ဥရောပသမဂ္ဂ EU အဖွဲ့ဝင် ၂၆ နိုင်ငံတို့က ဂါဇာဒေသက စစ်ပွဲကို လူသားချင်းစာနာမှုအရ ချက်ချင်းရပ်တန့်ဖို့၊ Rafah မြို့ကိုတိုက်ခိုက်နေတာချက်ချင်းရပ်ဖို့ ဖေဖာ်ဝါရီလ ၁၉ ရက်၊ တနင်္လာနေ့မှာ တောင်းဆိုလိုက်ကြောင်း အီးယူနိုင်ငံခြားမူဝါဒရေးရာအကြီးအကဲ Josep Borrell ကပြောပါတယ်။
ထိုင်း ဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ် ကို အကျဉ်းထောင်က ပြန်လွှတ်ပေးလိုက်ပေမဲ့ ထိုင်းဘုရင်မိသားစုအပေါ် အသရေဖျက်မှု ဥပဒေ ချိုးဖေါက်မှု ရှိမရှိ နောက်ထပ် စုံစမ်းစစ်ဆေးမှုတွေ လုပ်သွားမယ့်အကြောင်း ထိုင်း အစိုးရ ရှေ့နေတွေက ပြောဆိုပါတယ်။
မကြာသေးခင်က စစ်ကောင်စီ ထုတ်ပြန်လိုက်တဲ့ စစ်မှုထမ်းဥပဒေကြောင့် ထိုင်းနိုင်ငံကို မြန်မာဒုက္ခသည်တွေ အလုံးအရင်းနဲ့ ဝင်လာနိုင်တာကြောင့် ကာကွယ်စောင့်ရှောက်ဖို့ တိုက်တွန်းမှုတွေလည်း ထွက်ပေါ်လာပါတယ်။
သိမ်းပိုက်နယ်မြေမှာ အစ္စရေးက ကျင့်သုံးနေတဲ့ မူဝါဒတွေနဲ့ ပတ်သက်လို့ မဖြစ်မနေ လိုက်နာစရာ မလိုတဲ့ အကြံပြုချက်တွေ တင်ပြဖို့ ကုလသမဂ္ဂ အထွေထွေ ညီလာခံက တောင်းခံခဲ့ပြီးနောက် ICJ နိုင်ငံတကာ တရားရုံးမှာ ကြားနာစစ်ဆေးနေတာပါ။
ဆီဆိုင်မြို့ကို ပစ္စည်းပြန်သယ်ယူတဲ့ မော်တော်ယာဉ် ၂ စီး လက်နက်ကြီး ထိမှန်တာကြောင့် အနည်းဆုံး လူ ၃ ယောက်သေဆုံပြီး ၆ဦး ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ ရှမ်းပြည်နယ်တောင်ပိုင်း ဆီဆိုင်မြို့မှာ တိုက်ပွဲ ဖြစ်ပွားနေတာ တလနီးပါးကြာမြင့်လာပြီး ဒီကနေ့ထိလည်း လက်နက်ကြီးတွေ ဆက်လက်ပစ်ခတ်နေဆဲ ရှိနေပါတယ်။
မြန်မာနိုင်ငံ မြောက်ပိုင်းမှာ ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်မှုရဖို့ တရုတ်နိုင်ငံ ကူမင်းမြို့မှာ သက်ဆိုင်ရာ အဖွဲ့အစည်းတွေ အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးနိုင်အောင် တရုတ်နိုင်ငံက ပံ့ပိုးပေးခဲ့ကြောင်းလည်း ဝါရှင်တန်အခြေစိုက် တရုတ်သံရုံးက မနေ့က ရက်စွဲနဲ့ ထုတ်ပြန်ခဲ့တဲ့ ကြေညာချက်မှာ ဖော်ပြခဲ့တာပါ။
ကမ္ဘာမှာ အအောင်မြင်ဆုံး အမေရိကန်ပေါ့ပ်အဆိုတော် တေလာဆွိဖ်ရဲ့ Eras Tour အဲရာစ်ဖျော်ဖြေရေးခရီးစဉ် မှတ်တမ်းရုပ်ရှင်ကို နောက်လကစပြီး Disney+ ဒစ္စနီ ပလပ်စ် ရုပ်သံလိုင်းမှာ ပြသမှာဖြစ်ပါတယ်။ ရုံတင်ရုပ်ရှင်မှာတုန်းက မပါတဲ့ သီချင်း ၅ ပုဒ် ကိုပါထည့်သွင်းပေးထားတယ်လို့ ဝေါ့လ်ဒစ္စနီက ပြောပါတယ်။
တရုတ်နဲ့အာဆီယံဟာ ဒေသတွင်းနိုင်ငံတွေရဲ့ အကျိုးစီးပွါး၊ ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေး၊ လွတ်လပ်စွာ ရေကြောင်းသွားလာမှုနဲ့ ပျံ သန်းမှုဆိုင်ရာတွေကိုကာကွယ်ဖို့ တောင်တရုတ်ပင်လယ်ဆိုင်ရာ စည်းမျဥ်းဥပဒေ COC ရနိုင်မယ့်အနေအထားရှိနေကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီး wang Yi က မြူးနစ်ညီလာခံမှာ စနေနေ့က ပြောပါတယ်။
ပါလက်စတိုင်းကို နိုင်ငံတော်အဖြစ်အသိအမှတ်ပြုရေး အမေရိကန်အပါအဝင် နိုင်ငံတကာရဲ့တောင်းဆိုချက်ကို အစ္စရေးလ်က တနင်္ဂနွေနေ့မှာ ပယ်ချလိုက်ပါတယ်။ အဲဒီသဘောတူညီမှုမျိုးကို စေ့စပ်ညှိနှိုင်းမှုနဲ့သာ ရနိုင်မယ်လို့လည်း ပြောပါတယ်။
အာတိတ်စက်ဝိုင်းအနီးက အကျဉ်းထောင်မှာ သောကြာနေ့က ကွယ်လွန်သွားခဲ့တဲ့ ၄၇ နှစ်အရွယ် ရုရှားအတိုက်အခံခေါင်းဆောင် Alexey Navalny ကိုအောက်မေ့တဲ့အနေနဲ့ မော်စကိုမြို့က Solovetsky Stone ကျောက်တိုင်ဆီကို ရုရှားဆိုင်ရာအမေရိကန်သံအမတ်ကြီး Lynne Tracy က တနင်္ဂနွေနေ့က သွားရောက်ဂါရဝပြုခဲ့ပါတယ်။
ဟူသီသူပုန်တွေထိန်းချုပ်ထားတဲ့ ယီမင်နိုင်ငံနယ်မြေတွေထဲကနေ ကုန်းကြောင်းနဲ့ ရေကြောင်းကတိုက်ခိုက်မှုတွေကို ကာကွယ်တားဆီးနိုင်ဖို့ ပင်လယ်နီထဲက အမေရိကန်တပ်ဖွဲ့တွေက ကာကွယ်ရေးဆိုင်ရာတိုက်ခိုက်မှု ငါးကြိမ် အောင်မြင်စွာပြုလုပ်ခဲ့တယ်လို့ အမေရိကန် ပင်တဂွန်စစ်ဌာနချုပ်က တနင်္ဂနွေနေ့မှာ ပြောပါတယ်။
တနေရာထဲမှာ ပုံပြီး မှီခိုအားထားတာမျိုးကို ရှောင်ရှားဖို့ဆိုတဲ့ အကြောင်းပြချက်နဲ့ တရုတ်ကို ကုန်သွယ်ရေးကနေဖယ်ထုတ်ဖို့ ကြိုးစားမယ်ဆိုရင် သမိုင်းဝင် အမှားကြီးတရပ် ဖြစ်လိမ့်မယ်လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ရီက ဂျာမဏီနိုင်ငံ မြူးနစ်မြို့မှာ ကျင်းပနေတဲ့ နိုင်ငံတကာလုံခြုံရေးညီလာခံမှာ စနေနေ့က ပြောဆိုခဲ့ပါတယ်။
ဂါဇာတောင်ပိုင်း ခန်းယူနစ်မြို့က နာဆာဆေးရုံမှာ အကြမ်းဖက် သံသယရှိသူ ၁၀၀ ကျော်ကို ဖမ်းဆီးခဲ့ကြောင်း အစ္စရေးစစ်တပ်က စနေနေ့မှာ သတင်းထုတ်ပြန်ပါတယ်။ သံသယရှိသူ အများအပြားဟာလည်း ဆေးရုံကို ရှာဖွေစီးနင်းမှုအတွင်းမှာ သေဆုံးခဲ့ကြောင်း အစ္စရေး ကာကွယ်ရေး တပ်ဖွဲ့ (IDF) က ပြောပါတယ်။
ယူကရိန်းအတွက် လက်နက်ခဲယမ်း အထောက်အပံ့တွေ နည်းပါးလာတာဟာ ယူကရိန်းကို တိုက်ခိုက်နေတဲ့ ရုရှားအတွက် သူ့တပ်ကို ပြန်အားဖြည့်ဖို့ အချိန်ရသွားစေနိုင်တယ်လို့ ယူကရိန်းသမ္မတ Volodymyr Zelenskyy က စနေနေ့မှာ သတိပေး ပြောဆိုလိုက်ပါတယ်။
" သတင်းထောက် မြတ်သူထွန်း အသတ်ခံရမှုကို ပြင်းထန်စွာရှုတ်ချပြီး လက်သည်တရားခံကို ဖော်ထုတ်အရေးယူပေးဖို့ မြန်မာအာဏာပိုင်တွေကို တောင်းဆိုကြောင်း” CPJ အရှေ့တောင်အာရှ ဌာနေကိုယ်စားလှယ် Shawn Crispin က ပြောပါတယ်။ ပြစ်မှုကျူးလွန်တဲ့တပ်ဖွဲ့ဝင်တွေ ပြစ်ဒဏ်က ကင်းလွတ်နေတဲ့ယဥ်ကျေးမှု မြန်မာနိုင်ငံမှာ အမြစ်တွယ်နေ။
ဂျာမနီနိုင်ငံမြူးနစ်မြို့မှာ ၃ ရက်ကြာ ကျင်းပနေတဲ့ အကြိမ် ၆၀ မြောက် မြူးနစ်လုံခြုံရေးညီလာခံကို စနေနေ့က မြန်မာ့အရေး တက်ရောက်ဆွေးနွေးခဲ့တဲ့ NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်က မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းမှုကို ပြည်သူတွေ မလိုလားတဲ့အတွက် ခုခံတော်လှန်နေကြတာဖြစ်ကြောင်း ပြောကြားလိုက်ပါတယ်။
ဒီရက်ပိုင်းထဲ တနင်္သာရီတိုင်း ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်မှာ အရပ်သားပြည်သူ မိုင်းနင်းမိတဲ့ ဖြစ်စဉ်တွေရှိနေပြီး၊ အဲဒီထဲမှာ အရွယ်မရောက်သေးတဲ့ ကလေးငယ်လည်း ပါဝင်နေပါတယ်။ မိုင်းနင်းမိတဲ့ နေရာတွေက စစ်ကောင်စီ စခန်းချနေထိုင်တဲ့ နေရာတွေဖြစ်တယ်လို့လည်း ပြောဆိုတာတွေ ရှိနေပါတယ်။
ရုရှားအတိုက်အခံ ခေါင်းဆောင် Alexey Navalny အကျဉ်းကျနေစဉ် သေဆုံးခဲ့တယ်ဆိုတဲ့ သတင်းကြောင့် အံ့သြတုန်လှုပ်ခဲ့ရကြောင်း ကုလအတွင်းရေးမှုးချုပ် Antonio Guterres က သောကြာနေ့မှာ ပြောကြားလိုက်သလို သူ့ရဲ့ သေဆုံးမှုအတွက် ယုံကြည်စိတ်ချရတဲ့ စုံစမ်းစစ်ဆေးမှုတွေ လုပ်ဖို့ တောင်းဆိုလိုက်ပါတယ်။
အနောက်နိုင်ငံတွေ ထောက်ခံပံ့ပိုးမှု ခိုင်မာအောင် လုပ်ဆောင်တဲ့ အနေနဲ့ ယူကရိန်းသမ္မတ Volodymyr Zelenskyy ဟာ သောကြာနေ့မှာ ဂျာမနီဝန်ကြီးချုပ် Olaf Scholz နဲ့ လုံခြုံရေးဆိုင်ရာ ၂ နိုင်ငံ သဘောတူစာချုပ် ချုပ်ဆိုခဲ့သလို သောကြာနေ့ နှောင်းပိုင်းမှာလည်း ပြင်သစ်နဲ့ စာချုပ် နောက်တခု ချုပ်ဆိုမှာ ဖြစ်ပါတယ်။
၂၀၂၄ မြူးနစ် လုံခြုံရေးညီလာခံကို ဂျာမဏီနိုင်ငံ မြူးနစ်မြို့မှာ ဖေဖော်ဝါရီ ၁၆ ရက်မှ ၁၈ ရက်အထိ ကျင်းပတဲ့အခါ မြန်မာနိုင်ငံရဲ့ လက်ရှိအခြေနေတွေကို ထည့်သွင်းဆွေးနွေးသွားဖို့ ရှိတယ်လို့ ရန်ကုန် ဂျာမဏီသံရုံးရဲ့ ဖေ့စ်ဘုတ်စာမျက်နှာမှာ ဖေါ်ပြထားပါတယ်။
နောက်ထပ်ကြည့်ရှုရန်