ပင်လယ်နီထဲက နိုင်ငံတကာ ကုန်သွယ်ရေကြောင်း သင်္ဘောတွေကို လအတန်ကြာတိုက်ခိုက်နေတဲ့ ယီမင် အခြေစိုက် ဟူသီတပ်ဖွဲ့တွေကို လက်တုံ့ပြန်တဲ့အနေနဲ့ အမေရိကန်နဲ့ ဗြိတိန်တို့က တိုက်ခိုက်မှုလုပ်ခဲ့အပြီးမှာ ဒီကိစ္စ ပြင်းထန် ကြီးထွာလာမှာကို စိုးရိမ်ကြောင်း ကုလသမဂ္ဂ ပြောရေးဆိုခွင့်ရှိသူက ဇန်နဝါရီ ၁၂ ရက်မှာ ပြောပါတယ်။
ဗြိတိန်ဝန်ကြီးချုပ် ရီရှီ ဆူးနက်ခ် Rishi Sunak သောကြာနေ့က ယူကရိန်းမြို့တော် ကိဗ်ကို သွားရောက်ခဲ့ပြီး ယူကရိန်းအတွက် စစ်ရေးရန်ပုံငွေ ဒေါ်လာ ၃.၂ ဘီလီယံနီးပါးပေးဖို ကတိပေးလိုက်ပါတယ်။ ဒါဟာ ယူကရိန်းအပေါ် ရုရှားကျူးကျော်စစ် စကတည်းက ဗြိတိန်ရဲ့ တနှစ်တာ အတွက် ထောက်ပံ့မယ့် အများဆုံး ပမဏ ဖြစ်ပါတယ်။
မြောက်ပိုင်း ညီနောင်မဟာမိတ်(၃)ဖွဲ့နဲ့ ရှမ်းမြောက်မှာ ယာယီ အပစ်အခတ်ရပ်စဲဖို့ သဘောတူပြီးနောက် “အပစ်ရပ် စတင် အသက်ဝင်တဲ့နေ့” မှာပဲ အာဏာသိမ်း စစ်ကောင်စီဘက်က လေကြောင်းနဲ့ လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်မှုတွေ ရှိခဲ့တယ်လို့ ညီနောင်မဟာမိတ်(၃)ဖွဲ့က သူ့ရဲ့ တရားဝင် လူမှုကွန်ရက် VK စာမျက်နှာမှာ သတင်းထုတ်ပြန်ပါတယ်။
ယီမင်မှာရှိတဲ့ ဟူသီသူပုန်ပစ်မှတ်တွေကို အမေရိကန်၊ ဗြိတိန်နဲ့ မဟာမိတ်နိုင်ငံ တချို့က တိုက်ခိုက်ခဲ့ပြီးတဲ့နောက် ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာ အရေးပေါ် အစည်းအဝေး ခေါ်ယူဖို့ ရုရှားက ဒီကနေ့ တောင်းဆိုထားတဲ့အကြောင်း ကုလသမဂ္ဂဆိုင်ရာ ရုရှား အမြဲတမ်းမစ်ရှင်အဖွဲ့က ပြောပါတယ်။
အမေရိကန်နာမည်ကျော် ရုပ်ရှင်မင်းသမီးလည်းဖြစ်၊ အဆိုတော်လည်းဖြစ်တဲ့ ဂျန်နဖာလိုးပတ်စ်ရဲ့ အားလုံးမျှော်နေကြတဲ့ သီချင်းသစ်နဲ့ ဂီတဗွီဒီယို ထွက်လာပါတယ်။ သီချင်းနာမည်က "Can't Get Enough" ဖြစ်ပြီး သူ့ရဲ့ တေးဓာတ်ပြားသစ် "This Is Me…Now" ("အခု ကျွန်မ") ဆိုတဲ့ တေးဓာတ်ပြား မှာပါမယ့် သီချင်းပါ။
Genocide လူမျိုးတုံးသတ်ဖြတ်မှုဆိုတဲ့အသုံးအနှုန်းကို အသုံးချနေကြတယ်လို့ အစ္စရေးအစိုးရရဲ့ တရားရေးဆိုင်ရာ အတိုင်ပင်ခံ Tal Becker ကပြောကြားပြီး စွပ်စွဲမှုတွေအပေါ် ပြင်းပြင်းထန်ထန် ပယ်ချခဲ့ပါတယ်။
တရုတ်အစိုးရ ကြားဝင်စေ့စပ်ပေးမှုနဲ့ တရုတ်နိုင်ငံ ယူနန်ပြည်နယ် ကူမင်းမြို့မှာ ၂ ဘက် ကိုယ်စားလှယ်တွေ ဇန်နဝါရီလ ၁၀ ရက်နဲ့ ၁၁ ရက်နေ့က ဆွေးနွေးပြီး တရားဝင် သဘောတူညီမှုရခဲ့တာဖြစ်တယ်လို့ တရုတ်နိုင်ငံခြားရေးဌာန ပြောခွင့်ရ Mao Ning ကပြောကြားခဲ့ပါတယ်။
အမေရိကန်သမ္မတဟောင်း Donald Trump ဟာ အိမ်ခြံမြေလုပ်ငန်းအတွက် နယူးယောက်တရားရုံးမှာ သူ့ကို တရားစွဲထားတဲ့အမှုအတွက် မနေ့က အပြီးသတ် လျှောက်လဲချက်ပေးပြီး တရားသူကြီးနဲ့ ရှေ့နေချုပ်တွေကို ဝေဖန်ထိုးနှက်ပြောဆိုသွားပါတယ်။
ယီမင်နိုင်ငံထဲက အီရန် ကျောထောက်နောက်ခံပေးထားတဲ့ ဟူသီသူပုန်တွေရဲ့ ပစ်မှတ်တွေကို အမေရိကန်နဲ့ ဗြိတိန်တပ်ဖွဲ့တွေ လေကြောင်းကနေ အပြင်းအထန် ထိုးစစ်ဆင်တိုက်ခိုက်နေပါတယ်။
လာမယ့်စနေနေ့ကျရင် ထိုင်ဝမ်ကျွန်းမှာ သမ္မတနဲ့ပါလီမန် ရွေးကောက်ပွဲ ကျင်းပတော့မှာ ဖြစ်ပြီး ကြာသပတေးနေ့က Taipei မှာကျင်းပတဲ့ လက်ရှိ အာဏာရပါတီဖြစ်တဲ့ ဒီမိုကရက်တစ်တိုးတက်ရေးပါတီ DPP ပါတီရဲ့ မဲဆွယ်စည်းရုံးပွဲမှာ ထိုင်ဝမ်ပြည်သူတွေ သောင်းချီ တက်ရောက်ကြပါတယ်။
ဂါဇာစစ်ပွဲနဲ့ပတ်သက်တဲ့ အစ္စရေးရဲ့လုပ်ရပ်ဟာ စစ်ရာဇဝတ်မှုကျူးလွန်ရာရောက်နေတယ်လို့ နယူးယောက်အခြေစိုက် HRW အဖွဲ့ကစွပ်စွဲလိုက်ပြီး ဒီကျူးလွန်မှုဖြစ်အောင် မဟာမိတ်နိုင်ငံတွေက အားပေးအားမြှောက်ပြုနေတယ်လို့လည်း HRW ရဲ့ ကြာသပတေးနေ့ထုတ်ပြန်တဲ့ နှစ်ပတ်လည်လူ့အခွင့်အရေး အစီရင်ခံစာမှာ ဖေါ်ပြလိုက်ပါတယ်။
အစ္စရေး−လက်ဘနွန် နယ်စပ်တလျှောက် သုံးလကြာဖြစ်နေတဲ့ စစ်ရေးတင်းမာမှုတွေ အမြန်အဆုံးသတ်သွားလိမ့်မယ်လို့ အခိုင်အမာယုံကြည်ကြောင်း အမေရိကန်သမ္မတ အိမ်ဖြူတော်အကြံပေးလည်းဖြစ်တဲ့ Amos Hochstein က လက်ဘနွန် ယာယီဝန်ကြီးချုပ်၊ နိုင်ငံခြားရေးဝန်ကြီး ၊ စစ်တပ်အကြီးတို့တွေ့ဆုံပြီး ကြာသပတေးနေ့မှာ ပြောကြားလိုက်ပါတယ်။
ညီနောင် မဟာမိတ်သုံးဖွဲ့နဲ့ မြန်မာစစ်ကောင်စီတို့အကြား တရုတ်နိုင်ငံမှာလုပ်တဲ့ နောက်ဆုံး ဆွေးနွေးပွဲကနေ ရှမ်းမြောက်ဒေသမှာ အပစ်ရပ်ထားဖို့ သဘောတူလိုက်ကြပါတယ်။ တရုတ်နိုင်ငံ ကူမင်းမြို့မှာ နှစ်ရက်ကြာ ဆွေးနွေးခဲ့အပြီး အခုလို သဘောတူခဲ့ကြတာလို့ ဆွေးနွေးပွဲမှာ ပါဝင်သူတဦးက VOA ကို ပြောပါတယ်။
၂၀၂၃ ခုနှစ်အတွင်း မြန်မာစစ်တပ်က တိုင်းရင်းသား လူနည်းစုဒေသတွေက ကျေးရွာတွေ၊ စစ်အာဏာသိမ်းမှု ဆန့်ကျင်တဲ့သူတွေ ရှိတဲ့ နေရာတွေကို လေကြောင်းကနေ ပစ်မှတ်ထား တိုက်ခိုက်တာတွေ ပိုတိုးလာခဲ့တဲ့အကြောင်း လူ့အခွင့်အရေး စောင့်ကြည့်လေ့လာရေးအဖွဲ့ HRW က အစီရင်ခံစာ ထုတ်ပြန်ပါတယ်။
ဂျိုဟိုးမြို့က စီးနင်းမှုအတွင်း မြန်မာနိုင်ငံသား ၃၄ ဦး အပါအဝင် နိုင်ငံခြားသား၆၆ ဦးကို ဖမ်းဆီးခဲ့တယ်လို့လည်း မလေးရှား လူဝင်မှုကြီးကြပ်ရေးဌာနက သတင်းထုတ်ပြန်ထားပါတယ်။
တရုတ်နိုင်ငံမှာ စီးပွားရေးလာရောက် လုပ်ကိုင်လိုသူ၊ ဒါမှမဟုတ် မိသားစုတွေထံ လာရောက်လည်ပတ်လိုတဲ့ နိုင်ငံခြားသားတွေ အနေနဲ့လည်း ပြည်ပနိုင်ငံမှာ ရှိနေစဉ် ပြည်ဝင်ခွင့်ဗီဇာလျှောက်ထားဖို့ အချိန်မရှိတော့ရင် လက်ခံမယ့်သူရဲ့ ဖိတ်စာနဲ့အတူ တရုတ်နိုင်ငံထဲမှာဘဲ ဗီဇာ လျှောက်ထားလို့ ရနိုင်တယ်လို့ ဆိုပါတယ်။
တရုတ်တပြည်ထောင်မူကို လက်ကိုင်ထားတဲ့ အမေရိကန်အစိုးရအနေနဲ့ ထိုင်ဝမ်ရွေးကောက်ပွဲ ပြီးသွားရင်လည်း ဒီမူကို မပြောင်းလဲဘဲ ဘယ်ပါတီ ဘယ်ကိုယ်စားလှယ်ကိုမှ ထောက်ခံတယ်ဆိုတာမျိုး မဟုတ်ဘူးဆိုတာ ပြသဖို့ဖြစ်တယ်လို့ အစိုးရထိပ်တန်းတာဝန်ရှိသူတယောက်က သတင်းထောက်တွေကို ဗုဒ္ဓဟူးနေ့က ပြောကြားခဲ့ပါတယ်။
၂၀၂၃ အောက်တိုဘာ ၇ ရက်က Hamas စစ်သွေးကြွတွေရဲ့ တိုက်ခိုက်မှုအပေါ် အစ္စရေးတို့ရဲ့ တုံ့ပြန်မှုအတွင်း လူမျိုးတုံးသတ်ဖြတ်မှုတွေ ကျူးလွန်ခဲ့တယ်လို့ တောင်အာဖရိကနိုင်ငံတရားရေးဝန်ကြီး Ronald Lamola ကတရားရုံးကို လျှောက်ထားတင်ပြခဲ့ပါတယ်။
အိန္ဒိယ မြန်မာနယ်စပ်ကနေ ဝင်ရောက်လာတဲ့ စစ်သား ၄၁၆ ယောက်ရှိခဲ့တယ်လို့ ဇန်နဝါရီလ ၁၅ ရက်နေ့မှာကျရောက်မဲ့ အိန္ဒိယတပ်မတော်နေ့မတိုင်ခင် ပြုလုပ်တဲ့နှစ်ပတ်လည်သတင်းစာရှင်းလင်းပွဲမှာ ကြည်းတပ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး Manoj Pande ကဒီနေ့ ပြောကြားခဲ့တာဖြစ်ပါတယ်။
အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Antony Blinken ဟာ ဂါဇာမှာဖြစ်နေတဲ့ အစ္စရေး-ဟာမတ်စ်စစ်ပွဲ ဒေသတွင်းက တခြားနိုင်ငံတွေကို မပြန့်ပွားရေး၊ ကျန်နေသေးတဲ့ ဖမ်းဆီးခံ ဓားစာခံတွေ ပြန်လွတ်ရေး စတဲ့ ကိစ္စရပ်တွေကို အီဂျစ်သမ္မတ Abdel Fattah al-Sisi နဲ့ ဆွေးနွေးဖို့အတွက် ကိုင်ရိုမြို့ကို ဒီကနေ့ ရောက်ရှိသွားပါပြီ။
နောက်ထပ်ကြည့်ရှုရန်