ရှမ်းပြည်နယ် မြောက်ပိုင်းမှာ စစ်ကောင်စီတပ်ဖွဲ့တွေနဲ့ ညီနောင် မဟာမိတ်တပ်ဖွဲ့တွေကြား တိုက်ပွဲတွေဆက်လက် ပြင်းထန်နေပြီး ဒီဇင်ဘာလ ၂၂ ရက်၊ သောကြာနေ့က မန်တုံမြို့ကို တအာင်းတပ်မတော် TNLA က တိုက်ခိုက်သိမ်းယူနိုင်ခဲ့တဲ့အကြောင်း TNLA နဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်တွေက ဗွီအိုအေကို ပြောပါတယ်။
တရုတ်လေယာဉ်တချို့က ထိုင်ဝမ်ရေလက်ကြားရဲ့ ဗဟိုမျဉ်းကို ဖြတ်ကျော်ဝင်ရောက်တာအပါအဝင် ကျွန်းတဝိုက်မှာ တရုတ်စစ်လေယာဉ်တွေနဲ့ စစ်သင်္ဘောတွေ စနေ့နေ့က တွေ့ရကြောင်း ထိုင်ဝမ်က ပြောပါတယ်။
ဩစတြေးလျ နိုင်ငံမြောက်ပိုင်းဒေသတွေမှာ ဒီနေ့ တနင်္ဂနွေနေ့အထိ ပြင်းထန်တဲ့အပူလှိုင်း ဖြတ်မယ်လို့ မိုးလေဝသဌာနက စနေနေ့က သတိပေးချက်ထုတ်ပြန်ပါတယ်။ ပြီးခဲ့တဲ့ သောကြာနေ့ကစပြီး အပူချိန်က ပြင်းထန်ခဲ့တာပါ။
မကြာခင် ကျရောက်တော့မယ့် ခရစ္စမတ်နဲ့ ၂၀၂၄ နှစ်သစ်ကို ကြိုဆိုတဲ့အနေနဲ့ ပြင်သစ်နိုင်ငံ မြို့တော် ပါရီမြို့တော်က ကမ္ဘာလှည့်ခရီးသွားတွေနဲ့ စည်ကားတဲ့ နာမည်ကြီး အီဖယ်မျှော်စင်ကြီး ကနေ Champs Elysees လမ်းမကြီးတလျှောက် နေရာအနှံ့မှာ မီးရောင်စုံတွေနဲ့ အလှဆင်ထားပါတယ်။
ဂါဇာမှာရှိတဲ့ အဆောက်အဦးနှစ်ခုကို အစ္စရေးက စနေနေ့က လေကြောင်းကနေ တိုက်ခိုက်တာကြောင့် ပါလက်စတိုင်း ၉၀ ကျော် သေဆုံးခဲ့တယ်လို့ ကယ်ဆယ်ရေးသမားတွေနဲ့ ဆေးရုံအရာရှိတွေက ပြောပါတယ်။
စစ်ပွဲနဲ့ ပဋိပက္ခတွေ ပြင်းထန်နေတဲ့ မြန်မာနိုင်ငံမှာ အရင်က မကြုံဖူးသေးတဲ့ ဆင်းရဲမွဲတေမှု မြင့်တက်နေပြီး စီးပွားရေးပြိုလဲနေတယ်လို့ UNDP ရဲ့ အာရှနဲ့ ပစိဖိတ်ဒေသဆိုင်ရာ ဗျူရို လက်ထောက်ညွှန်ကြားရေးမှူး Kanni Wignaraja က သောကြာနေ့ ထုတ်တဲ့ ဝါရှင်တန်အခြေစိုက် National Journal ရဲ့ မေးမြန်းခန်းမှာ ပြောပါတယ်။
ရုရှားရဲ့ ကာကွယ်ရေး ကဏ္ဍ ကို အားကောင်းစေဖို့ ကူညီပေးတဲ့ ငွေကြေးဆိုင်ရာအဖွဲ့အစည်းတွေကို ပစ်မှတ်ထား ပိတ်ဆို့အရေးမှုနိုင်ဖို့ ဘဏ္ဍာရေးဌာနအတွက် အခွင့်အာဏာ ပေးတဲ့ သမ္မတအမိန့်တရပ်ကို အမေရိကန် သမ္မတ ဂျိုးဘိုင်ဒန်က သောကြာနေ့မှာ လက်မှတ်ရေးထိုးလိုက်ပါတယ်။
စစ်ဘေးသင့် ဂါဇာကမ်းမြောင်မှာ အရေးပေါ် လိုအပ်နေတဲ့ အကူအညီတွေ ချက်ချင်း ပေးဖို့ ဆုံးဖြတ်ချက်ကို သောကြာနေ့မှာ အမေရိကန်က ဗီတို အာဏာမသုံးခဲ့လို့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာ အတည်ပြုနိုင်ခဲ့ပါတယ်။ ဂါဇာဒေသကို လူသားချင်းစာနာမှုအကူအညီပေးနိုင်ဖို့ လုံခြုံရေးကောင်စီမှာ အချေအတင်လုပ်ခဲ့ရတာပါ။
ကရင်ပြည်နယ် မြဝတီ မြို့နယ်ထဲက ဆိုင်ဘာရာဇဝတ်မှု လုပ်ငန်းတွေမှာ အဓမ္မ အလုပ်ခိုင်းစေခံနေရတဲ့ သီရိလင်္ကာနိုင်ငံသား ၅၆ ဦး ရှိနေဆဲဖြစ်ပြီး သူတို့ ပြန်လည်လွတ်မြောက်ရေးအတွက် မြန်မာစစ်ကောင်စီရဲ့ နိုင်ငံခြားရေးဝန်ကြီးဌာနနဲ့ ရွှေ့ပြောင်းအခြေချရေးအဖွဲ့အစည်း (IOM)တို့နဲ့ ညှိနှိုင်းဆောင်ရွက်နေပါတယ်။
ရိုဟင်ဂျာ ဒုက္ခသည်တွေ အပြည့်အသိပ်ပါတဲ့ စက်လှေ ၅ စီးထက်မနည်း အင်ဒိုနီးရှားနိုင်ငံ၊ အာချေးပြည်နယ် ကမ်းလွန်ဆီ ဦးတည်ချဥ်းကပ်လာနေတာကို တွေ့ရတယ်လို့ အင်ဒိုနီးရှား အာဏာပိုင်တွေက ကြာသပတေးနေ့က ပြောပါတယ်။ အခုနောက်ဆုံးတွေ့ရတဲ့ ဒီလှေ ၅ စီးမှာ ဘင်္ဂလားဒေ့ရှ် တောင်ပိုင်းက ရိုဟင်ဂျာဒုက္ခသည် အများစုပါဝင်ပုံရပါတယ်။
ဂျပန်နိုင်ငံမှာ ၂၀၂၄ ဘဏ္ဍာနှစ်အတွက် ဒေါ်လာ ၅၄ ဘီလျံကျော်နဲ့ညီမျှတဲ့ ဂျပန်ယန်း ၇.၇ ထရီလျံသုံးစွဲမယ့် ကာကွယ်ရေးအသုံးစရိတ်ကို အတည်ပြုလိုက်ပါတယ်။ ကာကွယ်ရေးအတွက် ယန်း ၁ ထရီလျံကျော် တိုးမြှင့်သုံးစွဲဖို့ ဒုတိယဆက်တိုက်နှစ်အဖြစ် အတည်ပြုခဲ့တာဖြစ်ပါတယ်။
မြန်မာနိုင်ငံအရေးနဲ့ပတ်သက်ပြီး ထိုင်းအစိုးရအနေနဲ့ ပိုတက်တက်ကြွကြွဆောင်ရွက်ဖို့ ထိုင်းအောက်လွှတ်တော် နိုင်ငံခြားရေးရာကော်မတီက အဆိုပြုလိုက်ပါတယ်။
အာရှ၊ မြောက်အမေရိကနဲ့ ဥရောကို ပို့တဲ့ ကုန်တင်သင်္ဘောတွေ ဖြတ်သန်း သွားလာနေတဲ့ ပင်လယ်နီအတွင်းမှာ ဒီရက်ပိုင်းကုန်တင်သင်္ဘောတွေ တိုက်ခိုက်ခံရတဲ့အကြိမ် များလာတာကြောင့်နိုင်ငံတကာ သင်္ဘောလိုင်းတွေက တခြား လမ်းကြောင်းတွေရှာဖွေလာကြပါတယ်။
ဂါဇာကမ်းမြောင်ဒေသ အပစ်အခတ်ရပ်စဲရေးကုလသမဂ္ဂလုံခြုံရေးကောင်စီမှာ မဲခွဲမယ့် ဆုံးဖြတ်ချက်မူကြမ်းကို အမေရိကန်က မဲပေးမယ်လို့ ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံအမတ်ကြီး Linda Thomas-Greenfield ကပြောကြားလိုက်ပါတယ်။
ကမ္ဘာပေါ်က မြေရှားသတ္တုထုတ်လုပ်မှုမှာ ထိပ်တန်းနိုင်ငံဖြစ်တဲ့ တရုတ်ပြည်က မြေရှားသတ္တုသန့်စင်တဲ့နည်းပညာကို နိုင်ငံရပ်ခြား မတင်ပို့ဖို့ ကြာသပတေးနေ့က တားမြစ်လိုက်ပါတယ်။
ချက်ပြည်သူ့သမ္မတနိုင်ငံ မြို့တော် Prague (ပရပ်ဂ်) ရဲ့ တက္ကသိုလ်ပုရဝုဏ်တခုအတွင်း ပစ်ခတ်မှုမှာ အနည်းဆုံး လူ ၁၄ ဦး သေဆုံးပြီး နောက်ထပ် လူ ၂၅ ယောက် လောက် ဒဏ်ရာရသွားကြတယ်လို့ ရဲတပ်ဖွဲ့နဲ့ အရေးပေါ်ကယ်ဆယ်ရေးဌာန အရာရှိတွေက ကြာသပတေးနေ့မှာ ပြောပါတယ်။
ကုလသမဂ္ဂကျောထောက်နောက်ခံပေးထားတဲ့ ကမ္ဘာ့စားနပ်ရိက္ခာဖူလုံရေးသုတေသနအဖွဲ့ IPC အစီရင်ခံစာမှာ ဂါဇာက လူဦးရေ နှစ်သန်းကျော်လုံးမှာ စားနပ်ရိက္ခာအကျပ်အတည်းကြုံနေရပြီး ငတ်မွတ်ခေါင်းပါးမှု ကပ်ဘေးအန္တရာယ်ရှိတယ်လို့ သတိပေးချက်ထွက်ပေါ်လာပါတယ်။
မြန်မာနိုင်ငံတွင်း ပဋိပက္ခတွေကြားထဲ အမျိုးသမီးတွေ၊ မိန်းကလေးငယ်တွေဟာ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုခံရနိုင်ခြေ များလာပြီး မျိုးဆက်ပွားကျန်းမာရေးဆိုင်ရာ အထောက်အပံ့ဝန်ဆောင်မှုရပိုင်ခွင့်တွေ ဆုံးရှုံးလာတယ်လို့ UNFPA ကုလသမဂ္ဂ လူဦးရေ ရံပုံငွေအဖွဲ့က ထုတ်ပြန်ပါတယ်။
ပင်လယ်နီထဲမှာသွားလာနေတဲ့ နိုင်ငံတကာသင်္ဘောတွေရဲ့ လုံခြုံရေးကို ကာကွယ်ဖို့ အမေရိကန်ဦးဆောင်တဲ့ ပူးပေါင်းရေတပ်ဖွဲ့ထဲမှာ နိုင်ငံတွေ ပိုပြီး ပါဝင်နေကြပါတယ်။
မြန်မာနိုင်ငံ ရှမ်းပြည်နယ် မြောက်ပိုင်းမှာဖြစ်ပွားနေတဲ့ တိုက်ပွဲတွေအတွင်း တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေဘက်က အရပ်သားတွေကို တပ်သားသစ်အဖြစ် အတင်းအကြပ် စုဆောင်းတာ၊ ပြန်ပေးဆွဲ ဖမ်းဆီးတာတွေ ရှိနေတယ်လို့ လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ (HRW) က ဒီနေ့ ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။
နောက်ထပ်ကြည့်ရှုရန်