ယာယီအပစ်ရပ်ထားတဲ့ ရှမ်းမြောက်မှာ စစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှု လျော့နည်းလာပေမယ့် ရခိုင်ပြည်နယ်ထဲမှာတော့ တိုက်ခိုက်မှုတွေ မြင့်တက်လာပြီး ဇန်နဝါရီ ၁၇ ရက် က နေရာအများအပြားမှာ စံချိန်တင် လေကြောင်းတိုက်ခိုက်ခံခဲ့ရတယ်လို့ ညီနောင်မဟာမိတ် (၃) ဖွဲ့ရဲ့ ဗုဒ္ဓဟူးည ၁၁:၅၀ နာရီက ထုတ်ပြန်ဖော်ပြထားပါတယ်။
ပင်လယ်နီနဲ့ အေဒင်ပင်လယ်ကွေ့မှာ နိုင်ငံတကာသင်္ဘောတွေကို ရက်သီတင်းပတ်တွေနဲ့ချီ တိုက်ခိုက်နေတဲ့ ယီမင်က ဟူသီအဖွဲ့ကို အထူးသတ်မှတ်ချက်အဆင့်ရှိ ကမ္ဘာ့အကြမ်းဖက်အဖွဲ့အဖြစ် အမေရိကန်က ဗုဒ္ဓဟူးနေ့မှာ ပြန်လည် သတ်မှတ်လိုက်ပါတယ်။
ယူကရိန်းစစ်ပွဲအတွက် ထောက်ပံ့ရေးအပါအဝင် အမျိုးသားလုံခြုံရေးဆိုင်ရာ အသုံးစရိတ် သဘောတူညီချက်ရအောင် ညှိနှိုင်းဖို့ ထိပ်တန်း လွှတ်တော်ခေါင်းဆောင်လေးဦးအပါအဝင် တခြားလွှတ်တော်အမတ်တွေကို အမေရိကန်သမ္မတ Joe Biden က အိမ်ဖြူတော်ကိုလာဖို့ ဒီနေ့ ဗုဒ္ဓဟူးနေ့မှာ ဖိတ်ကြားလိုက်ပါတယ်။
ဂါဇာကမ်းမြောင်မှာ ထိန်းသိမ်းခံနေရတဲ့ အစ္စရေးဓားစာခံတွေနဲ့ ပါလက်စတိုင်း အရပ်သားတွေအတွက်ရည်ရွယ်တဲ့ အကူအညီတွေဟာ ဗုဒ္ဓဟူးနေ့က ဂါဇာနယ်စပ်အနီး အီဂျစ်နိုင်ငံ ရာဖာမြို့ကို ရောက်လာနေပြီဖြစ်ပြီး ကာတာနဲ့ ပြင်သစ်တို့ ကြားဝင်စေ့စပ်ပေးတဲ့ သဘောတူညီချက်အရ နယ်စပ်ဖြတ်ကျော်ပြီး ဂါဇာကို ဆက်ပြီး ပို့ပေးသွားမှာဖြစ်ပါတယ်။
'ပါလက်စတိုင်းနိုင်ငံ' ဆိုပြီး သတ်သတ်မှတ်မှတ်မရှိသရွေ့ အစ္စရေးအနေနဲ့ “စစ်မှန်တဲ့လုံခြုံရေး” ကို မရရှိနိုင်ကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်ထိုနီဘလင်ကန်က ဗုဒ္ဓဟူးနေ့က ပြောလိုက်ပါတယ်။
အမေရိကန်ပြည်ထောင်စု အိုင်အိုဝါပြည်နယ် ပါတီတွင်း သမ္မတလောင်းရွေးပွဲပြီးဆုံးသွားပြီးတဲ့နောက် ရှေ့သီတင်းပတ် ဂျူလိုင်လ ၂၃ ရက်နေ့ကျင်းပမယ့် နယူးဟမ့်ရှိုင်းယားပြည်နယ် ပါတီတွင်း သမ္မတလောင်းရွေးပွဲမှာ ဆက်လက်ယှဉ်ပြိုင်ဖို့ ရီပတ်ဘလစ်ကန် ပါတီကိုယ်စားလှယ်လောင်းတွေနဲ့ မဲဆန္ဒရှင်တွေ အားခဲနေကြပါတယ်။
နိုင်ငံတကာ အကျပ်အတည်းတွေ၊ အိမ်ခြံမြေလုပ်ငန်းက ပြဿနာတွေနဲ့ ဝယ်ယူစားသုံးမှု ကျဆင်းမှုတွေ ကြုံခဲ့ရတဲ့ တရုတ်နိုင်ငံရဲ့ စီးပွားရေး တိုးတက်မှုနှုန်းဟာ ပြီးခဲ့တဲ့နှစ်မှာ နှစ်ပေါင်း ၃၀ ကျော်အတွင်း အနိမ့်ဆုံးစာရင်းဝင်ခဲ့ကြောင်း ဒီကနေ့ တရားဝင် ထုတ်ပြန်လိုက်တဲ့ ကိန်းဂဏန်းတွေက ဖော်ပြနေပါတယ်။
အမျိုးသားစာရင်းအင်းဗျူရိုရဲ့ ထုတ်ပြန်ချက်အရ တရုတ်နိုင်ငံရဲ့ စုစုပေါင်း လူဦးရေဟာ ၂၀၂၃ ခုနှစ်မှာ ၀.၂၅% နဲ့ ညီမျှတဲ့ ၂.၀၈ သန်း လျော့ကျပြီး လူဦးရေ ၁.၄၀၉ ဘီလီယံအထိ ကျဆင်းသွားတယ်လို့ ပြောပါတယ်။
ယူဂန်ဒါနိုင်ငံမှာ ကျင်းပနေတဲ့ ဘက်မလိုက်လှုပ်ရှားမှုအဖွဲ့ (NAM) အစည်းအဝေးမှာ ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေး ဝန်ကြီး ဟာဆန် မာမွတ် က မြန်မာနိုင်ငံခြားရေးဝန်ကြီးနဲ့ တွေ့ဆုံသွားဖို့ ရှိတယ်လို့ ပြောပါတယ်။
ဂါဇာမှာ ဟားမတ်စ် စစ်သွေးကြွတွေ ဖမ်းဆီးထားတဲ့ ဓားစာခံတွေအတွက် ဆေးဝါးတွေကို ပြင်သစ်နဲ့ ကာတာတို့ရဲ့ ကြားဝင်စေ့စပ်ပေးမှုနဲ့ ဒီနေ့မှာ လွှဲပြောင်းပေးဖို့ရှိနေပါတယ်။ အပြင်းအထန် ဖျားနာနေတဲ့ ဓားစာခံ ၄၅ ဦးအတွက် ဆေးဝါးတွေကို အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီအကူအညီနဲ့ ပေးပို့သွားမယ်လို့ ပြင်သစ်ဘက်က ပြောပါတယ်။
ထိုင်းနိုင်ငံ Suphanburi ပြည်နယ်က မီးရှုးမီးပန်းစက်ရုံ ပေါက်ကွဲမှုကြောင့် ခန့်မှန်းခြေ လူ ၂၀ လောက် သေဆုံးကြောင်း ရဲတပ်ဖွဲ့နဲ့ တာဝန်ရှိသူတွေက ပြောပါတယ်။ ဒီကနေ့ မွန်းလွဲပိုင်းက ပေါက်ကွဲမှုဖြစ်ခဲ့တဲ့ အကြောင်းရင်းကိုတော့ မသိရသေးပါဘူး။
အရှေ့အလယ်ပိုင်းဒေသမှာ ဖြစ်ပွားနေတဲ့ ဂါဇာစစ်ပွဲ ဇန်နဝါရီ ၁၄ ရက်နေ့ကပဲ ရက် ၁၀၀ ရှိသွားခဲ့ပါပြီ။ အစ္စရေးကို ဟာမတ်စ်စစ်သွေးကြွတွေ စတင်တိုက်ခိုက်ရာကနေ အစ္စရေးလက်တုံ့ပြန်တိုက်ခိုက်လို့ ပါလက်စတိုင်း သောင်းချီသေဆုံးခဲ့ပါပြီ။ ဂါဇာဒေသတခုလုံးလည်း ညက်ညက်ကြေ ပျက်စီးနေတာ ဗွီဒီယိုမှတ်တမ်းထဲမှာ တွေ့နိုင်ပါတယ်။
အီရတ်နိုင်ငံက အီရန်နိုင်ငံဆိုင်ရာ သူ့ရဲ့သံအမတ်ကြီးကို အီရန်ကနေ အင်္ဂါနေ့ က ပြန်ခေါ်လိုက်ပါတယ်။ အီရတ်နိုင်ငံ ကာ့ဒ်ဒေသကို တနင်္လာနေ့က ဒုံးကျည်နဲ့ပစ်ခဲ့တဲ့အတွက် လူ ၄ ယောက်သေဆုံးခဲ့ပြီး ၆ ယောက် ဒဏ်ရာ ရရှိခဲ့တယ်လို့ ကာ့ဒ်ဒေသ လုံခြုံရေးကောင်စီက ပြောပါတယ်။
ဂါဇာမှာအပစ်ရပ်ရေးနဲ့ အဖမ်းဆီးခံတွေ ပြန်လွှတ်ရေးအတွက် အစ္စရေးနဲ့ ဟာမတ်စ်ကြား သဘောတူညီချက်အသစ်ရလိမ့်မယ်လို့ မျှော်လင့်ကြောင်း အမေရိကန် သမ္မတအိမ်ဖြူတော်က အင်္ဂါနေ့က ပြောလိုက်ပါတယ်။ ဒီဆွေးနွေးပွဲကို ကာတာနိုင်ငံက ကြားဝင်ညှိနှိုင်းပေးနေတာပါ။
ရုရှားသမ္မတ ဗလာဒီမာပူတင်က မြောက်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီး ချိုဆွန်ဟွေး (Choe Son Hui) ကို ကရင်မလင်မှာ အင်္ဂါနေ့ညနေက လက်ခံတွေ့ဆုံပါတယ်။ မော်စကိုနဲ့ ပြုံယမ်းကြား လက်နက်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုရှိနေတယ်လို့ စွပ်စွဲကြပြီး ရတက်မအေးဖြစ်နေချိန်မှာ ခုလို တွေ့ဆုံကြတာဖြစ်ပါတယ်။
အီရန်ကျောထောက်နောက်ခံပေးထားတဲ့ ယီမင်က ဟူသီစစ်သွေးကြွတွေဆီ သွားမယ့် အီရန်လုပ် ဒုံးကျည်အစိတ်အပိုင်းတွေနဲ့ တခြားလက်နက်တွေကို ရေတပ် အထူးစစ်ဆင်ရေးအဖွဲ့က ဖမ်းဆီးမိလိုက်တယ်လို့ အမေရိကန်စစ်တပ် က အင်္ဂါနေ့က ပြောပါတယ်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ Cox’s Bazar က ရိုဟင်ဂျာဒုက္ခသည် ၁ သန်းလောက် နေထိုင်တဲ့စခန်း မီးလောင်ခဲ့တဲ့အတွက် ယူရို ၃ သိန်း ကူညီပေးမယ်လို့ အီးယူ ဥရောပသမဂ္ဂက ပြောကြားလိုက်ပါတယ်။ အဲဒီ မီးလောင်မှုကြောင့် လူပေါင်း ၅,၀၀၀ လောက် အိုးအိမ်မဲ့ ဖြစ်ခဲ့ရတယ်လို့ ဆိုပါတယ်။
အင်ဒိုနီးရှား အာဏာပိုင်တွေအနေနဲ့ ရိုဟင်ဂျာတွေ လိုက်ပါလာတဲ့ စက်လှေတွေကို ကမ်းကပ်ခွင့်မပေးဘဲ ပင်လယ်ထဲ ပြန်မောင်းထုတ်နေတာတွေ ရပ်တန့်ဖို့၊ ရိုဟင်ဂျာတွေ ရင်ဆိုင်နေရတဲ့ ရန်လိုမုန်းတီးမှုတွေ အဆုံးသတ်ရေး စုံစမ်း စစ်ဆေးပေးဖို့ HRW နိုင်ငံတကာ လူ့အခွင့်အရေးအဖွဲ့က တောင်းဆိုလိုက်ပါတယ်။
ဟာမတ်စ်တွေကို အပြင်းအထန်ချေမှုန်းမဲ့ အဆုံးသတ်အဆင့် အပြီးသတ်ဆင်နွဲဖို့ အစ္စရေး ကာကွယ်ရေးဝန်ကြီးက ပြောဆိုပြီး နောက်တရက်ဖြစ်တဲ့ ဒီကနေ့မှာပဲ ဂါဇာဒေသ မြောက်ပိုင်းနဲ့ တောင်ပိုင်းမှာ လေကြောင်းကနေ တိုက်ခိုက်ခဲ့ကြောင်း အစ္စရေးက သတင်းထုတ်ပြန်ပါတယ်။
အမေရိကန်ပြည်ထောင်စု အိုင်အိုဝါပြည်နယ်မှာ တနင်္လာနေ့ည ကျင်းပတဲ့ ရီပတ်ဘလစ်ကန် ပါတီတွင်း သမ္မတလောင်း ပဏာမ ရွေးချယ်ပွဲတွေမှာ သမ္မတဟောင်း Donald Trump အနိုင်ရသွားပါတယ်။
နောက်ထပ်ကြည့်ရှုရန်