မြောက်အန္တလန်တိတ်စာချုပ် နေတိုးမဟာမိတ်အဖွဲ့ဝင်ဖြစ်ရေး ဆွီဒင်နိုင်ငံရဲ့လျှောက်လွှာကို တူရကီလွှတ်တော် နိုင်ငံခြားရေးရာကော်မရှင်မှာ အင်္ဂါနေ့က အတည်ပြုလိုက်ပါတယ်။
အကျဥ်းချခံထားရတဲ့ ရုရှား အတိုက်အခံခေါင်းဆောင် Alexei Navalny ကို အာတိတ်စက်ဝိုင်း မြောက်ဘက်၊ ဝေးလှံခေါင်သီတဲ့ တကျွန်းစံ အကျဥ်းသားတွေထားရာ အရပ်ဒေသကို လွှဲပြောင်းခဲ့ကြောင်း အင်္ဂါနေ့က အတည်ပြုချက် ထွက်လာပါတယ်။
လူသားဘေးဒုက္ခ အကျပ်အတည်းတွေ ကြုံနေရတဲ့ ဂါဇာအတွက် စာနာမှုအကူအညီတွေပေးပို့ရာမှာ ကြီးကြပ်ဆောင်ရွက်နိုင်ဖို့ နယ်သာလန်နိုင်ငံသူ Sigrid Kaag ကို တာဝန်ခံ စေ့စပ်ညှိနှိုင်းရေးမှူး ခန့်အပ်လိုက်တဲ့အကြောင်း ကုလသမဂ္ဂက အင်္ဂါနေ့က ကြေညာပါတယ်။
ဂါဇာကမ်းမြောင်က နေရာအတော်များများကို အင်္ဂါနေ့က လေကြောင်းကနေ ထပ်မံတိုက်ခိုက်ခဲ့တဲ့အကြောင်း အစ္စရေးစစ်တပ်ကပြောဆိုလိုက်ပြီး ဒီလို တိုက်ခိုက်မှုတွေ နောက်ထပ် လအတော်ကြာ ဆက် ဖြစ်နေနိုင်သေးတယ်လို့လည်း အစ္စရေး စစ်အရာရှိချုပ်က ပြောပါတယ်။
မြန်မာနဲ့ပတ်သက်တဲ့ အချက်အလက်ကိုးကားခဲ့တဲ့ စစ်တမ်းအနေနဲ့ ဘယ်လိုနည်းနဲ့ ပြုစုထားသလဲ ဆိုတာကို ပြန်လည် ဆန်းစစ်သုံးသပ်နေတဲ့အတွက်အစီရင်ခံစာမှာ မြန်မာအချက်အလက်ဖော်ပြထားတဲ့ စာမျက်နှာကို ဖယ်ရှားလိုက်တာ ဖြစ်ကြောင်းနဲ့ ဒါဟာ မြန်မာနိုင်ငံဆိုင်ရာ မူဝါဒ ပြောင်းလဲမှု မရှိကြောင်းပြောဆိုလိုက်ပါတယ်။
မြန်မာနိုင်ငံက အွန်လိုင်းလိမ်လည်မှုတွေ အပါအဝင် ဒေါ်လာသန်း ရာနဲ့ချီတဲ့ လိမ်လည်မှုတွေကို တရုတ်ရဲတွေက ဖော်ထုတ် နှိမ်နင်းနိုင်ခဲ့တယ်လို့ တရုတ်နိုင်ငံပိုင် မီဒီယာတွေမှာ ဒီနေ့ ဖော်ပြထားပါတယ်။ မြန်မာနိုင်ငံမှာ လူတသိန်းကျော်ပါဝင်တဲ့ အွန်လိုင်း လိမ်လည်မှုတွေကို တရုတ်ရဲတွေက ဒီနှစ်မှာ စတင်နှိမ်နင်းခဲ့တာပါ
မြန်မာနိုင်ငံမှာဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် ထွက်ပြေး တိမ်းရှောင်နေရတဲ့ စစ်ဘေးရှောင်တွေကို အကူအညီပေးနိုင်မယ့် လူသားချင်းစာနာထောက်ထားမှု အကူအညီ ပေးရေး ယန္တရားတခုတည်ထောင်ဖို့ ဝန်ကြီးချုပ် Srettha Thavisin ဦးဆောင်တဲ့အစိုးရက စီစဉ်နေတဲ့အကြောင်း ထိုင်းနိုင်ငံကလာတဲ့ သတင်းတွေမှာ ဖော်ပြထားပါတယ်။
ဂါဇာကမ်းမြှောင်မှာ အရပ်သားတွေ ထိခိုက် သေဆုံးနေတဲ့ အောက်မေ့ဖွယ်အဖြစ် ဂျော်ဒန်မြစ် အနောက်ဖက်ကမ်းမှာရှိတဲ့ Evangelical Lutheran Christmas ဘုရားကျောင်းမှာ ခရစ္စမတ်ကာလ ယေရှုခရစ်တော် ဖွားမြင်တဲ့ သရုပ်ပြပုံကို အပျက်အဆီးပုံတွေကြား ပြသထားပါတယ်။
ဟာမတ်စ်အဖွဲ့ မပျက်ဆီးသေးမရွေ့ ငြိမ်းချမ်းရေး ရဖို့ဆိုတာ မဖြစ်နိုင်ဘူးလို့ အစ္စရေး ဝန်ကြီးချုပ် Benjamin Netanyahu က ထုတ်ပြောပြီးနောက် ဒီနေ့မှာပဲ အစ္စရေးက ဂါဇာဒေသကို ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။
အီရန်လုပ် ဒရုန်းယာဉ်တွေ သယ်လာတယ်လို့ ယူဆရတဲ့ ရုရှားစစ်သင်္ဘောကို ပစ်ခတ် တိုက်ခိုက်လိုက်နိုင်တဲ့အတွက် ယူကရိန်း လေတပ်ကို သမ္မတ Volodymyr Zelensky က ကျေးဇူးတင်ကြောင်း ဒီကနေ့ ဒီဇင်ဘာ ၂၆ ရက်နေ့မှာ ပြောကြားလိုက်ပါတယ်။
ပါကစ္စတန်နိုင်ငံ အစ္စလာမ္မာဘတ်မှာဖမ်းဆီးခဲ့တဲ့ တက်ကြွလှုပ်ရှားသူ ၂၉၀ ကို ပြန်လွှတ်ပေးလိုက်ပြီလို့ ပါကစ္စတန် ဖယ်ဒရယ်အစိုးရ အာဏာပိုင်တို့က တနင်္လာနေ့မှာ ပြောထားပြီး တက်ကြွလှုပ်ရှားသူ အဖွဲ့တခုကတော့ တက်ကြွလှုပ်ရှားသူ ၁၀၀ ကျော် ထောင်ထဲမှာကျန်ရှိနေသေးပြီး တချို့ကတော့ ပျောက်ဆုံးနေတယ်လို့ ဆိုပါတယ်။
ဆီးရီးယားနိုင်ငံ မြို့တော် ဒမတ်စကဒ် ရပ်ကွက်တခုမှာ အစ္စရေးက လေကြောင်းတိုက်ခိုက်မှုကြောင့် ဆီးရီးယားမှာရှိတဲ့ အီရန်ပြည်သူ့စစ် တော်လှန်ရေးစောင့်တပ်အကြံပေး Razi Mousavi ဖြစ်သူ သေဆုံးခဲ့တယ်လို့ အီရန်နိုင်ငံပိုင်မီဒီယာက ကြေညာပါတယ်။
ဂါဇာမှာ ဟာမတ်စ်တို့အပေါ် အစ္စရေးစစ်ဆင်ရေးကို တိုးမြှင့်သွားမယ်လို့ အစ္စရေးဝန်ကြီးချုပ် Benjamin Netanyahu က ကြုံးဝါးလိုက်တာနဲ့တချိန်တည်းမှာ ဂါဇာက ဒုက္ခသည်စခန်းကို အစ္စရေးကစစ်ဆင်ရာမှာ လူ ဒါဇင်နဲ့ချီ ထိခိုက်ဒဏ်ရာရတယ်လို့ ဂါဇာဒေသ ကျန်းမာရေးအာဏာပိုင်တွေက ထုတ်ပြန်ပါတယ်။
ခရစ္စမတ်ကာလ တကမ္ဘာလုံး ငြိမ်းချမ်းရေးရဖို့အတွက် စိန့်ပီတာ ရင်ပြင်မှာ တနင်္ဂနွေနေ့က ကျင်းပတဲ့ ဝတ်ပြုဆုတောင်းပွဲမှာ ပုပ်ရဟန်းမင်းကြီး ဖရန်စစ်က တောင်းဆုပြုလိုက်ပါတယ်။ ခရစ္စမတ်ကာလ အစ္စရေး-ဟာမတ်စ် စစ်ပွဲနဲ့ ရုရှား- ယူကရိန်းစစ်ပွဲတွေကြား ငြိမ်းချမ်းရေးဖော်ဆောင်ကြဖို့ ပုပ်ရဟန်းမင်းကြီးက တိုက်တွန်းတာပါ
တရုတ်နိုင်ငံရဲ့ ကြားဝင်ဆောင်ရွက်ပေးမှုနဲ့ တရုတ်နိုင်ငံ၊ ကူမင်းမြို့မှာ စစ်ကောင်စီနဲ့ ညီနောင် သုံးဖွဲ့အကြား ဒုတိယအကြိမ်မြောက် တွေ့ဆုံဆွေးနွေးမှုကို ဒီဇင်ဘာ ၂၂ ရက်နေ ၂၄ နေ့အထိ ပြုလုပ်ခဲ့ပေမဲ့ သဘောတူညီချက် တစုံတရာမရဘဲ ပျက်သွားခဲ့ပါတယ်။
ဂါဇာဒေသအလယ်ပိုင်း ဒုက္ခသည်စခန်းတခုကို တနင်္ဂနွေနေ့မှာ အစ္စရေးက လေကြောင်းကနေ တိုက်ခိုက်ခဲ့တဲ့အတွက် လူပေါင်း ၇၀ ထက်မနည်း သေဆုံးခဲ့ရတယ်လို့ ဂါဇာကမ်းမြောင်ဒေသမှာရှိတဲ့ ကျန်းမာရေးဆိုင်ရာ တာဝန်ရှိသူတွေက ပြောပါတယ်။
ဂါဇာမှာ စစ်ပွဲတွေကြောင့် အသေအပျောက်နှုန်း တိုးမြင့်လာချိန်မှာပဲ ဂါဇာဒေသ ဟာမတ်စ်တို့ကို စစ်ဆင်နေတာဟာ ရေရှည်စစ်တရပ်ဖြစ်လာမယ်လို့ အစ္စရေးဝန်ကြီးချုပ် Benjamin Netanyahu က သတိပေးပြောဆိုပါတယ်။
ရိုဟင်ဂျာတွေကိုတင်လာတဲ့သင်္ဘောတစင်းဟာ အိန္ဒိယသမုဒ္ဒရာထဲ အန်ဒါမန်နဲ့ နီကိုဘာကျွန်းစုတွေနားမှာရှိတယ်လို့ နောက်ဆုံးသိထားရပြီး အဲဒီသင်္ဘောပေါ်ပါတဲ့ လူ ၁၈၅ ဦးကို အရေးပေါ်ကယ်တင်ကြဖို့ ကုလသမဂ္ဂက စနေနေ့က တိုက်တွန်းတောင်းဆိုထားပါတယ်။
ဂျာမနီနိုင်ငံမှာ အကြမ်းဖက်တိုက်ခိုက်နိုင်ခြေရှိတယ်ဆိုတဲ့စိုးရိမ်ချက်နဲ့ အထင်ကရ Cologne cathedral ကို အလည်အပတ်လာကြည့်သူတွေကို ပိတ်ပင်ထားပြီး ခရစ်စတ်အကြို ညသန်းခေါင်ယံဝတ်ပြုဆုတောင်းပွဲလာသူတွေကို လုံခြုံရေးတင်းကြပ် စစ်ဆေးခဲ့ပါတယ်။
မလေးရှားနိုင်ငံ Selangor ပြည်နယ်ထဲမှာ ဒီဇင်ဘာလ ၂၂ ရက် သန်းခေါင်ကျော်က ဖောက်ထွင်းမှုလုပ်နေတဲ့ ဓါးပြဂိုဏ်းက UNHCR လက်မှတ်ကိုင်ဆောင်ထူးသူ ရိုဟင်ဂျာ ၃ ဦးကို ရဲတပ်ဖွဲ့က အသေပစ်ခတ် ဖမ်းဆီးလိုက်ပါတယ်။
နောက်ထပ်ကြည့်ရှုရန်