၂၀၂၄ နှစ်သစ်ကူးပြောင်းချိန်မှာတော့ ကမ္ဘာမှာ ယူကရိန်းစစ်ပွဲနဲ့ ဂါဇာစစ်ပွဲကြီးတွေ၊ မြန်မာနိုင်ငံမှာလည်း စစ်အာဏာရှင်အုပ်စိုးမှုနဲ့ ခုခံတွန်းလှန်သူတွေအကြား စစ်ပွဲတွေနဲ့ ငြိမ်းချမ်းမှုမရှိတဲ့ အခြေအနေတွေက အရိပ်မိုးတွေပါတယ်။
အင်ဒိုနီးရှားနိုင်ငံ ဆူမာတြားကျွန်း မြောက်ပိုင်းကို ရိုဟင်ဂျာ ၁၄၀ကျော်ပြီးခဲ့တဲ့ သီတင်းပတ်ကုန်က ရောက်လာခဲ့တဲ့အကြောင်း အင်ဒိုနီးရှားအစိုးရပိုင် Antara သတင်းဌာနက ဒီနေ့ထုတ်လွှင့်ပါတယ်။
ဂျပန်နိုင်ငံ Ishikawa (အိုင်ရှီကာဝါ) ကမ်းရိုးတန်းဒေသမှာ တနင်္လာနေ့က ငလျင်လှုပ်ခတ်ခဲ့တာကြောင့် ဆူနာမီသတိပေးချက်ထုတ်ပြန်ခဲ့ပြီး နိုင်ငံအနောက်ပိုင်းကမ်းရိုးတန်းဒေသမှာနေထိုင်သူတွေကို ဘေးလွတ်ရာရွှေ့ပြောင်းကြဖို့ အာဏာပိုင်တွေက နှိုးဆော်တိုက်တွန်းထားပါတယ်။
ဂါဇာဒေသမှာ ဟာမတ်စ်စစ်သွေးကြွတွေရဲ့ ဒီကနေ့ ရော့ကတ်ဒုံးတွေနဲ့ အဆက်မပြတ် ပစ်ခတ်မှုကြောင့် အစ္စရေးနိုင်ငံအနှံ့ လေကြောင်းရန် သတိပေးဥသြသံတွေ ထွက်ပေါ်ခဲ့ပါတယ်။ ရော့ကတ်ဒုံးတွေနဲ့ ပစ်ခတ်မှုကြောင့် သေကြေထိခိုက်မှု သတင်းတော့ မကြားရပါဘူး။
အမေရိကန်ပြည်ထောင်စုမှာ နှစ်သစ်ကူးဖို့ သန်းကောင်ယံအချိန်ကို စောင့်ဆိုင်းနေကြသူများနဲ့ မြောက်ကိုရီးယားက နှစ်သစ်ကူးပွဲ ဆင်နွဲနေကြပုံတွေကို စုစည်းတင်ပြထားပါတယ်။
ထိုင်း၊ တောင်ကိုရီးယား၊ ဂျာမနီ၊ ယူကရိန်း၊ အီရတ်၊ တရုတ်၊ ဟောင်ကောင်၊ ရုရှား။ ဂရိနိုင်ငံတွေမှာ နှစ်သစ်ကူးပွဲတော် မီးအလှဆင်ထားတာတွေနဲ့ မီးရှူးမီးပန်းပစ်ဖောက်ပြီး ပွဲတော်ဆင်နွဲကြတဲ့ အမှတ်တရဓာတ်ပုံတွေကို စုစည်းတင်ပြထားပါတယ်။
အခု သတင်းကြေညာတဲ့အချိန်မှာတော့ မြန်မာနိုင်ငံအပါအဝင် အာရှနဲ့ ဥရောပနိုင်ငံအတော်များများမှာ ၂၀၂၄ ခုနှစ် နှစ်သစ်ကို ကူးပြောင်းသွားပါပြီ။
တရုတ်အနေနဲ့ ထိုင်ဝမ်နဲ့ ကျိန်းသေပေါက် ပြန်လည်ပေါင်းစည်းဖို့ရှိတယ်လို့ တရုတ်သမ္မတရှီကျင့်ဖျင်က နှစ်ကူးမိန့်ခွန်းထဲမှာ ထည့်ပြောသွားပါတယ်။ ထိုင်ဝမ်ကို ပြန်လည်ထိန်းချုပ်ရေး ဘယ်တော့လဲဆိုတာကို အတိအကျပြောဆိုတာမရှိပေမယ့် တရုတ်အနေနဲ့ ထိုင်ဝမ်ကို ထပ်မံ ခြိမ်းခြောက်ပြောဆိုလာတာပါ။
တနင်္ဂနွေနေ့က ဂါဇာက ဟာမတ်စစ်သွေးကြွတို့ကို အစ္စရေးက ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အခု ၂၀၂၄ ခု နှစ်သစ်ကူးသွားလည်း ဂါဇာမှာ တိုက်ပွဲတွေမြန်မြန်ဆန်ဆန်အဆုံးသတ်သွားမယ့် လက္ခဏာမရှိသေးပါဘူး။
တောင်ပိုင်း ပင်လယ်နီဒေသမှာ ကုန်တင်သင်္ဘောတွေကို တိုက်ခိုက်ရာမှာ ယီမန်က ဟူတီသူပုန်တွေအသုံးပြုတဲ့ သင်္ဘောငယ်သုံးစင်းကို အမေရိကန်ရေတပ်ရဟတ်ယာဉ်တွေက နှစ်မြုပ်ပစ်ခဲ့တယ်လို့ CENTCOM လို့ အတိုကောက်ခေါ်တဲ့ ကမ္ဘာ့အလယ်ပိုင်းဒေသ အမေရိကန်စစ်ကွပ်ကဲရေးဌာနက X လူမှုကွန်ယက်မှာ သတင်းထုတ်ပြန်ပါတယ်။
ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရထိုင်ဝမ်မှာ ဇန်နဝါရီလ ၁၃ ရက်နေ့ကျရင် သမ္မတရွေးကောက်ပွဲကျင်းပဖို့ ရှိနေပြီး ဝင်ပြိုင်ကြမယ့်သမ္မတလောင်းတွေကတော့ တရုတ်အစိုးရနဲ့ ငြိမ်းချမ်းတဲ့ဆက်ဆံရေး တည်ဆောက်လိုတဲ့ဆန္ဒရှိနေတာကို ထုတ်ဖော် ပြောလာကြပါတယ်။
အမေရိကန်၊ ဗြိတိန်နဲ့ ပြင်သစ်အပါအဝင် နိုင်ငံကြီးတွေမှာ နှစ်သစ်ကို ကြိုဆိုဖို့ တခမ်းတနား ပြင်ဆင်နေကြပြီး အမေရိကန်မှာဆိုရင် နှစ်သစ်ကူးပွဲကြိုဆိုမှုကို လူပေါင်း တသန်းလောက် လာကြမယ်လို့ ခန့်မှန်းထားပါတယ်။
စစ်ပွဲတွေဖြစ်နေတဲ့ မြန်မာနိုင်ငံမြောက်ပိုင်းဒေသမှာ လက်နက်ကိုင်ပဋိပက္ခတွေကြား ပိတ်မိနေတဲ့ ဗီယက်နမ်နိုင်ငံသား ၄၀၀ နီးပါးကို စနေနေ့မနက်ခင်းက နေရပ်ပြန်ပို့ခဲ့တဲ့အကြောင်း ဗီယက်နမ်သတင်းတွေမှာ ဖော်ပြကြပါတယ်။
မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့မှာရှိတဲ့ Abdullah Hukum ၁၄ ထပ်တိုက်နဲ့ အနီးပတ်ဝန်းကျင်ရပ်ကွက်တွေမှာ မလေးရှားရဲတပ်ဖွဲ့နဲ့ လူဝင်မှုကြီးကြပ်ရေးအဖွဲ့တွေက အထောက်အထားမဲ့ နေထိုင်နေကြတဲ့ နိုင်ငံခြားသားတွေကို လိုက်လံရှာဖွေ ဖမ်းဆီးတာမှာ ဒီဇင်ဘာလ ၂၉ ရက်နေ့ညက မြန်မာအပါအဝင် လူ ၅၀၀ ကျော် ဖမ်းဆီးခံခဲ့ရပါတယ်။
အစ္စရေးကို အရေးပေါ်လက်နက်တွေ ထပ်မံရောင်းချဖို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Antony Blinken က သောကြာနေ့က အတည်ပြု လိုက်ပါတယ်။ ဂါဇာမှာ အစ္စရေးက ဟာမတ်စ်အဖွဲ့ကို ချေမှုန်းတဲ့ထိုးစစ်တွေ အပြင်းအထန် ဆက်ဖြစ်နေပြီး ဒါကို နိုင်ငံတကာ အသိုင်းအဝိုင်းကလည်း ဝေဖန်နေချိန်မှာ ခုလို အတည်ပြုလိုက်တာပါ။
"Operation Heroes-37" လို့ အမည်ပေးထားတဲ့ ခရိုင် (၉) ခုကို ဖြန့်ကျက်ထားတဲ့ စစ်ဆင်ရေးတွေ အတွင်း ဖမ်းဆီးထားတဲ့သူတွေဟာ အစ္စတန်ဘူလ်က ခရစ်ယာန် ဘုရားကျောင်းတွေနဲ့ ဂျူးဘာသာရေးဝတ်ပြုကျောင်းတွေကို တိုက်ခိုက်ဖို့ စီစဉ်ထားကြောင်း တူရကီ ပြည်ထဲရေး ဝန်ကြီးက လူမှုကွန်ရက် X မှာ သတင်းထုတ်ပြန်ပါတယ်။
၂၀၂၄ ခုနှစ် အိုလံပစ် အားကစားပြိုင်ပွဲတွေကို အိမ်ရှင်အဖြစ် လက်ခံကျင်းပမဲ့ ပြင်သစ်မြို့တော် ပါရီမှာ အကြမ်းဖက် တိုက်ခိုက်ခံရနိုင်ခြေ စိုးရိမ်ချက်တွေကြောင့် လုံခြုံရေး သောင်းနဲ့ချီ လိုအပ်နေပါတယ်။
တရုတ်နိုင်ငံမှာ ရေတပ်ဦးစီးချုပ်ဟောင်း Dong Jun ကို ကာကွယ်ရေး ဝန်ကြီးသစ်အဖြစ် သောကြာနေ့က ခန့်အပ်လိုက်ပါတယ်။ ပြီးခဲ့တဲ့ လတွေအတွင်း လူအများရှေ့မှာ မတွေ့ရတဲ့ ကာကွယ်ရေးဝန်ကြီးချုပ်ဟောင်း နေရာမှာ ခုလို အစားထိုး ခန့်အပ်လိုက်တာ ဖြစ်ပါတယ်။
ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ်ထဲမှာ ကရင်အမျိုးသား လွတ်မြောက်ရေးတပ် KNLA ၊ ပြည့်သူ့ကာကွယ်ရေး PDF ပူးပေါင်းတပ်တွေနဲ့ စစ်ကောင်စီတပ်တွေကြား ဒီဇင်ဘာလ ၂၉ ရက်နေ့က တိုက်ပွဲတွေ ပြင်းထန်ခဲ့ပါတယ်။
ဟာမတ်စ်အဖွဲ့ခေါင်းဆောင် Basem Naim ကတော့ ဂါဇာမှာ အစ္စရေးဘက်က ရန်လိုတိုက်ခိုက်မှုတွေ အဆုံးမသတ်မချင်း ဖမ်းဆီးထားသူတွေ အပြန်အလှန် ပြန်လွှတ်ပေးဖို့ ဆိုတဲ့ ညှိနှိုင်းမှုတွေလည်း ဖြစ်လာမှာ မဟုတ်ဘူးလို့ ပြောဆိုလိုက်ပါတယ်။
နောက်ထပ်ကြည့်ရှုရန်