တရုတ်ကမ်းလွန်ပင်လယ်ထဲမှာ ကိုယ်ပိုင်အုပ်ချုပ်မှုနဲ့ရပ်တည်တဲ့ ထိုင်ဝမ်ကျွန်းဟာ မြေအကျယ်အဝန်းအားဖြင့် သေးငယ်တယ်ဆိုပေမဲ့ ကမ္ဘာ့စီးပွားရေးနယ်ပယ်မှာ ဩဇာလွှမ်းမိုးနိုင်တဲ့ အနေအထားမှာရှိပါတယ်။
အမျိုးသမီးကေပေါ့အဖွဲ့ ITZY က Untouchable ဆိုတဲ့ သီချင်းသစ်တပုဒ် ဇန်နဝါရီ ၈ ရက်နေ့ကပဲ ထွက်လာပါပြီ။ သူတို့အဖွဲ့ရဲ့ ဒုတိယတေးဓာတ်ပြား Born to Be တေးဓာတ်ပြားထဲက သီချင်းတပုဒ် ဖြစ်ပါတယ်။ သူတို့ Mr. Vampire နဲ့ Born to Be သီချင်းတွေအရင်ထွက်လာပြီး သီချင်းတွေ အရင်ထွက်ထားပြီး အခု သီချင်းအသစ် ထပ်ထွက်တာပါ။
ပင်လယ်နီမှာ ဖြတ်သန်းသွားလာနေတဲ့ သင်္ဘောတွေကို တိုက်ခိုက်နေတာ ချက်ခြင်း ရပ်ဆိုင်းဖို့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီက ယီမင်အခြေစိုက် ဟူသီသူပုန်တွေကို တောင်းဆိုလိုက်ပါတယ်။
သမ္မတဟောင်း Donald Trump ကို ပြင်းပြင်းထန်ထန် ဝေဖန်လေ့ရှိတဲ့ ရီပတ်ဘလစ်ကန် ပါတီတွင်းသမ္မတလောင်း ယှဉ်ပြိုင်နေသူ နယူးဂျာစီပြည်နယ် အုပ်ချုပ်ရေးမှူးဟောင်း Chris Christie က သူ့ရဲ့ မဲဆွယ်စည်းရုံးမှုတွေကို အဆုံးသတ်လိုက်ပြီလို့ ဗုဒ္ဓဟူးနေ့မှာ ကြေညာပါတယ်။
အာဆီယံအလှည့်ကျ ဥက္ကဋ္ဌ လာအိုနိုင်ငံကခန့်အပ်ထားတဲ့ မြန်မာ့အရေး အာဆီယံ အထူးကိုယ်စားလှယ် မစ္စတာ Alounkeo Kittikhoun ဟာ စစ်ကောင်စီ အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ မနေ့က နေပြည်တော်မှာတွေ့ဆုံပြီး မြန်မာ့အရေး အာဆီယံ ဘုံသဘောတူညီချက်တွေ အကောင်အထည်ဖေါ်ရေးကို ဆွေးနွေးပါတယ်။
အရှေ့အာဖရိကတိုက်က ပဋိပက္ခတွေဖြစ်နေတဲ့ ဆိုမာလီယာမှာ ကုလသမဂ္ဂ ရဟတ်ယာဉ်တစင်းနဲ့ ခရီးသည်တချို့ကို အယ်လ်ကိုင်းဒါးအဖွဲ့နဲ့ ဆက်နွယ်နေတဲ့ အစ္စလာမ္မစ် စစ်သွေးကြွအဖွဲ့ အယ်လ်ရှာဘတ်က ဗုဒ္ဓဟူးနေ့က ဖမ်းဆီးလိုက်ပါတယ်။
''အစ္စရေးရဲ့ရည်မှန်းချက်က ဂါဇာကမ်းမြောင်ဒေသမှာ ဟားမတ်စ် အကြမ်းဖက်သမားတွေကိုဖယ်ရှားပြီး ဓားစာခံတွေလွတ်မြောက်ဖို့ပါ။ ဒါကို အောင်မြင်ပြီးတာနဲ့ ဂါဇာမှာ စစ်ပွဲရပ်မှာ ဖြစ်သလို အစွန်းရောက်မှုတွေလည်း ရပ်တန့်နိုင်မှာ ဖြစ်တယ်။” (အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ရာဟု)
“မြန်မာနိုင်ငံနယ်စပ်မှာ အခြေချနေတဲ့ အွန်လိုင်း လိမ်လည် လှည့်ဖြားတဲ့ ဆိုက်ဘာရာဇဝတ်မှုတွေဟာ မြန်မာပြည်သူလူထုအတွက် အဓိက ထိခိုက်စေတာအပြင် ဒီလို တရားဥပဒေမဲ့လုပ်ရပ်တွေက တရုတ်နိုင်ငံအပါအဝင် ဒေသတခုလုံးအတွက်ပါ ပြဿနာဖြစ်နေတယ်” (မြန်မာ့ လူ့အခွင့်အရေးဆိုင်ရာ ကုလ အထူးကိုယ်စားလှယ် Tom Amdrews)
အရှေ့အလယ်ပိုင်းက ဂါဇာစစ်ပွဲကို တခြားဒေသတွေမှာပါ ကြီးမားကျယ်ပြန့်မသွားအောင် သံတမန်ရေးရာကြိုးပမ်းနေတဲ့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင်ကန်က ပင်လယ်နီထဲမှာ ယီမင်အခြေစိုက် ဟူသီ သူပုန်အဖွဲ့ရဲ့ တိုက်ခိုက်မှုတွေရဲ့ “အကျိုးဆက်တွေ” ကို ဗုဒ္ဓဟူးနေ့က သတိပေးလိုက်ပါတယ်။
ရုပ်သံသတင်းထောက်ဟောင်းလည်းဖြစ် မှတ်တမ်းရုပ်ရှင်ဒါရိုက်တာတဦးလည်းဖြစ်သူ ရှင်ဒေဝီကို အကြမ်းဖက်မှု တိုက်ဖျက်ရေးပုဒ်မတွေနဲ့ ရန်ကုန်တိုင်း မြောက်ဥက္ကလာပ စစ်ခုံရုံးကနေ ထောင်ဒဏ်တသက်တကျွန်းပြစ်ဒဏ်ချမှတ်လိုက်ပါတယ်
တောင်တရုတ်ပင်လယ်အရေး ကိစ္စအပါအဝင် အာဆီယံနဲ့ ပူးပေါင်းဆောင်ရွက်ရေးကိစ္စတွေကို အင်ဒိုနီးရှားနဲ့ ဖိလစ်ပိုင် နှစ်နိုင်ငံ ဆွေးနွေးကြတဲ့အကြောင်း ဖိလစ်ပိုင် သမ္မတ Ferdinand Marcos Jr. က ပြောဆိုပါတယ်။
အမေရိကန်နဲ့ တရုတ်စစ်ဘက်ဆိုင်ရာ တာဝန်ရှိသူတွေရဲ့ ၂ ရက်ကြာ ဆွေးနွေးပွဲ ဝါရှင်တန်မှာ မနေ့ကပဲ ပြီးဆုံးခဲ့ကြောင်း အမေရိကန် ပင်တဂွန်စစ်ဌာနချုပ်က ပြောလိုက်ပါတယ်။
အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Antony Blinken ဟာ ပါလက်စတိုင်းသမ္မတ Mahmoud Abbas နဲ့ ဒီနေ့ပဲ တွေ့ဆုံခဲ့ပြီး အစ္စရေး-ပါလက်စတိုင်းကြားမှာဖြစ်နေတဲ့ ကာလရှည်ကြာ ပဋိပက္ခကို ဖြေရှင်းနိုင်ဖို့အရေး ဆွေးနွေးခဲ့ကြပါတယ်။
အာဆီယံအလှည့်ကျဥက္ကဋ္ဌဖြစ်လာတဲ့ လာအိုနိုင်ငံက မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် Alounkeo Kittikhoun ဟာ NCA တနိုင်ငံလုံးပစ်ခတ်ရပ်စဲရေး သဘောတူညီချက်မှာ လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ (၇) ဖွဲ့က ကိုယ်စားလှယ်တွေနဲ့ ဒီကနေ့ နေပြည်တော်မှာ တွေ့ဆုံခဲ့ပါတယ်။
ဇန်နဝါရီ ၁ ရက်မှာ အာဆီယံအလှည့်ကျ ဥက္ကဋ္ဌဖြစ်လာတဲ့ လာအိုနိုင်ငံက မြန်မာ့အရေး အထူးကိုယ်စားလှယ်အဖြစ် ခန့်အပ်ထားတဲ့ မစ္စတာ Alounkeo Kittikhoun ကို စစ်ကောင်စီအကြီးအကဲ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ တွေ့ဆုံဆွေးနွေးဖို့ စေလွှတ်လိုက်တဲ့အကြောင်း Nikkei Asia သတင်းမှာ ရေးပါတယ်။
ကလေးတွေနဲ့ ဆယ်ကျော်သက်တွေရဲ့ စိတ်ကျန်းမာရေးကို ထိခိုက်စေတယ်လို့ အမေရိကန်ပြည်နယ်တော်တော်များများမှာ မီတာကုမ္ပဏီအပေါ်စွပ်စွဲခဲ့ပြီးတဲ့နောက် အင်စတာဂရမ်နဲ့ ဖေ့ဘွတ်ခ်ပေါ်က ဆက်ကျော်သက်တွေအတွက် အကြောင်းအရာ ကို ထိန်းချုပ်မယ်လို့ မိခင်ကုမ္ပဏီ Meta (မီတာ) က အင်္ဂါနေ့မှာ ပြောလိုက်ပါတယ်။
ကမ္ဘာ့အနေအထားကိုပြန်ပုံဖော်ဖို့ တရုတ်က မကြိုးစားဘဲ အမေရိကန်နဲ့ ပိုမိုပူးပေါင်းနိုင်ရေးရှာဖွေမယ်လို့ တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မီတီ နိုင်ငံတကာရေးရာဌာနမှူး လျူကျန်းချောင်( Liu Jianchao) က တရုတ်-အမေရိကန် သံတမန်ဆက်ဆံရေး ၄၅ နှစ်ပြည့်အခမ်းအနားမှာ တရုတ်သမ္မတ ရှီကျင့်ပင်ကို ကိုးကားပြီးပြောလိုက်ပါတယ်။
ပါလက်စတိုင်းတွေရဲ့ သူတို့ဘာသာအုပ်ချုပ်နိုင်စွမ်းကို ဖျက်ပစ်နေတာရပ်ဖို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဘလင်န်ကန်က အစ္စရေးကို တောင်းဆိုလိုက်ပြီး အခြေအနေပေးတာနဲ့ ပါလက်စတိုင်းတွေ အိမ်ပြန်ကြရမှာဖြစ်ကြောင်းနဲ့ သူတို့နယ်မြေပြင်ပမှာအခြေချရေး အဆိုပြုချက်မှန်သမျှကို အမေရိကန်ကပယ်ချမှာဖြစ်ကြောင်း ပြောခဲ့ပါတယ်။
စစ်ကိုင်းတိုင်း တမူးခရိုင် ခမ်းပတ်မြို့နယ်မှာ ကလေးငယ်တွေ အပါအဝင် အရပ်သား ၁၇ ယောက်ထက်မနည်း သေဆုံးခဲ့တဲ့ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုအပေါ် အမေရိကန်ပြည်ထောင်စုက ရှုတ်ချလိုက်ပါတယ်။
ဗြိတိန်နိုင်ငံမှာ ကမ္ဘာကျော်အောင်မြင်ကျော်ကြားတဲ့ ဂီတအဖွဲ့တွေကို တံဆိပ်ခေါင်းထုတ်ဂုဏ်ပြုလေ့ရှိတာမှာ ဒီနှစ်တော့ ၁၉၉၀ ပြည့်လွန်နှစ်ပိုင်းတွေမှာ အောင်မြင်ကျော်ကြားခဲ့တဲ့ Spice Girls အမျိုးသမီးပေါ့ပ်ဂီတအဖွဲ့ရဲ့ ပုံတွေနဲ့ တံဆိပ်ခေါင်း ထုတ်လိုက်ပါတယ်။
နောက်ထပ်ကြည့်ရှုရန်