အနောက်ဘက်ကမ်းဒေသမှာ အစွန်းရောက် အခြေချနေထိုင်သူတွေရဲ့ အကြမ်းဖက်မှုတွေ စံချိန်တင်များလာတဲ့အပေါ် သမ္မတ Biden ကစိုးရိမ်တဲ့အကြောင်းလည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
၂၀၂၄ ခုနှစ်အတွင်း မြန်မာနိုင်ငံထဲက ဒုက္ခသည်တွေကို လူသားချင်းစာနာမှုအကူအညီ ပေးဖို့အတွက် နိုင်ငံတကာ အကူအညီပေးရေးအဖွဲ့တွေက မကြုံစဖူး အမေရိကန် ဒေါ်လာ သန်းတထောင်နီးပါး (ဒေါ်လာ ၉၉၅ သန်း) အကူအညီ တောင်းခံထားတဲ့အကြောင်း ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင် ညှိနှိုင်းရေးမှူးရုံး UNOCHA က ပြောဆိုပါတယ်။
ဒီမိုကရေစီ၊ လူ့အခွင့်အရေး၊ ငြိမ်းချမ်းရေးနဲ့ သာယာဝပြောရေးတို့ကို လိုလားတောင့်တနေတဲ့ မြန်မာပြည်သူတွေဘက်က အမေရိကန်အစိုးရဆက်လက် ရပ်တည်ရမယ်လို့ အမေရိကန် အထက်လွှတ်တော် နိုင်ငံခြားရေးကော်မတီ ဥက္ကဋ္ဌ Ben Cardin က ပြောကြားလိုက်ပါတယ်။
စစ်တပ်အာဏာသိမ်းခဲ့တဲ့ ၂၀၂၁ ဖေဖေါ်ဝါရီလကစပြီး အဖမ်းခံနေရတဲ့ နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်ဟာ အရင်ကလောက် ကျန်းမာရေးမကောင်းပေမယ့်လည်း စိတ်ဓါတ်မကျဘဲရှိနေဆဲပဲလို့ သားဖြစ်ကို ဦးထိန်လင်း ခေါ် ကင်မ် အဲရစ်ရဲ့ပြောကြားချက်ကို The Straits Times သတင်းမှာ ဖေါ်ပြထားပါတယ်။
အာဏာသိမ်းစစ်ကောင်စီရဲ့ အရပ်သားတွေအပေါ် အကြမ်းဖက် ဖမ်းဆီးနှိပ်ကွပ်မှုတွေအဆုံးသတ်ပြီး လူသားချင်းစာနာမှုအကူအညီတွေရောက်ဖို့ ဒီမိုကရေစီလမ်းကြောင်းပေါ်ပြန်ရောက်ဖို့ ကုလ လုံခြုံရေးကောင်စီရဲ့ ခိုင်မာတဲ့ဆောင်ရွက်ချက်တွေပြသဖို့ ကုလဆိုင်ရာ အမေရိကန်သံအမတ်ကြီးက အာဏာသိမ်း ၃ နှစ်ပြည့်မှာ တောင်းဆိုပါတယ်။
စစ်အာဏာသိမ်းမှု ၃ နှစ်ပြည့်တဲ့ ဖေဖော်ဝါရီတရက်နေ့ စစ်အာဏာသိမ်းမှု ဆန့်ကျင်ရေး တနိုင်ငံလုံးကပြည်သူတွေကို အသံတိတ်သပိတ်နဲ့ အဖြူရောင်ကမ်ပိန်းမှာပါဝင်ကြဖို့ သပိတ်ကော်မတီတွေက တိုက်တွန်းထားကြသလိုပဲ နိုင်ငံတဝန်းပြည်သူတွေကလည်း အသံတိတ်သပိတ်မှာ တက်တက်ကြွကြွပါဝင်ခဲ့ကြတယ်လို့ သပိတ်ခေါင်းဆောင်တချို့က ပြောပါတယ်။
ကုန်စီးဆင်းမှုကို အပိတ်ခံထားရတယ်။ ဒီဘက်မှာ ခိုးပေါက်တွေတော့ရှိတယ်။ ခိုးပေါက်တွေက ဘယ်ကလဲလို့တော့ မသိဘူးပေါ့။ တဆင့်တဆင့်ချိတ်တာ။ တဆင့်တဆင့်ချိတ်တော့ ရွာရောက်တော့ ကုန်ဈေးနှုန်းတွေက အကုန်မြင့်တာပေါ့။ ဓာတ်ဆီတဗူးကို ၄ ထောင်ပေါ့ ကျနော်တို့ရွာမှာဆိုရင်။”(စစ်ဘေးရှောင်ကူညီသူ)
မြန်မာ့အရေး အမေရိကန်အစိုးရတွင်းမှာ တွန်းအားပေးလုပ်ဆောင်နိုင်ဖို့ အမေရိကန်လွှတ်တော်တွင်း ပါတီ၂ ရပ်လုံးက ကိုယ်စားလှယ်တွေ ပူးပေါင်းထားတဲ့ Burma Caucus အဖွဲ့ကို ဒီနေ့ စစ်တပ်က အာဏာသိမ်းတဲ့ ၃ နှစ်ပြည့်နှစ်ပတ်လည်နေ့မှာ ဖွဲ့စည်းကြောင်း ကြေညာချက်ထုတ်မယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။
မြန်မာနိုင်ငံ စစ်တပ်အာဏာသိမ်း နှစ်ပတ်လည်နေ့မှာ စစ်တပ်လုပ်ငန်းတချို့နဲ့ စစ်တပ်နဲ့ဆက်နွယ်နေတဲ့ လုပ်ငန်းတချို့ကို ဗြိတိန်နဲ့ သြစတြေးလျနိုင်ငံတွေက အရေးယူ ဒဏ်ခတ်လိုက်ပါတယ်။
မြန်မာနိုင်ငံ ဒီမိုကရေစီစနစ်နဲ့အုပ်ချုပ်နေတဲ့ အစိုးရလက်ကနေ စစ်တပ်က အာဏာသိမ်းယူခဲ့တာ ၃ နှစ်ပြည့် နှစ်ပတ်လည်နေ့မှာ ရန်ကုန်၊ မန္တလေးစတဲ့ မြို့ကြီးတွေအပါအဝင် နိုင်ငံတဝန်း မြို့ ရွာတွေမှာ အသံတိတ်သပိတ်လုပ်ပြီး ဆန့်ကျင်ကြောင်းပြသခဲ့ကြပါတယ်။
မြန်မာနိုင်ငံမှာ စစ်တပ်က ရက်စက်တဲ့ အကြမ်းဖက်မှုတွေ ဆက်လက်ကျူးလွန်နေပြီး မြန်မာပြည်သူတွေရဲ့ လွတ်လပ်ခွင့်တွေကို ဆက်လက် ကန့်သတ်နေတဲ့အပေါ် အပြင်းထန်ဆုံး ရှုတ်ချကန့်ကွက်တဲ့ အကြောင်း အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးနဲ့ ဥရောပနိုင်ငံတွေက နိုင်ငံခြားရေးဝန်ကြီးတွေ ပူးတွဲ ကြေညာချက် ထုတ်ပြန်ကြပါတယ်။
၁၉ ရာစုနှောင်းပိုင်းက အစပြုလို့ ၊ ကမ္ဘာ့စစ်ပွဲ ၂ ခါလည်း ကြုံခဲ့ရပြီးနောက်၊ အမေရိကန်ရဲ့ နိုင်ငံခြားရေးမူဝါဒက သီးသန့်ခွဲခြားရပ်တည်မှု ပုံစံကနေ ကမ္ဘာ့နိုင်ငံတွေရဲ့ ကြီးစိုးနိုင်မှုအနေအထားကို ပုံဖော်ရာမှာ တက်တက်ကြွကြွပါဝင်သူအဖြစ် ပြောင်းလဲမှုကြီးကြီးမားမား လုပ်ခဲ့တာပါ။
လွန်ခဲ့တဲ့ ၂ နှစ်နီးပါးမှာ ယူကရိန်းကို ဝင်ရောက်ကျူးကျော်ပြီးနောက်ပိုင်း ကတည်းက ယူကရိန်းရဲ့ မဟာမိတ်တွေကြောင့် ရုရှားဟာ ကမ္ဘာမှာ ပိတ်ဆို့ဒဏ်ခတ်မှု အခံရဆုံး နိုင်ငံဖြစ်ပါတယ်။
အာဏာသိမ်းတာ ၃ နှစ်ကြာတဲ့အထိ နိုင်ငံအနှံ့မှာ လက်နက်ကိုင် ပဋိပက္ခတွေ ဆက်ဖြစ်နေတဲ့အထဲက ရှမ်းပြည်နယ်နဲ့ ကချင်ပြည်နယ်ဘက်မှာတော့ ဒီကနေ့ထိ တိုက်ပွဲတွေ ပြင်းထန်နေပါတယ်။ ရှမ်းပြည်နယ်တောင်ပိုင်း ဆီဆိုင်မြို့မှာတော့ စစ်ကောင်စီတပ်နဲ့ PNLA ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်တို့ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေဆဲပါ။
အင်ဒိုနီးရှားနိုင်ငံကို ဒီကနေ့ ဖေဖော်ဝါရီ ၁ ရက်နေ့မှာ ရိုဟင်ဂျာ ၁၃၀ ကျော် ထပ်ရောက်လာတယ်လို့ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ အေဂျင်စီက ပြောပါတယ်။ ဒါဟာ လှေစီးပြေး ရိုဟင်ဂျာတွေကို အင်ဒိုနီးရှားနိုင်ငံအတွင်း လက်ခံရေး၊ မခံရေးကိစ္စနဲ့ပတ်သက်လို့ အငြင်းပွားမှုတွေ ဖြစ်နေချိန်မှာ အခုလို ထပ်ရောက်လာတာပါ။
ထိုင်းနိုင်ငံမှာ ဘုရင်ကိုဝေဖန်ရင် ရာဇဝတ်မှုအဖြစ် ပြင်းပြင်းထန်ထန်အရေးယူတဲ့ တော်ဝင် အသရေဖျက်မှုဥပဒေကို ပြုပြင်ပြောင်းရေး ဖိအားမပေးဖို့ ရွေးကောက်ပွဲအနိုင်ရ ရှေ့သို့ချီ (Move Forward) ပါတီကို ထိုင်းနိုင်ငံရဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေတရားရုံးက ဗုဒ္ဓဟူးနေ့က အမိန့်ချလိုက်ပါတယ်။
"မြန်မာနိုင်ငံတွင်းပဋိပက္ခတွေမှာ အရပ်သားတွေကို ဆိုးဆိုးဝါးဝါးထိခိုက်နေပြီး အရပ်ဘက်အုပ်ချုပ်ရေးပြန်ဖြစ်လာဖို့ ဒီမိုကရေစီအသွင်ကူးပြောင်းရေးတရပ် အရေးတကြီးလိုအပ်နေတယ်" - (ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရုံး ပြောခွင့်ရသူ Stéphane Dujarric)
'မြန်မာနိုင်ငံကြုံနေရတဲ့ပဋိပက္ခဟာ အာရှဒေသတွင်းက တရုတ်နဲ့ရုရှားနိုင်ငံအတွက် အမြတ်ထွက်စေတယ်' - လို့ အမေရိကန်အထက်လွှတ်တော် ရီပတ်ဘလီကန်ခေါင်းဆောင် Mitch McConnell က ပြောလိုက်ပါတယ်။
မြန်မာစစ်နက်လက်ထုတ်လုပ်ရာမှာကူညီသူတွေကို ပစ်မှတ်ထားအရေးယူတဲ့ အမေရိကန်နိုင်ငံခြားရေးဌာနထုတ်ပြန်ချက်မှာ ရွှေဗျိုင်းဖြူကုမ္ပဏီလုပ်ငန်းအုပ်စုနဲ့ မြန်မာ့ဦးပိုင်လီမီတက်ပိုင် မြန်မာကြယ်ငါးပွင့်ရေကြောင်း ကုမ္ပဏီစတဲ့ လုပ်ငန်း ၂ ခုနဲ့ ရွှေဗျိုင်းဖြူလုပ်ငန်းအုပ်စုပိုင်ရှင်မိသားစုလေးဦးကို ဖော်ပြထားပါတယ်။
အစ္စရေး စစ်တပ်က ဂါဇာတောင်ပိုင်းရော မြောက်ပိုင်းမှာ ဒီကနေ့ လေကြောင်းက တိုက်ခိုက်ခဲ့ပါတယ်။ အစ္စရေးတပ်ဖွဲ့တွေ တိုက်ခိုက်ခဲ့တဲ့ ဂါဇာမြို့မှာတော့ စစ်သွေးကြွ ၁၅ ယောက်ကို မြေပြင်စစ်ဆင်ရေးတွေအတွင်း သုတ်သင်နိုင်ခဲ့တယ်လို့လည်း အစ္စရေးက ပြောပါတယ်။
နောက်ထပ်ကြည့်ရှုရန်