တနင်္လာနေ့ ညနေပိုင်းက သိမ်းယူနိုင်ခဲ့ကြောင်း KIA ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။
မြန်မာနိုင်ငံအတွင်းက အရွယ်ရောက်သူတွေ စစ်မှုမထမ်းမနေရ ဥပဒေကြောင့် ထိုင်းနိုင်ငံဘက်ကို မြန်မာနိုင်ငံသား အများအပြား လာရောက်ဖို့ ကြိုးစားနေချိန်မှာ တရားမဝင် ဝင်ရောက်တာမျိုးတွေ မလုပ်ဖို့ ထိုင်းဝန်ကြီးချုပ် Srettha Thavisin က သတိပေးပြောဆိုလိုက်ပါတယ်။
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ထန်းတပင်မြို့နယ်၊ ဇရပ်ကြီးမြို့တိုက်ပွဲကြောင့် တောင်ငူမြို့အပါအဝင် နေရာအနှံ့ကိုစစ်ဘေးရှောင်နေတဲ့ပြည်သူ သောင်းဂဏန်းနဲ့ရှိနေပြီး အဲဒီထဲက နေရပ်ပြန်သူ လူငယ် တချို့ ဖမ်းဆီးခံရတာကြောင့် ဆယ်ကျော်သက်လူငယ်တွေဟာ နေအိမ်ကိုမပြန်ရဲကြသေးဘူးလို့လည်း ဆိုပါတယ်။
ရုရှားအတိုက်အခံခေါင်းဆောင် Alexey Navalny အကျဥ်းထောင်ထဲမှာ သေဆုံးသွားခဲ့ပြီးတဲ့နောက် ရုရှားအပေါ် အရေးယူဒဏ်ခတ်မှုတွေထပ်မံချမှတ်ဖို့ စဥ်းစားနေတယ်လို့ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်က တနင်္လာနေ့မှာ ပြောပါတယ်။
တရုတ်မြန်မာနယ်စပ် ဒေသကွပ်ကဲမှုစစ်ဌာနချုပ်ဟာ ပြီးခဲ့တဲ့လက "တပ်ဖွဲ့ဝင်ရာနဲ့ချီ လက်နက်ချခဲ့ပြီး မဟာဗျူဟာကျတဲ့လောက်ကိုင်မြို့ကို ညီနောင်မဟာမိတ်တွေဆီထိုးအပ်လို့" ဆိုပြီး ဗိုလ်မှူးချုပ် ၃ ဦးကို စစ်ကောင်စီကသေဒဏ်ချမှတ်ခဲ့ကြောင်း စစ်ဖက်သတင်းရင်းမြစ်တွေကို ကိုးကားပြီး AFP သတင်းဌာနက တနင်္လာနေ့မှာ ဖော်ပြပါတယ်။
ကွယ်လွန်သွားပြီဖြစ်တဲ့ရုရှားအတိုက်အခံခေါင်းဆောင် Alexey Navalny ရဲ့ကျန်ရစ်သူဇနီးသည် Yulia Navalnaya က သူ့ခင်ပွန်းရဲ့ အလုပ်တွေဆက်ပြီး လုပ်ကိုင်သွားမှာဖြစ်သလို ရုရှားနိုင်ငံလွတ်လပ်မှုအတွက် ဆက်လက်တိုက်ပွဲဝင်သွားမယ်လို့ တနင်္လာနေ့မှာပြောလိုက်ပြီး သူနဲ့အတူရပ်တည်ကြပါလို့လည်း တိုက်တွန်းတောင်းဆိုသွားပါတယ်။
နောက်ထပ်ကြည့်ရှုရန်