ရက္ခိုင့်တပ်တော် (AA) နဲ့ ဖြစ်နေတဲ့ တိုက်ပွဲတွေကြောင့် စစ်ကောင်စီ လက်အောက်ခံ မြန်မာနယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင် နောက်ထပ် ၆၃ ဦးဟာ ဗုဒ္ဓဟူးနေ့က ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို ထွက်ပြေး ခိုလှုံလာကြတယ်လို့ ဘင်္ဂလားဒေ့ရှ်သတင်းတွေမှာ ဖော်ပြပါတယ်။
မြန်မာနိုင်ငံကပဋိပက္ခတွေက အိန္ဒိယနဲ့ ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံစလုံးအတွက် စိုးရိမ်စရာ ဖြစ်လာနေတယ်လို့ ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီး ဟာဆန် မာမွတ် (Hasan Mahmud) က ဗုဒ္ဓဟူးနေ့က ပြောလိုက်ပါတယ်။
မြန်မာလူထုရဲ့အသံကို နားထောင်ဖို့ရော မြန်မာအရေးနဲ့ပတ်သက်လို့ အမေရိကန်လွှတ်တော်အတွင်း အာရုံစိုက်တွန်းအားပေးဆောင်ရွက်နိုင်ဖို့ပါ ရည်ရွယ်ပြီး Burma Caucus မြန်မာ့အရေးအဖွဲ့ကို ဖွဲ့စည်းခဲ့တာဖြစ်ကြောင်း Burma Caucus ရဲ့ပူးတွဲဥက္ကဋ္ဌ၊ ရီပတ်ဘလစ်ကန်အောက်လွှတ်တော်အမတ် Bill Huizenga က ဗွီအိုအေကို ပြောပါတယ်။
မြန်မာနိုင်ငံအခြေအနေဟာ အမေရိကန်ပြည်ထောင်စုလုံခြုံရေးနဲ့ နိုင်ငံခြားရေးမူဝါဒကို ခြိမ်းခြောက်စေတဲ့အတွက် သမ္မတအမိန့်နဲ့ အရေးပေါ်အခြေအနေထုတ်ပြန်ချက်သမ္မတအိမ်ဖြူတော်က နောက်ထပ်တနှစ် သက်တမ်းတိုးလိုက်ပါတယ်။
ကယားပြည်နယ်က စာသင်ကျောင်း ၂ ခုကို လေကြောင်းကတိုက်ခိုက်မှုကြောင့် ကလေး ၄ ယောက်၊ ကျောင်းဆရာ ၂ ယောက် သေဆုံးခဲ့ရတဲ့အပေါ် ကုလသမဂ္ဂ ကလေးများရန်ပုံငွေအဖွဲ့ (UNICEF) က အပြင်းအထန် ရှုတ်ချလိုက်ပါတယ်။
ပါကစ္စတန်နိုင်ငံ အနောက်တောင်ပိုင်း Baluchistan ပြည်နယ်မှာ ရွေးကောက်ပွဲ စည်းရုံးရေးရုံးတွေကို ပစ်မှတ်ထား တိုက်ခိုက်တဲ့ ဗုံးပေါက်ကွဲမှု ၂ ခုကြောင့် အနည်းဆုံး ၂၇ ယောက် သေဆုံးပြီး၊ ဒါဇင်နဲ့ချီ ဒဏ်ရာရခဲ့ကြောင်း အာဏာပိုင်တွေက ပြောပါတယ်။
မြန်မာစစ်ကောင်စီရဲ့ အကြမ်းဖက်မှုအပေါ် တုံ့ပြန်တဲ့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီရဲ့ ကြောညာချက်က လုံလောက်မှု မရှိဘူးလို့ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးကောင်စီ (SAC-M) က ဒီနေ့ပဲ ဝေဖန် ပြောကြားလိုက်ပါတယ်။
ရခိုင်ပြည်နယ်တိုက်ပွဲတွေကြောင့် ဘင်္ဂလားဒေ့ရှ်ဘက် ထွက်ပြေးသွားတဲ့ မြန်မာစစ်တပ်နဲ့ ရဲတပ်ဖွဲဝင်တွေ ၂၆၀ ကျော် ရှိပြီး နယ်ခြားပဋိပက္ခကို အတတ်နိုင်ဆုံး လူသားချင်းစာနာထောက်ထား နှစ်နိုင်ငံဆက်ဆံရေးကို မထိခိုက်အောင် ကိုင်တွယ်ဖြေရှင်းသွားမယ့်အကြောင်း ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်အကြီးအကဲက VOA ကို ပြောပါတယ်။
ရေကြောင်းလမ်းကနေ ပြန်ခေါ်ဖို့ မြန်မာစစ်ကောင်စီဘက်က အဆိုပြုထားပေမယ့် လုံခြုံရေးအရ စိတ်မချရတဲ့အတွက် လေကြောင်းကနေဘဲ ခေါ်ယူဖို့ ဘင်္ဂလားဒေ့ရှ်က အဆိုပြုထားတဲ့အကြောင်း ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဌာန အကြီးတန်းအရာရှိ Miah Md Mainul Kabir ပြောတာကို ကိုးကားပြီး သတင်းမီဒီယာတွေမှာ ရေးပါတယ်။
ဖိလစ်ပိုင်နိုင်ငံတောင်ပိုင်း တောင်ပေါ်ဒေသက ရွှေတွင်းတခုမှာ မိုးသည်းထန် မြေပြိုရာက လူ ၇ ယောက်ထက်မနည်း သေဆုံးပြီး ၃၁ ယောက် ဒဏ်ရာရခဲ့ကြောင်း တာဝန်ရှိသူတွေက ဒီနေ့ပဲ အတည်ပြုပါတယ်။
နိုင်ငံတကာ ရေလမ်းကြောင်းမှာ တိုက်ခိုက်မှုတွေ ရပ်ဖို့နဲ့ မလိုက်နာရင် နောက်ဆက်တွဲ အကျိုးဆက်တွေနဲ့ ရင်ဆိုင်ရမယ်လို့ အမေရိကန်က သတိပေးထားပေမဲ့ ယီမင်နိုင်ငံအခြေစိုက် ဟူသီသူပုန်တွေက သူတို့ထိန်းချုပ်ရာ နယ်မြေကနေ ပင်လယ်နီနဲ့ ဧဒင်ပင်လယ်ကွေ့ကို သင်္ဘောဖျက် မစ်ဇိုင်းဒုံး ၆ ခုနဲ့ ပစ်ခတ်ခဲ့ပါတယ်။
အမေရိကန်နဲ့ အစ္စရေးတို့ရဲ့ အဆိုပြုချက်ကို ဟာမတ်စ်တို့ဘက်က တုံ့ပြန်တယ်လို့ ဝန်ကြီး Blinken က ထုတ်ဖော်ပြောဆိုအပြီး နောက်နေ့မှာပဲ အစ္စရေးဝန်ကြီးချုပ် Benjamin Netanyahu ၊ ကာကွယ်ရေးဝန်ကြီး Yoav Gallant ၊ သမ္မတ Isaac Herzog တို့နဲ့ တွေ့ဆုံဆွေးနွေးမှုတွေ ဖြစ်လာတာပါ။
မြန်မာနိုင်ငံရဲ့ အကြပ်အတည်းကို ဖြေရှင်းရေး အရင်က အာဆီယံ အဖွဲ့အကြား သဘောတူထားတဲ့ လက်ရှိ၊ အရင် နဲ့ နောင် အလှည့်ကျ ဥက္ကဋ္ဌ သုံးနိုင်ငံက အလွတ်သဘော ဦးဆောင် ကိုင်တွယ်ဖြေရှင်းရေး (Troika) ပုံစံကို ဆက်လက်ကျင့်သုံးနေတဲ့အကြောင်း အင်ဒိုနီးရှား နိုင်ငံခြားရေး ဝန်ကြီးက ဒီနေ့ ဂျာကာတာမှာ ပြောဆိုပါတယ်။
ရခိုင်မှာ လုံခြုံရေးအခြေအနေ ယိုယွင်းလာတာ၊ ကြိုးလိုင်းတွေအပါအဝင် ဆက်သွယ်ရေးစနစ် ယိုယွင်းလာတာ၊ မရှိမဖြစ်ပစ္စည်းတွေ ဆိုးဆိုးရွားရွား ရှားပါးလာတာကြောင့် မြန်မာနိုင်ငံထဲမှာရှိနေကြတဲ့ အိန္ဒိယနိုင်ငံသားတွေ ရခိုင်ပြည်နယ်ကို မသွားကြဖို့ အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဌာနက သတိပေးချက် ထုတ်ပြန်ပါတယ်။
သမ္မတဖြစ်တာကြောင့် ၂၀၂၀ ရွေးကောက်ပွဲကို ဥပဒေမဲ့ပယ်ဖျက်ဖို့ ကြံစည်ခဲ့တယ်ဆိုတဲ့ စွဲဆိုခြင်းကနေ မစ္စတာထရမ့်မှာ ကင်းလွတ်ခွင့်မရှိဘူးလို့ ဝါရှင်တန် အယူခံတရားရုံးက အင်္ဂါနေ့မှာ တညီတညွတ်တည်း ဆုံးဖြတ်လိုက်ပါတယ်။
အမေရိကန်သတိပေးချက်ကို မျက်ကွယ်ပြုပြီး ဟူသီစစ်သွေးကြွတွေက သင်္ဘောပစ် ဒုံးကျည် ၆ စင်းကို ပင်လယ်နီထဲပစ်ခဲ့တယ်လို့ အမေရိကန် တာဝန်ရှိသူတဦးက ဗွီအိုအေကိုပြောပါတယ်။
အစ္စရေးနဲ့ ပါလက်စတိုင်း စစ်သွေးကြွတွေကြား အပစ်အခတ်ရပ်စဲရေး နောက်ဆုံးအဆိုပြုချက်ကို ဟာမတ်စ်က တုံ့ပြန်လိုက်ကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီး အန်ထော်နီ ဘလင်ကန်က အင်္ဂါနေ့မှာ အတည်ပြုလိုက်ပါတယ်။
ဂါဇာကမ်းမြောင်ဒေသမှာ ယာယီအပစ်အခတ်ရပ်စဲရေးနဲ့ ပါလက်စတိုင်းအရပ်သားတွေအတွက် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေ တိုးမြှင့်ပေးနိုင်ဖို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Antony Blinken ဟာ အီဂျစ်နဲ့ ကာတာက ခေါင်းဆောင်တွေကို ဒီနေ့ပဲ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။
ထိုင်းနိုင်ငံတောင်ပိုင်းမှာ ဆယ်စုနှစ် နှစ်ခုကြာလောက် ဖြစ်ပေါ်နေတဲ့ မတည်ငြိမ်မှုတွေ အဆုံးသတ်ရေးအတွက် ရည်ရွယ်တဲ့ ငြိမ်းချမ်းရေး ဆွေးနွေးမှုတွေ တနှစ်ကြာလောက် ရပ်ဆိုင်းနေခဲ့ရာက ဒီကနေ့ မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့မှာ ပြန်လည် စတင်ပါတယ်။
ဘင်္ဂလားဒေ့ရှ်နယ်စပ်မှာ စစ်ကောင်စီနဲ့ AA အကြားတိုက်ပွဲတွေကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို မော်တာကျည်ဆံ ကျရောက်ပေါက်ကွဲတဲ့အတွက် အရပ်သားတွေ ထိခိုက်သေဆုံးခဲ့တဲ့အပေါ် ဘင်္ဂလားဒေ့ရှ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး Dr Hasan Mahmud က ဒီနေ့ အပြင်းအထန် ကန့်ကွက်လိုက်ပါတယ်။
နောက်ထပ်ကြည့်ရှုရန်