ကယားပြည်နယ်၊ ဒေသအခေါ် ကရင်နီနယ်ထဲက စစ်တပ် စခန်းတခုကို ကရင်နီပြည် ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (KPLA) က သိမ်းပိုက်လိုက်တယ်လို့ KPLA နဲ့ ကရင်နီပြည် လူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေးတပ်ဦး (ကလလတ) တို့က သတင်းထုတ်ပြန်ပါတယ်။
ဥရောပသမဂ္ဂဟာ ဇွန်လမှာ ရွေးကောက်ပွဲကျင်းပဖို့ ရှိပါတယ်။ ရုရှား၊ တရုတ်တို့နဲ့ပတ်သတ်ပြီး သဘောထားပျော့ပြောင်း၊ ဒေသတွင်းရွှေ့ပြောင်းအခြေချမှုကို အားမပေး၊ လူထုအကြိုက်လိုက်ပြောတဲ့ သူတွေက ဥရောပလွှတ်တော်ကို လက်ယာဘက်ကို ပိုတွန်းပို့မှာပါ။
အိန္ဒိယနိုင်ငံမှာ လူနည်းစုဘာသာရေးတွေအပေါ် နှိပ်ကွပ်မှုတွေနဲ့ ကျယ်ကျယ်ပြန့်ပြန့် ကြုံနေရတယ်လို့ ဝန်ကြီးချုပ် နရိန်ဒြာမိုဒီနဲ့ သူ့ရဲ့ အာဏာရ ဘာရာတီယာ ဂျနတာပါတီကို ဝေဖန်သူတွေက ပြောပါတယ်။
ဒါဟာ ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးမှုကာလအတွင်း အကြမ်းဖက်မှုတွေ၊ ဘယ်သူနိုင်မယ်ဆိုတဲ့ ကြိုတင် ပြောဆိုမှုတွေနဲ့ မိုဘိုင်းဖုန်းလိုင်း ပြတ်တောက်မှုတွေ ဖြစ်ပေါ်ခဲ့တဲ့ ရွေးကောက်ပွဲအပြီး နောက်တနေ့ ဒီကနေ့ ထွက်လာတဲ့ ကနဦး မဲရလဒ်တွေမှာ အဲဒီလို ဖော်ပြနေတာပါ။
Hamas စစ်သွေးကြွတို့ရဲ့ ၂၀၂၃ အောက်တိုဘာ ၇ ရက်တိုက်ခိုက်မှုအပေါ် လက်တုံ့ပြန်တိုက်နေတဲ့ အစ္စရေးစစ်တပ်ရဲ့ လုပ်ရပ်က အလွန်အကျူးဖြစ်နေတယ်လို့အမေရိကန်သမ္မတ Joe Biden ကပြောကြားလိုက်ပါတယ်။
မနက်ဖြန်မှာ ကျရောက်မဲ့ တရုတ်နှစ်သစ်အတွက် ကမ္ဘာတဝန်း နှစ်သစ်ကြိုဆိုပွဲတွေ၊ ပျော်ပွဲ ရွင်ပွဲတွေ ကြိုတင် ကျင်းပကြနေပေမဲ့လည်း မြန်မာနိုင်ငံမှာတော့ အရင်နှစ်တွေကလို မဟုတ်ဘဲ အကျဉ်းရုံး ကျင်းပကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။
“ငြိမ်းချမ်းရေးဟာကျနော်တို့အတွက် အရေးအကြီးဆုံးပါ။ ကမ္ဘာကြီးကိုကြည့်လိုက်တဲ့အခါ အကြီးအကျယ် ပျောက်ဆုံးနေတာကလည်း ငြိမ်းချမ်းရေးပါပဲ။ ပဋိပက္ခတွေပြင်းထန်နေပြီး ပထဝီနိုင်ငံရေး ကွဲပြားသထက်ကွဲပြားနေချိန်မှာ ကမ္ဘာ့ငြိမ်းချမ်းရေးက အခြိမ်းခြောက်ခံရပါတယ်။" (Antonio Guterres)
မြန်မာနိုင်ငံကနေ ဘင်္ဂလားဒေ့ရှ်ဘက် ထွက်ပြေးခိုလှုံလာတဲ့ မြန်မာ နယ်ခြားစောင့်တပ်သားတွေ အန္တရာယ်ကင်းကင်းနဲ့ အမြန်နေရပ်ပြန်နိုင်ရေးကို ဦးစားပေးဆောင်ရွက်သွားမှာဖြစ်ကြောင်း ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဌာနက ကြာသပတေးနေ့မှာ ပြောပါတယ်။
စစ်ဒဏ်ကြောင့်ဒုက္ခရောက်နေတဲ့ မြန်မာပြည်သူတွေအတွက် အကူအညီတွေကို တလအတွင်းပေးပို့ဖို့ လူသားစာနာမှုအကူညီပေးရေး လမ်းကြောင်းတခုဖွင့်မှာဖြစ်ကြောင်း ထိုင်းနိုင်ငံမြောက်ပိုင်း Tak ခရိုင်ထဲက စခန်းချမယ့်နေရာမှာ စစ်ဆေးမှုတွေလုပ်ပြီးချိန်မှာ ထိုင်းနိုင်ငံခြားရေးဝန်ကြီး ပရန်ပရီ ဘဟိဒ္ဒ နုကာရ ကပြောပါတယ်။
ယူကရိန်းတပ်တွင်းအခြေအနေတွေနဲ့ပတ်သက်ပြီး ရက်အတော်ကြာ ခန့်မှန်းပြောဆိုနေရာက ဒီနေ့မှာတော့ ယူကရိန်းသမ္မတ Volodymyr Zelenskyy က ရုရှားကျူးကျော်မှုကိုတုံ့ပြန်ရာမှာ ၂ နှစ်လောက်ဦးဆောင်ခဲ့တဲ့ ဗိုလ်ချုပ်ကြီး Valerii Zaluzhnyi နေရာမှာ ဗိုလ်ချုပ်ကြီး အလက်ဇန်ဒရာ စိုင်ရာစကီကို အစားထိုး ခန့်အပ်လိုက်ပါတယ်။
အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Anthony Blinken ဟာ အရှေ့အလယ်ပိုင်း ဒေသခရီးစဉ်မှာ လက်ရှိ ၄ လကြာသည်အထိဖြစ်ပွါးနေတဲ့ အစ္စရေး- ဟာမတ်စ် စစ်ပွဲ အပစ်ရပ်ရေးအတွက်ရော၊ စစ်သွေးကြွတွေဖမ်းထားတဲ့ ဓါးစားခံတွေထပ်လွှတ်ပေးဖို့အတွက်ပါ သဘောတူညီမှုအသစ် တစုံတရာမရဘဲ ကြာသပတေးနေ့မှာ ဝါရှင်တန်ဒီစီကို ပြန်ရောက်လာပြီဖြစ်ပါတယ်။
တောင်ကိုရီးယားနိုင်ငံနဲ့ စီးပွားရေး ပူးပေါင်းဆောင်ရွက်တဲ့ သဘောတူညီချက် အားလုံးကို ပယ်ဖျက်လိုက်တဲ့အကြောင်း မြောက်ကိုရီးယား ပြည်သူ့ လွှတ်တော်ရဲ့ အမြင့်ဆုံး အာဏာပိုင်အဖွဲ့က ဒီကနေ့ ဖေဖော်ဝါရီ ၈ ရက်နေ့မှာ ဆုံးဖြတ်လိုက်တဲ့အကြောင်း မြောက်ကိုရီးယား အစိုးရပိုင် KCNA သတင်းမှာ ဖော်ပြပါတယ်။
ပါကစ္စတန်နိုင်ငံမှာ ဒီနေ့ကျင်းပတဲ့ရွေးကောက်ပွဲမှာ မဲရုံပိတ်ချိန်အထိ တချို့မဲရုံတွေမှာ မဲပေးဖို့ တန်းစီစောင့်နေသူတွေ ရှိနေသေးတာမို့ ရွေးကောက်ပွဲကောင်မရှင်က မဲပေးချိန် ၂ နာရီတိုးပေးခဲ့ရပါတယ်။
ဟာမတ်စ်တို့ဖမ်းဆီးထားတဲ့ ဓါးစာခံတွေလွတ်မြောက်ရေးအတွက် ယာယီအပစ်အခတ်ရပ်ဖို့ အမေရိကန်ကဆက်လက် ကြိုးပမ်းနေချိန်နေမှာ ဂါဇာဒေသတောင်ပိုင်းက Rafah မြို့ထဲကို ဝင်ရောက်ဖို့ တပ်တွေပြင်ထားဖို့ အစ္စရေးဝန်ကြီးချုပ်က အမိန့်ပေးထားပါတယ်။
မြန်မာနိုင်ငံက ပဋိပက္ခတွေဟာ အိန္ဒိယနဲ့ ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံစလုံးအတွက် စိုးရိမ်စရာ ဖြစ်လာနေပြီး ဒေသတွင်း တည်ငြိမ်ရေးအတွက် မြန်မာနိုင်ငံ ငြိမ်းချမ်းဖို့ အရေးကြီးတဲ့အကြောင်း ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီးက အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးနဲ့ နယူးဒေလီမြို့မှာ တွေ့ဆုံတဲ့အချိန် ပြောဆိုပါတယ်။
ကမ္ဘာတဝန်း ပဋိပက္ခတွေကြား ပိတ်နေကြသူ သန်းနဲ့ချီအတွက် နေ့စဉ်ဆာလောင်ငတ်ပြတ် ငရဲကျသလိုဖြစ်နေတယ်လို့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်က အထွေထွေညီလာခံမှာ ဗုဒ္ဓဟူးနေ့က ပြောကြားလိုက်ပါတယ်။
အိန္ဒိယနဲ့ မြန်မာနှစ်နိုင်ငံ နယ်ခြား နယ်စပ်တဘက်တချက်မှာ နေထိုင်တဲ့ ပြည်သူတွေ ၁၆ ကီလိုမီတာ ပတ်လည်အတွင်းပြည်ဝင်ခွင့်မလိုဘဲ လွတ်လွတ်လပ်လပ်သွားလာနိုင်တဲ့ ခွင့်ပြုချက်ကို ချက်ခြင်း ပြန်ရုပ်သိမ်းဖို့ ထောက်ခံ အဆိုပြုတဲ့အကြောင်း အိန္ဒိယ ပြည်ထဲရေး ဝန်ကြီး Amit Shah က ဒီနေ့ ကြေညာပါတယ်။
ပြီးခဲ့တဲ့လက စစ်ကိုင်းတိုင်း တမူးခရိုင် ခမ်းပတ်မြို့နယ်မှာ ကလေးငယ်တွေ အပါအဝင် အရပ်သား ၁၇ ယောက်ထက်မနည်း သေဆုံးခဲ့တဲ့ ခရစ်ယာန် ဘုရားကျောင်းအပေါ် လေကြောင်းတိုက်ခိုက်မှုကို စစ်ရာဇဝတ်မှုအဖြစ် စုံစမ်းစစ်ဆေးဖို့ Amnesty International လူ့အခွင့်အရေး အဖွဲ့ကြီးက ကုလသမဂ္ဂ လုံခြုံရေးကောင်စီကို တောင်းဆိုပါတယ်။
မိုင် ၁,၀၀၀ ကျော်ရှိတဲ့ အိန္ဒိယ-မြန်မာနယ်စပ်တလျှောက် ခြံစည်းရိုးကာမယ့်အစီအစဥ်ကို “အရူနာချယ်ပရာဒက်ရှ်နဲ့ မဏိပူရပြည်နယ်တွေကနေစပြီး မဏိပူရပြည်နယ်မှာ ၁၂ မိုင်အရှည်ကို နယ်စပ်စည်းရိုးကာရံတာတွေ မကြာခင်မှာ စတင်တော့မယ်” လို့ အိန္ဒိယ ပြည်ထဲရေးဝန်ကြီး Amit Anil Chandra Shah က ဖေဖော်ဝါရီ ၆ ရက်က ထပ်ပြောပါတယ်။
ရခိုင်မြောက်ပိုင်း ဘင်္ဂလားဒေ့ရှ်နယ်စပ်က တောင်ပြို (လက်ဝဲ/လက်ယာ) စခန်းသိမ်းတိုက်ပွဲတွေမှာ စစ်ကောင်စီu ရိုဟင်ဂျာလက်နက်ကိုင်တပ်ဖွဲ့တွေဖြစ်တဲ့ Arakan Rohingya Army (ARA) နဲ့ Rohingya Solidarity Organisation (RSO) တပ်ဖွဲ့တွေနဲ့ ပူးပေါင်းခုခံခဲ့ကြောင်း ရက္ခိုင့်တပ်တော် (AA) ဘက်က သတင်းထုတ်ပြန်ပါတယ်။
နောက်ထပ်ကြည့်ရှုရန်