စစ်ကြောင့် ပျက်စီးနေတဲ့ ဂါဇာကမ်းမြှောင်ကို အကူအညီတွေ ပိုမို ပို့ပေးနိုင်ဖို့ ၊ သံတမန်လမ်းကြောင်းက အပြင်းအထန်ကြိုးပမ်းရင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Antony Blinken ဟာ အရှေ့အလယ်ပိုင်းကို ရောက်ရှိနေပါတယ်။ ဒေသတွင်း တင်းမာမှု လျော့ပါရေး ဝန်ကြီး Blinken ဟာ တူရကီ ဂရိခေါင်းဆောင်တွေကို တွေ့ဆုံခဲ့ပါတယ်။
အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Antony Blinken ဟာ တူရကီနိုင်ငံကို သောကြာနေ့က ဆိုက်ရောက်ခဲ့ပြီး စနေနေ့မှာတော့ တူရကီ သမ္မတ Recep Tayyip Erdogan နဲ့ တွေ့ဆုံဖွယ် ရှိနေပါတယ်။ အောက်တိုဘာလ ၇ ရက်နေ့က စခဲ့တဲ့ အစ္စရေးလ်နဲ့ ဟားမတ်စ်ကြား တိုက်ပွဲနောက်ပိုင်း နိုင်ငံခြားရေးဝန်ကြီးရဲ့ ၄ကြိမ်မြောက်ခရီးစဉ်ဖြစ်။
မြန်မာဘက်ကကျရောက်တဲ့ လက်နက်ကြီးကျည်တွေကြောင့် တရုတ်နိုင်ငံသားတွေ ထိခိုက်ဒဏ်ရာရခဲ့တာကို တရုတ်ဘက်က အပြင်းအထန် ကန့်ကွက်ရှုတ်ချလိုက်ပြီး နောက်တနေ့ သောကြာနေ့မှာတော့ တရုတ် ဒုတိယနိုင်ငံခြားရေးဝန်ကြီး မြန်မာနိုင်ငံကိုရောက်ရှိလာပြီး စစ်ကောင်စီအကြီးအကဲနဲ့ နေပြည်တော်မှာ ဆွေးနွေးခဲ့ပါတယ်။
တရုတ်နဲ့ အမေရိကန်ကြား ပူးပေါင်းဆောင်ရွက်ရေးက ရှောင်လွှဲလို့မရပဲ အလွန် အရေးပါတယ်လို့ တရုတ် နိုင်ငံခြားရေးဝန်ကြီးက သောကြာနေ့မှာ ပြောဆိုလိုက်ပြီး နှစ်နိုင်ငံ ဆက်ဆံရေး ကောင်းမွန် ဖွံ့ဖြိုးစေရေးလည်း တိုက်တွန်းလိုက်ပါတယ်။ အမေရိကန် တရုတ် သံတမန်ဆက်ဆံရေး ၄၅ နှစ်ပြည့်မှာ ဝန်ကြီး Wang Yi က ပြောတာဖြစ်ပါတယ်။
မြန်မာနိုင်ငံနဲ့ နယ်စပ်ဒေသတလျှောက်မှာ ခြံစည်းရိုးခတ်မယ့် အိန္ဒိယအစိုးရရဲ့ အစီအစဉ်ဟာ လက်ခံနိုင်စရာ မရှိဘူးလို့ မြန်မာနဲ့ နယ်နိမိတ်ခြင်း ထိစပ်နေတဲ့ ပြည်နယ်တခုဖြစ်နဲ့ မီဇိုးရမ်းပြည်နယ် ဝန်ကြီးချုပ် Lalduhoma (လားလ် ဒူဟိုးမား) က အိန္ဒိယ နိုင်ငံခြားရေးဝန်ကြီး S. Jaishankar ကို ပြောကြားလိုက်ကြောင်း အိန္ဒိယအခြေစိုက် သတင်းတွေမှာ ဖော်ပြပါတယ်။
ကျားဖျန့်အွန်လိုင်းငွေလိမ်ဂိုဏ်းတွေမှာ ပါဝင်တယ်လို့ သံသယရှိသူတွေကို မြန်မာဘက်က တရုတ်ကို ၂၀၂၃ ခုနှစ်အတွင်း လွှဲပေးခဲ့သူ ၄ သောင်းကျော်တယ်လို့ တရုတ်အစိုးရပိုင်သတင်းမီဒီယာက ဒီနေ့သောကြာနေ့မှာ သတင်းထုတ်ပြန်ပါတယ်။
မြန်မာနိုင်ငံဘက်က တိုက်ပွဲတွေကြောင့် အိန္ဒိယနိုင်ငံထဲ ဝင်ရောက်ခိုလှုံနေကြသူတွေကို လောလောဆယ် အတင်းပြန်မပို့ပါဘူးလို့ အိန္ဒိယပြည်ထဲရေးဝန်ကြီးက မီဇိုရမ်ပြည်နယ်ဝန်ကြီးချုပ် Lalduhoma (လလ် ဒူ ဟိုမာ) ကိုအာမခံခဲ့တယ်လို့ အိန္ဒိယကလာတဲ့ သတင်းတွေမှာ ဖော်ပြပါတယ်။
ဘာသာရေးလွတ်လပ်မှုကို ပြင်းပြင်းထန်ထန်ချိုးဖောက်နေတဲ့အတွက် မြန်မာနိုင်ငံအပါအဝင် နိုင်ငံ ၁၂ နိုင်ငံကို အထူးစိုးရိမ်ရတဲ့စာရင်းမှာ ထည့်သွင်းထားကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Antony Blinken က ဇန်နဝါရီ ၄ ရက်နေ့က ထုတ်ပြန်ကြေညာပါတယ်။
အစ္စရေးနဲ့ ဟာမတ်စ်စစ်ပွဲလွန်ကာလ ဂါဇာကမ်းမြောင်ဒေသနဲ့ပတ်သက်တဲ့ အစ္စရေးအစီအစဉ်တွေကို ကာကွယ်ရေးဝန်ကြီး Yoav Gallant ကကြေညာခဲ့ပါတယ်။ အစီအစဉ်အရ ဂါဇာကမ်းမြောင်ဒေသကို ပါလက်စတိုင်းတို့က အုပ်ချုပ်ရမှာဖြစ်ပေမဲ့ ဒေသတခုလုံး လုံခြုံရေးကိုတော့ အစ္စရေးတို့က ထိန်းချုပ်ထားမှာဖြစ်တယ်လို့ ကြေညာချက်မှာ ပြောထားပါတယ်။
၂၀၂၄ ခုနှစ်အတွင်း ကမ္ဘာ့ စီးပွားရေးဟာ နှေးကွေးနေပြီး စိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်ရမယ့်အကြောင်း ကုလသမဂ္ဂက အစီရင်ခံစာ ထုတ်ပြန်ပါတယ်။
အိုင်အိုဝါပြည်နယ်အထက်တန်းကျောင်းတခုမှာ ၁၇ နှစ်အရွယ် ကျောင်းသားတဦးက ပစ်ခတ်မှုကြောင့် ၆ တန်းကျောင်းသားတဦးသေဆုံးပြီး ငါးဦး ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။
ဗြိတိန်မှာ ဒုတိယနှစ်ဝက်အတွင်း ပြည်လုံးကျွတ်ရွေးကောက်ပွဲ ကျင်းပဖို့ မျှော်လင့်ထားကြောင်း ဝန်ကြီးချုပ် ရီရှီ ဆူးနက်ခ် (Rishi Sunak) က ကြာသပတေးနေ့မှာ ပြောပေမဲ့ မေလမှာ စောပြီး ရွေးကောက်ပွဲကျင်းပဖို့ တောင်းဆိုချက်တွေကိုတော့ သူက ပယ်ချခဲ့ပါတယ်။
စစ်ပွဲဒဏ်ခံနေရတဲ့ဂါဇာကမ်းမြောင်ကို လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေပေးပို့ရာမှာ အထောက်အကူဖြစ်စေရေး သံတမန်ရေး ကြိုးပမ်းချက်အဖြစ် အမေရိကန် နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင်ကန်ဟာ ကြာသပတေးနေ့နှောင်းပိုင်းမှာ အရှေ့အလယ်ပိုင်းခရီးစဥ် စတင်ခဲ့ပါတယ်။
မြန်မာနိုင်ငံမြောက်ပိုင်း စစ်တပ်နဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေအကြား ပဋိပက္ခတွေကြောင့် တရုတ်နိုင်ငံအတွင်း လက်နက်ကြီးကျည် ကျပြီး တရုတ်နိုင်ငံသားတချို့ ထိခိုက်ဒဏ်ရာရခဲ့တဲ့အပေါ် အကြီးအကျယ် မကျေမနပ်ဖြစ်ရတဲ့အကြောင်း တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောခွင့်ရက သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုပါတယ်။
အစ္စရေးနဲ့ ဟာမတ်စ်အဖွဲ့အကြားဖြစ်ပေါ်နေတဲ့ ပဋိပက္ခနဲ့ပတ်သက်လို့ သံတမန်ရေးနည်းလမ်းအရ ဆွေနွေး ညှိနှိုင်းမှုတွေ လုပ်ဆောင်ဖို့အတွက် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Antony Blinken ဟာ အစ္စရေးအပါအဝင် အရှေ့အလယ်ပိုင်းနိုင်ငံတွေကို ဒီကနေ့ သွားရောက်မှာဖြစ်ကြောင်း အမေရိကန် တာဝန်ရှိသူတွေကပြောပါတယ်။
ဒီကနေ့ ဇန်နဝါရီလ ၄ ရက် လွတ်လပ်ရေးနေ့မှာ မြန်မာတနိုင်ငံလုံးမှာရှိတဲ့ အကျဉ်းထောင်တွေကနေ အကျဉ်းသား ၉,၇၀၀ ကျော် လွှတ်ပေးမယ်လို့ စစ်ကောင်စီက ကြေညာပါတယ်။
ဇန်နဝါရီ (၄) ရက် (ဒီနေ့) ကျရောက်တဲ့ (၇၆) နှစ်မြောက် မြန်မာ့ လွတ်လပ်ရေးနေ့အထိမ်းအမှတ် အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်ထဲမှာ အမေရိကန်က မြန်မာပြည်သူတွေအပေါ် ဆက်ပြီး ထောက်ခံကူညီသွားမယ်လို့ ဝန်ကြီး အန်ထိုနီဘလင်ကန်က ကတိပြုကြောင်း ဇန်နဝါရီ (၃) ရက်စွဲနဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။
၂၀၂၀ က အမေရိကန်ရဲ့ အဝေးထိန်းဒရုန်းတိုက်ခိုက်မှုအတွင်းသေဆုံးခဲ့တဲ့ အီရန်တော်လှန်ရေးအစောင့်တပ် Quds တပ်ဖွဲ့ကြီးအကဲ ဗိုလ်ချုပ်ကြီး Qassem Soleimani ရဲ့ နှစ်ပတ်လည် အောက်မေ့ဖွယ်အခမ်းအနားတခုမှာ ဗုံးပေါက်ကွဲလို့ လူ ၁၀၃ ဦး သေဆုံးပြီး ဒါဇင်နဲ့ချီ ဒဏ်ရာရရှိခဲ့ကြောင်း အီရန်အစိုးရက ဗုဒ္ဓဟူးနေ့မှာ ကြေညာပါတယ်။
ဂျပန်နိုင်ငံ တိုကျိုမြို့တော် အာကိဟာဘာရ (Akihabara) ဘူတာရုံက ရထားတစင်းပေါ်မှာ ဗုဒ္ဓဟူးနေ့က ဓားကိုင်ထားတဲ့အမျိုးသမီးတဦးရဲ့တိုက်ခိုက်မှုကြောင့် အမျိုးသား (၃) ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဂျပန်ရဲတပ်ဖွဲ့က ပြောပါတယ်။
အာဖဂန်နစ္စတန်အာဏာရတာလီဘန်အဖွဲ့ရဲ့ အဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့ဟာ ပါကစ္စတန်တာဝန်ရှိသူတွေနဲ့ ဗုဒ္ဓဟူးနေ့က အစ္စလာမာဘတ်မှာတွေ့ဆုံခဲ့ပြီး နယ်စပ်ဖြတ်ကျော် အကြမ်းဖက်မှုတွေအရေး ဆွေးနွေးခဲ့ကြပါတယ်။
နောက်ထပ်ကြည့်ရှုရန်