မြန်မာစစ်ကောင်စီ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ NUG အမျိုးသားညီညွတ်ရေးအစိုးရတို့ အကြား တွေ့ဆုံဖို့ဖြစ်ပြီး အနည်းဆုံး ဒီနှစ်လယ်လောက်မှာ စတင်နိုင်တယ်လို့လည်း ထိုင်း ဒုတိယနိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။
ကုလသမဂ္ဂ ပါလက်စတိုင်း ဒုက္ခသည်များဌာန (UNRWA)ကို ထပ်ဆောင်းငွေ ယူရို ၃.၅ သန်း ကူညီမယ်လို့ စပိန်နိုင်ငံ က တနင်္လာနေ့က ကတိပေးလိုက်ပါတယ်။
အမေရိကန် နိုင်ငံခြားရေးဝန်ကြီး အန်ထော်နီ ဘလင်ကန်ဟာ ဂါဇာမှာ အပစ်ရပ်ရေး သဘောတူညီချက်ရအောင် ကြိုးစားဖို့ ဆော်ဒီအာရေဗျနိုင်ငံကို တနင်္လာနေ့က ရောက်ရှိသွားခဲ့ပါတယ်။
အာဆီယံဥက္ကဌအဖြစ်တင်ပြတဲ့ လာအိုနိုင်ငံရဲ့ မြန်မာ့အကျပ်အတည်းဆိုင်ရာအစီအစဥ်ကို ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာ တနင်္လာနေ့ကကြားနာပါတယ်။ လာအိုအစီအစဥ်ကို မြန်မာနိုင်ငံဆိုင်ရာ အာဆီယံ အထူးကိုယ်စားလှယ် Alounkeo Kittikhoun က တင်ပြပြီး၊ ကုလသမဂ္ဂရဲ့ အားထုတ်မှုတွေကို လက်ထောက်အတွင်းရေးမှူးချုပ် Khiari က တင်ပြပါတယ်။
သြစတြေးလျနိုင်ငံက ကမကထပြုတဲ့ သင်တန်းတွေမှာ မြန်မာစစ်တပ် အရာရှိတွေ ပါဝင်ခဲ့တာနဲ့ ပတ်သက်လို့ ဥပဒေအသစ်တွေ ပြဌာန်းဖို့ သြစတြေးလျားပါလီမန်ကို လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ကြီး HRW က တိုက်တွန်းလိုက်ပါတယ်။
ဗြိတိန်နိုင်ငံက တတိယမြောက်ချားလ်စ်ဘုရင်ကြီး ကင်ဆာရောဂါတမျိုးဖြစ်ပွားနေကြောင်း ဆေးစစ်သိရှိရပြီး ကုသမှုစတင်ခံယူနေပြီလို့ ဘာကင်ဟမ်နန်းတော်က ဖေဖော်ဝါရီ ၅ ရက် ရက်စွဲနဲ့ ကြေညာချက် ထုတ်ပြန်ပါတယ်။ ဒီကင်ဆာက ချားလ်စ်ဘုရင် တလောကဆေးစစ်ခဲ့တဲ့ ဆီးကျိတ်ကိစ္စ ဆေးကုသမှုခံခဲ့တာနဲ့ မဆိုင်ဘူးလို့လည်း ပြောထားပါတယ်။
အစ္စရေးနဲ့ ဟာမတ်စ်တို့ကြား အပစ်အခတ် ရပ်စဲရေး တွန်းအားပေးနိုင်ဖို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Antony Blinken ဒေသတွင်းကို ပြန်သွားနေချိန်မှာပဲ၊ ဂါဇာကမ်းမြောင်မှာ စစ်သွေးကြွ ဒါဇင်နဲ့ချီ သေဆုံးခဲ့တယ်လို့ အစ္စရေးစစ်တပ်က ဒီနေ့ပဲ သတင်းထုတ်ပြန်လိုက်ပါတယ်။
သြစတြေးလျနိုင်ငံသား တရုတ်လူမျိုး စာရေးဆရာကို တရုတ်နိုင်ငံမှာ ဆိုင်းငံ့သေဒဏ် စီရင်ချက်ချလိုက်တဲ့ သတင်းဆိုးကို သိရှိရကြောင်း သြစတြေးလျ အစိုးရက ဒီနေ့ပဲ ပြောလိုက်ပါတယ်။ သူလျှိုလုပ်မှု စွပ်စွဲချက်နဲ့ ၂၀၁၉ ခုနှစ်ကတည်းက ဖမ်းဆီးခံထားရတဲ့ Yang Jun ရဲ့ ကျန်းမာရေး ကောင်းမွန်တယ်လို့လည်း ဆိုပါတယ်။
စစ်ကောင်စီနဲ့ ရခိုင်လက်နက်ကိုင်အဖွဲ့ကြား တိုက်ပွဲတွေကြား မော်တာကျည်ဆံ ကျရောက်ပေါက်ကွဲမှုကြောင့် ဒီကနေ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံဖက်မှာ အနည်းဆုံး လူ ၂ ဦး သေဆုံးသွားကြောင်း ဘင်္ဂလားဒေ့ရှ် အာဏာပိုင်တွေက ပြောပါတယ်။
စစ်ကောင်စီနဲ့ ရခိုင်လက်နက်ကိုင်အဖွဲ့ကြား ဘင်္ဂလားဒေ့ရှ်နိုင်ငံနဲ့ နယ်စပ်အနီး တိုက်ပွဲတွေ အပြင်းအထန် ဖြစ်ပွားရာက ထိခိုက်ဒဏ်ရာရသူတွေကို ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်မှာ ဆေးကုသပေးနေရတယ်လို့ အကူအညီပေးရေး အဖွဲ့တွေနဲ့ တာဝန်ရှိသူတွေက ပြောပါတယ်။
မလေးရှားနိုင်ငံ Bidor လူဝင်မှုကြီးကြပ်ရေးဌာန ယာယီ ထိမ်းသိမ်းရေး စခန်းကနေ ပြီးခဲ့တဲ့ ကြာသာပတေးနေ့က ထွက်ပြေး လွတ်မြောက်သွားခဲ့တဲ့ မြန်မာနဲ့ ရိုဟင်ဂျာ ၁၀၀ ကျော် ထဲက ၃၇ဦးကို ပြန်လည် ဖမ်းမိနိုင်ခဲ့တယ်လို့ ပီရတ်ပြည်နယ် ရဲချုပ် Mohd Yusri Hassan Basri က ဖေဖေါ်ဝါရီလ ၃ရက် နေ့က ပြောပါတယ်။
ဂါဇာနဲ့ အစ္စရေးတောင်ပိုင်းနယ်စပ်မှာ စနေနေ့မနက်က ပေါက်ကွဲသံတွေ တင့်ကားသံတွေ ကြားနေရပြီး တိုက်ပွဲတွေ ဖြစ်နေပါတယ်။ အစ္စရေးနဲ့ ဟာမတ်စစ်ပွဲတွေ ဆက်လက်ဖြစ်နေပြီး၊ နိုင်ငံတကာ အသိုင်းအဝိုင်းကတော့ အပစ်အခတ်ရပ်ဖို့ နှစ်ဘက်လုံးကို တိုက်တွန်းနေပါတယ်။
ယူကရိန်းနိုင်ငံ အလယ်ပိုင်းနဲ့ တောင်ပိုင်းဒေသတွေဆီ ဦးတည် လာနေတဲ့ ရုရှားတို့ ပစ်လွှတ်လိုက်တဲ့ ဒရုန်းလက်နက် ၁၄ စင်းအနက် ၉ စင်းကို ပစ်ချနိုင်ခဲ့တယ်လို့ ယူကရိန်းလေတပ်က စနေနေ့မှာ ပြောပါတယ်။
စစ်အာဏာသိမ်း (၃)နှစ်ပြည့်အဖြစ် ဝါရှင်တန်ဒီစီ မေရီလန်း ဗာဂျီးနီးယားပြည်နယ် တဝိုက်က မြန်မာတွေက အမေရိကန်သမ္မတ အိမ်ဖြူတော်ရှေ့ သွားရောက်ပြီး မြန်မာ့ဒီမိုကရေစီရေးအတွက် အာရုံစိုက် လုပ်ဆောင်ပေးဖို့ သမ္မတ ဂျိုးဘိုင်ဒန်ကို ဆန္ဒပြတောင်းဆိုခဲ့ကြောင်း မြန်မာ့အရေး တက်ကြွလှုပ်ရှားသူ ဦးဒွန်ခပ်က VOA ကို ပြောပါတယ်။
မြန်မာစစ်ကောင်စီ အာဏာသိမ်းယူထားတဲ့ သုံးနှစ်အတွင်းမှာ နိုင်ငံရဲ့စီးပွားရေး ကျဆင်းနေပြီး အဲဒီအထဲမှာ နယ်စပ်ကုန်သွယ်ရေးက အဆိုးဆုံးအခြေအနေမှာ ရှိတယ်လို့ စီးပွားရေးဆိုင်ရာ အချက်အလက်တွေက ဖော်ပြခဲ့ပါတယ်။
အမေရိကန်နဲ့ တောင်ကိုရီးယား ၂၀၂၄ ခုနှစ် အတွက် ပထမဆုံးအကြိမ် အဖြစ် အထူးတပ်ဖွဲ့ စစ်ရေးလေ့ကျင့်မှုကို ပူးတွဲပြုလုပ်ခဲ့ပါတယ်။ ဒီလေ့ကျင့်မှုကို တောင်ကိုရီးယားမြောက်ပိုင်း ကိုရီးယားနယ်စပ်အနီး ပိုချွန် Pocheon မြို့မှာ ဇန်နဝါရီ ၃၁ ရက်က ပြုလုပ်ခဲ့ကြောင်း တောင်ကိုရီးယားစစ်တပ်က ပြောပါတယ်။
ဂါဇာဒေသမှာ သောကြာနေ့ကလည်း တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွါးနေပြီး တညထဲမှာတင် လူပေါင်း ၁၀၅ ယောက် သေဆုံးခဲ့ရတယ်လို့ ဂါဇာက ကျန်းမာရေး အရာရှိတွေက ပြောပါတယ်။ ဒါဟာ ဂါဇာတောင်ပိုင်းက Khan Younis မြို့ကို အစ္စရေးက လေကြောင်းကရော လက်နက်ကြီးတွေနဲ့ပါ ပစ်ခတ် တိုက်ခိုက်တာကြောင့်ဖြစ်ကြောင်း AFP သတင်းမှာ ဖေါ်ပြထားပါတယ်။
မလေးရှားနိုင်ငံမှာ အဂတိလိုက်စားမှုနဲ့ ထောင်ဒဏ် ၁၂ နှစ်ချခံထားရတဲ့ မလေးရှားဝန်ကြီးချုပ်ဟောင်း Najib Razak ကို လွတ်ငြိမ်းသက်သာခွင့်ဆိုင်ရာဘုတ်အဖွဲ့က ထောင်ဒဏ် တဝက်လျှော့ချပေးလိုက်ပါတယ်။ ငွေဒဏ်ကိုလည်း သိသိသာသာ လျှော့ပေါ့ပေးလိုက်ပါတယ်။
ဒီိအစိုးရအဖွဲ့သစ်ထဲမှာ ဝန်ကြီးချုပ်က ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဖြစ်ပြီး ဒုတိယဝန်ကြီးချုပ် ၃ ဦးအဖြစ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း၊ ဗိုလ်ချုပ်ကြီးမြထွန်းဦးနဲ့ဗိုလ်ချုပ်ကြီးတင်အောင်စန်းတို့ဖြစ်ကြပါတယ်။
ခုလိုယာယီအပစ်ရပ်ပြီး အစ္စရေးမှာထောင်ကျနေတဲ့ ပါလက်စတိုင်းတွေပါ ပြန်လွှတ်ရေးအတွက် အမေရိကန်၊ အစ္စရေး၊ ကာတာနဲ့ အီဂျစ် အရာရှိတွေ ပြင်သစ်မှာ ဒီအပတ်အစောပိုင်းက ဆွေးနွေးပြီး အဆိုပြုခဲ့တာအပေါ် ဟာမတ်စ် ထိပ်ပိုင်းခေါင်းဆောင်က ဒီနေ့ တုံ့ပြန်လိုက်တာပါ။
နောက်ထပ်ကြည့်ရှုရန်