ယူကရိန်းကို လေကြောင်းရန်ကာကွယ်ရေးသုံး ဒုံးကျည် ၂၀၀ ပေးပို့သွားမယ်လို့ ဗြိတိန် ကာကွယ်ရေးဝန်ကြီး Grant Shapps သောကြာနေ့က ပြောဆိုလိုက်ပါတယ်။
ကမ္ဘာကြီးမှာ အခု ၂၀၂၃ ခုနှစ်အတွင်း လူဦးရေ ၇၅ သန်းတိုးလာခဲ့တယ်လို့ အမေရိကန် သန်းခေါင်စာရင်းဌာနက ပြောကြားလိုက်ပါတယ်။ ဒါကြောင့် နှစ်ဆန်း ၁ ရက်နေ့ကျရင် ကမ္ဘာ့လူဦးရေ သန်း ၈ ထောင်ကျော်ရှိနေမှာဖြစ်ပါတယ်။
။ ၂၀၂၁ ဇန်နဝါရီလတုန်းက လွှတ်တော်အဆောက်အဦး တိုက်ခိုက်ခံရအောင် ထရမ့်က လှုံ့ဆော်ခဲ့တာကြောင့် ပါတီတွင်း သမ္မတလောင်း ပမာဏရွေးချယ်ပွဲလုပ်ကြတဲ့အခါ မဲပြားပေါ်မှာ ထရမ့် နာမည်ပါဝင်ခွင့် မရှိဘူးလို့ မိန်း ပြည်နယ် အတွင်းရေးမှူး Shenna Bellows ကဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။
တရုတ်နိုင်ငံ အာကာသနဲ့လေကြောင်းရန်ကာကွယ်ရေးဆိုင်ရာပိုင်းက ထိပ်တန်းအကြီးအကဲ ၃ ယောက်ကို ကွန်မြူနစ်ပါတီ နိုင်ငံရေးအကြံပေးအဖွဲ့ရဲ့ အမှုဆောင်အရာရှိတာဝန်တွေကနေ ဖယ်ရှားလိုက်ပါတယ်။
ဂါဇာကမ်းမြောင်ဒေသမှာ ကုလသမဂ္ဂအကူအညီပေးတဲ့ ယာဉ်တန်းတခုကို အစ္စရေးစစ်တပ်က တိုက်ခိုက်ခဲ့တယ်လို့ ပါလက်စတိုင်းဒုက္ခသည်များ အကူအညီပေးရေး ကုလသမဂ္ဂအေဂျင်စီ UNRWA ကပြောကြားခဲ့ပါတယ်။
လှေစီးပြေး ရိုဟင်ဂျာဒုက္ခသည်တွေတိုးနေချိန်မှာပဲ ဘင်္ဂလားဒေ့ရှ်ဒုက္ခသည်စခန်းတွေက ရိုဟင်ဂျာတွေရဲ့ အခြေအနေဟာ မျှော်လင့်ချက်မဲ့ အလွန့်အလွန်ဆိုးရွားနေတယ်လို့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေးအထူးကိုယ်စားလှယ် တွမ်အင်ဒရူးက ဗွီအိုအေနဲ့ သီးသန့်မေးမြန်းခန်းမှာ ကြာသပတေးနေ့က ပြောလိုက်ပါတယ်။
အင်ဒိုနီးရှားနိုင်ငံ ဆူမားတြားကျွန်းရဲ့ အနောက်မြောက်ဘက်စွန်း အာချေးပြည်နယ် ကမ်းရိုးတန်းကို ဦးတည်ချဉ်းကပ်လာတဲ့ ရိုဟင်ဂျာ ဒုက္ခသည် လှေတစီးကို နိုင်ငံတကာ ရေပိုင်နက်ထဲကို အင်အားသုံးပြီး ပြန်လည် ပို့ဆောင်ခဲ့တယ်လို့ အင်ဒိုနီးရှား ရေတပ်က ဒီဇင်ဘာ ၂၈ ရက် ကြာသပတေးနေ့က ပြောပါတယ်။
မြန်မာနိုင်ငံမြောက်ပိုင်းမှာ ပုန်းအောင်း တိမ်းရှောင်နေတယ်လို့ယူဆရတဲ့ မူးယစ်ဆေးဝါးမှောင်ခိုမှုကြီးတွေကျူးလွန်သူအဖြစ် သံသယရှိသူ ၁၀ ဦးကို ဖမ်းဆီးနိုင်ရေးအတွက် တရုတ်ရဲအာဏာပိုင်တွေက ဆုကြေးငွေထုတ်လိုက်ကြောင်း တရုတ်အစိုးရသတင်းဆင်ဟွာက ဒီဇင်ဘာ ၂၈ ရက်၊ ကြာသပတေးနေ့က ရေးပါတယ်။
ဂါဇာကမ်းမြောင်ဒေသ မြောက်ပိုင်း၊ အလယ်ပိုင်းနဲ့ တောင်ပိုင်းဒေသတွေမှာ ဟားမတ်စ်အဖွဲ့ကို ရည်ရွယ်တဲ့ လေကြောင်းတိုက်ခိုက်မှုနဲ့ မြေပြင်စစ်ဆင်ရေးတွေကို အစ္စရေးစစ်တပ်က ကြာသပတေးနေ့မှာလည်း ဆက်လက် လုပ်ဆောင်နေပါတယ်။
အင်ဒိုနီးရှားနိုင်ငံ၊ အာချေးပြည်နယ်မြို့တော် Banda Aceh မှာရှိတဲ့ ရိုဟင်ဂျာတွေ ယာယီ ခိုလုံနေတဲ့နေရာကို တက္ကသိုလ်ကျောင်းသားတွေက ဝင်ရောက် စီးနင်းခဲ့တဲ့ဖြစ်ရပ်အတွက် များစွာ စိတ်မကောင်းဖြစ်ရကြောင်း ဒုက္ခသည်များဆိုင်ရာ ကုလသမဂ္ဂ မဟာမင်းကြီးရုံး UNHCR က မနေ့ ဗုဒ္ဓဟူးနေ့မှာ ပြောကြားလိုက်ပါတယ်။
အမေရိကန်ပြည်ထောင်စုကို တရားမဝင် ဝင်ရောက်နိုင်ဖို့ မက္ကဆီကိုနိုင်ငံနဲ့ကပ်နေတဲ့ အမေရိကန် အနောက်တောင်ပိုင်းနယ်စပ်ကို ရောက်လာသူတွေ အဆမတန်များလာနေတဲ့ကိစ္စအပေါ် အမေရိကန်ထိပ်တန်းသံတမန်တွေနဲ့ မက္ကဆီကို သမ္မတတို့ ဗုဒ္ဓဟူးနေ့က ဆွေးနွေးခဲ့ကြပါတယ်။
မြန်မာစစ်တပ်နဲ့ တိုင်းရင်းသားလက်နက်ကိုင် မဟာမိတ် ၃ ဖွဲ့ကြားတိုက်ပွဲတွေဖြစ်နေတဲ့ လောက်ကိုင်ဒေသမှာရှိနေတဲ့ တရုတ်နိုင်ငံသားတွေ လုံခြုံတဲ့နေရာတွေကို သွားကြပါလို့ တရုတ်နိုင်ငံခြားရေးဌာန ပြောခွင့်ရ Mao Ning ကဒီနေ့ ကြာသပတေးနေ့မှာ လုပ်တဲ့ ပုံမှန်သတင်းစာရှင်းပွဲမှာ ပြောကြားခဲ့ပါတယ်။
ဂါဇာမှာရှိတဲ့ မြို့တွေနဲ့ ဒုက္ခသည်စခန်းတွေကို အစ္စရေးက မနေ့ ကြာသပတေးနေ့ညမှာ လေကြောင်းရော ကုန်းကြောင်းပါ ၂ ခုစလုံးကနေ တိုက်ခိုက်ခဲ့တာကြောင့် လူတွေ ဒါဇင်နဲ့ချီ သေဆုံးခဲ့ပါတယ်။
ယူကရိန်းနိုင်ငံအတွက် အမေရိကန်အစိုးရက ပေးမယ်လို့ ကတိပြုထားတဲ့ စစ်ရေးအကူအညီတွေထဲက လက်ကျန် ဒေါ်လာသန်း ၂၅၀ ဖိုး လက်နက်အကူအညီတွေ ပို့ပေးမယ်လို့ အမေရိကန်ကာကွယ်ရေးဌာနက ဒီဇင်ဘာ ၂၇ ရက် သောကြာနေ့က ကြေညာခဲ့ပါတယ်။
ဆီးရီးယားက အစ္စရေးတိုက်ခိုက်မှုအတွင်း သေဆုံးခဲ့တဲ့ အီရန် ထိပ်တန် တပ်မှူးကြီး ဗိုလ်ချုပ်ကြီး ရာဇီမူဆာဗီအတွက် အစ္စရေးအပေါ် အီရန်နဲ့ မဟာမိတ်တွေက တိုက်ရိုက် လက်တုံ့ပြန်မယ်လို့ အီရန် အစ္စလာမ္မစ်တော်လှန်ရေးအစောင့်တပ်ဖွဲ့က ဗုဒ္ဓဟူးနေ့က သတိပေးလိုက်ပါတယ်။
ဂါဇာကမ်းမြောင်ဒေသမှာ မြေပြင်တိုက်ခိုက်မှုတွေ တိုးချဲ့နေကြောင်း အစ္စရေးဘက်က ပြောပြီးတရက်အကြာမှာ ဂါဇာကို အပြင်းအထန်ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး ဂါဇာအလယ်ပိုင်းက Nuseirat၊ Maghazi နဲ့ Bureij ဒုက္ခသည်စခန်းတွေမှာ လေကြောင်းတိုက်ခိုက်မှုတွေနဲ့ လက်နက်ကြီးပစ်ခတ်ခဲ့ကြောင်း အေပီသတင်းကဆိုပါတယ်။
အင်ဒိုနီးရှားအနောက်ဘက်အစွန်ဆုံး Aceh ပြည်နယ်က ရာနဲ့ချီတဲ့ တက္ကသိုလ်ကျောင်းသားတွေဟာ ရိုဟင်ဂျာတွေနေထိုင်တဲ့ ယာယီခိုလှုံရာနေရာတခုကို ဝင်ရောက်စီးနင်းပြီး ပြည်နှင်ဒဏ်ပေးဖို့ ဒီနေ့ပဲ တောင်းဆို ဆန္ဒပြခဲ့ကြပါတယ်။
ဂါဇာကမ်းမြှောင်မှာ မြေပြင်ထိုးစစ် ဆက်ပြီး တိုးချဲ့သွားမယ်လို့ အစ္စရေးအရာရှိတွေ ပြောဆိုထားပြီးတဲ့နောက် လေကြောင်းကလည်း ဆက်လက် ထိုးစစ်ဆင်နေတာကြောင့် အရပ်သားတွေ ဘေးကင်း လုံခြုံရေးအတွက် ကုလသမဂ္ဂက စိုးရိမ်နေပါတယ်။ ဒီနေ့ တိုက်ခိုက်မှုတွေမှာ မြေပြင်ကရော ဝေဟင်ကပါ အစ္စရေးဘက်က ထိုးစစ်ဆင်တာပါ။
" မိုင်းယုကတော့ လက်နက်ကြီးကျတယ်ပေါ့၊ ဘယ်ကပစ်တဲ့ လက်နက်ကြီးလဲတော့ မသိဘူးဗျ။ ထမင်းဆိုင်ကို ကျတယ်တဲ့၊ သုံးယောက်သေတယ်။ လေးယောက်က စိုးရိမ်ရတယ်ပြောတယ်။ အိမ်ပြင်ထွက်ရင် နေ့ဖြစ်ဖြစ်၊ ညဖြစ်ဖြစ် ဘယ်အဖွဲ့မှန်းမသိဘဲနဲ့ လမ်းပေါ်တက်တဲ့သူမှန်သမျှ အကုန်ပစ်နေတော့ ခက်တော့ခက်သားဗျ။”
ရုရှားက အနောက်နိုင်ငံရဲ့ စီးပွားရေး ပိတ်ဆို့မှုကို တုံ့ပြန်တဲ့အနေနဲ့ ရေနံတင်ပို့မှု အားလုံးကို တရုတ်နဲ့ အိန္ဒိယနိုင်ငံတွေကို တင်ပို့ခဲ့တယ်လို့ ရုရှား ဒုတိယဝန်ကြီးချုပ် Alexander Novak ကဒီနေ့ပဲပြောပါတယ်။
နောက်ထပ်ကြည့်ရှုရန်