ဂါဇာမှာ လူအမြောက်အများအသတ်ခံနေရချိန်မှာ အစ္စရေးကို လက်နက်ပို့တာရပ်ကြဖို့ ဥရောသမဂ္ဂနိုင်ငံခြားရေး မူဝါဒအကြီးအကဲ Josep Borrell က အစ္စရေးရဲ့မဟာမိတ်တွေ အဓိကအားဖြင့် အမေရိကန်ပြည်ထောင်စုကို တိုက်တွန်းလိုက်ပါတယ်။
ဟာမတ်စ် စစ်သွေးကြွတွေဖမ်းထားတဲ့ ဓားစာခံ ၂ ယောက်ကို အစ္စရေးက တနင်္လာနေ့မှာ ကယ်တင်လိုက်နိုင်ပါတယ်။ ဒါပေမဲ့ ထောက်ကူလေကြောင်းတိုက်ခိုက်မှုကြောင့် ဂါဇာတောင်ပိုင်းကမြို့မှာ ပါလက်စတိုင်းအနည်းဆုံး ၆၇ ယောက် သေဆုံးသွားကြပါတယ်။
အစ္စရေးနိုင်ငံကို F-35 ဂျက်တိုက်လေယာဉ် အစိတ်အပိုင်းတွေ တင်ပို့ခွင့် တားမြစ်ဖို့ နယ်သာလန်နိုင်ငံ အယူခံတရားရုံးက ဒီကနေ့ပဲ အမိန့်ချလိုက်ပါတယ်။ ဂါဇာဒေသမှာ အစ္စရေးရဲ့ စစ်ဆင်ရေးအပေါ် စိုးရိမ်မှုတွေကြောင့် လူ့အခွင့်အရေး အဖွဲ့တွေက တရားရုံးမှာ တိုင်ကြားခဲ့ပြီးနောက် အခုလို အမိန့်ချလိုက်တာပါ။
ဖေဖေါ်ဝါရီလ ၁၂ ရက်နေ့ ကျရောက်တဲ့ ၇၇ နှစ်မြောက်ပြည်ထောင်စု နေ့အခမ်းအနား ဒီကနေ့ နေပြည်တော်မှာ မြန်မာစစ်ကောင်စီက ကျင်းပါတယ်။
ဂါဇာတောင်ပိုင်း ရာဖာမြို့ကို အစ္စရေးရဲ့ ဒီနေ့လေကြောင်း တိုက်ခိုက်မှုကြောင့် လူ ၆၇ ဦးထက်မနည်း သေဆုံးခဲ့တယ်လို့ ဒေသခံကျန်းမာရေး တာဝန်ရှိသူတွေက ပြောလိုက်ပါတယ်။ ဗုံးဒဏ်ကို အပြင်းအထန်ခံနေရပြီး အစ္စရေးရဲ့ လေကြောင်းတိုက်ခိုက်မှုအတွင်း လူနေအိမ်တွေနဲ့ ဗလီတွေ အများအပြားကို ထိမှန်ခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။
ဗြိတိန်ဘုရင် တတိယမြောက်ချားလ်စ်ဟာ တနင်္ဂနွေ ဝတ်ပြုဆုတောင်းပွဲကို တက်ရောက်ခဲ့ပြီး ဘုရားကျောင်းက ထွက်လာတဲ့အခါ လက်ပြနှုတ်ဆက်လိုက်ပါတယ်။
သဘောတူထားတဲ့အတိုင်းမလုပ်ရင် အဲဒီတိုင်းပြည်တွေကို ကြိုက်သလိုလုပ်ဖို့ သူ ရုရှားကိုအားပေးမယ်လို့ မြောက်အတ္တလန်တိတ် စစ်ရေးစာချုပ် (NATO) မဟာမိတ်တွေကို သမ္မတအနေနဲ့ သူသတိပေးခဲ့ကြောင်း ရီပါဘလီကန်ပါတီရဲ့ ရှေ့ပြေးသမ္မတလောင်း ဒေါ်နယ်ထရမ့်က စနေနေ့မှာ ပြောခဲ့ပါတယ်။
ရုရှားက ယူကရိန်းနိုင်ငံတလွှားကို ဒရုန်း ၄၅ စင်းနဲ့ ငါးနာရီခွဲကြာ တနင်္ဂနွေနေ့ က တိုက်ခိုက်ခဲ့ကြောင်းနဲ့ ကိဗ်မြို့စွန်နေရာတွေအပါအဝင် ဒေသ ၉ ခုမှာ အီရန်လုပ် ရှားဟက်ဒ်ဒရုန်း ၄၀ ကို ပစ်ချခဲ့ကြောင်း ယူကရိန်းလေတပ်က သတင်းထုတ်ပြန်ပါတယ်။
အီဂျစ်နယ်စပ်မှာရှိပြီး ဂါဇာတောင်ဘက်ဆုံးမှာရှိတဲ့ ရာဖာမြို့ကနေ ပါလက်စတိုင်းအရပ်သားတွေ သောင်းချီထွက်သွားနိုင်အောင် လုံခြုံစိတ်ချရတဲ့လမ်းကြောင်းပေးဖို့ အစ္စရေးဝန်ကြီးချုပ် ဘင်န်ဂျမင် နာတန်ယာဟုက ကတိပေးလိုက်ပေမဲ့ ဒီ အိုးပစ်အိမ်ပစ်ပါလက်စတိုင်းပြည်သူတွေ ဘယ်ကိုသွားကြရမယ်ဆိုတာကိုတော့ ပြောမသွားပါဘူး။
ဒီနှစ်ပိုစိတ်ဝင်စားရတာကလည်း Kansas City က Travis Kelce က လူငယ်လေးတွေရဲ့အသည်းစွဲ တေလာဆွစ်ဖ်နဲ့လည်း ရည်းစားဖြစ်နေတော့ ဒီပွဲမှာ လက်ထပ်ခွင့်တောင်းမလား-ဆိုပြီး ပိုပြီး ဆူဆူညံညံလေး ဖြစ်နေတာပေါ့။ Kansas ကတော့ upper hand ပေါ့၊ ဒါပေမဲ့ ဆန်ဖရန်စစ္စကိုကတော့ လျှော့တွက်လို့ မရဘူး။" (ဦးကိုကိုသော်- မြန်မာပရိသတ်)
ဥရောပ အလယ်ပိုင်းက ဟန်ဂေရီနိုင်ငံမှာ ရှေးရိုးစွဲ အမျိုးသားရေးဝါဒီ သမ္မတ ကာတလင်းနိုဗက် Katalin Novák ရာထူးကနုတ်ထွက်သွားပါတယ်။ ကလေးသူငယ် လိင်ပိုင်းဆိုင်ရာ အလွဲသုံးစားလုပ်မှုတခုမှာ ပြစ်ဒဏ်ချခံနေရတဲ့ အမျိုးသားတဦးကို လွတ်ငြိမ်းချမ်းသာခွင့် ပေးခဲ့တာနဲ့ပတ်သက်ပြီး ဝေဖန်ခံရပြီးနောက်မှာ ရာထူးကနုတ်ထွက်ခဲ့တာပါ။
ဂါဇာ တောင်ပိုင်းက Rafah မြို့ကို ထိုးစစ်မဆင်ခင် ဒေသခံတွေ ပြောင်းရွှေ့ပေးဖို့ အစ္စရေးဝန်ကြီးချုပ် Benjamin Netanyahu က ညွှန်ကြားချက် ထုတ်ပြန်ခဲ့ပြီး စနေနေ့မှာတော့ အစ္စရေးတပ်က ဒီမြို့ကို လေကြောင်းကနေ တိုက်ခိုက်ခဲ့ပါတယ်။ တိုက်ခိုက်မှုကြောင့် နေအိမ်အများအပြားနဲ့အနည်းဆုံး ၄၄ ဦး သေဆုံးခဲ့ရပါတယ်။
ထိုင်းနိုင်ငံ ချင်းမိုင် လေဆိပ်မှာ ထိုင်းလေကြောင်းလိုင်းပိုင် လေယာဉ်တစီးပျံသန်းမှု မစတင်ခင်လေးမှာ လေယာဉ်ပေါ်ပါတဲ့ ကနေဒါနိုင်ငံသား ခရီးသွားတဦးက အရေးပေါ်တခါးကို ဖွင့်လိုက်မိတဲ့အတွက် ၊ လေယဉ်ခရီးစဉ်တွေပါ နှောင့်နှေးခဲ့ပါတယ်။
ဂါဇာဒေသကို ထိုးစစ် ဆင်နွှဲနေတဲ့ အတွက်ကြောင့်ဆိုပြီး ၊ FIFA ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်က ကျင်းပမယ့် နိုင်ငံတကာ ဘောလုံးပွဲတိုင်းမှာ အစ္စရေးဘောလုံးအသင်းကို လုံးဝ ပါဝင်ခွင့် မပေးဖို့ အီရန်နိုင်ငံ ဘောလုံးအဖွဲ့ချုပ်က တောင်းဆိုလိုက်ပါတယ်။
အမေရိကန် နိုင်ငံခြားရေးဌာန ပြောရေးဆိုခွင့်ရှိသူ Miller က “စစ်အစိုးရကို ဆန့်ကျင်နေကြတဲ့ အတိုက်အခံတွေရဲ့ ကြိုးပမ်းအားထုတ်မှုတွေကို ဆက်လက်ထောက်ခံနေပြီး စစ်မှန်ပြီး ပါတီစုံဒီမိုကရေစီစနစ်ကို ပုံဖော်နိုင်ကာ ပဋိပက္ခကို ပြေလည်အောင်ဖြေရှင်းမယ့် နည်းလမ်းတရပ်အတွက် ကြိုးပမ်းသွားမှာပါ” လို့ ပြောပါတယ်။
ရုရှားကျူးကျော်မှုကို တွန်းလှန်တိုက်ခိုက်ရာမှာ ဦးဆောင်ပေးဖို့ ကြာသပတေးနေ့ကမှ အစားထိုး ခန့်အပ်လိုက်တဲ့ ဗိုလ်ချုပ်ကြီး အလက်ဇန်ဒရာ စိုင်ရာစကီက ဒီစစ်ပွဲ အောင်မြင်ဖို့အတွက် ယူကရိန်းတပ်တွေဘက်က နည်းလမ်းသစ်တွေ ရှာရမှာဖြစ်ကြောင်း သောကြာနေ့မှာ ပြောပါတယ်။
ဆူဒန်မှာ ပဋိပက္ခဖြစ်ပွါးနေတာ ရက်ပေါင်း ၃၀၀ လောက် ကြာလာတဲ့အတွက် သန်းနဲ့ချီတဲ့ အိုးအိမ်ပြောင်းရွှေ့နေထိုင်ရတဲ့ ကလေးငယ်တွေဟာ အကြမ်းဖက်မှုနဲ့ ရက်စက်တဲ့ ကျူးလွန်မှုတွေ၊ ငတ်မွတ်မှု ဒဏ်တွေကို နောက်တချီ ရင်ဆိုင်ရနိုင်တယ်လို့ ကုလသမဂ္ဂ UNICEF အဖွဲ့က သတိပေးလိုက်ပါတယ်။
ဂါဇာတောင်ပိုင်း Rafah မြို့ကို မြေပြင်ကနေ ထိုးစစ်မဆင်ခင် အရပ်သားတွေကို ဘေးလွတ်ရာ ပို့ပေးနိုင်အောင်ပြင်ဆင်ဖို့ အစ္စရေးစစ်တပ်ကို ညွှန်ကြားခဲ့ကြောင်း ဝန်ကြီးချုပ် Netanyahu က သောကြာနေ့မှာ ပြောပါတယ်။ ဒီလို Rafah ကို အလုံးအရင်းနဲ့ တိုက်ခိုက်ဖို့ဆို အရပ်သားတွေကို အဲဒီနေရာကနေ ရွှေ့ပေးဖို့ လိုအပ်တာပါ။
“ဘင်္ဂလားဒေ့ရှ်အနေနဲ့ ဒီနယ်ခြားစောင့် အရာရှိတွေကို အလျင်စလို ပြန်ပို့တာကို ရှောင်ရှားသင့်ပြီး သူတို့လိုအပ်နိုင်တဲ့ အကူအညီနဲ့ အကာအကွယ်တွေပေးပြီး မြန်မာနိုင်ငံက ရက်စက်ကြမ်းကြုတ်တဲ့ ရာဇ၀တ်မှုတွေအတွက် စုံစမ်းစစ်ဆေးသင့်တယ်” လို့ Fortify Rights ရဲ့ အမှုဆောင်အရာရှိချုပ် Matthew Smith က ပြောပါတယ်။
အမေရိကန်ပြည်ထောင်စု Nevada ပြည်နယ်မှာ ကြာသပတေးနေ့က ရီပတ်ဘလစ်ကန် ပါတီတွင်း ကျင်းပတဲ့ caucus သမ္မတလောင်းရွေးပွဲမှာ သမ္မတဟောင်း Donald Trump က တဦးတည်း ပြိုင်ဘက်မရှိ အနိုင်ရလိုက်ပါတယ်။
နောက်ထပ်ကြည့်ရှုရန်