ကွန်ဂို သမ္မတနိုင်ငံမှာ နှစ်ပေါင်း ၆၀ အတွင်း အဆိုးဝါးဆုံး ရေကြီးရေလျှံမှုကြောင့် လူပေါင်း ၃ သိန်းခွဲကျော် လူသားစာနာမှုအကူညီ လိုအပ်နေတယ်လို့ ကုလသမဂ္ဂ လူသားစာနာမှုဆိုင်ရာ ရုံးက သောကြာနေ့မှာ ပြောပါတယ်။
အမေရိကန်နိုင်ငံရဲ့ ပြည်နယ်အများစုမှာ အခု သီတင်းပတ်ထဲ နှင်းမုန်တိုင်းတွေ တိုက်ခိုက်နေပြီး ရေခဲ အမှတ် သုညအောက် အပူချိန် ကျဆင်းနေပါတယ်။ ပြင်းထန်တဲ့ ဆောင်းရာသီဥတုကြောင့် တပတ်အတွင်းမှာ နိုင်ငံတဝန်းသေဆုံးသူ ၄၀ ကျော်ရှိနေပြီး တန်နက်ဆီပြည်နယ်တခုတည်းမှာတင် ၁၄ ဦး သေဆုံးခဲ့ကြောင်း တာဝန်ရှိသူတွေက ပြောပါတယ်။
ယူကရိန်းကို ရုရှားကျူးကျော်မှုကြောင့် ဒေသတွင်း လုံခြုံရေးကို စိုးရိမ်လာတဲ့ ဘောလတစ်ပင်လယ်ကွေ့ ၃ နိုင်ငံဟာ သူတို့နိုင်ငံတွေနဲ့ နယ်နိမိတ်ချင်း ထိစပ်နေတဲ့ ဘယ်လာရုစ်နဲ့ ရုရှား နယ်စပ်တွေမှာ ခုခံကာကွယ်ရေးဆိုင်ရာ လုပ်ဆောင်မှုတွေ စတင်ဖို့ သောကြာနေ့မှာ သဘောတူလိုက်ကြပါတယ်။
ယူကရိန်းရဲ့ အဝေးထိန်း ဒရုန်းနဲ့ ပစ်ခတ်တိုက်ခိုက်မှုကြောင့် သောကြာနေ့မှာ ရုရှားရဲ့ အနောက်ပိုင်း ဘရိုင်ယန့်စ် ဒေသက ရေနံသိုလှောင်ကန်ကြီး မီးလောင်ကျွမ်း ခဲ့ရပါတယ်။ ဒါဟာ ရုရှားကျူးကျော်စစ်စတင်တဲ့ ၂ နှစ်နီးပါးကာလ အတွင်း ရုရှားပိုင်နက် အတွင်းပိုင်းကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့တာလည်း ဖြစ်ပါတယ်။
ပါလက်စတိုင်းနိုင်ငံ တည်ထောင်နိုင်မဲ့ လက်တွေ့အစီအစဉ်တွေ မရှိရင် ဂါဇာပြန်လည်တည်ဆောက်ရေးကို ဒေသတွင်း ဘယ်မိတ်ဖက်နိုင်ငံကမှ ကူညီမှာ မဟုတ်သလို အစ္စရေးရေရှည်လုံခြုံရေးအတွက် ဒေသတွင်း ဘယ်နိုင်ငံကမှ အစ္စရေးနဲ့ ပူးပေါင်းကူညီမှာ မဟုတ်ဘူးလို့ အမေရိကန်နိုင်ငံခြားရေးဌာန ပြောခွင့်ရက ပြောကြားသွားတာဖြစ်ပါတယ်။
ထိုင်းနိုင်ငံတောင်ပိုင်း ဖန်င ခရိုင်ထဲက နေရာနှစ်ခုမှာ လစ်သီယံသတ္တု တန်ချိန် ၁၄ သန်းနဲ့ ၈ သိန်းလောက် တွေ့ရှိတဲ့အကြောင်း ထိုင်း အစိုးရ လက်ထောက် ပြောခွင့်ရ Rudklao Intawong Suwankiri က The Nation ရုပ်သံ အစီအစဉ်ကို ပြောဆိုပါတယ်။
အီရန်ထဲက ပစ်မှတ်တွေကိုတိုက်ခိုက်လာရင် ကြားဖြတ် ဖျက်ဆီးနိုင်အောင်နဲ့ ရန်သူ့ပစ်မှတ်တွေကို ထိမှန်အောင် ဒီဇိုင်းထွင်လုပ်ထားတဲ့ အဝေးထိန်းဒရုန်းယာဉ်တွေနဲ့ လေကြောင်းရန်ကာကွယ်ရေး လေ့ကျင့်ခဲ့တယ်လို့ ပြောပါတယ်။
ဂါဇာမြောက်ဘက်ပိုင်းမှာ တိုက်ပွဲလျော့ကျလာပေမဲ့ တောင်ပိုင်းက အဓိက မြို့ကြီး Khan Yunis မှာ လေကြောင်းတိုက်ခိုက်မှုတွေဖြစ်ခဲ့တယ်လို့ မျက်မြင်သက်သေတွေကပြောနေချိန်မှာ၊ အစ္စရေး စစ်ရေးကက်ဘိနက် ဝန်ကြီးက အပစ်ရပ်ဖို့လိုပြီလို့ ထုတ်ပြောလိုက်ပါတယ်။
မြောက်ကိုရီးယားနိုင်ငံမှာ ရေအောက် နျူကလီးယား လက်နက်စနစ် စမ်းသပ်မှုတခုလုပ်ခဲ့ပါတယ်။ တောင်ကိုရီယား၊ ဂျပန်နဲ့ အမေရိကန်ပူးတွဲ စစ်ရေးလေ့ကျင့်ခဲ့တာကို ဆန္ဒပြတဲ့အနေနဲ့ စမ်းသပ်မှုလုပ်ခဲ့တာလို့ မြောက်ကိုရီးယားအစိုးရပိုင် KCNA သတင်းက ဒီနေ့သတင်းထုတ်ပြန်ပါတယ်။
အစ္စရေးလေကြောင်းတိုက်ခိုက်မှုကြောင့် အီဂျစ်နယ်စပ်က ရာဖာမြို့မှာရှိတဲ့ လူနေအိမ်တလုံးကိုထိမှန်ခဲ့ပြီး လူ ၁၆ ဦးသေဆုံးခဲ့ကြောင်းနဲ့ သေဆုံးသူတဝက်ဟာ ကလေးတွေဖြစ်တယ်လို့ ဂါဇာဒေသကျန်းမာရေးဝန်ထမ်းတွေက ပြောပါတယ်။
ကမ္ဘာတလွှား သတင်းထောက် ၃၂၀ အဖမ်းဆီးခံနေရပြီး ဒီအထဲမှာ အစ္စရေးလည်း ပါဝင်လာသလို သတင်းသမား အများဆုံး အဖမ်းခံနေရတဲ့ နိုင်ငံတွေထဲမှာတော့ တရုတ်နဲ့ မြန်မာတို့က ထိပ်ဆုံးက ပါဝင်နေတယ်လို့ နယူးရောက် အခြေစိုက် CPJ သတင်းသမားများ ကာကွယ်စောင့်ရှောက်ရေးအဖွဲ့က ကြာသပတေးနေ့ ကြေညာချက်မှာ ဖေါ်ပြထားပါတယ်။
မြန်မာနိုင်ငံဟာသတင်းသမားတွေကို အကျဉ်းချတဲ့ ဒုတိယအများဆုံးနိုင်ငံ ဖြစ်တယ်လို့ CPJ ခေါ် သတင်းသမားများကာကွယ်ရေးအဖွဲ့က ဇန်နဝါရီ ၁၈ ရက် ကြာသပတေးနေ့မှာ အစီရင်ခံစာ ထုတ်ပြန်ပါတယ်။
ပါကစ္စတန်နဲ့ အီရန်နိုင်ငံကြား နယ်စပ်ဖြတ်ကျော်ပစ်ခတ်မှုတွေကြောင့် အရပ်သားတချို့သေဆုံးပြီး တင်းမာမှုတွေမြင့်တက်လာနေတဲ့အခြေအနေမှာ ဒေသတွင်းအင်အားကြီးနိုင်ငံဖြစ်တဲ့တရုတ် နဲ့ အမေရိကန်ပြည်ထောင်စုတို့က နောက်ထပ် အခြေအနေတွေပိုဆိုးအောင်မလုပ်ကြဖို့ နှစ်ဘက်လုံးကို တိုက်တွန်းလိုက်ပါတယ်။
ထိုင်ဝမ်နဲ့သံတမန်ဆက်ဆံရေးရှိတဲ့နိုင်ငံတွေကို သူ့ဘက်ပါအောင် စည်းရုံးသိမ်းသွင်းတာ၊ အနိုင်ရသမ္မတကို ဂုဏ်ပြုစကားပြောတဲ့နိုင်ငံတွေကို ဝေဖန်တာမျိုးတွေ တရုတ်အစိုးရက လုပ်နေပါတယ်။
သင်္ဘောကြီးမှာ အစားအသောက်၊ ဆေးဝါးနဲ့ သန့်ရှင်းရေး တန်ချိန် ၂၀၀ လောက်တင်ဆောင်သွားပါတယ်။ လူသားချင်းစာနာတဲ့အကူအညီတွေ ပို့ပေးမှာသာဖြစ်ပြီး ရေပေါ် ဆေးရုံသင်္ဘောကြီးအဖြစ်ဆောင်ရွက်မှာတော့ မဟုတ်ပါဘူး။
ပစ်ခတ်ဖို့ ပြင်ဆင်နေတဲ့ မစ်ဇိုင်းဒုံးတွေဖြစ်တာကြောင့်ဒေသတွင်းမှာရှိတဲ့ အမေရိကန်ရေတပ်သင်္ဘောတွေနဲ့ ကုန်တင်သင်္ဘောတွေအပေါ် ကြီးမားတဲ့ခြိမ်းခြောက်ရန်ကို ကာကွယ်လိုက်တာဖြစ်တယ်လို့ အရှေ့အလယ်ပိုင်းဆိုင်ရာ အမေရိကန်စစ်တပ်ကွပ်ကဲရေးဌာနချုပ်က ကြေညာချက်ထုတ်ပြန်ပါတယ်။
အာရှဒေသနဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေက ဖိတ်ကြားထားသူတွေ တက်ရောက်ဆွေးနွေးခဲ့ကြတဲ့ ပွဲမှာ ထိုင်းနိုင်ငံအနေနဲ့ မြန်မာနိုင်ငံ ငြိမ်းချမ်း တည်ငြိမ်ပြီး စုစည်းမှုပြန်ရအောင် ထိုင်းနိုင်ငံက တက်ကြွတဲ့ အခန်းကဏ္ဍကနေ ကြိုးပမ်းသွားမယ်လို့ ကတိပြုခဲ့ပါတယ်။
ဒါဟာ အီရန် အကြမ်းဖက်သမားတွေ ခိုအောင်းနေတယ်လို့ ဆိုတဲ့နေရာ ပါကစ္စတန် ပိုင်နက်အတွင်း အီရန်က ဝင်ရောက် ဗုံးကျဲ တိုက်ခိုက်ပြီး ၂ ရက်အကြာမှာ ပါကစ္စတန်ဘက်က အီရန်ပိုင်နက်ထဲကို ဝင်ရောက် တိုက်ခိုက်တာလည်း ဖြစ်ပါတယ်။
မြန်မာနိုင်ငံတည်ငြိမ်ရေးနဲ့ ငြိမ်းချမ်းရေးအတွက် ထိုင်းနိုင်ငံဟာ နည်းလမ်းသစ်တွေ ရှာဖွေပြီး တက်တက်ကြွကြွလုပ်ဆောင်နေကြောင်း ထိုင်း ဒုတိယဝန်ကြီးချုပ်လည်းဖြစ်တဲ့ နိုင်ငံခြားရေးဝန်ကြီး Parnpree Bahiddha-Nukara က ဆွစ်ဇာလန်နိုင်ငံ Davos မြို့မှာကျင်းပတဲ့ မြန်မာအရေးဆွေးနွေးပွဲမှာ ပြောပါတယ်။
အီရန်ဘက်က နယ်စပ်ဖြတ်ကျော် လေကြောင်းတိုက်ခိုက်မှုကို ကန့်ကွက်တဲ့အနေနဲ့ အီရန်နိုင်ငံဆိုင်ရာ ပါကစ္စတန်သံအမတ်ကို ပြန်လည်ခေါ်ယူခဲ့ပြီး နှစ်နိုင်ငံဆက်ဆံရေးအားလုံးကို ဆိုင်းငံ့ထားကြောင်း ပါကစ္စတန်က ဗုဒ္ဓဟူးနေ့မှာ ကြေညာပါတယ်။
နောက်ထပ်ကြည့်ရှုရန်