မြန်မာနိုင်ငံမှာပဋိပက္ခတွေ ဆက်လက် ဖြစ်ပွားနေတာကြောင့် အရေးပေါ် လိုအပ်နေသူတွေအတွက် စာနာမှုအကူအညီအဖြစ် ယူရို ၁၉ သန်း ပေးအပ်မဲ့အကြောင်း ဥရောပသမဂ္ဂ (EU) က ဒီနေ့ပဲ ကြေညာလိုက်ပါတယ်။
အီရန်က အားပေးထောက်ခံထားတဲ့ ဟူသီသူပုန်တွေရဲ့ သင်္ဘောဖျက် ခရုဇ်မစ်ဇိုင်းဒုံးတစင်းကို အမေရိကန် စစ်သင်္ဘော USS Gravely က ပစ်ချခဲ့ကြောင်း အမေရိကန်စစ်တပ် အလယ်ပိုင်းဒေသ ကွပ်ကဲရေးဌာနက ပြောဆိုလိုက်ပြီး နာရီပိုင်းအကြာမှာပဲ သူပုန်တွေရဲ့ ကြေညာချက် ထွက်လာတာပါ။
မြန်မာစစ်တပ်ဟာ အာဏာသိမ်းမှု သုံးနှစ် ပြည့်လာတဲ့အချိန် နှစ်ပေါင်း ၆၀ အတွင်း အင်အားအချိနဲ့ဆုံး အခြေအနေကို ရင်ဆိုင်နေရတယ်ဆိုပြီး မြန်မာ့အရေး လေ့လာသူတွေက သုံးသပ်ပါတယ်။
မြန်မာစစ်ကောင်စီက ကျင်းပဖို့ ရည်ရွယ်ထားတဲ့ ရွေးကောက်ပွဲမှာ ယှဉ်ပြိုင်ကြမဲ့ နိုင်ငံရေးပါတီတွေအတွက် စည်းကမ်းတချို့ကို လျှော့ပေါ့ပေးလိုက်ပေမဲ့ ရွေးကောက်ပွဲ ဘယ်အချိန်ကျင်းပမလဲ ဆိုတာကို ဖေါ်ပြထားခြင်းမရှိပါဘူး။
စစ်အုပ်ချုပ်ရေး အရေးပေါ်ကာလသတ်မှတ်ပြီး သက်တမ်းတိုး အုပ်ချုပ်လာနေတဲ့ မြန်မာ စစ်ကောင်စီဟာ ဒီကနေ့ နောက်ထပ် ၆ လ သက်တမ်း တိုးလိုက်ပါတယ်။ သက်တမ်းတိုးကြောင်း စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကလည်း ဗွီအိုအေကို အတည်ပြု ပြောဆိုပြီး ၆ လ သက်တမ်းတိုးတာကလွဲလို့ တခြားပြောင်းလဲမှုမရှိကြောင်းပြောပါတယ်။
"သူတို့ခြေကုပ်ယူထားတဲ့စခန်းတွေကို ဝင်တိုက်တာကနေ ဆက်တိုက်ဖြစ်သွားတာဗျ။ သူတို့က လက်နက်ကြီးတွေနဲ့ ပြည်သူတွေရှိတဲ့နေအိမ်တွေကို ပစ်တာဗျ။ ပြည်သူတွေလည်း ထိခိုက်မှုရှိတယ်။ မနားတမ်းပစ်နေတော့ ဆေးကုသဖို့ အခက်အခဲ ဖြစ်သွားတယ်။ အခုထိတော့ ပြည်သူတွေ သေဆုံး၊ ထိခိုက်မှုတွေ မသိရသေးဘူးဗျ။" (ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်)
"ရန်သူ မီဒီယာ တယ်လီဂရမ်ကနေ တင်တယ်လို့သိထားရတယ်။ ဒီလိုပစ္စည်းတွေနဲ့ဖမ်းမိတယ်ဆိုတော့ ရန်သူဘက်က စစ်ဆေးရေးလုပ်တဲ့အခါ ရိုက်နှက်တာနဲ့ သူ့ကျန်းမာရေးက မကောင်းတော့ အရမ်းစိုးရိမ်တယ်ပေါ့နော်။ သူက ၂၀၂၁ ခုနစ်ကစပြီး ပြည်တွင်းထဲမှာပဲလှုပ်ရှားနေတယ်ဆိုတာကိုကျနော်တို့သိထားပါတယ်။" (ကိုထက်မြက်-မနိုဘယ်အေးရဲ့မောင်)
"ကိုယ်က စီးပွါးရေးလုပ်နေတာမဟုတ်ဘူး။ ကိုယ်က နိုင်ငံကောင်းအောင်လုပ်ချင်တာ။ ဒီလောက်ကတော့ ပေးဆပ်ရမယ်။ တဖြည်းတဖြည်းနဲ့ ပြောင်းလဲယူရတာပပေါ့။ နောက်ပိုင်းတော့ ကြောက်တယ်ဆိုတာ မရှိတော့ဘူး။" Sugar (MDY-PDF အထူးတပ်ဖွဲ့ဝင်)
ဆွီဒင်နိုင်ငံက မြောက်အတ္တလန်တိတ် စစ်ရေးမဟာမိတ်အဖွဲ့ (နေတိုး) ဝင်ရေးအတွက် ဟန်ဂေရီဝန်ကြီးချုပ်နဲ့ ဆွီဒင်ဝန်ကြီးချုပ်တို့ဟာ ကြာသပတေးနေ့ ဥရောပသမဂ္ဂ ထိပ်သီးအစည်းအဝေးမှာ ဘေးပန်းဆွေးနွေးကြမှာဖြစ်ပါတယ်။
ရက်သတ္တပတ် ၆ ပတ် အပစ်ရပ်ပြီး အစ္စရေးဖမ်းဆီးထားတဲ့ ပါလက်စတိုင်း အကျဥ်းသားနဲ့ ဟာမတ်စ်ဖမ်းသွားတဲ့ ဓားစာခံတွေလဲလှယ်ရေး ပါဝင်တဲ့ အပစ်အခတ်ရပ်စဲရေး အဆိုပြုချက်တရပ်ကို လက်ခံရရှိတယ်လို့ ဟာမတ်စ် ခေါင်းဆောင် အစ္စမေး ဟာနီယေးက အင်္ဂါနေ့မှာ ပြောပါတယ်။
ကိုးကန့်ဒေသဦးစီးအဖွဲ့ ဥက္ကဋ္ဌဟောင်း ပယ်ဆောက်ချိန်အပါအဝင် တရုတ်နိုင်ငံက အွန်လိုင်းရာဇဝတ်မှုနဲ့အလိုရှိနေသူ ၁၀ ဦးကို မြန်မာဘက်က တရုတ်နိုင်ငံကို လွှဲပြောင်းပေးခဲ့တယ်လို့ မြန်မာနိုင်ငံဆိုင်ရာတရုတ်နိုင်ငံသံရုံးက ထုတ်ပြန်ခဲ့ပါတယ်။
ပါကစ္စတန် ၀န်ကြီးချုပ်ဟောင်း အီမရန်ခန်ကို နိုင်ငံတော် လျှို့ဝှက်ချက်တွေ ပေါက်ကြားမှုနဲ့ ထောင်ဒဏ် ၁၀ နှစ် ချမှတ်လိုက်ပါတယ်။ ဝန်ကြီးချုပ်ဟောင်းနဲ့ သူ့ရဲ့ မဟာမိတ် Shah Mahmood Qureshi တို့ကို Rawalpindi မြို့ အထူး တရားရုံးက စီရင်ချက်ချခဲ့တာလို့ ခန်ရဲ့ PTI ပါတီ ပြောရေး ဆိုခွင့်ရှိသူက ပြောပါတယ်။
ထိုင်းနိုင်ငံကို ထွက်လာတဲ့ မြန်မာနိုင်ငံသား ဒုက္ခသည်တွေကို လူသားချင်းစာနာမှု အကူအညီပေးနိုင်ရေး ဖေဖေါ်ဝါရီလကုန် ထိုင်းနဲ့ မြန်မာစစ်ကောင်စီအကြား ဆွေးနွေးပြီး နှစ်နိုင်ငံအကြားဆက်သွယ်မဲ့ လမ်းကြောင်းနဲ့ နေရာတွေ သတ်မှတ်သွားမယ့်အကြောင်း ထိုင်း နိုင်ငံခြားရေးဝန်ကြီး Parnpree Bahiddha-Nukara က ပြောဆိုပါတယ်။
စစ်တပ်အာဏာသိမ်းမှုနောက်ပိုင်း ပိုဆိုးလာတဲ့ မြန်မာနိုင်ငံရဲ့ အခြေအနေကို ကမ္ဘာကြီးက အပြည့်အဝ အာရုံစိုက်မှုမရတာကြောင့် ဆိုးသထက် ဆိုးလာနေတယ်လို့ ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးက ဒီကနေ့ပဲ ပြောကြားလိုက်ပါတယ်။
မြန်မာနိုင်ငံအတွင်း ရင်းနှီးမြှုပ်နှံပြီး လုပ်ငန်းလုပ်ကိုင်နေကြတဲ့ ဩစတြေးလျ သယံဇာတတူးဖော်ရေးလုပ်ငန်းတွေဟာ မြန်မာစစ်ကောင်စီကို ဘဏ္ဍာရေးအရ ထောက်ပံ့ရာ ရောက်နေတယ်လို့ Justice for Myanmar အဖွဲ့ကထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ဖော်ပြလိုက်ပါတယ်။
မြန်မာစစ်တပ်ကဘက်က စစ်ရေးအရ အင်အားလျော့နည်းလာချိန်မှာ အရပ်သား ကျေးရွာတွေကို တိုက်ခိုက်မှုတွေ ပိုတိုးလုပ်လာနေတဲ့အတွက် အပြစ်မဲ့ ပြည်သူတွေကို ကယ်တင်ဖို့နဲ့ မြန်မာစစ်တပ်အပေါ် ပိုပြီး ထိရောက်တဲ့ အရေးယူမှုတွေ လုပ်ဆောင်ဖို့ မြန်မာလူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် Tom Andrews က ပြောဆိုပါတယ်။
ထိုင်းနိုင်ငံမှာ ဖမ်းဆီးခံထားရတဲ့ မြန်မာနိုင်ငံက စီးပွားရေးလုပ်ငန်းရှင် ဒေါက်တာထွန်းမင်းလတ်နဲ့ အပေါင်းအပါ သုံးဦးအပေါ် စွဲဆိုထားတဲ့ အမှုတွေကို ပ,လပ်ပေးလိုက်တဲ့အကြောင်း ထိုင်းတရားရုံးက ဒီနေ့ ဆုံးဖြတ်ပါတယ်။
အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အင်န်ထော်နီဘလင်န်ကန်နဲ့ မြောက်အတ္တလန်တိတ် စစ်ရေးမဟာမိတ်အဖွဲ့ နေတိုးအတွင်းရေးမှူးချုပ် ယောင်န် စတော်လ်တင်န်ဘဂ်တို့ အမေရိကန်နိုင်ငံ ဝါရှင်တန်ဒီစီမှာ တနင်္လာနေ့က တွေ့ဆုံခဲ့ကြပါတယ်။
အမေရိကန်ကွန်ဂရက်လွှတ်တော် နိုင်ငံခြားရေးရာဆပ်ကော်မတီ ဥက္ကဋ္ဌ ခရစ္စမစ်က လက်ခံကျင်းပတဲ့ မြန်မာပြည်က လူနည်းစု ခရစ်ယာန်ဘာသာဝင်တွေ ဖိနှိပ်ခံရမှုတိုးလာနေတဲ့အခြေအနေ အစီရင်ခံစာတင်သွင်းပွဲမှာ မြန်မာ့အရေး နှစ်ဆတိုးလုပ်ဖို့ကို ကွန်ဂရက်အမတ် ခရစ္စမစ်က တိုက်တွန်းလိုက်ပါတယ်။
မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီဖြစ်စဥ်အပေါ် ထိခိုက်နိုင်ခြေ၊ အကျင့်ပျက်ခြစားမှု၊ လူ့အခွင့်အရေးနဲ့ အလုပ်သမားအခွင့်အရေး ချိုးဖောက်မှုတွေ အားပေးမိနိုင်ခြေကို စီးပွါးရေးလုပ်ငန်းတွေနဲ့ လုပ်ငန်းရှင်တွေ သတိပြုစဥ်းစားနိုင်ဖို့အတွက် နောက်ဆက်တွဲအကြံပြုစာလွှာကို အမေရိကန်အစိုးရက တနင်္လာနေ့မှာ ထုတ်ပြန်လိုက်ပါတယ်။
နောက်ထပ်ကြည့်ရှုရန်