ဂျာမနီနိုင်ငံမှာ ကျင်းပတဲ့ ၇၄ ကြိမ်မြောက် ဘာလင်ရုပ်ရှင်ပွဲတော် ဖွင့်ပွဲအခမ်းအနားမှာတော့ နိုင်ငံရေးနဲ့ အနုပညာရောယှက်နေတာ တွေ့ခဲ့ရပါတယ်။
ဒီနေ့ ဖေဖော်ဝါရီ ၁၆ ကနေ ၁၈ ရက်နေ့အထိ ကျင်းပနေတဲ့ မြူးနစ်လုံခြုံရေးဆိုင်ရာညီလာခံမှာ အမေရိကန်ဒုသမ္မတ Kamala Harris တက်ရောက်နေပြီး ကမ္ဘာမှာဖြစ်နေတဲ့ ပြဿနာကြီးတွေ ကူညီဖြေရှင်းရေးမှာ အမေရိကန်ရဲ့ ကတိကဝတ်တွေကို ထပ်မံ အာမခံပြောကြားမယ်လို့ မျှော်လင့်ရပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁၀ ရက်နေ့မှာ စစ်ကောင်စီက စစ်မှုထမ်းဥပဒေ ပြဋ္ဌာန်းလိုက်တာကြောင့် စစ်မှုမထမ်းလိုတဲ့ လူငယ်တွေဟာ နယ်စပ် တွက်ပေါက်တွေကနေ ထွက်ခွာလာနေကြပေမဲ့ စစ်ကောင်စီဘက်ကတော့ ဒါဟာ ကောလဟာလ၊ သတင်းမှားတွေအဖြစ် ပြောဆိုနေတာပါ။
ဆေးရုံမှာ မီးဖြတ်ခံထားရသလို အစ္စရေးတို့ စီးနင်းခဲ့ပြီးနောက် မီးစက်တွေလည်း အလုပ် မလုပ်တော့တဲ့အတွက် ဒီနေ့ သောကြာနေ့မှာ လူနာ ၄ ယောက်သေဆုံးခဲ့တယ်လို့ ဂါဇာကို အုပ်ချုပ်နေတဲ့ Hamas အစိုးရ ကျန်းမာရေးဌာနက ပြောပါတယ်။
မြန်မာနိုင်ငံကနေ ထိုင်းနိုင်ငံကို ဆေးလာကုတဲ့ လူနာတွေ များလာတဲ့အတွက် ထိုင်းနိုင်ငံ Thonburi Healthcare Group (THG) ကျန်းမာရေး ဝန်ဆောင်မှု ဌာနက မြန်မာနိုင်ငံမှာ ဆေးရုံတွေ တိုးဖွင့်ဖို့ စီစဉ် နေတဲ့အကြောင်း Bangkok Post သတင်းစာမှာ ရေးပါတယ်။
အသက် ၄၇ နှစ် အရွယ် Alexei Navalny ဟာ ဒီနေ့ အကျဉ်းထောင်ထဲမှာ လမ်းလျှောက်ရင်း သတိမေ့လဲကျသွားခဲ့တာဖြစ်ပြီး အရေးပေါ်ကားတွေ ရောက်လာခဲ့ပေမဲ့ အချိန်မမှီတော့ဘဲဆုံးပါးသွားပြီဖြစ်တဲ့အကြောင်း ကြေညာချက် ထုတ်ပြန်ပါတယ်။
မြန်မာနိုင်ငံမှာ အရွယ်ရောက်ပြီး အမျိုးသား အမျိုးသမီးတွေ မဖြစ်မနေ စစ်မှုထမ်းရမဲ့ဥပဒေ စစ်ကောင်စီက ထုတ်ပြန်ခဲ့ပြီးနောက် နိုင်ငံပြင်ပကို ထွက်ဖို့ ကြိုးစားတဲ့ လူငယ်တွေ ပိုပြီး များလာနေပါတယ်။
အခု သီတင်းပတ်တွေအတွင်း တရုတ်နဲ့ရုရှားခေါင်းဆောင်နှစ်ဦးဟာ အနီးကပ်ဆက်ဆံရေး ခိုင်မာဖို့ကတိပြုကြရင်း အကန့်အသတ်မထားတဲ့ သူတို့ရဲ့မဟာမိတ်ဖြစ်မှုကို နှစ်ဆတိုးလိုက်သလို ရုရှားသမ္မတ Vladimir Putin ဟာလည်း ဒီနှစ်ထဲမှာပဲ တရုတ်နိုင်ငံကို သွားရောက်ဖို့ရှိတယ်လို့ မော်စကိုက တရုတ်သံအမတ်ကြီးက ပြောကြားခဲ့ပါတယ်။
တိုက်ပွဲတွေကြောင့် ဘင်္ဂလားဒေ့ရှ်ဘက်ကို ထွက်ပြေးတဲ့စစ်ကောင်စီ စစ်ဘက်၊ ရဲဘက်နဲ့ ဌာနဆိုင်ရာ လူပေါင်း ၃၃၀ ကို ရေကြောင်းကနေတဆင့် ဘင်္ဂလားဒေ့ရှ်အစိုးရက ကြာသပတေးနေ့မှာ ပြန်ပို့လိုက်ပါပြီ။
ပါရီမြို့ကို ယူကရိန်းသမ္မတ Volodymyr Zelenskyy ရောက်နေချိန်မှာပဲ ပြင်သစ်နဲ့ယူကရိန်း နှစ်နိုင်ငံကြား လုံခြုံရေးဆိုင်ရာသဘောတူညီချက်ကို သောကြာနေ့မှာ လက်မှတ်ရေးထိုးမှာဖြစ်ကြောင်း ပြင်သစ်သမ္မတ Emmanuel Macron ရုံးက ကြာသပတေးနေ့မှာ ကြေညာချက် ထုတ်ပြန် ပြောပါတယ်။
ဂါဇာတောင်ပိုင်း Khan Younis မြို့က Nasser ဆေးရုံကြီးဝင်းထဲမှာ ကြာသပတေးနေ့က စစ်ဆင်ရေးလုပ်ခဲ့တယ်လို့ အစ္စရေးစစ်တပ်က ပြောပါတယ်။ ဒီစစ်ဆင်ရေးကနေ တဦးသေဆုံးပြီး အများအပြားဒဏ်ရာရခဲ့တယ်လို့ ဂါဇာက ကျန်းမာရေးအရာရှိတွေက ပြောပါတယ်။
ထိုင်းနိုင်ငံတောင်ပိုင်းခရိုင်အသီးသီးမှာ အကြောင်းအမျိုးမျိုးနဲ့ ပြစ်ဒဏ်ကျခံပြီးတဲ့ မြန်မာရွှေ့ပြောင်းလုပ်သား ၂၀၀ နီးပါးကို ဖေဖေါ်ဝါရီလ ၁၄ ရက်နေ့က ရနောင်းမြို့ကနေ ကော့သောင်းမြို့ကို ပြန်ပို့ခဲ့ပါတယ်။
ဘန်ကောက်မြို့ကောင်းကင်မှာ မြူတွေလို လေထုညစ်ညမ်းတဲ့ ဖုန်တွေ လွှမ်းနေတာကြောင့် တတ်နိုင်ရင် ဝန်ထမ်းတွေ အိမ်ကနေ အလုပ်လုပ်ကြဖို့ လုပ်ငန်းရှင်တွေနဲ့ အာဏာပိုင်တွေက တိုက်တွန်းထားပါတယ်။
ဂါဇာ တောင်ပိုင်းက အဓိက ဆေးရုံတခုထဲကို ကြာသပတေးနေ့မှာ ဝင်ရောက် စီးနင်းခဲ့တယ်လို့ အစ္စရေး စစ်တပ်က ပြောပါတယ်။ အစ္စရေးတပ်ဖွဲ့တွေရဲ့ ပစ်ခတ်မှုကြောင့် လူတဦး သေဆုံးပြီး အတော်များများ ဒဏ်ရာရခဲ့တဲ့အကြောင်း ဂါဇာ ကျန်းမာရေး တာဝန်ရှိသူတွေကလည်း ပြောပါတယ်။
သူတို့ကို ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့်တပ်အကြီးအကဲ ဗိုလ်ချုပ် Mohammad Ashrafuzzaman Siddiqui က ဘင်္ဂလားဒေ့ရှ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးအောင်ကျော်မိုး လက်ကို ဒီကနေ့မနက် ၈ နာရီက Cox’s Bazar မှာ တရားဝင် လွဲပြောင်းပေးအပ်ခဲ့တယ်လို့ ဆိုပါတယ်။
မနေ့က ကျင်းပခဲ့တဲ့ အင်ဒိုနီးရှား သမ္မတရွေးကောက်ပွဲ မဲတွေ ရေတွက်နေဆဲအချိန်မှာ အင်ဒိုနီးရှားကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီးဟောင်း Prabowo Subianto က ရွေးကောက်ပွဲမှာ သူ အနိုင်ရပြီလို့ အခိုင်အမာ ကြေညာပြောဆိုပါတယ်။
၂၀၂၁ ခုနှစ် ဖေဖေါ်ဝါရီလ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ပေါ်ပေါက်ခဲ့တဲ့ လက်နက်ကိုင် ပဋိပက္ခတွေကြားမှာ မြန်မာစစ်တပ်အင်အား သောင်းနဲ့ချီ ဆုံးရှုံးနိုင်ကြောင်း လေ့လာသူတွေက သုံးသပ်ထားပါတယ်။
လွှတ်တော်အမတ်တွေအနေနဲ့ ပြည်ပအကူအညီတွေပေးနေမယ့်အစား ပြည်တွင်းပြဿနာတွေအပေါ် ပိုပြီး အာရုံစိုက်ဖို့ အမေရိကန်ပြည်သူတွေက လိုလားနေကြကြောင်း အမေရိကန်ကွန်ဂရက် အောက်လွှတ်တော်ဥက္ကဋ္ဌ မိုက်ဂျွန်ဆင်က ဗုဒ္ဓဟူးနေ့က ပြောလိုက်ပါတယ်။
မြန်မာနိုင်ငံအတွက် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီတွေ အဟန့်အတားမရှိဝင်ရောက်နိုင်ရေး စစ်ကောင်စီက သတ်မှတ်ပေးတဲ့ အဖွဲ့အ တွေတင်မကဘဲ အကူအညီတကယ်လိုအပ်နေတဲ့ လူတဦးချင်းနဲ့ အဖွဲ့တွေထံ အကူအညီရောက်ရှိရေးအတွက် အမေရိကန်အနေနဲ့ ထိုင်းအစိုးရနဲ့ လက်တွဲ လုပ်နေကြောင်း အမေရိကန် နိုင်ငံခြားရေးဌာနက သတင်းထုတ်ပါတယ်။
အစ္စရေးမြောက်ပိုင်းမြို့တမြို့ကို ဒုံးကျည်တစင်းထိခဲ့ပြီးနောက် ဗုဒ္ဓဟူးနေ့ အစောပိုင်းမှာ လက်ဘနွန်တောင်ပိုင်းကို အစ္စရေးက လေကြောင်းတိုက်ခိုက်ခဲ့တာမှာ ဆီးရီးယားအမျိုးသမီးတဦးနဲ့ လက်ဘနွန်ကလေးငယ်နှစ်ဦးအပါအဝင်လေးဦးသေဆုံး၊ ကိုးဦးဒဏ်ရာရခဲ့ကြောင်း ဒေသခံမီဒီယာတွေကို ကိုးကားပြီး အေပီသတင်းမှာ ဖော်ပြထားပါတယ်။
နောက်ထပ်ကြည့်ရှုရန်