အကျဥ်းသားလဲလှယ်ရေးသဘောတူညီချက်အရ ယူကရိန်းစစ်သား ၂၃၀ ကို ရုရှားကပြန်လွှတ်ပေးခဲ့သလို ရုရှားစစ်သား ၂၄၈ ဦးဟာလည်း ယူကရိန်းကနေ နေရပ်ကိုပြန်ရောက်လာခဲ့ပြီလို့ ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ပြောသလို တဘက်မှာလည်း နှစ်နှစ်နီးပါးကြာလာတဲ့ စစ်ပွဲကလည်း တိုက်ပွဲတွေ ဆက်ပြင်းထန်နေပါတယ်။
ဘေရွတ်မြို့ကို အဝေးထိန်းဒရုန်းနဲ့ တိုက်ခိုက်မှုအတွင်း ဟားမတ်စ်အကြီးတန်းအရာရှိတဦးသေဆုံးခဲ့အပေါ် ဟစ်ဇဘိုလာအဖွဲ့က တန်ပြန်တိုက်ခိုက်လာနိုင်ခြေ အထူးသတိပေးချက်တွေမြင့်မားနေချိန်မှာ ဂါဇာကမ်းမြောင်ဒေသကို ဗုဒ္ဓဟူးနေ့မှာ အစ္စရေး လေကြောင်းတိုက်ခိုက်မှုအသစ်တွေ လုပ်ခဲ့ပါတယ်။
ဂျပန်နိုင်ငံ အနောက်ဘက်ကမ်း နှစ်သစ်ကူးနေ့က လှုပ်ခတ်ခဲ့တဲ့ အင်အားပြင်းထန်တဲ့ မြေငလျင်ကြောင့် လူအနည်းဆုံး ၆၂ ယောက်သေဆုံးခဲ့ပြီး အသက်ရှင်ကျန်ရစ်သူတွေကို အချိန်မှီရှာနိုင်ဖို့ ကယ်ဆယ်ရးအဖွဲ့တွေ ကြိုးပမ်းနေပါတယ်။
ပင်လယ်နီအတွင်း အဓိက ကုန်သွယ်ရေး ရေလမ်းကြောင်းမှာ သွားလာနေတဲ့ သင်္ဘောတွေကို ယီမင်အခြေစိုက် ဟူသီစစ်သွေးကြွတွေက ဆက်တိုက် တိုက်ခိုက်နေတဲ့ကိစ္စနဲ့ပတ်သက်လို့ ကုလသမဂ္ဂလုံခြုံရေးကောင်စီမှာ ဒီကနေ့ အရေးပေါ်အစည်းအဝေး ကျင်းပဖို့ ရှိနေပါတယ်။
ဟာမတ်စ်ရဲ့လက်ထောက်အကြီးအကဲ သေဆုံးခဲ့တဲ့ ဘေရွတ်မြို့တိုက်ခိုက်မှုအပြီး၊ ဒေသတွင်းမှာ ပဋိပက္ခတွေ ပိုမို ကျယ်ပြန့်လာနိုင်တာကြောင့် ဘယ်အခြေအနေမျိုးအတွက်မဆို အဆင်သင့်ဖြစ်အောင် ပြင်ဆင်ထားတယ်လို့ အစ္စရေးစစ်တပ်က ပြောပါတယ်။
ထိုင်ဝမ်ကျွန်းအနေနဲ့ တရုတ်နဲ့ ပြန်လည်ပေါင်းစည်းရေးကို မဖြစ်မနေ လုပ်ရမယ့်အရာအဖြစ် ဖိအားပေးသလို၊ ထိုင်ဝမ်ကျွန်းတဝိုက်မှာလည်း စစ်ရေးလေ့ကျင့်မှုတွေကို ပိုလုပ်လာပြီး ဇန်နဝါရီ ၁၃ ရက်မှာ ကျင်းပမယ့် ထိုင်ဝမ်ရွေးကောက်ပွဲမတိုင်ခင် တရုတ်က ထိုင်ဝမ်ကို ဖိအားတွေ တိုးပေးနေပါတယ်။
ဂါဇာမှာ ဟာမတ်စ်နဲ့ဖြစ်တဲ့စစ်ပွဲအတွင်း လူမျိုးသုဥ်းသတ်ဖြတ်မှု ကျူးလွန်တယ်လို့ တောင်အာဖရိက-က စွဲဆိုထားတဲ့အတွက် နိုင်ငံတကာ တရားရုံး ICJ မှာ အစ္စရေးက တရားရင်ဆိုင်ရမှာ ဖြစ်ပါတယ်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကောက်စ်ဘဇားမှာရှိတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေကို စားနပ်ရိက္ခာအကူအညီပြန်ပေးနိုင်ဖို့ ကုလသမဂ္ဂ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဥ်က တိုးမြှင့်ဆောင်ရွက်နေပါတယ်လို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရုံး တွဲဘက် ပြောရေးဆိုခွင့်ရှိသူ မစ္စ ရှီရင် ယာဆင်း (Shirin Yaseen) က အင်္ဂါနေ့က ပြောပါတယ်။
အင်ဒိုနီးရှားနိုင်ငံ မြောက်ပိုင်းဆူမားထရာက Deli Serdang ရွာကို သစ်သားလှေစီးပြီးရောက်လာကြတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒုက္ခသည်စခန်းက ရိုဟင်ဂျာတွေကို ဒေသခံ ရွာသူရွာသားတွေက တတ်စွမ်းသမျှကူညိနေကြပေမယ့် အစိုးရက တခုခု စီစဥ်ဖို့ကိုတော့ မျှော်လင့်နေကြပါတယ်။
အစ္စရေးက လေကြောင်းကနေ အင်္ဂါနေ့က တိုက်ခိုက်ခဲ့တဲ့အတွက် လက်ဘနွန်နိုင်ငံရဲ့မြို့တော် ဘေရွတ်မှာ ဟာမတ်စ်အဖွဲ့ ဒုတိယ ခေါင်းဆောင် မစ္စတာ ဆာလေးအယ်လ် အရူရီ (Saleh al-Aruri) နဲ့အတူ သူ့ရဲ့ သက်တော်စောင့်ငါးယောက် သေဆုံးသွားခဲ့တယ်လို့ ဟာမတ်စ်ရုပ်သံနဲ့ လက်ဘနွန်တာဝန်ရှိသူတွေက ပြောပါတယ်။
တောင်ကိုရီးယား အတိုက်အခံပါတီခေါင်းဆောင် Lee Jae-myung ဟာ ဒီကနေ့ (ဇန်နဝါရီ ၂ ရက်) တောင်ပိုင်းဆိပ်ကမ်းမြို့ ဘူဆန်မှာရှိတဲ့ ဆောက်လုပ်ရေးတခုကို လည်ပတ်စဉ် ဓါးနဲ့တိုက်ခိုက်ခံခဲ့ရပါတယ်။ သူ့ကိုထောက်ခံတဲ့ လူအုပ်ကြားထဲက ထွက်လာတဲ့ အမျိုးသားတဦးက သူ့ရဲ့လည်ပင်းကို ဓားနဲ့ ထိုးခဲ့တာပါ။
ဂျပန်နိုင်ငံ အနောက်ဖက်ကမ်းလွန်ဒေသမှာ နှစ်သစ်ကူးနေ့က လှုပ်ခတ်ခဲ့တဲ့ အင်အားပြင်း ငလျင်ကြောင့် သေဆုံးသူအရေအတွက်ဟာ အနည်းဆုံး ၄၈ ယောက် ရှိခဲ့ကြောင်း အတည်ပြုလိုက်ပါတယ်။ ဂျပန်ဘူမိဗေဒဌာနရဲ့ တိုင်းတာချက်အရ ပြင်းအား ၇.၆ ငလျင်ကြောင့် Honshu ကျွန်း Ishikawa ခရိုင်မှာ ထိခိုက်ပျက်စီးမှု အများဆုံးဖြစ်ခဲ့တာပါ။
အစ္စရေးထောက်လှမ်းရေးဌာန Mossad အတွက် သူလျှိုလုပ်ပေးမှုနဲ့ မသင်္ကာသူ ၃၃ ယောက်ကို တူရကီအာဏာပိုင်တွေ ဖမ်းဆီးလိုက်ကြောင်း နိုင်ငံပိုင် Anadolu သတင်းက ဖော်ပြလိုက်ပါတယ်။ နောက်ထပ် ၁၃ ယောက်ကိုလည်း ရဲတပ်ဖွဲ့က ရှာဖွေနေတယ်လို့ ဆိုပါတယ်။
ယူကရိန်းနိုင်ငံက Kyiv နဲ့ Kharkiv မြို့တွေကို ရုရှားဘက်က ပြင်းထန်တဲ့ ဒုံးကျည်တိုက်ခိုက်မှု လုပ်ခဲ့တဲ့အတွက် လူ ၄ ဦး သေဆုံးပြီး၊ လူပေါင်း ဒါဇင်နဲ့ချီ ဒဏ်ရာရခဲ့တယ်လို့ ယူကရိန်းတာဝန်ရှိ သူတွေက ဒီနေ့ပဲပြောပါတယ်။
အစ္စရေးလေတပ်က ဂါဇာကမ်းမြောင်တလျှောက် လေကြောင်းကနေ တိုက်ခိုက်မှုတွေကို ဒီနေ့မှာ လုပ်နေသလို၊ အစ္စရေးနဲ့ ဟာမတ်စ်တို့ကြားမှာ တိုက်ပွဲတွေ ပြင်းထန်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ရှမ်းပြည်နယ်အရှေ့ပိုင်း အထူးဒေသ (၄) မိုင်းလားဒေသအတွင်း အွန်လိုင်းလိမ်လည်ရာဇ၀တ်မှုလုပ်ငန်းတွေမှာ ပါဝင်တယ်လို့ စွပ်စွဲခံရတဲ့ တရုတ်နိုင်ငံသားတွေနဲ့ ဒီလုပ်ငန်းမှာခိုင်းစေခံရသူတွေအပါအဝင် တရုတ်နိုင်ငံသားတသောင်းခန့်ကို နေရပ်ပြန်ပို့ခဲ့တယ်လို့ မိုင်းလားဒေသ တာဝန်ရှိသူတဦးက ဗွီအိုအေကိုပြောပါတယ်။
မြန်မာနိုင်ငံနဲ့ ရိုဟင်ဂျာပြဿနာတွေကို ကမ္ဘာနဲ့ အထူးသဖြင့် အာဆီယံတိုင်းပြည်တွေက ခိုင်ခိုင်မာမာ အရေးယူဆောင်ရွက်ကြရပါမယ်လို့ အင်ဒိုနီးရှားလွှတ်တော် ၂ ရပ်ကြား ပူးပေါင်းဆောင်ရွက်ရေးဌာန ဒုတိယဌာနမှူးက ပြောလိုက်ပါတယ်။
ဂျပန်နိုင်ငံအလယ်ပိုင်းမှာ မြေငလျင်ကြီး လှုပ်ခဲ့ပြီးတဲ့နောက် အနည်းဆုံး လူ ၄ ယောက် သေဆုံးခဲ့တယ်လို့ ဂျပန်အချိန် အင်္ဂါနေ့အစောပိုင်းက အတည်ပြုလိုက်ပါတယ်။ ဒါ့အပြင် အမြင့်တမီတာရှိတဲ့ ဆူနာမီလှိုင်းတွေ ရိုက်ခတ်ခဲ့သလို အိမ်တွေပျက်စီး မီးတောက်တွေ ထတောက်ခဲ့တယ်လို့ သိရပါတယ်။
နှစ်သစ်ကူးခါစနာရီပိုင်းအတွင်းမှာ ရုရှားက ယူကရိန်းနိုင်ငံတလွှားကို ရှာဟက်ပုံစံ ဒရုန်းအရေအတွက် ၉၀ နဲ့ စံချိန်တင် တိုက်ခိုက်လိုက်ပြီး ပြင်းပြင်းထန်ထန် ဆက်လက်တိုက်ခိုက်မယ်လို့ ရုရှား သမ္မတ ဗလာဒီမာ ပူတင်က ပြောလိုက်ပါတယ်။
၂၀၂၄ ခုနှစ် တနှစ်လုံး ဂါဇာစစ်ပွဲက ဆက်နေဦးမယ်လို့ အစ္စရေးက သတိပေးလိုက်သလို ဂါဇာမှာ သေဆုံးသွားတဲ့ ပါလက်စတိုင်းဦးရေက ၂,၂၀၀၀ နားနီးသွားပြီလို့ ဟာမတ်စ်က တနင်္လာနေ့က ပြောလိုက်ပါတယ်။
နောက်ထပ်ကြည့်ရှုရန်