ဟာမတ်စ် ဖမ်းဆီးထားတဲ့ ဓားစာခံတွေလွှတ်ရေးနဲ့ ဂါဇာမှာ ခဏအပစ်ရပ်ရေး အပေးအယူသဘောတူညီချက်အတွက် အမေရိကန် အကြီးတန်းတာဝန်ရှိသူတဦးဖြစ်သူ သမ္မတဂျိုးဘိုင်ဒန်ရဲ့ အရှေ့အလယ်ပိုင်းအကြံပေး ဘရက်ခ် မက်ဂတ်ဂ် (Brett McGurk) က အရှေ့အလယ်ပိုင်းမှာ ဆွေးနွေးနေတယ်လို့ အမေရိကန် သမ္မတအိမ်ဖြူတော်က အင်္ဂါနေ့မှာ ပြောပါတယ်။
ယူကရိန်းကို တိုက်ခိုက်နေတဲ့ စစ်ပွဲအတွက် လက်နက်လိုအပ်ချက်တွေကြောင့် မြန်မာနိုင်ငံက ရုရှားကို လက်နက်တွေ ပြန်ပို့နေရတယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။ ရုရှားကို ပြန်ပို့တဲ့အထဲမှာ မြန်မာစစ်တပ်ထုတ် မိုင်းတွေနဲ့ မော်တာကျည်တွေပါ ပါဝင်တယ်လို့လည်း ရုရှားက သတင်းတွေကို ကိုးကားပြီး Asia News က ဖော်ပြခဲ့တာပါ။
ဂါဇာကမ်းမြောင်မှာ အစ္စရေးစစ်သား၂၄ ဦး သေဆုံးခဲ့ကြောင်း အစ္စရေးဘက်က ဒီနေ့ပဲ သတင်းထုတ် ပြန်ပါတယ်။ ဟာမတ်စ် စစ်သွေးကြွအဖွဲ့ကို ချေမှုန်းတဲ့ စစ်ဆင်ရေး စတင်ပြီးနောက် ဒါဟာ အစ္စရေး စစ်တပ်အတွက် အဆိုးဆုံးနေ့ရက်တွေထဲက တရက်လည်းဖြစ်ပါတယ်။
ရှမ်းပြည်မြောက်ပိုင်း လောက်ကိုင်မြို့ရှိ ဒေသကွပ်ကဲမှုစစ်ဌာနချုပ်(ဒကစ)က တာဝန်ရှိ ဗိုလ်မှူးချုပ်တချို့ကို စစ်ခုံရုံးက အရေးယူလိုက်တယ်ဆိုတဲ့ သတင်းတွေ ထွက်နေပြီး ဒီသတင်းတွေ ဟုတ်မှန်မှုမရှိကြောင်း စစ်ကောင်စီပြောခွင့်ရက VOA ကို ဖြေကြားပါတယ်။
ယီမင်နိုင်ငံ ဟူသီသူပုန်တွေက သင်္ဘောတွေကိုတိုက်ခိုက်ခဲ့ရာမှာ အီရန်နိုင်ငံက အလွန့်ကို တိုက်ရိုက်ကျကျ ပါဝင်ပတ်သက်နေတယ်လို့ အမေရိကန်ရေတပ် အရှေ့အလယ်ပိုင်းဒေသ တပ်မှူးက တနင်္လာနေ့မှာ ပြောလိုက်ပါတယ်။
စစ်ကောင်စီနဲ့ ညီနောင်မဟာမိတ်သုံးဖွဲ့ကြား ဇန်နဝါရီလ ၁၁ ရက်နေ့ကတည်းက စစ်ရပ်စဲဖို့ သဘောတူထားတယ်ဆိုပေမယ့် စစ်ကောင်စီဘက်က ဒီ သဘောတူညီချက်ကို အကြိမ်ကြိမ်ချိုးဖောက်ပြီး TNLA တအောင်းပလောဝ် ထိန်းချုပ်ဒေသတွေကို ထိုးစစ်ဆင်တာ၊ လက်နက်ကြီးနဲ့ပစ်ခတ်တာ၊ လေကြောင်းတိုက်ခိုက်တာတွေ လုပ်နေတယ်လို့ TNLA က ထုတ်ပြန်ပါတယ်။
ဂါဇာစစ်ပွဲ၊ လူသားချင်းစာနာထောက်ထားရေး အကျပ်အတည်းတွေနဲ့ပတ်သက်ပြီး အာရပ်အဖွဲ့ချုပ်ရဲ့ အရေးပေါ်အစည်းအဝေးကို အီဂျစ်နိုင်ငံ ကိုင်ရိုမြို့မှာ တနင်္လာနေ့က ကျင်းပခဲ့ပါတယ်။
အိန္ဒိယနိုင်ငံ အယုဒ္ဓရမြို့က သမိုင်းဝင် မွတ်ဆလင်ဗလီ တည်ရှိခဲ့တဲ့ နေရာမှာ တည်ဆောက်ထားတဲ့ ဟိန္ဒူဘုရားကျောင်းသစ်ကို အိန္ဒိယဝန်ကြီးချုပ် Narendra Modi ဒီကနေ့ ဖွင့်လှစ်ပေးလိုက်ပါတယ်။ လာမယ့်ရွေးကောက်ပွဲ ဟိန္ဒူမဲဆန္ဒရှင်တွေကို ဆွဲဆောင်ဖို့ ရည်ရွယ်တဲ့ အနေနဲ့ ဝန်ကြီးချုပ် ကိုယ်တိုင်ဖွင့်လှစ်ခဲ့တာပါ။
တရုတ်နိုင်ငံ အနောက်တောင်ပိုင်း တောင်ထူထပ်ရာ ယူနန်ပြည်နယ်မှာ ဒီကနေ့ မြေပြိုမှုကြောင့် သေဆုံးသူ ၈ ယောက်ကို အာဏာပိုင်တွေ အတည်ပြုထားပြီး၊ မြေအောက်ပိတ်မိနေသူတွေလည်း ဒါဇင်နဲ့ချီ ရှိနေပါတယ်။ ပြောင်းရွှေ့ပေးထားရကြောင်း အာဏာပိုင်တွေက ပြောပါတယ်။
ဂါဇာကမ်းမြောင်ဒေသရှိ ဟာမတ်စ်တွေအပေါ် အစ္စရေးက တိုက်ခိုက်နေပုံဟာ မျိုးဆက်သစ်တွေကြားမှာ အမုန်းတရားတွေ အမြစ်တွယ်စေနိုင်တယ်လို့ ဥရောပသမဂ္ဂ (EU) နိုင်ငံခြားမူဝါဒရေးရာ အကြီးအကဲ Josep Borrell က ဒီနေ့ပဲ ပြောလိုက်ပါတယ်။
ကမ္ဘာမှာ အအောင်မြင်ဆုံး အနုပညာရှင်တဦးဖြစ်တဲ့ အမေရိကန် ပေါ့အဆိုတော် တေလာဆွိဖ်ဟာ ၂၀၂၄ iHeartRadio ဂီတဆုချီးမြှင့်ပွဲအတွက် ဆုနေရာ ၉ ခု အတွက် စကာတင် တစ်ကြိုရွေးချယ်ခံထားရပါတယ်။
ဖလော်ရီဒါပြည်နယ်အုပ်ချုပ်ရေးမှူး Ron DeSantis ဟာ ရီပတ်ဘလစ်ကန်သမ္မတကိုယ်စားလှယ်လောင်းအဖြစ်ယှဉ်ပြိုင်မှုကို အဆုံးသတ်လိုက်ပြီး ရီပတ်ဘလစ်ကန်ကိုယ်စားလှယ်လောင်းတဦးဖြစ်တဲ့ Donal Trump ကို ထောက်ခံကြောင်း ကြေညာပါတယ်။
အစွန်းရောက်တွေရဲ့အစည်းအဝေးမှာလူတွေကို အုံလိုက်ကျင်းလိုက် ဂျာမနီကနေပြန်နှင်ထုတ်မယ့်စီမံကိန်း ပေါ်ထွက်လာပြီးတဲ့နောက် လကျ်ာစွန်းနိုင်ငံရေးဆန့်ကျင်မှု ဆန္ဒပြပွဲကို ဂျာမနီနိုင်ငံ မြူးနစ်မြို့မှာ လူတွေ သောင်းချီတက်ရောက်ခဲ့ကြပါတယ်။
ကုလသမဂ္ဂလုံခြုံရေးကောင်စီမှာ အမြဲတမ်းနေရာတနေရာကို အာဖရိကတနိုင်ငံက မကြာမီ ရရှိမယ်လို့မျှော်လင့်ကြောင်း ကုလသမဂ္ဂအတွင်းရေးမှူးချုပ်က တနင်္ဂနွေနေ့မှာ ပြောပါတယ်။ အမြဲတမ်းအဖွဲ့ဝင်ငါးနိုင်ငံက အဆိုပြုချက်ကို ထောက်ခံလိုက်ပြီးတဲ့နောက် မစ္စတာ အင်န်တိုနီယို ဂူတားရက်စ်က ခုလို ပြောလိုက်တာပါ။
ပိုလန်အတွက် ဥရောပရံပုံငွေကို ပိတ်ဆို့လိုက်ပြီး ဥရောပကော်မရှင်က ပိုလန်နိုင်ငံ ရဲ့အစိုးရကိုပြောင်းဖို့ အားသုံး ကြိုးစားတယ်လို့ ပိုလန်သမ္မတ အွန်ဒြေ ဒူးဒ (Andrzej Duda) က တနင်္ဂနွေနေ့ က ဝေဖန်လိုက်ပေမဲ့ တရားရေးနစ်ပြောင်းလဲမှုအပေါ် ညှိနှိုင်းဆွေးနွေးဖို့ ဖွင့်ထားတယ်လို့လည်း ပြောပါတယ်။
အပစ်အခတ်ရပ်စဲရေး ဟာမတ်စ်တောင်းဆိုချက်၊ အစ္စရေးတပ်ရုပ်သိမ်းရေးနဲ့ ဟာမတ်စ်လက်မှာ ကျန်ရှိနေတဲ့ဓားစာခံတွေနဲ့ အစ္စရေးဖမ်းထားတဲ့ ပါလက်စတိုင်းတွေ အပြန်အလှန်လွှတ်ပေးရေးတွေကို ပယ်ချလိုက်လိုက်တယ်လို့ တနင်္ဂနွေနေ့က ထုတ်ပြန်ချက်မှာ အစ္စရေးဝန်ကြီးချုပ် ဘင်န်ဂျမင်န် နေတန်ယာဟု က ပြောပါတယ်။
ဂါဇာမှာ ဟားမတ်စ်အဖွဲ့က ဖမ်းထားတဲ့ အစ္စရေး ဓားစာခံတွေရဲ့ မိသားစုဝင်တွေဟာ အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ယာဟုရဲ့ နေအိမ်အပြင်ဘက်မှာ စနေနေ့က ဆန္ဒပြခဲ့ကြပါတယ်။ ဖမ်းခံနေရသူတွေ လွတ်မြောက်ရေးအတွက် အစိုးရအနေနဲ့ ပြတ်ပြတ်သားသား လုပ်ဆောင်ဖို့ တောင်းဆိုကြပါတယ်။
ရှမ်းပြည်နယ် မြောက်ပိုင်းမှာ တရုတ်နိုင်ငံရဲ့ ကြားဝင် စေ့စပ်မှုနဲ့ စစ်ကောင်စီနဲ့ တိုင်းရင်းသား ညီနောင်မဟာမိတ် (၃)ဖွဲ့ ကြား ယာယီအပစ်ရပ်ထားပေမယ့် စစ်ကောင်စီဘက်က လက်နက်ကြီးနဲ့ ပစ်ခတ်တာတွေ ဆက်ရှိနေတယ်လို့ ညီနောင် မဟာမိတ် (၃) ဖွဲ့ရဲ့ ဇန်နဝါရီ (၂၀) ရက်နေ့ စနေညပိုင်း သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့မှာ ၂၀၂၂ ခုနှစ်တုန်းက ကျင်းပခဲ့တဲ့ Halloween ပွဲတော်အတွင်း ၊ လူအုပ်စု ပြိုကျ တက်နင်းမိလို့ လူပေါင်း ၁၆၀ နီးပါး သေဆုံးခဲ့ရတာအတွက် ဆိုးလ်မြို့တော် ရဲတပ်ဖွဲ့အကြီးအကဲကို တာဝန်ပေါ့ဆမှုနဲ့ အစိုးရ ရှေ့နေတွေက စွဲချက် တင်လိုက်ပါတယ်။
ယူကရိန်းက တောင်းဆိုထားတဲ့အတိုင်း လက်နက်ခဲယမ်းတွေ တိုးမြှင့်ထောက်ပံ့သွားမယ်လို့ EU ဥရောပသမဂ္ဂအဖွဲ့က သောကြာနေ့မှာ ကြေညာပါတယ်။ ၂၀၂၄ နှစ်ကုန်ပိုင်းလောက်ဆို ကျည်မျိုးစုံ အနည်းဆုံး (၁.၃)သန်းလောက် EU က ထောက်ပံ့သွားနိုင်လိမ့်မယ်လို့ EU နိုင်ငံများဈေးကွက်ဆိုင်ရာကော်မရှင်နာမင်းကြီး Thierry Breton ကပြောပါတယ်။
နောက်ထပ်ကြည့်ရှုရန်