ရှမ်းပြည်နယ်မြောက်ပိုင်း သိန္နီမြို့နယ်ဘက်မှာ ဇန်နဝါရီလ ၈ ရက်နေ့ ညပိုင်းက စစ်ကောင်စီရဲ့ လေကြောင်း တိုက်မှုကြောင့် အနည်းဆုံး အရပ်သား ၄ ဦး သေဆုံးခဲ့တယ်လို့ ကိုးကန့်မီဒီယာက ဆိုပါတယ်။
တောင်ကိုရီးယားမှာ ခွေးသားထုတ်လုပ်ရောင်းချမှု တားမြစ်တဲ့ ဥပဒေကြမ်းကို လွှတ်တော်က အတည်ပြုလိုက်ပါတယ်။ တိရစ္ဆာန်အခွင့်အရေး ထိခိုက်သလို နိုင်ငံတကာပုံရိပ်ကျဆင်းစေတဲ့ ခွေးသားထုတ်လုပ်ရောင်းချမှု ကို တားမြစ်ဖို့ အများတောင်းဆိုချက်အတိုင်း လွှတ်တော်က အတည်ပြုလိုက်တာပါ။
အစ္စရေးနဲ့စစ်ပွဲမှာ ဟာမတ်စ်အဖွဲ့က မြောက်ကိုရီးယားက လက်နက်တွေကို အသုံးပြုလာနေတာ တွေ့ရကြောင်း တောင်ကိုရီးယား ထောက်လှမ်းရေးအေဂျင်စီက မနေ့ ဇန်နဝါရီ ၈ ရက်နေ့မှာ ပြောပါတယ်။
လက်ဘနွန်အခြေစိုက် ဟစ်ဇ်ဘိုလာစစ်သွေးကြွအဖွဲ့ အကြီးတန်း တပ်မှူးတယောက်နဲ့ ဟာမတ်စ်အဖွဲ့ ဒုတိယခေါင်းဆောင်တို့ သတ်ဖြတ်ခံရမှုကို လက်တုံ့ပြန်တဲ့အနေနဲ့ အစ္စရေးစစ်စခန်းတခုကို ပစ်မှတ်ထားပြီး အဝေးထိန်းဒရုန်းနဲ့ တိုက်ခိုက်ခဲ့ကြောင်း ဟစ်ဇ်ဘိုလာအဖွဲ့က ဒီကနေ့ပဲ ပြောလိုက်ပါတယ်။
ဂန္ထဝင်အဆိုတော်ကြီး မာမာအေး ဇန်နဝါရီ ၈ ရက် အမေရိကန် အရှေ့ဘက်ကမ်းရိုးတန်း စံတော်ချိန် ညနေ ၆:၂၈ ၊ မြန်မာစံတော်ချိန် ဇန်နဝါရီ ၉ ရက် မနက် ၅:၅၈ ၊ အသက် ၈၁ နှစ်အရွယ် မှာ ကွယ်လွန်သွားပါတယ်။
အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Antony Blinken ဟာ အစ္စရေး ဝန်ကြီးချုပ် Benjamin Netanyahu နဲ့ ဒီကနေ့ Tel Aviv မှာတွေ့ဆုံပြီး ဂါဇာပဋိပက္ခနဲ့ တင်းမာမှုတွေ လျော့ချနိုင်ရေးနဲ့ ရှေ့ဆက် ဂါဇာ အနာဂါတ်ရေး ဆွေးနွေးပါတယ်။
ထိုင်ဝမ်ရွေးကောက်ပွဲမှာ ပြင်ပစွက်ဖက်မှု ဒါမှမဟုတ် အလွန်အန္တရာယ်ကြီးတဲ့ ဩဇာပေးမှုကိုဆန့်ကျင်ကြောင်း အမေရိကန်က ပြောလိုက်ပါတယ်။
ဇန်နဝါရီလ ၇ ရက်နေ့က ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကောက်စ်ဘဇား ရိုဟင်ဂျာဒုက္ခသည်စခန်းတခု မီးလောင်ရာမှာ စာသင်ကျောင်း ၂၀ မီးထဲပါသွားတဲ့အတွက် အနည်းဆုံး ကျောင်းသား ၁,၅၀၀ ပညာမသင်နိုင်တော့သလို ရိုဟင်ဂျာ ကလေး ၃,၅၀၀ လည်း နေစရာမဲ့သွားခဲ့တယ်လို့ ကုလသမဂ္ဂ ကလေးများ ပညာရေး ရံပုံငွေအဖွဲ့ (ယူနီဆက်ဖ်) က ပြောလိုက်ပါတယ်။
အစ္စရေး လေကြောင်းတိုက်ခိုက်မှုကြောင့် လက်ဘနွန်တောင်ပိုင်းမှာ အရေးပါတဲ့ ဟက်ဇ်ဘိုလာတပ်မှူး ဝစ်ဆမ်အယ်တာဝီ (Wissam al-Tawil) တနင်္လာနေ့ မှာ သေဆုံးသွားခဲ့ပါတယ်။
ဂါဇာက အစ္စရေးစစ်အင်အားတွေလျှော့ချပြီး ထွက်ခွာသွားနိုင်ဖို့ သူလုပ်ဆောင်နေတယ်လို့ တောင်ကယ်ရိုလိုင်းနားပြည်နယ်၊ ချာလ်စတန်မြို့က ဘုရားကျောင်းမှာ မဲဆွယ်စည်းရုံးရေး စကားပြောကြားစဥ် အမေရိကန် သမ္မတဘိုင်ဒန်က ပြောခဲ့ပါတယ်။
စစ်ကိုင်းတိုင်း တမူးခရိုင် ခမ်းပတ်မြို့နယ်မှာ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးငယ်တွေ အပါအဝင် ဒေသခံ အများအပြား သေဆုံးခဲ့တယ်ဆိုတဲ့ သတင်းဟာ မမှန်ကြောင်း စစ်ကောင်စီက ငြင်းဆန်လိုက်ပါတယ်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ တနင်္ဂနွေနေ့က ကျင်းပခဲ့တဲ့ အထွေထွေရွေးကောက်ပွဲမှာ လက်ရှိ ဝန်ကြီးချုပ် Sheikh Hasina ရဲ့ ပါတီက အနိုင်ရလိုက်တာကြောင့် ဝန်ကြီးချုပ်အဖြစ် ဆက်လက် တာဝန်ယူနိုင်တော့မှာ ဖြစ်ပါတယ်။ ရွေးကောက်ပွဲမှာတော့ မဲပေးသူ နည်းပါးခဲ့သလို အတိုက်အခံပါတီကလည်း သပိတ်မှောက်ခဲ့ပါတယ်။
အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Antony Blinken ဟာ အာရပ်စော်ဘွားများ ပြည်ထောင်စု UAE သမ္မတ Sheikh Mohammed bin Zayed Al Nahyan အပါအဝင် ဆော်ဒီအာရေဗျ အိမ်ရှေ့မင်းသား Mohammed bin Salman တို့နဲ့ ဒီကနေ့ တွေ့ဆုံပြီးနောက် အစ္စရေးနိုင်ငံကို ဆက်ပြီး သွားရောက်ဖို့ စီစဉ်ထားပါတယ်။
မြန်မာ့နိုင်ငံရေး အကျပ်အတည်းဟာ အင်ဒိုနီးရှားနိုင်ငံအတွက် စိုးရိမ်စရာ ကိစ္စတခုအဖြစ် ရှိနေဆဲဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီး Retno Marsudi က ဒီကနေ့ပဲ ပြောလိုက်ပါတယ်။
ဗဟိုအစိုးရရဲ့ အိန္ဒိယ-မြန်မာနယ်စပ် ခြံခတ်ရေးစီမံကိန်းကို မဏိပူရလွှတ်တော်အမတ်နဲ့ ပြည်ထောင်စုဝန်ကြီးက ထောက်ခံလိုက်တယ်လို့ နယူးဒေလီ ရုပ်မြင်သံကြား NDTV က ပြောပါတယ်။
ဂါဇာကအရပ်သားတွေကိုကာကွယ်ရေးနဲ့ အခု ဖြစ်နေတဲ့စစ်ကြောင့် အိုးအိမ်စွန့်ခွါထွက်ပြေးနေကြရသူတွေ အိမ်ပြန်နိုင်အောင် အစ္စရေးက လုပ်ကိုလုပ်ရမှာဖြစ်တယ်လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး အန်ထော်နီ ဘလင်ကန်က တနင်္ဂနွေနေ့မှာ ပြောလိုက်ပါတယ်။
တမူးခရိုင် ခမ်းပတ်မြို့နယ်ကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် ကလေးတွေအပါအဝင် အနည်းဆုံး လူ ၁၅ ယောက်သေဆုံးတယ်လို့ ဒေသခံ မီဒီယာတွေက တနင်္ဂနွေနေ့မှာပြောပေမဲ့ အေအက်ဖ်ပီသတင်းကတော့ ၁၉ ယောက် သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။
တောင်ကိုရီးယားနဲ့ ပင်လယ်ပြင်နယ်စပ်အနီးမှာ မြောက်ကိုရီးယားက တနင်္ဂနွေနေ့ မှာ အမြောက်ပစ်ပြီး ရန်စခဲ့တယ်လို့ တောင်ကိုရီးယားက ပြောလိုက်ပါတယ်။
တရုတ်အစိုးရဟာ တိုင်ဝမ်ကျွန်းအပေါ် ပူပေါင်းတွေ လွှင့်တင်ပြီး ၊ တိုင်ဝမ်လူထုကို စိတ်အနှောက်အယှက်ဖြစ်အောင် လုပ်နေတယ်လို့ တိုင်ဝမ်ကာကွယ်ရေးဝန်ကြီးဌာနက စွပ်စွဲလိုက်ပါတယ်။ ဒီ ပူပေါင်းတွေရဲ့ လမ်းကြောင်းဟာ ခရီးသည်တင် နိုင်ငံတကာလေကြောင်းပျံသန်းမှုအတွက် ပြင်းထန်တဲ့ ခြိမ်းခြောက်မှု ဖြစ်စေတယ်လို့ဆိုပါတယ်။
အစ္စရေးအတွက် သူလျှိုလုပ်မှု သံသယနဲ့ ထိန်းသိမ်းခဲ့သူ ၃၄ ဦးနက် ၁၅ ဦးကို ရုံးတင်စစ်ဆေးမယ်လို့ တူရကီ တရားရေးဝန်ကြီးက ပြောကြားလိုက်ပါတယ်။ ဒီလူတွေဟာ အစ္စရေးအတွက် နိုင်ငံရေး ဒါမှမဟုတ် စစ်ရေးအတွက် ထောက်လှမ်းနေသူတွေအဖြစ် သံသယရှိ ခံရသူတွေ ဖြစ်ပါတယ်။
နောက်ထပ်ကြည့်ရှုရန်