မြန်မာ့အကျပ်အတည်းကို ဖြေရှင်းရာမှာ ဘုံသဘောတူထားချက် ၅ ရပ် အကောင်အထည် ဖော်အောင် ဆက်လက် တွန်းအားပေးဖို့ အာဆီယံအဖွဲ့ဝင်တွေက ဆက်လက်ကိုင်စွဲထားတဲ့အတွက် အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးက ဝမ်းမြောက်ဝမ်းသာကြိုဆိုလိုက်တယ်လို့ အင်ဒိုနီးရှား နိုင်ငံတော်ပိုင် သတင်းဌာန အင်တာရာက ပြောပါတယ်။
ဂျော်ဒန်နိုင်ငံမှာ အမေရိကန်တပ်သား ၃ ယောက် ဒရုန်းတိုက်ခိုက်မှုကြောင့် သေဆုံးသွားခဲ့တာနဲ့ပတ်သက်ပြီး အကျိုးဆက်အလွန်ကြီးမားမယ့် တုံ့ပြန်ပုံမျိုး နဲ့တုံ့ပြန်ဖို့ အမေရိကန်က စီစဉ်နေတယ်လို့ သမ္မတအိမ်ဖြူတော်က တနင်္လာနေ့ က ပြောလိုက်ပါတယ်။
ဂျပန်နိုင်ငံသားတွေ တရုတ်နိုင်ငံကို လာရောက်ရာမှာ ဗီဇာကင်းလွတ်ခွင့် အစီအစဉ်ပြန်လည်စတင်နိုင်ဖို့အတွက် အလေးအနက်ထားစဉ်းစားမယ်လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ဒီနေ့ပဲ ပြောပါတယ်။
ပါလက်စတိုင်းကယ်ဆယ်ရေးအတွက် ကုလသမဂ္ဂရဲ့ ထပ်လောင်းရန်ပုံငွေအဖြစ် ထည့်ဝင်ဖို့ ဆိုင်းငံ့ထားမယ့်နိုင်ငံတွေထဲမှာ သြစတြီးယားဟာ နောက်ဆုံးနိုင်ငံအဖြစ် ပါ၀င်ပါလာပါတယ်။
လာအိုနိုင်ငံမှာ ကျင်းပတဲ့ အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးမှာ မြန်မာစစ်ကောင်စီ နိုင်ငံခြားရေး ဝန်ကြီးဌာန အကြီးတန်း အရာရှိတဦးကို ဖိတ်ကြားခဲ့တာဟာ အာဆီယံ အဖွဲ့ဝင်နိုင်ငံအားလုံးရဲ့ သဘောတူညီချက်ကို အလှည့်ကျဥက္ကဋ္ဌ လာအိုနိုင်ငံမှာ ချိုးဖေါက်တာလို့ NUG အမျိုးသားညီညွတ်ရေးအစိုးရက ဝေဖန်ပြောဆိုပါတယ်။
အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ Retreat သီးသန့်အစည်းအဝေးမှာ မြန်မာစစ်ကောင်စီ နိုင်ငံခြားရေး ဝန်ကြီးဌာန အကြီးတန်း အရာရှိတဦးကို ဖိတ်ကြားခဲ့ပြီး နိုင်ငံတကာ အသိုင်းအဝိုင်းအနေနဲ့ မြန်မာ့အရေး ပိုပြီးနားလည်လာအောင် ကြိုးပမ်းသွားမယ်လို့ အိမ်ရှင်လာအိုနိုင်ငံက ပြောဆိုပါတယ်။
ဂျော်ဒန်နိုင်ငံအရှေ့မြောက်ပိုင်း ဆီးရီးယားနဲ့ နယ်စပ်အနီး အမေရိကန်စစ်တပ် အခြေစိုက်စခန်းကို စနေနေ့ည အဝေးထိန်းဒရုံးယာဉ်နဲ့ တိုက်ခိုက်ခံရတဲ့အတွက် အမေရိကန်စစ်သား သုံးယောက် သေဆုံးပြီး နောက်ထပ် ၃၄ ယောက် ထိခိုက်ဒဏ်ရာရသွားတဲ့အကြောင်း အမေရိကန်စစ်တပ် အရှေ့အလယ်ပိုင်းဆိုင်ရာ ကွပ်ကဲရေးဌာနချုပ်က သတင်းပေးပို့ပါတယ်။
မြန်မာနိုင်ငံ အနောက်ပိုင်း ရခိုင်ပြည်နည်အတွင်း အပစ်အခတ်ရပ်စဲရေးအတွက် တရုတ်နိုင်ငံ ကြားဝင် ကြိုးပမ်းနေတဲ့အကြောင်း အင်္ဂလားဒေ့ရှ်နိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး Yao Wen က မနေ့က ပြောဆိုပါတယ်။
မြန်မာပြည်သူတွေရဲ့ ဝိသေသအပြုံးနေရာမှာ လက်နက်သံတွေနဲ့ နာကျင်ငိုညည်းသံတွေ နေရာယူခဲ့တာ သုံးနှစ်ရှိခဲ့ပါပြီ။ ဖျက်ဆီးရေးလက်နက်တွေကို လူသားမျိုးနွယ်နဲ့ တရားမျှတမှုကြီးထွားရေးကိရိယာတွေအဖြစ်ပြောင်းဖို့ တချို့ မြန်မာ ခရစ်ယာန်ဘုန်းတော်ကြီးတွေနဲ့အတူလက်တွဲ တောင်းဆို" ကြောင်း ပုပ်ရဟန်းမင်းကြီးက ပြောပါတယ်။
အစ္စရေးကို အောက်တိုဘာ ၇ ရက်ကတိုက်ခိုက်ခဲ့ရာမှာ ကုလ ဒုက္ခသည်ကူညီရေးဌာနက ဝန်ထမ်း တဒါဇင်လောက် ပါဝင်ခဲ့တယ်ဆိုတဲ့သတင်းနဲ့ပတ်သက်လို့ စုံစမ်းစစ်ဆေးနေစဥ်ဂါဇာက စစ်ရှောင်ဒုက္ခသည်တွေအတွက် အကူအညီလိုအပ်နေတာကြောင့် အကူအညီရပ်ထားတဲ့နိုင်ငံတွေက ချက်ခြင်းပြန်ပေးကြဖို့ မစ္စတာ အန်တိုနီယို ဂူတားရက်စ် က ပြောပါတယ်။
စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ် ကာဘိုးကျေးရွာမှာရှိတဲ့ စစ်ကောင်စီနဲ့ ပျူစောထီးအထိုင်စခန်းတွေကို တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့တွေက ဇန်နဝါရီ ၂၅ ရက်နေ့ ညပိုင်းမှာ ဝင်ရောက်တိုက်ခိုက်ခဲ့ကြရာမှာ စစ်ကောင်စီဘက်က ထိခိုက်သေဆုံးများသလို ကာကွယ်ရေးတပ်ဖွဲ့တွေဘက်ကလည်း ၅ ဦးကျဆုံးခဲ့ကြောင်း တပ်ဖွဲ့ဝင်တွေက ပြောပါတယ်။
အိုင်အက်စ် စစ်သွေးကြွတွေကို နှိမ်နင်းဖို့ အီရတ်ကိုရောက်နေတဲ့ အမေရိကန် ဦးဆောင်တဲ့ မဟာမိတ်တပ်တွေ ပြန်လည် ထွက်ခွါရေးအတွက် အမေရိကန်နဲ့ အီရတ်အစိုးရတို့ကြား ပထမအကြိမ် တရားဝင်ဆွေးနွေးပွဲကို ဘက်ဂဒက်မှာ စနေနေ့က ကျင်းပခဲ့တယ်လို့ အီရတ်ဝန်ကြီးချုပ် Mohammed Shia al-Sudani က ပြောပါတယ်။
တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ရီ Wang Yi နဲ့ အမေရိကန် အမျိုးသားလုံခြုံရေးအကြံပေး Jake Sullivan တို့ဟာ ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ သောကြာနဲ့ စနေ နေ့တွေမှာ တွေ့ဆုံခဲ့ပါတယ်။
အစ္စရေးနဲ့ ဟာမတ်စ်တို့ကြား တိုက်ပွဲတွေ ဖြစ်ပွါးနေတာ ၃ လ ကျော်လာပြီ ဖြစ်ပြီး စနေနေ့ကလည်း အစ္စရေးနဲ့ ဂါဇာကမ်းမြောင်ဒေသကြားက တောင်ပိုင်းနယ်စပ် တလျှောက်မှာ ပေါက်ကွဲသံတွေ ကြားနေရပါတယ်။ အစ္စရေး ဘက်က ဥသြဆွဲသံတွေကိုလည်း နယ်စပ်လျှောက်က ပေါက်ကွဲသံတွေနဲ့အတူ ကြားနေရတာပါ။
ဇန်နဝါရီ ၈ ရက် တနင်္လာနေ့ ညနေက အမေရိကန်ပြည်ထောင်စု အင်ဒီယားနားပြည်နယ် ဖို့ဝိန်းမြို့ နေအိမ်မှာ ကွယ်လွန်သွားခဲ့တဲ့ ဂန္ထဝင်အဆိုတော်ကြီး ဒေါ်မာမာအေးရဲ့ ဈာပန အခမ်းအနားကို အဲဒီမြို့က Klaehn, Fahl & Melton Funeral Home Service မှာ စနေနေ့ နေ့လည်ပိုင်းက စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ပါတယ်။
မြန်မာနိုင်ငံ မြောက်ပိုင်းနဲ့ အနောက်ပိုင်း ဒေသတွေမှာ လက်နက်ကိုင်တိုက်ပွဲတွေ ပိုပြီး ပြင်းထန်နေတဲ့အချိန် မြန်မာစစ်တပ်ဘက်က နယ်မြေနဲ့ ကင်းစခန်းတွေ ဆက်တိုက်ဆိုသလို ဆုံးရှုံးနေတဲ့ သတင်းတွေ ထွက်နေချိန်မှာ အဓိက နယ်မြေနီးစပ်တဲ့ ထိုင်းနဲ့ တရုတ်နိုင်ငံ သံအမတ်ကြီးတွေကို စစ်ကောင်စီဘက်က ခေါ်ယူတွေ့ဆုံတာပါ။
အမေရိကန်ထောက်လှမ်းရေးဌာန CIA အကြီးအကဲဟာ အစ္စရေး၊ အီဂျစ်နိုင်ငံတို့က ထောက်လှမ်းရေး အကြီးအကဲတွေ အပါအဝင် ကာတာ ဝန်ကြီးချုပ်တို့နဲ့ အစ္စရေး-ဟာမတ်စ် စစ်ပွဲ အပစ်အခတ်ရပ်စဲရေးနဲ့ ဖမ်းဆီးခံထားရတဲ့ အကျဉ်းသားတွေ ပြန်လွှတ်ပေးရေးကိစ္စတွေကို လာမယ့်ရက်ပိုင်းအတွင်း ဆွေးနွေးဖို့ရှိတယ်လို့ AFP မှာ ဖော်ပြထားပါတယ်။
အစ္စရေးကို လူမျိုးတုံးသတ်ဖြတ်မှုနဲ့ တောင်အာဖရိကနိုင်ငံက စွဲချက်တင်ထားကို ကုလသမဂ္ဂ အမြင့်ဆုံး ခုံရုံးက ဆက်ကြားနာဖို့ လက်ခံလိုက်ပါတယ်။ အစ္စရေးဘက်က ဒီအမှုကို ပယ်ဖျက်ပေးဖို့ တောင်းဆိုခဲ့တာကို ICJ နိုင်ငံတကာတရားရုံးက ပယ်ချခဲ့တယ်လို့လည်း တရားရုံးဥက္ကဋ္ဌ Joan E. Donoghue က စီရင်ချက်ချလိုက်တာပါ။
မြန်မာမှာလက်နက်ကိုင်ပဋိပက္ခတွေ ကြီးထွားနေပြီး မြန်မာစစ်တပ်ဘက်က စခန်းတွေဆုံးရှုံးနေရတဲ့အခြေအနေနဲ့ တောင်တရုတ်ပင်လယ် ရေပိုင်နက် ဒေသတွင်း အငြင်းပွားမှုတွေဟာ ဒီသီတင်းပတ်ကုန် လာအိုနိုင်ငံမှာကျင်းပမယ့် အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးမှာ အဓိက ပြောဆို ဆွေးနွေးနိုင်တဲ့ အကြောင်းအရာတွေ ဖြစ်နေပါတယ်။
ကွန်ဂိုသမ္မတနိုင်ငံမှာ လက်ရှိဖြစ်နေတဲ့ပဋိပက္ခတွေကို ဖြေရှင်းနိုင်ဖို့ရည်ရွယ်ပြီး အမေရိကန်က အာဖရိကဒေသတွင်း မိတ်ဆွေနိုင်ငံတွေနဲ့ ဆက်လက်ပြီး ထဲထဲဝင်ဝင် ထိတွေ့ဆက်ဆံသွားမှာ ဖြစ်ကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Antony Blinken က ကြာသပတေးနေ့မှာ ပြောပါတယ်။
နောက်ထပ်ကြည့်ရှုရန်