အမေရိကန်ပြည်ထောင်စု အိုင်အိုဝါပြည်နယ်မှာ ဆီးနှင်းတွေ ထူထူထပ်ထပ်ကျနေတဲ့ကြားက ကျင်းပတဲ့ ရီပတ်ဘလစ်ကန် ပါတီတွင်း သမ္မတလောင်း ပဏာမရွေးချယ်ပွဲတွေမှာ သမ္မတဟောင်း Donald Trump ပဲ အပြတ်အသတ်အနိုင်ရမယ်လို့ ကနဦးထွက်လာတဲ့ မဲစာရင်းကို အခြေခံတဲ့ လူထု စစ်တမ်းကောက်ခံရေး အဖွဲ့တွေရဲ့ ခန့်မှန်းချက်တွေမှာ ဖေါ်ပြပါတယ်။
မြန်မာနိုင်ငံရဲ့အကြပ်အတည်းနဲ့ ပဋိပက္ခကို အဖြေရှာရေး စစ်ကောင်စီ ခေါင်းဆောင်တွေနဲ့ တိုင်းရင်းသားအဖွဲ့အစည်းတွေကြား ဆွေးနွေးပွဲတွေ ကျင်းပနိုင်အောင် ကမကထလုပ် ကြားဝင်ဆောင်ရွက်ပေးဖို့ ထိုင်းအစိုးရက ပြင်ဆင်နေတဲ့အကြောင်း ဒီနေ့ထုတ် Bangkok Post သတင်းစာမှာ ရေးပါတယ်။
စစ်ကောင်စီနဲ့ ညီနောင်သုံးဖွဲ့ကြား အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် က စာရွက်ပေါ်မှာပဲရှိသေးတယ်လို့ မြေပြင်မှာအလုပ်လုပ်နေတဲ့ ခရစ်ယာန်ဘုရားကျောင်း လူမှုဝန်ထမ်းအကျိုးဆောင်တဦးက ပြောပါတယ်။
မိုင် ၄၀၀ အကွာမှာရှိတဲ့ရန်သူကိုသိရှိနိုင်ပြီး မြေပြင်က တပ်တွေဆီ သတင်းပို့ပေးနိုင်တဲ့ ရုရှားရဲ့တင်ကြိုသတိပေးထိန်းချုပ် လေယာဥ် ၂ စင်းကို ယူကရိန်းလေတပ်က ပစ်ချလိုက်တယ်လို့ ယူကရိန်းစစ်တပ်အကြီးအကဲက တနင်္လာနေ့က ပြောပါတယ်။
အစ္စရေးခေါင်းဆောင်တွေက ဟားမတ်စ် စစ်သွေးကြွအုပ်စုအပေါ်စစ်ဆင်ရေးကို ဆက်လက်တိုးမြှင့်စစ်ဆင်မယ်လို ပြောနေချိန်မှာလက်ရှိအချိန်ဟာ ဂါဇာမှာစစ်ဆင်နေတာကို လျှော့ချရမယ့်အချိန်ဖြစ်တယ်လို့ အမေရိကန် သမ္မတအိမ်ဖြူတော်က တနင်္ဂနွေနေ့က ပြောလိုက်ပါတယ်။
ထိုင်းနိုင်ငံအတွင်း ရောက်လာတဲ့ ရွှေ့ပြောင်းဝင်ရောက်သူတွေအရေး ကိုင်တွယ်ရာမှာ မျှမျှတတကိုင်တွယ်ဖို့ လိုသလို အရင်းခံ ပြသနာကို နားလည်ဖို့ လိုတဲ့အကြောင်း ထိုင်းဒုတိယနိုင်ငံခြားရေးဝန်ကြီး Sihasak Phuangketkeow ပြောဆိုတာကို ဒီနေ့ထုတ် ဘန်ကောက်ပို့စ် သတင်းစာမှာ ရေးသားထားပါတယ်။
ရှမ်းပြည်မြောက်ပိုင်း လောက်ကိုင်နဲ့ ကုန်းကြမ်းမြို့တွေ အပါအဝင် ကိုးကန့်ဒေသမှာ အာဏာသိမ်း စစ်ကောင်စီက ထုတ်ပြန်ထားတဲ့ စစ်အုပ်ချုပ်ရေးအမိန့် အားလုံးကို ဖျက်သိမ်းလိုက်ကြောင်း MNDAA ကိုးကန့်အဖွဲ့က ဇန်နဝါရီလ ၁၄ ရက်နေ့က ကြေညာပါတယ်။
အမေရိကန်နိုင်ငံအနှံ့မှာ အန္တရာယ်များလှတဲ့ ဆောင်းမုန်တိုင်းနဲ့ ရင်ဆိုင်နေရပြီး၊ တချို့နေရာတွေမှာ ရေခဲမှတ်အောက် စံချိန်တင်အောင် အေးခဲနေပါတယ်။ ရာသီဥတုဆိုးရွားလွန်းတာကြောင့် အမေရိကန်ဘောလုံး ချန်ပီယံလုပွဲ NFL ပွဲစဉ်တွေနဲ့ ရီပတ်ဘလစ်ကန်ပါတီတွင်း သမ္မတလောင်း ရွေးပွဲတွေကိုပါထိခိုက်မယ့် အလားအလာတွေ ရှိနေပါတယ်။
မေရိကန်ပြည်ထောင်စု အိုင်အိုဝါပြည်နယ်မှာ အသက်ဘေးတွေ့လောက်အောင်ပြင်းထန်တဲ့ နှင်းမုန်းတိုင်းကျပြီး သွားလာရေးအခြေအနေခက်ခဲဆိုးဝါးနေပေမဲ့လည်း Iowa Caucuses ခေါ် ပြည်နယ်အနေနဲ့ ပါတီတွင်း သမ္မတလောင်းအမည်စာရင်း တင်သွင်းပွဲတွေ ဒီနေ့ တနင်္လာနေ့ ကျင်းပဖို့ ပြင်ဆင်နေပါတယ်။
သိက္ခာတော်ရသင်းအုပ်ဆရာ ဒေါက်တာမာတင်လူသာ ကင်းဟာ အမေရိကန်တောင်ပိုင်း အလာဘားမားပြည်နယ်က နှစ်ခြင်းခရစ်ယာန်ဓမ္မဆရာဖြစ်ပြီး အမေရိကန်ပြည်ထောင်စုက လူမျိုးရေး ခွဲခြားမှုတွေကို တိုက်ဖျက်ရာမှာ ခေါင်းဆောင်ခဲ့သူ ဖြစ်ပါတယ်။
မေလမှာကျင်းပမယ့်ရွေးကောက်ပွဲမှာ ဝန်ကြီးချုပ် နရိန်ဒရာ မိုဒီကို ယှဥ်ပြိုင်နိုင်ဖို့ ရည်ရွယ်ပြီး အဓိက အတိုက်အခံခေါင်းဆောင် ရာဟုဂန္ဒီဟာ တိုင်းပြည်ဖြတ် ချီတက်ပွဲအသစ်တရပ်ကို တနင်္ဂနွေနေ့က စတင်လိုက်ပါတယ်။
လက်ဘနွန်ကပစ်လိုက်တဲ့ တင့်ကားပစ်ဒုံးကျည်က အစ္စရေးနိုင်ငံမြောက်ပိုင်းနယ်စပ်အနီး က အိမ်ကိုထိမှန်ခဲ့တဲ့အတွက် အစ္စရေးအရပ်သားနှစ်ယောက် တနင်္ဂနွေနေ့က သေဆုံးသွားခဲ့ပါတယ်။
မြောက်ကိုရီးယားက တာလတ်ပစ်လို့ယူဆရတဲ့ ပဲ့ထိန်းတပ် ဒုံးကျည်ကို ကိုရီးယားကျွန်းဆွယ်အရှေ့ဘက်ကမ်းဘက် ပစ်လွှတ်ခဲ့တာ နဲ့ပတ်သက်လို့ သင့်တော်တဲ့ အရေးယူဆောင်ရွက်နိုင်တာမှန်သမျှ ဆောင်ရွက်ဖို့ အစိုးရအဖွဲ့ အတွင်းဝန်ချုပ်ကို ညွှန်ကြားထားကြောင်း ဂျပန်ဝန်ကြီးချုပ် ဖူမီအို ကီရှိဒါက ပြောပါတယ်။
အမေရိကန်နိုင်ငံရဲ့ ဥတုရာသီဆိုင်ရာ အထူးသံတမန်မစ္စတာဂျွန်ကယ်ရီက မကြာခင် ရာထူးက နုတ်ထွက်တော့မှာဖြစ်ကြောင်း သူ့အစီအစဥ်ကို သိသူနှစ်ဦးက အေပီသတင်းဌာနကို ပြောပါတယ်။
အစ္စရေးနဲ့ ပါလက်စတိုင်း ပဋိပက္ခ ၇၅ နှစ်တာအတွင်း အကြာဆုံးနဲ့ အဆိုးရွားဆုံး ခြေအနေ ဖြစ်နေတဲ့ ဂါဇာစစ်ပွဲကို ဆန့်ကျင်တဲ့ ကမ္ဘာလုံးဆိုင်ရာ ချီတက်ဆန္ဒပြပွဲတွေကို အမေရိကန်ပြည်ထောင်စု၊ ဝါရှင်တန်ဒီစီနဲ့ ဗြိတိန်နိုင်ငံ လန်ဒန်မြို့တော် အပါအဝင် ကမ္ဘာတဝန်း မြို့ကြီးတွေမှာ စနေ့နေ့က တပြိုင်တည်း ကျင်းပခဲ့ကြပါတယ်။
ယီမင်နိုင်ငံမှာရှိတဲ့ ဟူသီအဖွဲ့တွေကို ပစ်မှတ်ထားပြီး အမေရိကန်က စနေနေ့မနက် အစောပိုင်းမှာ တာဝေးပစ် ဒုံးကျည်တွေနဲ့ ထပ်မံ တိုက်ခိုက်ခဲ့ ပါတယ်။ ကြာသပတေးနေ့ နှောင်းပိုင်းက ပထမအကြိမ် တိုက်ခိုက်ခဲ့တာမှာ လိုချင်သလောက် ပစ်မှတ်တွေကို ထိခိုက်အောင် မလုပ်နိုင်ခဲ့ဘူးလို့ ယူဆတဲ့အတွက် ထပ်မံ တိုက်ခိုက်တာဖြစ်ပါတယ်။
ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ထိုင်ဝမ်ကို တရုတ်အစိုးရရဲ့ ခြိမ်းခြောက် နောက်ယှက်မှုတွေကနေ ကာကွယ်သွားမယ်လို့ ထိုင်ဝမ် ရွေးကောက်ခံ သမ္မတ Lai Ching-te က စနေနေ့က ကတိပြု ပြောကြားလိုက်ပါတယ်။
မှတ်တမ်းရုပ်ရှင်ဒါရိုက်တာ ရှင်ဒေဝီကို အကြမ်းဖက်မှုတိုက်ဖျက်ရေးပုဒ်မတွေနဲ့ ဇန်နဝါရီ ၁၀ ရက်နေ့က ထောင်ဒဏ် တသက်တကျွန်း ချမှတ်လိုက်တာဟာ သတင်းမီဒီယာတွေအပေါ် ဖိနှိပ်နေတဲ့ စစ်ကောင်စီရဲ့ နောက်ဆုံးလုပ်ရပ်တခုဖြစ်တယ်လို့ သောကြာနေ့ ထုတ်ပြန်တဲ့ လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့ HRW ရဲ့ ကြေညာချက်မှာ ဖေါ်ပါတယ်။
ဒေသအတော်များများမှာ နေ့စဥ်နဲ့အမျှ စစ်ဘေးရှောင်ပြည်သူတွေ တိုးလာနေတာကြောင့် လူသားချင်းစာနာမှု အကူအညီတွေ လိုအပ်နေသူတွေလက်ထဲ အမြန်ရောက်နိုင်အောင် ဝိုင်းဝန်းကူညီကြဖို့ ပြည်တွင်း၊ ပြည်ပနဲ့ နိုင်ငံတကာ အဖွဲ့အစည်းတွေကို အမျိုးသားညီညွတ်ရေး အစိုးရ NUG က တိုက်တွန်း ပန်ကြားလိုက်ပါတယ်။
အီရန်က ထောက်ခံမှုပေးထားတဲ့ ဟူသီသူပုန်တွေ အနေနဲ့ ပင်လယ်နီထဲမှာ ပုဂ္ဂလိက ကုန်တင်သင်္ဘောတွေကို တိုက်ခိုက်နေတဲ့ လုပ်ရပ်အပေါ် တာဝန်ယူရမှာ ဖြစ်တယ်ဆိုတာကို အမေရိကန်ပြည်ထောင်စု အနေနဲ့ အီရန်ကို သီးသန့် သတင်းစကား ပေးပို့ထားကြောင်း အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်က စနေနေ့မှာ ပြောပါတယ်။
နောက်ထပ်ကြည့်ရှုရန်