အမေရိကန်ဦးဆောင်တဲ့မဟာမိတ်တပ်တွေ အီရတ်ကနေ အပြီးတိုင်ထွက်ခွါဖို့ ဆွေးနွေးပွဲတွေဟာ အစ္စရေး -ဟာမတ်စ် စစ်ပွဲကြောင့် ရပ်ဆိုင်းထားရပြီး အခုတော့ အမေရိကန်နဲ့ အီရတ်တို့ဟာ ဒီဆွေးနွေးပွဲကို ပြန်လည်စတင်တော့မှာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံအပါအဝင် အရှေ့တောင်အာရှနိုင်ငံတွေမှာ နောက်ဆုံးခေတ်မီနည်းပညာတွေအသုံးပြုပြီး ဘာသာရေး ဖိနှိပ်မှုတွေ ပိုတိုးလုပ်လာတယ်လို့ နိုင်ငံတကာဘာသာရေးလွတ်လပ်ခွင့်ဆိုင်ရာ အမေရိကန်ကော်မရှင် တာဝန်ရှိသူတွေက ပြောပါတယ်။
အစ္စရေးတွေရဲ့ တိုက်ခိုက်မှုကြောင့် ဂါဇာမြို့မှာ ကြာသပတေးနေ့က လူသားစာနာမှု အကူညီရဖို့ စောင့်နေတဲ့ ပါလက်စတိုင်း ၂၀ ထက်မနည်း သေဆုံးခဲ့ရပြီး ၁၅၀ လောက် ဒဏ်ရာရခဲ့တယ်လို့ ဟာမတ်စ် ကျန်းမာရေးအရာရှိတွေက ပြောပါတယ်။ ဒီပြောကြားချက်အတွက် စုံစမ်းစစ်ဆေးနေတယ်လို့ အစ္စရေးစစ်တပ်က ပြောပါတယ်။
အရက်ဆိုင်ကိုတော့ မွတ်စလင်မဟုတ်တဲ့ သံတမန်တွေအတွက်ပဲ ကန့်သတ်ထားပြီး၊ ဒီအရက်ဆိုင်ဟာ ရီယာ့ဒ်မြို့က သံတမန်ရပ်ကွက်က စူပါမားကတ်ဆိုင်ကြီးဘေးမှာဖွင့်ထားတာဖြစ်တယ်လို့ အဲဒီအမည်မဖော်လိုတဲ့သံတမန်ကပြောပါတယ်။
နှစ်လကြာ မြန်မာစစ်တပ်နဲ့ တိုက်ပွဲ အပြင်းအထန် ဖြစ်ပွားနေတဲ့ ရခိုင်ပြည်နယ်မြောက်ပိုင်း၊ ပေါက်တောမြို့ကို အပြည့်အဝထိန်းချုပ်လိုက်ပြီ ဖြစ်တဲ့အကြောင်း ရခိုင့်တပ်တော်ခေါ် AA အဖွဲ့က ကြေညာပါတယ်။
မြန်မာနိုင်ငံအပါအဝင် ကမ္ဘာတဝန်းမှာ လူ့အခွင့်အရေးကို ကာကွယ်သူတွေနဲ့ သတင်းထောက်တွေ ဖမ်းဆီးထောင်ချခံနေရပြီး ပြီးခဲ့တဲ့ နှစ် ၂၀ အတွင်း ဒီမိုကရေစီစနစ် ပိုပြီး ဆုတ်ယုတ်ကျဆင်းလာတဲ့အကြောင်း The Freedom House လူ့အခွင့်အရေး အဖွဲ့ကြီးက ဒီနေ့ အစီရင်ခံစာ ထုတ်ပြန်ပါတယ်။
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ တက္ကသိုလ်ရိပ်သာလမ်း နေအိမ် အမှတ် ၅၄ ကို လာမယ့် မတ်လ ၂၀ရက်မှာလေလံဆွဲသွားဖို့ ပြင်ဆင်ထား တယ်လို့တရားရုံးနဲ့နီးစပ်သူတွေ ကပြောပါတယ်။
“ဘက်ပြောင်းတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ အထူးသဖြင့် သူတို့လုံခြုံရေးကို အာမခံပေးတယ်။ နောက်သူတို့ ရဲ့ ဂုဏ်သိက္ခာပိုင်း၊ နောက် တော်လှန်ရေးအင်အားစုတွေဘက်က ကျင့်သုံးနေတဲ့ ဥပဒေတွေနဲ့ အညီ သူတို့ကို အကာအကွယ်ပြုတာမျိုးတွေ ကျနော်တို့ လုပ်ပေးသွားမယ်ပေါ့နော်။ (တာအယ်စိုး- KNDF ဗဟိုပြန်ကြားရေးတာဝန်ရှိသူ)
ရှမ်းပြည်နယ်တောင်ပိုင်း ဆီဆိုင်မြို့ကို PNLA တပ်မတော်က ဝင်သိမ်းနေရာယူလိုက်တယ်လို့ နီးစပ်သူက ဗွီအိုအေကို ပြောပါတယ်။ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ရေးဒေသ ဆီဆိုင်မြို့နယ် ရဲစခန်းကို ဇန်နဝါရီ ၂၄ ရက် ညနေ ၆ နာရီခွဲလောက်မှာ PNLA ပအိုဝ်းတပ် ဦးဆောင်တဲ့ပူးပေါင်းတပ်တွေ နေရာဝင်ယူလိုက်တာလို့ နီးစပ်သူက ပြောပါတယ်။
အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်ဘက်ကိုထွက်ပြေးသွားတဲ့ထဲက ကျန်နေသေးတဲ့ စစ်ကောင်စီတပ်သား ၉၂ ဦးကို မြန်မာစစ်တပ်အာဏာပိုင်တွေက ပြန်လည်ခေါ်ယူခဲ့ကြောင်း အိန္ဒိယသတင်းတွေမှာ ဇန်နဝါရီ ၂၄ ရက် ဗုဒ္ဓဟူးနေ့က ဖော်ပြကြပါတယ်။
ရှမ်းပြည်နယ်မြောက်ပိုင်းမှာ တရုတ်ရဲ့စေ့စပ်ပေးမှုနဲ့ ဇန်နဝါရီ ၁၁ ရက်ကတည်းက အပစ်ရပ် ကြေညာထားပေမယ့် ကိုးကန့်အထူးဒေသ (၁)၊ မူပန်ခရိုင်ထဲမှာ စစ်ကောင်စီရဲ့စစ်ကြောင်းနှစ်ကြောင်းဝင်လာလို့ တိုက်ပွဲဖြစ်ပြီး ကိုးကန့်တပ်မတော် (MNDAA) က (၁) ဦးကျဆုံးခဲ့တယ်လို့ မြောက်ပိုင်းညီနောင် (၃) ဖွဲ့က ဗုဒ္ဓဟူးနေ့က ကြေညာပါတယ်။
မြန်မာနိုင်ငံအနောက်ပိုင်း ခရစ်ယာန်ဘာသာဝင်အများစုနေထိုင်တဲ့ချင်းပြည်နယ်အတွင်းမြန်မာစစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့်ခရစ်ယာန် ဘာသာရေးကျောင်းတွေ ဖျက်ဆီးခံခဲ့ရတဲ့အကြောင်း လက်နက်ကိုင်ပဋိပက္ခတွေအတွင်း စစ်ရာဇဝတ်မှု ကျုးလွန်တာကိုစစ်တမ်းကောက်ယူတဲ့ ဗြိတိန်အခြေစိုက် အဖွဲ့တခုကအစီရင်ခံစာ ထုတ်ပြန်ပါတယ်။
ပြီးခဲ့တဲ့နှစ် ထိုင်းနိုင်ငံရွေးကောက်ပွဲမှာ အနိုင်ရခဲ့သူ Pita Limjaroenrat ကို နိုင်ငံရေးလုပ်ကိုင်ခွင့် ပိတ်ပင်ထားတဲ့အမှုကို ဖျက်သိမ်းပြီး လွှတ်တော်အမတ်အဖြစ် ပြန်ပြီး ခန့်အပ်ကြောင်း ထိုင်းအခြေခံ ဥပဒေတရားရုံးက ဒီကနေ့ ဇန်နဝါရီ ၂၄ ရက်နေ့မှာ ဆုံးဖြတ်လိုက်ပါတယ်။
တိုက်ခိုက်မှုအတွင်း အီရတ်နိုင်ငံက စစ်သွေးကြွအုပ်စုရဲ့ ဌာနချုပ်နဲ့ နိုင်ငံတကာ ရေကြောင်းသွားလာရေး လမ်းကြောင်းကို တိုက်ခိုက်မယ့် ယီမင်နိုင်ငံက မစ်ဇိုင်းဒုံးတွေကို ဖျက်ဆီးနိုင်ခဲ့ကြောင်းလည်း အမေရိကန် စစ်တပ်က သတင်းထုတ်ပြန်ခဲ့တာပါ။
အခုလို ပဲ့ထိန်းဒုံးကျည်တွေပစ်လွှတ်လိုက်မှုကြောင့် မူလက နျူကလီးယားအရေး တင်းမာမှုတွေ ရှိနေပြီးဖြစ်တဲ့ အမေရိကန်၊ တောင်ကိုရီးယားနဲ့ ဂျပန်တို့ ရန်လိုတဲ့ လုပ်ဆောင်မှုအဖြစ် ရှုမြင်စရာ ဖြစ်လာပါတယ်။
ရုရှား စစ်ဘက်သယ်ယူပို့ဆောင်ရေး လေယာဉ်တစင်း ယူကရိန်းနယ်စပ်အနီးမှာ ဒီနေ့ပဲ ပျက်ကျခဲ့ပါတယ်။ ဒီလေယာဉ်ပေါ်မှာ အကျဉ်းသားလဲလှယ်ရေး အစီအစဉ်အရ လဲလှယ်ရမယ့် ယူကရိန်း စစ်သုံ့ပန်း ၆၅ ဦးအပါအဝင် လူပေါင်း ၇၄ဦး ပါဝင်တယ်လို့ ရုရှား ကာကွယ်ရေး ဝန်ကြီးဌာနကပြောတာကို ကိုးကားပြီး နိုင်ငံပိုင်သတင်းဌာနမှာ ဖော်ပြထားပါတယ်။
မလေးရှားနိုင်ငံကို ထွက်ခွာဖို့ ကြိုးပမ်းကြတဲ့ ရိုဟင်ဂျာ ၁၁၀ ကျော်ဟာ မြန်မာနိုင်ငံတောင်ပိုင်းမှာ ဖမ်းဆီးခံလိုက်ရပါတယ်။ ရိုဟင်ဂျာအမျိုးသား ၅၉ ယောက်၊ အမျိုးသမီး ၅၈ ယောက်ကို မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့မှာ မနေ့တုန်းက ဖမ်းဆီးလိုက်ကြောင်း ဒေသခံလုံခြုံရေး အာဏာပိုင်တွေကိုကိုးကားပြီး AFP သတင်းက ဖော်ပြခဲ့တာပါ
အမေရိကန်ပြည်ထောင်စု New Hampshire ပြည်နယ်မှာ အင်္ဂါနေ့ကကျင်းပတဲ့ ပါတီတွင်း သမ္မတလောင်းရွေးပွဲတွေမှာ ရီပတ်ဘလစ်ကန်ပါတီအတွက် သမ္မတဟောင်း Donald Trump က မဲအားလုံးရဲ့ ၅၂.၅ ရာခိုင်နှုန်း၊ ကုလဆိုင်ရာ အမေရိကန်သံအမတ်ကြီးဟောင်း Nikki Haley က မဲအားလုံးရဲ့ ၄၆.၆ ရာနှုန်ကိုး ရရှိကြောင်း AP သတင်းဌာနက ကြေညာပါတယ်။
ဆွီဒင်နိုင်ငံရဲ့ နေတိုးအဖွဲ့ဝင်ရေးလျှောက်ထားချက်ကို တူရကီပါလီမန်က ၂၈၇ မဲ၊ ၅၅ မဲနဲ့ အင်္ဂါနေ့မှာ အတည်ပြုလိုက်ပြီး ဒီ ဆုံးဖြတ်ချက်ကို ဆွီဒင်ဝန်ကြီးချုပ်က ကြိုဆိုလိုက်ပါတယ်။
၂၀၂၃ မှာ မြန်မာ ဒါမှမဟုတ် ဘင်္ဂလားဒေ့ရှ်နိုင်ငံကနေ အန်ဒမန်ပင်လယ်ပြင်နဲ့ ဘင်္ဂလားပင်လယ်အော်ကို ဖြတ်ထွက်ပြေးဖို့ကြိုးစားရင်း သေဆုံးသွားတဲ့ ဒါမှမဟုတ် ပျောက်ဆုံးနေတဲ့ ရိုဟင်ဂျာအရေအတွက်က ၂၀၁၄ ကတည်းကဆိုရင် အမြင့်မားဆုံး ဖြစ်တယ်လို့ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးက အင်္ဂါနေ့က ပြောပါတယ်။
နောက်ထပ်ကြည့်ရှုရန်