ရန်ကုန်မြို့ကထိုင်းသံရုံးမှာ ပြည်ဝင်ခွင့်ဗီဇာလျှောက်ထားသူ အရေအတွက် များပြားလာတဲ့အတွက် တရက်ကိုလျှောက်ထားသူ ၄၀၀ သာ လက်ခံမှာ ဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာထိုင်းသံရုံးရဲ့ Royal Thai Embassy Yangon တရားဝင် အွန်လိုင်းစာမျက်နှာတွေကနေ ဖေဖော်ဝါရီ ၁၄ ရက်နေ့က ကြေညာချက်ထုတ်ပြန်ပါတယ်။
အင်ဒိုနီးရှားနိုင်ငံ သမ္မတရွေးကောက်ပွဲမှာ အနိုင်ရသူဖြစ်လာဖွယ်ရှိတဲ့ အာဏာရှင်ဆူဟာတိုရဲ့သားမက် စစ်ဗိုလ်ချုပ်ဟောင်း Prabowo Subianto ဟာ အရင်က လူ့အခွင့်အရေးချိုးဖောက်မှုတွေ ကျူးလွန်ခဲ့သူအဖြစ် စွပ်စွဲခံခဲ့ရသူဖြစ်လို့ သူသမ္မတဖြစ်လာမှာအပေါ် လူ့အခွင့်အရေးအဖွဲ့တွေက သတိထား စောင့်ကြည့်နေကြပါတယ်။
ရွေးကောက်ပွဲအကြို လူထုသဘောထား စစ်တမ်းတွေမှာလည်း ထောက်ခံမှု အများစုရထားတဲ့ ကာကွယ်ရေးဝန်ကြီး ဆူဘီရန်တိုဟာ အာဏာရှင်ခေါင်းဆောင်ဟောင်း ဆူဟာတို လက်ထက်မှာ အထူးတပ်ဖွဲ့တပ်မှူးတဦးအဖြစ် တာဝန်ယူခဲ့ဖူးသူဖြစ်သလို၊ လူကြိုက်များတဲ့ လက်ရှိသမ္မတ ဂျိုကိုဝီဒိုဒို နဲ့ ရင်းနှီးသူလည်း ဖြစ်ပါတယ်။
မြန်မာနိုင်ငံဘက်က ထွက်ပြေးလာတဲ့ ဒုက္ခသည်တွေအတွက် လူသားချင်း စာနာမှု အကူအညီပေးရေး ထိုင်း-မြန်မာနယ်စပ်မှာ လမ်းကြောင်းသတ်မှတ်မဲ့ ထိုင်းနိုင်ငံရဲ့ အစီအစဉ်ကို အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Anthony Blinken ထောက်ခံတဲ့အကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီး Parnpree Bahiddha-Nukara က ပြောဆိုပါတယ်။
အမေရိကန်၊ အစ္စရေး၊ အီဂျစ်နဲ့ ကာတာနိုင်ငံက ခေါင်းဆောင်တွေပါဝင်တဲ့ ဆွေးနွေးပွဲဟာ မနေ့ကပဲ အောင်မြင်မှုလက္ခဏာမပြဘဲ ပြီးဆုံးခဲ့တာဖြစ်ပြီး၊ နောက်တစ်ကြိမ်တွေ့ဆုံမယ့်ရက်ကိုလည်း ထုတ်ပြန်ကြေညာနိုင်ခြင်းမရှိခဲ့ပါဘူး။
မြန်မာနိုင်ငံမှာ စစ်တပ်ကနေ နုတ်ထွက်ခွင့်၊ ဒါမှမဟုတ် အငြိမ်းစားယူခွင့်ရှိတဲ့ စစ်သားတွေ လိုအပ်ရင် အရန်တပ်ဖွဲ့မှာ ၅ နှစ် စစ်မှုထမ်းဖို့ သတ်မှတ်ထားတဲ့ ၂၀၁၀ ခုနှစ်က ပြဌာန်းထားတဲ့ အမိန့် မနေ့ကစ အတည်ဖြစ်တဲ့အကြောင်း မြန်မာစစ်ကောင်စီက ကြေညာပါတယ်။
မြန်မာနိုင်ငံ နေရာအနှံ့ စစ်မီးတွေ ကျယ်ပြန့်လာတာကြောင့် စစ်ပြေးဒုက္ခသည်အများစုက ဘေးကင်းတဲ့ဒေသတွေဆီ တနေရာပြီး တနေရာ ပြောင်းရွှေ့နေထိုင်ကြရတဲ့အထဲ ရှမ်းပြည်တောင်ပိုင်း မိုးဗြဲ စစ်ဘေးရှောင်တွေလည်း ပါဝင်ပါတယ်။
အရပ်သားတွေကို အတင်းအကျပ် စစ်တပ်ထဲ ပါဝင်ခိုင်းတာ၊ ကျေးရွာတွေကို တိုက်ခိုက် မီးရှို့နေတာတွေဟာ မြန်မာစစ်ကောင်စီအနေနဲ့က အင်အားချိနဲ့လာတာကို ပြသပြီး တချိန်တည်းမှာ လူထုရဲ့ မကျေနပ်ချက် ဒေါသ ပိုမိုကြီးမားလာစေမှာ ဖြစ်တဲ့အကြောင်း မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ်က ပြောပါတယ်။
ယူကရိန်းကိုကျူးကျော်တိုက်ခိုက်နေတဲ့ ရုရှားကို စစ်ရေးနည်းပညာ အထောက်အကူပေးနေတယ်လို့ စွပ်စွဲပြီး တရုတ်၊ အိန္ဒိယနဲ့ တူရကီနိုင်ငံတွေမှာ အခြေစိုက်တဲ့ ကုမ္ပဏီ ၂၀ ကို EU ဥရောပသမဂ္ဂက အရေးယူဖို့ လုပ်ဆောင်နေပြီဖြစ်ပါတယ်။
အမေရိကန်၊ အစ္စရေး၊ ကာတာနဲ့ အီဂျစ်နိုင်ငံတွေကအရာရှိတွေဟာ ဂါဇာဒေသ အပစ်ရပ်ရေးအတွက် သဘောတူညီမှု အသစ်ရရေးနဲ့ ဟာမတ်စ် စစ်သွေးကြွတွေဖမ်းထားတဲ့ဓါးစာခံတွေ ထပ်လွတ်လာစေရေး ကြိုးပမ်းဖို့အတွက် အင်္ဂါနေ့မှာ အီဂျစ်နိုင်ငံ ကိုင်ရိုမြို့မှာ တွေ့ဆုံကြပါတယ်။
ယူကရိန်း၊ အစ္စရေးနဲ့ ထိုင်ဝမ်တို့ကို ဒေါ်လာ ၉၅ ဘီလီယံ ကူညီပေးမယ့် အဆိုပြုချက်မူကြမ်းကို အမေရိကန် အထက်လွှတ်တော်မှာ မနေ့ညက ညလုံးပေါက် ဆွေးနွေးပြီး အတည်ပြုပေးလိုက်ပါပြီ။
လယ်ထွန်စက်တွေ၊ ထရပ်ကားတွေနဲ့ လိုက်ပါလာတဲ့ ထောင်နဲ့ချီတဲ့ လယ်သမားတွေကို မြောက်ပိုင်း Haryana ပြည်နယ်အနီးမှာ ရဲတပ်ဖွဲ့က မျက်ရည်ယိုဗုံးတွေကို ဒရုန်းနဲ့ပစ်ချ လူစုခွဲခဲ့တာပါ။ ဒီလယ်သမားတွေက ၂၀၂၁ ခုနှစ်ကတည်းက နယူးဒေလီ ဆင်ခြေဖုံးဒေသတွေမှာ တနှစ်ကျော်ကြာ စခန်းချပြီး ဆက်တိုက် ဆန္ဒပြနေခဲ့တာပါ။
လုံခြုံရေးအခြေအနေကြောင့် စစ်တွေမြို့မှာရှိတဲ့ ကောင်စစ်ဝန်ရုံးက ဝန်ထမ်းတွေကို ရန်ကုန်ကို ရွှေ့ပြောင်းနေကြောင်း ဘင်္ဂလားဒေ့ နိုင်ငံခြားရေးဝန်ကြီးကို ကိုးကားပြီး ဘင်္ဂလားဒေ့ရှ်သတင်းတွေက ဖော်ပြနေပါတယ်။
ဂါဇာကမ်းမြှောင် အလယ်ပိုင်းနဲ့ တောင်ပိုင်းဒေသတွေမှာ ဒါဇင်နဲ့ချီတဲ့ စစ်သွေးကြွတွေကို တိုက်ခိုက်သတ်ဖြတ်လိုက်ကြောင်း အစ္စရေးက ဒီကနေ့ ပြောပါတယ်။ တချိန်တည်းမှာပဲ၊ အပစ်အခတ်ရပ်စဲရေး အခြေခံမှုတွေအတွက် ညှိနှိုင်းမှုတွေ ဒီနေ့မှာ ပြန်စနိုင်မယ်လို့ မျှော်လင့်နေကြတာပါ။
ထိုင်းအကျဉ်းထောင်တွေထဲက အသက် အရွယ်ကြီးရင့်သူ ဒါမှမဟုတ် ကျန်းမာရေးမကောင်းသူ ၉၃၀ ကို ထောင်ဒဏ်လျော့ပေါ့ပြီး စောစော လွှတ်ပေးတဲ့အထဲမှာ အသက် ၇၄ နှစ် အရွယ်ရှိပြီဖြစ်တဲ့ ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင် ရှင်နာဝပ် လည်း ပါဝင်သွားတာပါ။
ရိုဟင်ဂျာအပါအဝင် မြန်မာနိုင်ငံသားတွေက နတ်မြစ်ကို ကျော်ဖြတ်ပြီး ဝင်ရောက် လာနိုင်တဲ့အတွက် ပြီးခဲ့တဲ့ ရက်ပိုင်းကတည်းက ဘင်္ဂလားဒေ့ရှ် ကမ်းရိုးတန်းစောင့်တပ်နဲ့ နယ်ခြားစောင့်တပ်ဖွဲ့ဝင်တွေ ကင်းလှည့်နေတာကို တွေ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒေသတွင်းနဲ့ ကမ္ဘာ့အရေး ကိစ္စတွေအပြင် ပိုမိုဆိုးဝါးလာနေတဲ့ မြန်မာနိုင်ငံရဲ့ အခြေအနေ ဖြေရှင်းရေး ထိုင်းနဲ့ အာဆီယံနိုင်ငံတွေရဲ့ ကြိုးပမ်းမှုတွေနဲ့ ပတ်သက်လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနမှာ တွေ့ဆုံ ဆွေးနွေးကြတဲ့အကြောင်း ကြေညာချက် ထုတ်ပြန်ထားပါတယ်။
ထိုင်းနိုင်ငံခြားရေးဝန်ကြီး ပရန်ပရီ ဘဟိဒ္ဒ နုကာရဟာ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်ထော်နီဘလင်ကန်နဲ့ တနင်္လာနေ့ အမေရိကန်စံချိန်ညနေပိုင်းမှာတွေ့ဆုံခဲ့ပြီး ဒေသတွင်း မြန်မာနိုင်ငံအရေးကိစ္စဟာ ဦးစားပေးဆွေးနွေးမယ့်အကြောင်းအရာတခုဖြစ်မယ်လို့ မျှော်လင့်ရပါတယ်။
အမေရိကန်သမ္မတဟောင်း ဒေါ်နယ်ထရမ့်သာ အာဏာပြန်ရခဲ့ရင် ဥရောပမှာ ရုရှားဩဇာချဲ့လာတာကို ခွင့်ပြုတော့လေမလား စိုးရိမ်လာကြတဲ့အတိုင်း ပိုလန်၊ ဂျာမနီနဲ့ ပြင်သစ် သုံးနိုင်ငံက ယူကရိန်းကိုကျောထောက်နောက်ခံပေးဖို့ ဥရောပကို ပိုပြီးလုံခြုံကာကွယ်နိုင်စွမ်းရှိလာအောင်လုပ်ကြမယ်လို့ သဘောတူလိုက်ကြပါတယ်။
"ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် - KNLA ပါမယ်။ Iron Adventure Force (IAF)ပါတယ်။ ကဝ ပကဖ ပါတယ်။ Drone Team၊ အင်းတကော် ပကဖ ပါတယ်။ Drone Team၊ ရန်ကုန်မြောက်ပိုင်းခရိုင် ပကဖ ပါတယ်။ Drone Team ၊ ကျိုက်ထိုတော်လှန်ရေးအင်အားစု KRF နဲ့ကျိုက်ထို ပကဖပါပါတယ်။" (ပကဖ တပ်ဖွဲ့ဝင်တဦး)
နောက်ထပ်ကြည့်ရှုရန်